မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

လူငယ္ေတာ္ေတာ္မ်ားမ်ားမွာ ရွိေနတဲ့ ျပႆနာက ဘာလဲဆုိ ကုိယ့္ကုိယ္ကုိယ္ မသိျခင္းပဲ။ ကုိယ္ ဘာ၀ါသနာပါလဲ ကုိယ္မသိဘူး၊ ကိုယ့္အားသာခ်က္ ကုိယ္မသိဘူး၊ ကုိယ္ဘာျဖစ္ခ်င္မွန္း မသိဘူး။ စာေရးေနရရင္ ထမင္းေမ့ဟင္းေမ့ ဆုိတဲ့ ကၽြန္ေတာ္ကိုယ္တိုင္ေတာင္ စာေရးတာ ၀ါသနာပါမွန္း အသက္ ၂၃ ႏွစ္က်မွ သိတာေလ။

ဒီေနရာမွာ မျဖစ္မေန ထည္႕ေျပာရမွာက ပညာေရးစနစ္ပဲ။ ၾကားဖူးတာေလးတစ္ခုကုိ ျပန္သတိရတယ္။ ကၽြန္ေတာ္တုိ႕ရဲ႕ ပညာေရးစနစ္ဟာ ဆင္ရယ္၊ ေမ်ာက္ရယ္၊ ျမင္းရယ္၊ ငါးရယ္ စတဲ့ ကၽြမ္းက်င္မႈကုိယ္စီ၊ အားသာခ်က္ကုိယ္စီ၊ အစြမ္းအစကုိယ္စီ ရွိေနတဲ့ သတၱ၀ါေတြကုိ အပင္ေပၚတက္ခုိင္းျပီး အကဲျဖတ္တာနဲ႕ တူပါတယ္ တဲ့။ ဒီေတာ့ကာ အပင္ေပၚတက္ႏုိင္တဲ့ ေမ်ာက္ကေလးေတြပဲ လူေတာ္အျဖစ္ သတ္မွတ္ခံရေတာ့တာေပါ့။ စာက်က္ႏုိင္တဲ့၊ စာက်က္အားသန္တဲ့ ကေလးေတြပဲ ေက်ာင္းမွာ စာေတာ္တယ္ဆုိျပီး သတ္မွတ္ခံၾကရတာေပါ့။

ကေလးေတြမွာ ဘယ္လိုအစြမ္းအစ ရွိတယ္၊ ဘာ၀ါသနာပါတယ္ ထုတ္ေဖာ္မေပးဘဲ အမွတ္မ်ားမွ လူေတာ္ ဆုိတဲ့ စနစ္တစ္ခုထဲကိုပဲ ပံုသြင္းေနတဲ့အခါမွာ ကေလးေတြဟာ ကုိယ့္ကုိယ္ကုိယ္ မသိေတာ့ဘူး။ ေျပာရရင္ ကုိယ္ဟာ ေမ်ာက္လား၊ ဆင္လား၊ ျမင္းလား၊ ငါးလား ဘယ္သတၱ၀ါလဲ မသိၾကဘူး။ ဒီအခါ ကုိယ္နဲ႕ အံမ၀င္တဲ့ နယ္ပယ္မွာ အလုပ္လုပ္ၾကရတယ္။ ဆင္က အပင္ေပၚ တက္ေနရတယ္။ ျမင္းက ေရထဲမွာ ကူးေနရတယ္။ ငါးက ကုန္းေပၚ လမ္းေလွ်ာက္ေနရတယ္။ အဲဒီအခါ တက္ေနတဲ့ တကၠသိုလ္မွာ မေပ်ာ္ဘူး။ လုပ္ေနတဲ့အလုပ္ကို ၀ါသနာမပါဘူး။ ပိုက္ဆံအတြက္သာ အလုပ္လုပ္ေနရတယ္ ဆုိတာမ်ိဳး ျဖစ္လာတယ္။ ဒီေတာ့ စြမ္းေဆာင္ရည္ မေကာင္းဘူး။ ဒီလိုလူငယ္ေတြနဲ႕ ဖြဲ႕စည္းထားတဲ့ အဲဒီအသင္းအဖြဲ႕ကလည္း တိုးတက္မလာေတာ့ဘူး။

