မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဒီေန႔ေခတ္မွာေတာ့ မိတ္ကပ္ဆိုတာက အမ်ိဳးသမီးေတြၾကားထဲ မပါမျဖစ္၊ မရွိမျဖစ္လိုမ်ိဳးေတာင္ ျဖစ္လို႔ေနပါၿပီ။ မျပင္တတ္ဘူး၊ မလိမ္းတတ္ဘူးဆိုတဲ့သူေတြေတာင္ BB cushion ဒါမွမဟုတ္လည္း BB cream ေလာက္ေတာ့ လိမ္းေနၾကတာပါပဲ။ ျပင္လိုက္ရင္လွသြားတယ္ဆိုတာကိုလည္း

အားလုံးလက္ခံလာၾကတာပဲေလ။ ဆိုေတာ့ကာ မိတ္ကပ္မပါဘဲလည္း လွမယ္ဆိုတဲ့ေခါင္းစဥ္ႀကီးက နည္းနည္းေတာ့ ရယ္စရာေကာင္းေနမွာေပါ့။ အဓိကက ေအာက္ခံအသားအေရပါပဲ။ တစ္နည္းအားျဖင့္ က္ိုယ္ပိုင္အသားအေရေပါ့။ သူသာေကာင္းေနမယ္ဆို မိတ္ကပ္ဆိုတာ သိပ္အမ်ားႀကီးထည့္စဥ္းစားေနစရာမလိုတဲ့ အရာပါ။

ကဲ ... ေတာ္ကီေတြပြားမေနေတာ့ဘဲ ဘယ္လိုမ်ားမိတ္ကပ္မျပင္မဆင္ဘဲ လွေနႏိုင္မလဲဆိုတဲ့ ေခါင္းစဥ္ဆိကို ခပ္သြက္သြက္ေလး သြားလိုက္ၾကရေအာင္။


၁။ ေရဓာတ္ျပည့္ဝေနပါေစ

မ်က္ႏွာေပၚ ဟိုဟာတင္ရ၊ ဒီဟာတင္ရမွာ ပ်င္းတဲ့သူေတြအတြက္ပါ။ စာေရးသူဆိုလည္း ပ်င္းတာပါပဲ။ ဆိုေတာ့ ေရသာမ်ားမ်ားေသာက္ေပးလိုက္ပါ။ ကိုယ္အတြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ အသားအေရကိုလည္း ညီညာၾကည္လင္လာေစပါတယ္။ ဘယ္သြားသြား ေရတစ္ဘူးေလာက္ ထည့္သြားပါ။ မထည့္ခ်င္ဘူးဆိုရင္လည္း သတိရတိုင္း ေရေသာက္ဖို႔ေတာ့မေမ့ပါနဲ႔။

၂။ ေန႔တိုင္း မ်က္ႏွာသစ္ပါ

ဘာေတြေျပာေနတာလဲ။ အိပ္ယာႏိုးရင္ေတာ့ မ်က္ႏွာက သစ္ၿပီေပါ့။ သြားေတာင္တိုက္ေသးတာကို။ ဆိုေပမဲ့ ညေရာက္ရင္ေတာ့ မသစ္ခ်င္ၾကေတာ့ပါဘူး။ hangover ျဖစ္လာတဲ့ေန႔မ်ိဳးေတြ၊ အလုပ္ပင္ပန္းလာတဲ့ေန႔မ်ိဳးေတြဆို မိတ္ကပ္ေတာင္မဖ်က္ဘဲ အိပ္ယာေပၚတန္းေရာက္တာပါပဲ။ ဒီအရာမ်ိဳးက sensitive skin ပိုင္ရွင္ေတြ လုံးဝမလုပ္သင့္တဲ့အရာပါ။

မိတ္ကပ္ေတြေၾကာင့္ ေခၽြးေပါက္ပိတ္ၿပီး အဆီနဲ႔ အညစ္အေၾကးေတြျဖစ္သြားတတ္ပါတယ္။ အဲဒီကေနမွတစ္ဆင့္ ၾကာလာရင္ ဝက္ၿခံေတြေပါက္၊ ေခၽြးေပါက္ေတြ ပိုပိုက်ယ္လာတတ္ပါတယ္။ ဒါေၾကာင့္ အိပ္ယာမဝင္ခင္ မိတ္ကပ္ဖ်က္ေဆးနဲ႔ အရင္ဖ်က္ပါ။ ၿပီးမွ မ်က္ႏွာသစ္ပါ။ တိုနာလိမ္းဖို႔လည္း မေမ့ပါနဲ႔။

၃။ သၾကား အမ်ားႀကီးမစားပါနဲ႔

သၾကားစားသုံးမႈပမာဏက တစ္ေယာက္နဲ႔တစ္ေယာက္ မတူဘူးေပါ့ေနာ္။ စာေရးသူဆို အရမ္းခ်ိဳတဲ့လက္ဖက္ရည္ေတြ ေသာက္လို႔မရပါဘူး။ ႏွစ္ရက္၊ သုံးရက္ေလာက္ေသာက္မိၿပီဆိုတာနဲ႔ အသားအေရကညစ္လာၿပီး အဆီဖု၊ ဝက္ၿခံဖုေလးေတြထြက္လာေတာ့တာပါပဲ။ အလားတူ ဒိန္ခ်ဥ္တို႔၊ သရက္သီးေဖ်ာ္ရည္တို႔လိုမ်ိဳးမွာလည္း သၾကားအမ်ားႀကီး ထည့္ေသာက္လို႔မရပါဘူး။ အသားအေရက သိသိသာသာကို လကၡဏာျပလာပါတယ္။ ဆိုေတာ့ ကိုယ္စားေနတဲ့အစားအစာေတြထဲက သၾကားပါဝင္မႈပမာဏကို ေလ့လာၿပီး ေလ်ာ့စားၾကည့္လိုက္ပါ။

