မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ေခ်ာင္းဦးျမိဳ႕နယ္ မင္းတည္ရြာမွာ စက္တင္ဘာ ၁၀ ရက္ေန႔ညက ကေလးသူခိုးလုိ႔ စြပ္စြဲခံရျပီး ရြာသားေတြ၀ုိင္းရုိက္နက္ျပီး မီးရႈိ႕ခဲ့၍ ေသဆုံးသူမွာ စိတ္က်န္းမာေရး မေကာင္းသူတစ္ေယာက္ျဖစ္ေၾကာင္း ေခ်ာင္းဦးရဲစခန္းက သိရပါတယ္။

"ေသဆုံးသူရဲ႕ ဇနီးကလည္း လုိက္လာပါတယ္။ ေသဆုံးသူဟာ စိတ္က်န္းမာေရးမေကာင္းသူဆုိတာကုိ အတည္ျပဳႏုိင္ပါတယ္။ ေလာေလာဆယ္ အဲ့ဒီရြာက ျပစ္မႈက်ဴးလြန္တယ္လုိ႔ မသၤကာသူ ၅ ေယာက္ကု ိစစ္ေဆးမႈေတြျပဳလုပ္ေနပါတယ္။"လုိ႔ ေခ်ာင္းဦးျမိဳ႕မရဲစခန္းက ရဲအုပ္ရဲျမင့္က Duwun ကုိ စက္တင္ဘာ ၁၂ ရက္ေန႔မွာ ေျပာပါတယ္။

စစ္ကုိင္းေဒသၾကီး၊ မင္းတည္ရြာမွာ စက္တင္ဘာလ ၁၀ ရက္ေန႔ ည ၉ နာရီေက်ာ္ေလာက္က လူတစ္ေယာက္၀င္လာတဲ့အခ်ိန္မွာ အမ်ိဳးသမီးတစ္ဦးကေန "လူလိုက္တယ္" ဆုိျပီးေအာ္ဟစ္ရာကေန ကေလးခုိးဖုိ႔ၾကိဳးစားတယ္ဆုိျပီးရြာသားေတြက၀ုိင္းရုိက္ျပီး ရြာသခ်ၤ ိဳင္းမွာ မီးရႈိ႕႔ခဲ့ၾကတာျဖစ္တယ္လုိ႔ သိရပါတယ္။

ေသဆံုးသူဦးၾကည္ႏိုင္ဟာ ျမင္းမူျမိဳ႕နယ္ ေျခေတာ္ရာေက်းရြာမွာေနထုိင္သူျဖစ္ျပီး သူ႔ရဲ႕မိသားစုက ရဲစခန္းမွာ မွတ္ပံုတင္ေတြ အိမ္ေထာင္စုဇယားေတြျပသျပီး စိတ္က်န္းမာေရးအတြက္ ကုသမႈေတြျပဳလုပ္ေနတယ္ဆုိတာကုိပါ ရဲစခန္းကုိ ျပသခဲ့ပါတယ္။

အဆုိပါအမႈကုိေတာ့ ေခ်ာင္းဦးျမိဳ႕မရဲစခန္းကေန ရာဇသက္ၾကီးပုဒ္မ- ၃၀၂/၂၀၁/၁၄၄ နဲ႔ အမႈဖြင့္အေရးယူေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#
ချောင်းဦးမြို့နယ် မင်းတည်ရွာမှာ စက်တင်ဘာ ၁၀ ရက်နေ့ညက ကလေးသူခိုးလို့ စွပ်စွဲခံရပြီး ရွာသားတွေဝိုင်းရိုက်နက်ပြီး မီးရှို့ခဲ့၍ သေဆုံးသူမှာ စိတ်ကျန်းမာရေး မကောင်းသူတစ်ယောက်ဖြစ်ကြောင်း ချောင်းဦးရဲစခန်းက သိရပါတယ်။

"သေဆုံးသူရဲ့ ဇနီးကလည်း လိုက်လာပါတယ်။ သေဆုံးသူဟာ စိတ်ကျန်းမာရေးမကောင်းသူဆိုတာကို အတည်ပြုနိုင်ပါတယ်။ လောလောဆယ် အဲ့ဒီရွာက ပြစ်မှုကျူးလွန်တယ်လို့ မင်္သကာသူ ၅ ယောက်ကု ိစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။"လို့ ချောင်းဦးမြို့မရဲစခန်းက ရဲအုပ်ရဲမြင့်က Duwun ကို စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြောပါတယ်။

စစ်ကိုင်းဒေသကြီး၊ မင်းတည်ရွာမှာ စက်တင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီကျော်လောက်က လူတစ်ယောက်ဝင်လာတဲ့အချိန်မှာ အမျိုးသမီးတစ်ဦးကနေ "လူလိုက်တယ်" ဆိုပြီးအော်ဟစ်ရာကနေ ကလေးခိုးဖို့ကြိုးစားတယ်ဆိုပြီးရွာသားတွေကဝိုင်းရိုက်ပြီး ရွာသင်္ချ ိုင်းမှာ မီးရှို့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူဦးကြည်နိုင်ဟာ မြင်းမူမြို့နယ် ခြေတော်ရာကျေးရွာမှာနေထိုင်သူဖြစ်ပြီး သူ့ရဲ့မိသားစုက ရဲစခန်းမှာ မှတ်ပုံတင်တွေ အိမ်ထောင်စုဇယားတွေပြသပြီး စိတ်ကျန်းမာရေးအတွက် ကုသမှုတွေပြုလုပ်နေတယ်ဆိုတာကိုပါ ရဲစခန်းကို ပြသခဲ့ပါတယ်။

အဆိုပါအမှုကိုတော့ ချောင်းဦးမြို့မရဲစခန်းကနေ ရာဇသက်ကြီးပုဒ်မ- ၃၀၂/၂၀၁/၁၄၄ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top