ဒါေၾကာင့္ ကုိယ့္ကုိယ္ကုိယ္သိဖုိ႕ဟာ လူတစ္ေယာက္ေအာင္ျမင္ဖုိ႕မွာ သိပ္အေရးၾကီးလာတာ ျဖစ္ပါတယ္။ ကုိယ္ ဂီတကုိ ရူးသြပ္မွန္း သိသြားျပီး ဂီတလမ္းေၾကာင္းကို ေလွ်ာက္လွမ္းျပီဆုိတဲ့အခါ ေအာင္ျမင္တာပဲ။ ကုိယ္က စီးပြားေရးလာဘ္ျမင္တာ သိသြားျပီး စီးပြားေရးပဲ ေဇာက္ခ်လုပ္တဲ့အခါ ေအာင္ျမင္ေတာ့တာပဲ။ ကုိယ္က အေဟာအေျပာ၀ါသနာပါမွန္း သိသြားျပီး အဲဒီအလုပ္နဲ႕ အသက္ေမြးတဲ့အခါ ေအာင္ျမင္ေတာ့တာပဲ။

ဟုတ္ျပီ၊ ကုိယ့္ကုိယ္ကုိယ္ သိရမယ္ဆုိေတာ့ ဘာေတြသိရမွာလဲ။

အားသာခ်က္၊ အားနည္းခ်က္ေတြ သိဖို႕လိုပါတယ္။ ကုိယ့္ရဲ႕ ရုပ္ပုိင္းဆုိင္ရာ၊ ပညာအရည္အခ်င္း၊ အေတြ႕အၾကံဳ၊ စြမ္းေဆာင္ရည္၊ စတဲ့ အပုိင္းေတြမွာ ဘယ္ေနရာအားသာလဲ၊ ဘယ္ေနရာ အားနည္းလဲ သိရမယ္။ ဒါမွ ကုိယ္အားသာတဲ့နယ္ပယ္ကို ေရြးခ်ယ္ျပီး အလုပ္လုပ္ႏုိ္င္မယ္။ အားနည္းတဲ့ေနရာကို တတ္ႏုိင္သေလာက္ ျပင္ဆင္ႏိုင္မယ္။

ေနာက္တစ္ခု၊ ကုိယ့္၀ါသနာ၊ ကုိယ့္ရဲ႕ရူးသြပ္မႈ စတာေတြကုိလည္း သိဖုိ႕ လိုပါတယ္။ ေနာက္ဆံုးတစ္ခု ဘာသိရမလဲဆုိရင္ေတာ့ Personality type ကို သိရမယ္။ ျမန္မာလုိျပန္ရင္ေတာ့ ကုိယ္ရည္ကုိယ္ေသြး အမ်ိဳးအစား၊ တစ္နည္းအားျဖင့္ ကုိယ္က ဘယ္လုိလူမ်ိဳးလဲေပါ့။ အေတြ႕ရမ်ားတဲ့ အမ်ိဳးအစား ၄ ခုကုိ နမူနာေပး ေရးထားပါတယ္။ ဆက္ၾကည္႕ၾကည္႕ပါ။

၁။ Introvert လား Extrovert လား

Introvert ဆိုတာကေတာ့ အံု႕ပုန္းေပါ့။ သေဘာက ျဖစ္ႏုိင္ရင္ သီးသန္႕ပဲေနခ်င္တယ္၊ လူေတြနဲ႕ မိတ္ဖြဲ႕ရတာ၊ စကားေျပာရတာ မၾကိဳက္ဘူး။ Extrovert သမားကေတာ့ သူနဲ႕ေျပာင္းျပန္။ မသိေသးတဲ့လူေတြနဲ႕ မိတ္ဖြဲ႕ဖုိ႕ ၀န္မေလးဘူး။ ေဖာ္ေရြတယ္။ ေျပာတတ္ဆုိတတ္တယ္။ အဲဒီလိုလူက အေပါင္းအသင္းလည္း မ်ားတယ္။ ဘယ္တစ္ခုက ပိုေကာင္းတယ္ ေျပာမရဘူး။ အဓိကက ကုိယ္နဲ႕ သက္ဆုိင္တာကို ေရြးတတ္ဖုိ႕ပဲ။ ဥပမာ ကုိယ္က သီးသန္႕ေနရတာကို ၾကိဳက္တဲ့လူဆို သီးသန္႕ေနလို႕ရတဲ့ အလုပ္မ်ိဳး လုပ္သင့္တာေပါ့။ စာေရးတာလို၊ ေဆးကုတာလို အလုပ္မ်ိဳးဆုိ အဆင္ေျပတယ္။ Extrovert သမားက် စီးပြားေရးသမားေတြ၊ ႏုိင္ငံေရးသမားေတြ၊ အႏုပညာရွင္ေတြဆုိ ေအာင္ျမင္ႏုိင္တာေပါ့။

