မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

စစ္ကိုင္းတုိင္းေဒသႀကီး၊ ေခာ်င္းဦးၿမိဳ႕နယ္၊ မင္းတည္ေက်းရြာမွာ စက္တင္ဘာ ၁၀ ရက္က ေက်းရြာကို ေရာက္လာတဲ့ ကေလးသူခိုးလုိ႔ သံသယရွိသူ အမ်ဳိးသားတဦးကို ရြာသားေတြက ဝိုင္းဝန္းဖမ္းဆီး႐ိုက္ႏွက္ရာက လက္လြန္ကာ ေသဆံုးသြားလို႔ ရြာသခ်ႋဳင္းအနီး မီး႐ိႈ႕မႈ ျဖစ္ခဲ့ပါတယ္။

တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းျမင့္ခင္က “သက္ဆိုင္ရာ ရဲတပ္ဖဲြ႔ကေတာ့ ျဖစ္စဥ္ေတြကို ေက်းရြာအုပ္ခ်ဳပ္ေရးမႉး၊ ဆယ္အိမ္စုမႉးေတြကို စစ္ေဆးေနဆဲပဲ။ ရဲတပ္ဖဲြ႔ လုပ္ထံုးလုပ္နည္းနဲ႔အညီ လုပ္ေနၾကတုန္း။ ဘာမွ အေသးစိတ္ေျပာလို႔ မရေသးဘူး။ မနက္ကေတာ့ ဝန္ႀကီးခ်ဳပ္လည္း လာသြားေသးတယ္။ က်ေနာ္နဲ႔က မေတြ႔လိုက္ဘူး။ ၿမိဳ႕နယ္စီခန္႔ အစည္းအေဝးမွာေတာ့ ေက်းရြာလံုၿခံဳေရးေတြနဲ႔ပတ္သက္ၿပီး ဖြဲ႔စည္းဖို႔ သက္ဆိုင္ရာကို တိုက္တြန္းသြားဖို႔ေတာ့ ရွိပါတယ္” လုိ႔ ေျပာပါတယ္။

ေသဆံုးသူက မည္သူမည္ဝါျဖစ္တယ္၊ ဘယ္လိုျဖစ္တယ္ ဆိုတာေတြနဲ႔ ပတ္သက္ၿပီးေတာ့ ရဲတပ္ဖဲြ႔က ဆက္လက္စံုစမ္းစစ္ေဆးေနဆဲျဖစ္ၿပီး ဒီကိစၥ သက္ဆိုင္ရာ ၿမိဳ႕နယ္ရဲတပ္ဖဲြ႔ကို ဒီဗြီဘီက ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဆက္သြယ္လို႔ မရရွိေသးပါဘူး။

လတ္တေလာမွာေတာ့ ေခ်ာင္းဦးၿမိဳ႕မရဲစခန္းမွာ (ပ)၂၁၅/၂၀၁၈၊ လူသတ္မႈ၊ သက္ေသခံပစၥည္း ေဖ်ာက္ဖ်က္မႈ၊ အားေပးကူညီမႈ စတာေတြျဖစ္တဲ့ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂/၂၀၁/၁၁၄ ေတြနဲ႔ အမႈဖြင့္ အေရးယူေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
စစ်ကိုင်းတိုင်းဒေသကြီး၊ ခောျင်းဦးမြို့နယ်၊ မင်းတည်ကျေးရွာမှာ စက်တင်ဘာ ၁၀ ရက်က ကျေးရွာကို ရောက်လာတဲ့ ကလေးသူခိုးလို့ သံသယရှိသူ အမျိုးသားတဦးကို ရွာသားတွေက ဝိုင်းဝန်းဖမ်းဆီးရိုက်နှက်ရာက လက်လွန်ကာ သေဆုံးသွားလို့ ရွာသင်္ချိုင်းအနီး မီးရှို့မှု ဖြစ်ခဲ့ပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်က “သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်စုမှူးတွေကို စစ်ဆေးနေဆဲပဲ။ ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်နေကြတုန်း။ ဘာမှ အသေးစိတ်ပြောလို့ မရသေးဘူး။ မနက်ကတော့ ဝန်ကြီးချုပ်လည်း လာသွားသေးတယ်။ ကျနော်နဲ့က မတွေ့လိုက်ဘူး။ မြို့နယ်စီခန့် အစည်းအဝေးမှာတော့ ကျေးရွာလုံခြုံရေးတွေနဲ့ပတ်သက်ပြီး ဖွဲ့စည်းဖို့ သက်ဆိုင်ရာကို တိုက်တွန်းသွားဖို့တော့ ရှိပါတယ်” လို့ ပြောပါတယ်။

သေဆုံးသူက မည်သူမည်ဝါဖြစ်တယ်၊ ဘယ်လိုဖြစ်တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဒီကိစ္စ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိသေးပါဘူး။

လတ်တလောမှာတော့ ချောင်းဦးမြို့မရဲစခန်းမှာ (ပ)၂၁၅/၂၀၁၈၊ လူသတ်မှု၊ သက်သေခံပစ္စည်း ဖျောက်ဖျက်မှု၊ အားပေးကူညီမှု စတာတွေဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၂၀၁/၁၁၄ တွေနဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top