ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ေက်ာင္းသူေက်ာင္းသား သူငယ္ခ်င္းတစ္စုကေတာ့ ခရီးသြား အမ်ားအျပားလာေရာက္လည္ပတ္ရာ ေနရာတစ္ေနရာမွာ တဟုန္ထုိးစီးဆင္းေနတဲ့ ေရေတြေၾကာင့္ အျဖစ္ဆိုးႀကံဳခဲ့ၾကရရွာပါတယ္။

ၿပီးခဲ့တဲ့ (၂၀၁၇) တုန္းက (၂၁) ႏွစ္အရြယ္ ၾသစေၾတးလ် ေက်ာင္းသူ Rachael De Jong ဟာ နယူးဇီလန္က Waikato ျမစ္ထဲမွာ သူငယ္ခ်င္းေတြနဲ႔အတူ ေရကူးအပန္းေျဖေနခဲ့တာပါ။ ကံဆိုးစြာပဲ ထုိအခ်ိန္မွာ အနီးအနားက ဓာတ္အားေပးစက္႐ံုကေန ဆည္ေရေတြကို လႊတ္ခ်ခဲ့ပါတယ္။ သူတုိ႔သူငယ္ခ်င္းတစ္စုလည္း ေခ်ာင္းထဲကေန အေပၚတက္ဖုိ႔ ေက်ာက္တံုးေတြကို ျဖတ္ကာ ကူးေနစဥ္မွာပဲ တဟုန္ထုိးစီးဆင္းေနတဲ့ ေရေတြဟာ တျဖည္းျဖည္း ျမင့္တက္လာခဲ့ပါတယ္။ ေအာက္မွာ ျမင္ရမယ့္ ဓာတ္ပံုကေတာ့ ေရစီးထဲကို Rachael ပါမသြားခင္ မိနစ္ပိုင္းအလုိမွာ ႐ိုက္မိထားခဲ့တဲ့ ဓာတ္ပံုေလးပါ။

အုပ္စုထဲက မိန္းကေလးတစ္ဦးျဖစ္တဲ့ Gemma ဆိုသူကေတာ့ “ကၽြန္မတို႔ ေက်ာက္တံုးေပၚမွာ ရပ္ေနရင္ အဆင္ေျပမယ္ပဲ ထင္ခဲ့တာပါ။ ဒါေပမယ့္ ေရစီးက တအားသန္လာခဲ့ၿပီး ေရေတြ ျမင့္တက္လာခဲ့ပါတယ္” လို႔ သူမတို႔ရဲ႕ စိတ္ထိခိုက္ဖြယ္ အေတြ႔အႀကံဳကို ေျပာျပခဲ့ပါတယ္။ ေယာက်္ားေလးႏွစ္ေယာက္ကေတာ့ ေရထဲက လြတ္ရာ တစ္ဖက္ကမ္းက ေက်ာက္တံုးႀကီးေတြေပၚကို သြားႏုိင္ခဲ့ေပမယ့္ အေနာက္က မိန္းကေလးေတြကေတာ့ ေရလယ္က ေက်ာက္တံုးေပၚမွာ က်န္ေနခဲ့ၾကတာပါ။ Rhys အမည္ရ ေယာက်္ားေလးကေတာ့ မိန္းကေလးေတြထဲက Michaela ဆိုသူဆီကို လက္လွမ္းေပးခဲ့ေပမယ့္ သူတုိ႔ႏွစ္ဦးစလံုးလည္း ေရထဲ က်သြားခဲ့ၾကပါတယ္။