၂။ Specialist လား Generalist လား

ကုိယ္က တခုခုဆို အေသးစိတ္အထိ ေလ့လာရတာ အားသန္လား။ ဒါမွမဟုတ္ ျခံဳငံုျပီး ႏွံ႕ႏွံ႕စပ္စပ္ ေလ့လာရတာကို သေဘာက်လား။ ဒီေနရာမွာလည္း ဘယ္ဟာ ပိုေကာင္းတယ္ရယ္ မရွိဘူး။ ပညာရပ္တခုခုကို စူးစုိက္ျပီး ေလ့လာတတ္တဲ့ ပညာရွင္ေတြဟာ Specialist သမားေတြျဖစ္ျပီး၊ မီဒီယာသမားေတြ၊ ႏုိင္ငံကုိ အုပ္ခ်ဳပ္မယ့္သူေတြ၊ ဥပေဒသမားေတြကေတာ့ သူတို႕သက္ဆုိင္ရာအလုပ္အျပင္ တျခားအေၾကာင္းအရာေတြကုိလည္း ႏွံ႕ႏွံ႕စပ္စပ္ သိထားဖုိ႕ လိုအပ္တာမို႕ Generalist သမားေတြျဖစ္မွ ရပါမယ္။

၃။ Book smart လား Street smart လား

Book smart ဆုိတာက စာေတာ္တဲ့သူ၊ စာေပဖတ္မွတ္ျပီး အသိပညာၾကြယ္၀တဲ့သူေပါ့။ Street smart ဆိုတာကေတာ့ ျမင္သာေအာင္ ဥပမာေပးရရင္ အိႏၵိယ၀တၳဳေတြထဲက လမ္းေပၚမွာေန၊ လမ္းေပၚမွာၾကီးျပီး အလုပ္လုပ္ရင္း၊ ဒုကၡသုကၡေတြေရာက္ရင္း၊ ၾကိဳးစားရင္း သူေဌးျဖစ္လာသူေတြလိုမ်ိဳးေပါ့။ ပညာရယ္လို႕ေတာ့ ေကာင္းေကာင္းမတတ္ဘူး။ သို႕ေသာ္ လမ္းမက၊ ဘ၀က သင္ေပးတဲ့ ပညာေတြေတာ့ ရွိတယ္။ ဘယ္လိုလူကို ဘယ္လုိေပါင္းလုိက္ရင္ ရမယ္၊ လူေတြရဲ႕ သေဘာမေနာက ဘယ္လိုရွိတယ္၊ လူေတြက ဘယ္လိုလွည္႕တတ္ပတ္တတ္တယ္ စသျဖင့္ အေတြ႕အၾကံဳက သင္ေပးတာကို ခံခဲ့ရတဲ့သူေတြေပါ့။ ကုိယ္က Book smart သမားဆုိရင္ လူအခ်င္းခ်င္း လွည္႕တာပတ္တာ၊ တုိက္တာခုိက္တာနည္းတဲ့ အလုပ္သဘာ၀မွာဆုိ အဆင္ေျပတာေပါ့။ လူေတြအမ်ားၾကီးနဲ႕ ဆက္ဆံရျပီး လူ႕သေဘာလူ႕မေနာကို သိထားဖုိ႕ လိုအပ္တဲ့အလုပ္မ်ိဳးက် Street smart သမားက ပိုအဆင္ေျပ၊ ပိုေအာင္ျမင္ႏုိင္တာေပါ့။

၄။ Risk taking လား Stability လား

တခ်ိဳ႕ေျပာၾကတာ ရွိတယ္။ ၀န္ထမ္းဘ၀က မေကာင္းဘူးေပါ့။ သူတုိ႕ေျပာတာလည္း မွန္သင့္သေလာက္ေတာ့ မွန္တယ္။ ၀န္ထမ္းဆုိေတာ့ ကုိယ့္ဘ၀ကုိယ္မပုိင္ဘူး။ သူမ်ားခ်ထားတဲ့ စည္းကမ္းအတုိ္္င္း အလုပ္လုပ္ရတယ္။ ခ်က္ခ်င္းလက္ငင္း ခ်မ္းသာသြားဖုိ႕ရာလည္း မလြယ္ဘူး။ ဒါေပမယ့္ အဲဒီလိုဆုိ လူတုိ္င္းက ကုိယ္ပုိ္င္စီးပြားေရး ထလုပ္ေနရေတာ့မွာလား။ ဒီလိုေတာ့လည္း မဟုတ္ေသးဘူး။ တခ်ိဳ႕က Risk ယူရတာ၊ စြန္႕စားရတာကို ၾကိဳက္တယ္။ သိန္း ၅၀ ရွိရင္ သိန္း ၅၀ လံုး ရင္းႏွီးရမယ္ဆုိလည္း ၀န္မေလးဘူး။ ရႈံးသြားလည္း ခံႏုိင္တယ္။ ဒီလုိလူေတြ ရွိသလို၊ အဲ့လိုရင္းႏွီးျမွဳပ္ႏွံရတာ၊ အေလ်ာ္အစားၾကီးတာေတြ မလုုပ္ခ်င္ဘဲ ပံုမွန္၀င္ေငြေလးပဲ လိုခ်င္တယ္ ဆုိတဲ့သူလည္း ရွိမယ္။ ဒါေၾကာင့္ ကုိယ္ပုိင္လုပ္ငန္းလုပ္မွ ေကာင္းမယ္ ဆိုတာမ်ိဳးေတြ နားမေယာင္ဘဲ ကိုယ္နဲ႕ကိုက္ညီတာကိုပဲ လုပ္ေစခ်င္တယ္။ ကုိယ္က တအားမခ်မ္းသာရင္ ေနပါေစ၊ တည္တည္ျငိမ္ျငိမ္ ေနရတာကုိပဲ သေဘာက်တယ္ဆုိရင္လည္း ၀န္ထမ္းလုပ္၊ စီးပြားေရးလုပ္မယ္ဆုိေတာင္ သိပ္အတက္အက် မၾကမ္းတဲ့ လုပ္ငန္းမ်ိဳးကိုလုပ္။ စြန္႕စားရတာ ၾကိဳက္တယ္ဆိုလည္း ဒီအတုိင္း မုိက္ရူးရဲေနမယ့္အစား တကယ္ကုိ ထြန္းေပါက္ေအာင္ျမင္ေအာင္ လုပ္။ ဒီလိုမွပဲ လူေတြဟာ ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ ဘ၀ကို ရႏုိင္မွာျဖစ္ပါတယ္။

ဒီေတာ့ အႏွစ္ျပန္ခ်ဳပ္ရရင္ လူတစ္ေယာက္ေအာင္ျမင္ဖုိ႕မွာ ေက်ာင္းတုန္းက စာဘယ္ေလာက္ေတာ္ခဲ့သလဲ ဆုိတာကပဲ အရာအားလံုးကုိ အဆံုးအျဖတ္ မေပးႏုိင္ဘူး။ ဒါေၾကာင့္ ေအာင္ျမင္ခ်င္တယ္ဆုိရင္ ပထမဆံုးအဆင့္အေနနဲ႕ ကုိယ့္ကုိယ္ကုိယ္သိဖုိ႕ သိပ္အေရးၾကီးပါတယ္။

ကၽြန္ေတာ္ သိပ္ၾကိဳက္တဲ့ စကားေလးတစ္ခြန္းနဲ႕ ဒီေဆာင္းပါးကို အဆံုးသတ္လိုပါတယ္။

“တကယ္ေတာ့ ေလာကမွာ ညံ႕တဲ့သူဆုိတာ မရွိဘူး။ ဘုရားသခင္ ထည္႕ေပးလိုက္တဲ့ အစြမ္းအစေတြကို ရွာမေတြ႕ေသးတဲ့သူပဲ ရွိပါတယ္”