“အဝတ္ေလွ်ာ္စက္တစ္ခုထဲ ေရာက္သြားသလိုပါပဲ။ ဘာကိုမွလည္း ထိန္းထားလို႔ မရသလို အသက္လည္း ရွဴမရခဲ့တာေၾကာင့္ ေသၿပီပဲ ထင္ခဲ့တာပါ” လို႔ Rhys က ေျပာျပခဲ့ပါတယ္။ Rachael နဲ႔ အျခားမိန္းကေလး သူငယ္ခ်င္း Alice တုိ႔လည္း ေရထဲ က်ခဲ့ေပမယ့္ Rachael က သူ႔အသက္စြန္႔ၿပီး သူငယ္ခ်င္း Alice ကို ကယ္ခဲ့ရွာပါတယ္။ ေကာင္မေလးေတြ ေရထဲ ခုန္ဆင္းၿပီး တစ္ဘက္ေက်ာက္တံုးေပၚ သြားခဲ့ၾကရာ Rachael က ေနာက္ဆံုးကေနၿပီး အားလံုးကို အေပၚတက္လို႔ရေအာင္ ကူေပးခဲ့ေပမယ့္ သူမ အလွည့္ေရာက္မွာေတာ့ ေက်ာက္တံုးေပၚက ေခ်ာ္က်ၿပီး ေရစီးထဲပါသြားခဲ့ပါေတာ့တယ္။

Rachael ရဲ႕ ဖခင္ Kevin ကေတာ့ ထုိေန႔က ကေလးေတြဟာ ေပ်ာ္ရႊင္ေနခဲ့ၾကတာျဖစ္ၿပီး အႏၱရာယ္ႀကီး က်ေရာက္လာမယ္လို႔ ဘယ္လိုမွ မထင္ခဲ့ေၾကာင္း ဆုိပါတယ္။

Rachael ကေတာ့ သူမရဲ႕ သူငယ္ခ်င္းေတြ လြတ္ေျမာက္ဖို႔ အနစ္နာခံသြားခဲ့တဲ့ သူရဲေကာင္းမေလးပါပဲ။ ေခ်ာင္းထဲက ေရေတြဟာ Aratiatia ဆည္ကေန လႊတ္လိုက္တာေၾကာင့္ ေရတက္လာကာ ေရစီးသန္ခဲ့တာျဖစ္ၿပီး အဲဒီလို ေရလႊတ္တာကလည္း ဆည္မွာ တစ္ေန႔ (၄) ႀကိမ္ ျပဳလုပ္ေၾကာင္း သိရပါတယ္။

Ref: The Sun

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese Asia
# Unicode Version ျဖင့္ ဖတ္ပါ #
ကျောင်းသူကျောင်းသား သူငယ်ချင်းတစ်စုကတော့ ခရီးသွား အများအပြားလာရောက်လည်ပတ်ရာ နေရာတစ်နေရာမှာ တဟုန်ထိုးစီးဆင်းနေတဲ့ ရေတွေကြောင့် အဖြစ်ဆိုးကြုံခဲ့ကြရရှာပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၇) တုန်းက (၂၁) နှစ်အရွယ် သြစတြေးလျ ကျောင်းသူ Rachael De Jong ဟာ နယူးဇီလန်က Waikato မြစ်ထဲမှာ သူငယ်ချင်းတွေနဲ့အတူ ရေကူးအပန်းဖြေနေခဲ့တာပါ။ ကံဆိုးစွာပဲ ထိုအချိန်မှာ အနီးအနားက ဓာတ်အားပေးစက်ရုံကနေ ဆည်ရေတွေကို လွှတ်ချခဲ့ပါတယ်။ သူတို့သူငယ်ချင်းတစ်စုလည်း ချောင်းထဲကနေ အပေါ်တက်ဖို့ ကျောက်တုံးတွေကို ဖြတ်ကာ ကူးနေစဉ်မှာပဲ တဟုန်ထိုးစီးဆင်းနေတဲ့ ရေတွေဟာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။ အောက်မှာ မြင်ရမယ့် ဓာတ်ပုံကတော့ ရေစီးထဲကို Rachael ပါမသွားခင် မိနစ်ပိုင်းအလိုမှာ ရိုက်မိထားခဲ့တဲ့ ဓာတ်ပုံလေးပါ။