ဒါေၾကာင့္မို႕ ကုိယ့္အစြမ္းအစေတြကုိ ရွာပါ။ ကုိယ့္ကုိယ္ကုိယ္ ရွာပါ။ ျပီးရင္ ကုိယ္နဲ႕ အံ၀င္ခြင္က်ျဖစ္မယ့္ ပတ္၀န္းက်င္ဆီကုိ အေရာက္သြားပါ။ ေမ်ာက္ဟာ အပင္ေပၚ တက္ခြင့္ရတဲ့ေန႕၊ ငါးဟာ ေရထဲကူးခတ္ခြင့္ရတဲ့ေန႕၊ ျမင္းဟာ ကုန္းေပၚမွာ ေျပးလႊားခြင့္ရတဲ့ေန႕သည္ သူ႕အတြက္ ေအာင္ျမင္မႈေတြ စတင္တဲ့ေန႔ပဲ ျဖစ္ပါတယ္။

ေဒါက္တာ ျဖိဳးသီဟ

(မွတ္ခ်က္ - Voice weekly တြင္ ေဖာ္ျပျပီးသား ေဆာင္းပါးကုိ အနည္းငယ္ျပင္ဆင္ထားပါသည္)
ဖိုးသူေတာ္ (www.phothutaw.com)
Credit:#B_jack
# Unicode Version ျဖင့္ ဖတ္ပါ #
 လူငယ်တော်တော်များများမှာ ရှိနေတဲ့ ပြဿနာက ဘာလဲဆို ကိုယ့်ကိုယ်ကိုယ် မသိခြင်းပဲ။ ကိုယ် ဘာဝါသနာပါလဲ ကိုယ်မသိဘူး၊ ကိုယ့်အားသာချက် ကိုယ်မသိဘူး၊ ကိုယ်ဘာဖြစ်ချင်မှန်း မသိဘူး။ စာရေးနေရရင် ထမင်းမေ့ဟင်းမေ့ ဆိုတဲ့ ကျွန်တော်ကိုယ်တိုင်တောင် စာရေးတာ ဝါသနာပါမှန်း အသက် ၂၃ နှစ်ကျမှ သိတာလေ။

ဒီနေရာမှာ မဖြစ်မနေ ထည့်ပြောရမှာက ပညာရေးစနစ်ပဲ။ ကြားဖူးတာလေးတစ်ခုကို ပြန်သတိရတယ်။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ဟာ ဆင်ရယ်၊ မျောက်ရယ်၊ မြင်းရယ်၊ ငါးရယ် စတဲ့ ကျွမ်းကျင်မှုကိုယ်စီ၊ အားသာချက်ကိုယ်စီ၊ အစွမ်းအစကိုယ်စီ ရှိနေတဲ့ သတ္တဝါတွေကို အပင်ပေါ်တက်ခိုင်းပြီး အကဲဖြတ်တာနဲ့ တူပါတယ် တဲ့။ ဒီတော့ကာ အပင်ပေါ်တက်နိုင်တဲ့ မျောက်ကလေးတွေပဲ လူတော်အဖြစ် သတ်မှတ်ခံရတော့တာပေါ့။ စာကျက်နိုင်တဲ့၊ စာကျက်အားသန်တဲ့ ကလေးတွေပဲ ကျောင်းမှာ စာတော်တယ်ဆိုပြီး သတ်မှတ်ခံကြရတာပေါ့။

ကလေးတွေမှာ ဘယ်လိုအစွမ်းအစ ရှိတယ်၊ ဘာဝါသနာပါတယ် ထုတ်ဖော်မပေးဘဲ အမှတ်များမှ လူတော် ဆိုတဲ့ စနစ်တစ်ခုထဲကိုပဲ ပုံသွင်းနေတဲ့အခါမှာ ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ် မသိတော့ဘူး။ ပြောရရင် ကိုယ်ဟာ မျောက်လား၊ ဆင်လား၊ မြင်းလား၊ ငါးလား ဘယ်သတ္တဝါလဲ မသိကြဘူး။ ဒီအခါ ကိုယ်နဲ့ အံမဝင်တဲ့ နယ်ပယ်မှာ အလုပ်လုပ်ကြရတယ်။ ဆင်က အပင်ပေါ် တက်နေရတယ်။ မြင်းက ရေထဲမှာ ကူးနေရတယ်။ ငါးက ကုန်းပေါ် လမ်းလျှောက်နေရတယ်။ အဲဒီအခါ တက်နေတဲ့ တက္ကသိုလ်မှာ မပျော်ဘူး။ လုပ်နေတဲ့အလုပ်ကို ဝါသနာမပါဘူး။ ပိုက်ဆံအတွက်သာ အလုပ်လုပ်နေရတယ် ဆိုတာမျိုး ဖြစ်လာတယ်။ ဒီတော့ စွမ်းဆောင်ရည် မကောင်းဘူး။ ဒီလိုလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဲဒီအသင်းအဖွဲ့ကလည်း တိုးတက်မလာတော့ဘူး။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်သိဖို့ဟာ လူတစ်ယောက်အောင်မြင်ဖို့မှာ သိပ်အရေးကြီးလာတာ ဖြစ်ပါတယ်။ ကိုယ် ဂီတကို ရူးသွပ်မှန်း သိသွားပြီး ဂီတလမ်းကြောင်းကို လျှောက်လှမ်းပြီဆိုတဲ့အခါ အောင်မြင်တာပဲ။ ကိုယ်က စီးပွားရေးလာဘ်မြင်တာ သိသွားပြီး စီးပွားရေးပဲ ဇောက်ချလုပ်တဲ့အခါ အောင်မြင်တော့တာပဲ။ ကိုယ်က အဟောအပြောဝါသနာပါမှန်း သိသွားပြီး အဲဒီအလုပ်နဲ့ အသက်မွေးတဲ့အခါ အောင်မြင်တော့တာပဲ။

ဟုတ်ပြီ၊ ကိုယ့်ကိုယ်ကိုယ် သိရမယ်ဆိုတော့ ဘာတွေသိရမှာလဲ။

အားသာချက်၊ အားနည်းချက်တွေ သိဖို့လိုပါတယ်။ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ပညာအရည်အချင်း၊ အတွေ့အကြုံ၊ စွမ်းဆောင်ရည်၊ စတဲ့ အပိုင်းတွေမှာ ဘယ်နေရာအားသာလဲ၊ ဘယ်နေရာ အားနည်းလဲ သိရမယ်။ ဒါမှ ကိုယ်အားသာတဲ့နယ်ပယ်ကို ရွေးချယ်ပြီး အလုပ်လုပ်နိုင်မယ်။ အားနည်းတဲ့နေရာကို တတ်နိုင်သလောက် ပြင်ဆင်နိုင်မယ်။

နောက်တစ်ခု၊ ကိုယ့်ဝါသနာ၊ ကိုယ့်ရဲ့ရူးသွပ်မှု စတာတွေကိုလည်း သိဖို့ လိုပါတယ်။ နောက်ဆုံးတစ်ခု ဘာသိရမလဲဆိုရင်တော့ Personality type ကို သိရမယ်။ မြန်မာလိုပြန်ရင်တော့ ကိုယ်ရည်ကိုယ်သွေး အမျိုးအစား၊ တစ်နည်းအားဖြင့် ကိုယ်က ဘယ်လိုလူမျိုးလဲပေါ့။ အတွေ့ရများတဲ့ အမျိုးအစား ၄ ခုကို နမူနာပေး ရေးထားပါတယ်။ ဆက်ကြည့်ကြည့်ပါ။

၁။ Introvert လား Extrovert လား

Introvert ဆိုတာကတော့ အုံ့ပုန်းပေါ့။ သဘောက ဖြစ်နိုင်ရင် သီးသန့်ပဲနေချင်တယ်၊ လူတွေနဲ့ မိတ်ဖွဲ့ရတာ၊ စကားပြောရတာ မကြိုက်ဘူး။ Extrovert သမားကတော့ သူနဲ့ပြောင်းပြန်။ မသိသေးတဲ့လူတွေနဲ့ မိတ်ဖွဲ့ဖို့ ဝန်မလေးဘူး။ ဖော်ရွေတယ်။ ပြောတတ်ဆိုတတ်တယ်။ အဲဒီလိုလူက အပေါင်းအသင်းလည်း များတယ်။ ဘယ်တစ်ခုက ပိုကောင်းတယ် ပြောမရဘူး။ အဓိကက ကိုယ်နဲ့ သက်ဆိုင်တာကို ရွေးတတ်ဖို့ပဲ။ ဥပမာ ကိုယ်က သီးသန့်နေရတာကို ကြိုက်တဲ့လူဆို သီးသန့်နေလို့ရတဲ့ အလုပ်မျိုး လုပ်သင့်တာပေါ့။ စာရေးတာလို၊ ဆေးကုတာလို အလုပ်မျိုးဆို အဆင်ပြေတယ်။ Extrovert သမားကျ စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေဆို အောင်မြင်နိုင်တာပေါ့။