အုပ်စုထဲက မိန်းကလေးတစ်ဦးဖြစ်တဲ့ Gemma ဆိုသူကတော့ “ကျွန်မတို့ ကျောက်တုံးပေါ်မှာ ရပ်နေရင် အဆင်ပြေမယ်ပဲ ထင်ခဲ့တာပါ။ ဒါပေမယ့် ရေစီးက တအားသန်လာခဲ့ပြီး ရေတွေ မြင့်တက်လာခဲ့ပါတယ်” လို့ သူမတို့ရဲ့ စိတ်ထိခိုက်ဖွယ် အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။ ယောကျ်ားလေးနှစ်ယောက်ကတော့ ရေထဲက လွတ်ရာ တစ်ဖက်ကမ်းက ကျောက်တုံးကြီးတွေပေါ်ကို သွားနိုင်ခဲ့ပေမယ့် အနောက်က မိန်းကလေးတွေကတော့ ရေလယ်က ကျောက်တုံးပေါ်မှာ ကျန်နေခဲ့ကြတာပါ။ Rhys အမည်ရ ယောကျ်ားလေးကတော့ မိန်းကလေးတွေထဲက Michaela ဆိုသူဆီကို လက်လှမ်းပေးခဲ့ပေမယ့် သူတို့နှစ်ဦးစလုံးလည်း ရေထဲ ကျသွားခဲ့ကြပါတယ်။

“အဝတ်လျှော်စက်တစ်ခုထဲ ရောက်သွားသလိုပါပဲ။ ဘာကိုမှလည်း ထိန်းထားလို့ မရသလို အသက်လည်း ရှူမရခဲ့တာကြောင့် သေပြီပဲ ထင်ခဲ့တာပါ” လို့ Rhys က ပြောပြခဲ့ပါတယ်။ Rachael နဲ့ အခြားမိန်းကလေး သူငယ်ချင်း Alice တို့လည်း ရေထဲ ကျခဲ့ပေမယ့် Rachael က သူ့အသက်စွန့်ပြီး သူငယ်ချင်း Alice ကို ကယ်ခဲ့ရှာပါတယ်။ ကောင်မလေးတွေ ရေထဲ ခုန်ဆင်းပြီး တစ်ဘက်ကျောက်တုံးပေါ် သွားခဲ့ကြရာ Rachael က နောက်ဆုံးကနေပြီး အားလုံးကို အပေါ်တက်လို့ရအောင် ကူပေးခဲ့ပေမယ့် သူမ အလှည့်ရောက်မှာတော့ ကျောက်တုံးပေါ်က ချော်ကျပြီး ရေစီးထဲပါသွားခဲ့ပါတော့တယ်။

Rachael ရဲ့ ဖခင် Kevin ကတော့ ထိုနေ့က ကလေးတွေဟာ ပျော်ရွှင်နေခဲ့ကြတာဖြစ်ပြီး အန္တရာယ်ကြီး ကျရောက်လာမယ်လို့ ဘယ်လိုမှ မထင်ခဲ့ကြောင်း ဆိုပါတယ်။

Rachael ကတော့ သူမရဲ့ သူငယ်ချင်းတွေ လွတ်မြောက်ဖို့ အနစ်နာခံသွားခဲ့တဲ့ သူရဲကောင်းမလေးပါပဲ။ ချောင်းထဲက ရေတွေဟာ Aratiatia ဆည်ကနေ လွှတ်လိုက်တာကြောင့် ရေတက်လာကာ ရေစီးသန်ခဲ့တာဖြစ်ပြီး အဲဒီလို ရေလွှတ်တာကလည်း ဆည်မှာ တစ်နေ့ (၄) ကြိမ် ပြုလုပ်ကြောင်း သိရပါတယ်။

Ref: The Sun

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese Asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top