၂။ Specialist လား Generalist လား

ကိုယ်က တခုခုဆို အသေးစိတ်အထိ လေ့လာရတာ အားသန်လား။ ဒါမှမဟုတ် ခြုံငုံပြီး နှံ့နှံ့စပ်စပ် လေ့လာရတာကို သဘောကျလား။ ဒီနေရာမှာလည်း ဘယ်ဟာ ပိုကောင်းတယ်ရယ် မရှိဘူး။ ပညာရပ်တခုခုကို စူးစိုက်ပြီး လေ့လာတတ်တဲ့ ပညာရှင်တွေဟာ Specialist သမားတွေဖြစ်ပြီး၊ မီဒီယာသမားတွေ၊ နိုင်ငံကို အုပ်ချုပ်မယ့်သူတွေ၊ ဥပဒေသမားတွေကတော့ သူတို့သက်ဆိုင်ရာအလုပ်အပြင် တခြားအကြောင်းအရာတွေကိုလည်း နှံ့နှံ့စပ်စပ် သိထားဖို့ လိုအပ်တာမို့ Generalist သမားတွေဖြစ်မှ ရပါမယ်။

၃။ Book smart လား Street smart လား

Book smart ဆိုတာက စာတော်တဲ့သူ၊ စာပေဖတ်မှတ်ပြီး အသိပညာကြွယ်ဝတဲ့သူပေါ့။ Street smart ဆိုတာကတော့ မြင်သာအောင် ဥပမာပေးရရင် အိန္ဒိယဝတ္ထုတွေထဲက လမ်းပေါ်မှာနေ၊ လမ်းပေါ်မှာကြီးပြီး အလုပ်လုပ်ရင်း၊ ဒုက္ခသုက္ခတွေရောက်ရင်း၊ ကြိုးစားရင်း သူဌေးဖြစ်လာသူတွေလိုမျိုးပေါ့။ ပညာရယ်လို့တော့ ကောင်းကောင်းမတတ်ဘူး။ သို့သော် လမ်းမက၊ ဘဝက သင်ပေးတဲ့ ပညာတွေတော့ ရှိတယ်။ ဘယ်လိုလူကို ဘယ်လိုပေါင်းလိုက်ရင် ရမယ်၊ လူတွေရဲ့ သဘောမနောက ဘယ်လိုရှိတယ်၊ လူတွေက ဘယ်လိုလှည့်တတ်ပတ်တတ်တယ် စသဖြင့် အတွေ့အကြုံက သင်ပေးတာကို ခံခဲ့ရတဲ့သူတွေပေါ့။ ကိုယ်က Book smart သမားဆိုရင် လူအချင်းချင်း လှည့်တာပတ်တာ၊ တိုက်တာခိုက်တာနည်းတဲ့ အလုပ်သဘာဝမှာဆို အဆင်ပြေတာပေါ့။ လူတွေအများကြီးနဲ့ ဆက်ဆံရပြီး လူ့သဘောလူ့မနောကို သိထားဖို့ လိုအပ်တဲ့အလုပ်မျိုးကျ Street smart သမားက ပိုအဆင်ပြေ၊ ပိုအောင်မြင်နိုင်တာပေါ့။

၄။ Risk taking လား Stability လား

တချို့ပြောကြတာ ရှိတယ်။ ဝန်ထမ်းဘဝက မကောင်းဘူးပေါ့။ သူတို့ပြောတာလည်း မှန်သင့်သလောက်တော့ မှန်တယ်။ ဝန်ထမ်းဆိုတော့ ကိုယ့်ဘဝကိုယ်မပိုင်ဘူး။ သူများချထားတဲ့ စည်းကမ်းအတို်င်း အလုပ်လုပ်ရတယ်။ ချက်ချင်းလက်ငင်း ချမ်းသာသွားဖို့ရာလည်း မလွယ်ဘူး။ ဒါပေမယ့် အဲဒီလိုဆို လူတိုင်းက ကိုယ်ပိုင်စီးပွားရေး ထလုပ်နေရတော့မှာလား။ ဒီလိုတော့လည်း မဟုတ်သေးဘူး။ တချို့က Risk ယူရတာ၊ စွန့်စားရတာကို ကြိုက်တယ်။ သိန်း ၅၀ ရှိရင် သိန်း ၅၀ လုံး ရင်းနှီးရမယ်ဆိုလည်း ဝန်မလေးဘူး။ ရှုံးသွားလည်း ခံနိုင်တယ်။ ဒီလိုလူတွေ ရှိသလို၊ အဲ့လိုရင်းနှီးမြှုပ်နှံရတာ၊ အလျော်အစားကြီးတာတွေ မလုပ်ချင်ဘဲ ပုံမှန်ဝင်ငွေလေးပဲ လိုချင်တယ် ဆိုတဲ့သူလည်း ရှိမယ်။ ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်းလုပ်မှ ကောင်းမယ် ဆိုတာမျိုးတွေ နားမယောင်ဘဲ ကိုယ်နဲ့ကိုက်ညီတာကိုပဲ လုပ်စေချင်တယ်။ ကိုယ်က တအားမချမ်းသာရင် နေပါစေ၊ တည်တည်ငြိမ်ငြိမ် နေရတာကိုပဲ သဘောကျတယ်ဆိုရင်လည်း ဝန်ထမ်းလုပ်၊ စီးပွားရေးလုပ်မယ်ဆိုတောင် သိပ်အတက်အကျ မကြမ်းတဲ့ လုပ်ငန်းမျိုးကိုလုပ်။ စွန့်စားရတာ ကြိုက်တယ်ဆိုလည်း ဒီအတိုင်း မိုက်ရူးရဲနေမယ့်အစား တကယ်ကို ထွန်းပေါက်အောင်မြင်အောင် လုပ်။ ဒီလိုမှပဲ လူတွေဟာ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ရနိုင်မှာဖြစ်ပါတယ်။

ဒီတော့ အနှစ်ပြန်ချုပ်ရရင် လူတစ်ယောက်အောင်မြင်ဖို့မှာ ကျောင်းတုန်းက စာဘယ်လောက်တော်ခဲ့သလဲ ဆိုတာကပဲ အရာအားလုံးကို အဆုံးအဖြတ် မပေးနိုင်ဘူး။ ဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင် ပထမဆုံးအဆင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်သိဖို့ သိပ်အရေးကြီးပါတယ်။

ကျွန်တော် သိပ်ကြိုက်တဲ့ စကားလေးတစ်ခွန်းနဲ့ ဒီဆောင်းပါးကို အဆုံးသတ်လိုပါတယ်။

“တကယ်တော့ လောကမှာ ညံ့တဲ့သူဆိုတာ မရှိဘူး။ ဘုရားသခင် ထည့်ပေးလိုက်တဲ့ အစွမ်းအစတွေကို ရှာမတွေ့သေးတဲ့သူပဲ ရှိပါတယ်”

ဒါကြောင့်မို့ ကိုယ့်အစွမ်းအစတွေကို ရှာပါ။ ကိုယ့်ကိုယ်ကိုယ် ရှာပါ။ ပြီးရင် ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ပတ်ဝန်းကျင်ဆီကို အရောက်သွားပါ။ မျောက်ဟာ အပင်ပေါ် တက်ခွင့်ရတဲ့နေ့၊ ငါးဟာ ရေထဲကူးခတ်ခွင့်ရတဲ့နေ့၊ မြင်းဟာ ကုန်းပေါ်မှာ ပြေးလွှားခွင့်ရတဲ့နေ့သည် သူ့အတွက် အောင်မြင်မှုတွေ စတင်တဲ့နေ့ပဲ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

(မှတ်ချက် - Voice weekly တွင် ဖော်ပြပြီးသား ဆောင်းပါးကို အနည်းငယ်ပြင်ဆင်ထားပါသည်)
ဖိုးသူတော် (www.phothutaw.com)
Credit:#B_jack
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top