၄။ moisturizer

မိတ္ကပ္မလိမ္းခ်င္ဘူးဆိုရင္ေတာ့ moisturizer ကို မျဖစ္မေနသုံးေပးရပါတယ္။ ဒါမွ မ်က္ႏွာေလးက ေရဓာတ္ျပည့္ဝေနၿပီး ဖူးဖူးစိုစိုေလးျဖည့္ေနမွာေပါ့။ moisturizer ကအသားအေရမညီညာမႈကိုလည္း ထိန္းသိမ္းေပးႏိုင္ပါတယ္။

၅။ အုန္းဆီ

ဘာမွမလိမ္းထားတဲ့ မ်က္ႏွာမွာ ပင္ကိုပကတိအလွတရားေလး ရွိဖို႔ေတာ့လိုတာေပါ့။ မ်က္ႏွာတစ္ခုလုံးရဲ႕ အဓိကအသက္က မ်က္ခုံးနဲ႔ မ်က္ေတာင္ေမြးပါ။ ထူထဲၿပီး ပုံက်ေနတဲ့ မ်က္ခုံးေမြးေလးက အင္မတန္မွ ဆြဲေဆာင္မႈရွိပါတယ္။ မ်က္ေတာင္ေမြးေလးေတြကလည္း ေကာ့ၿပီးရွည္ေနဖို႔လိုပါေသးတယ္။

ဘာမွ ထူးထူးျခားျခားေတြလုပ္ေနဖို႔ မလိုပါဘူး။ အုန္းဆီကို မ်က္ေတာင္ေမြးနဲ႔ မ်က္ခုံးေပၚ ညအိပ္ယာမဝင္ခင္ ပုံမွန္ေလးလိမ္းၿပီး အိပ္ေပးပါ။ မ်က္ေတာင္ေမြးနဲ႔ မ်က္ခုံးေမြးေလးေတြရွည္လာေစ႐ုံတင္မကဘဲ နက္ေမွာင္သန္စြမ္းလာေစႏိုင္ပါတယ္။

၆။ စိတ္ဖိစီးမခံပါနဲ႔

ဒီတစ္ခ်က္ကေတာ့ အရမ္းခက္မွာေနာ္။ ကိုယ္ဖန္တီးယူထားတာမဟုတ္ဘဲ ပတ္ဝန္းက်င္ေၾကာင့္ စိတ္ညစ္ရတာမ်ိဳးေတြရွိေနေလေတာ့ ဘယ္လြယ္ပါ့မလဲ။ ဆိုေပမဲ့ တစ္ခါစိတ္ညစ္တိုင္း အလွတစ္ယူနစ္ေလ်ာ့တယ္လို႔ေတြးထားပါ။ ဘာမဟုတ္တာေတြအတြက္နဲ႔ အလွပ်က္မခံပါနဲ႔။ ဟုတ္ခ်င္လည္း ဟုတ္မွာေပါ့။ ဆိုေပမဲ့ ကိုယ့္အလွေလာက္ ဘယ္အရာမွ အေရးမႀကီးပါဘူး။

၇။ ယုံၾကည္ခ်က္ရွိပါ

စာေရးသူ ဒီအခ်က္ကို ေဆာင္းပါးတိုင္းလိုလိုမွာ ထည့္ေျပာပါတယ္။ မိန္းကေလးတစ္ေယာက္ အေနနဲ႔ လွခ်င္တယ္၊ ထက္ျမက္ခ်င္တယ္ဆိုရင္ ယုံၾကည္ခ်က္ရွိပါ။ ကိုယ့္ပုံစံအတိုင္းပဲေနပါ။ ဒီတစ္ခ်က္ထဲနဲ႔တင္ သင္က မိတ္ကပ္မလိမ္းလည္းဘဲ လုံးဝ လွပေက်ာ့ရွင္းေနႏိုင္ပါၿပီ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:YoYarLay
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီနေ့ခေတ်မှာတော့ မိတ်ကပ်ဆိုတာက အမျိုးသမီးတွေကြားထဲ မပါမဖြစ်၊ မရှိမဖြစ်လိုမျိုးတောင် ဖြစ်လို့နေပါပြီ။ မပြင်တတ်ဘူး၊ မလိမ်းတတ်ဘူးဆိုတဲ့သူတွေတောင် BB cushion ဒါမှမဟုတ်လည်း BB cream လောက်တော့ လိမ်းနေကြတာပါပဲ။ ပြင်လိုက်ရင်လှသွားတယ်ဆိုတာကိုလည်း

အားလုံးလက်ခံလာကြတာပဲလေ။ ဆိုတော့ကာ မိတ်ကပ်မပါဘဲလည်း လှမယ်ဆိုတဲ့ခေါင်းစဉ်ကြီးက နည်းနည်းတော့ ရယ်စရာကောင်းနေမှာပေါ့။ အဓိကက အောက်ခံအသားအရေပါပဲ။ တစ်နည်းအားဖြင့် ကိုယ်ပိုင်အသားအရေပေါ့။ သူသာကောင်းနေမယ်ဆို မိတ်ကပ်ဆိုတာ သိပ်အများကြီးထည့်စဉ်းစားနေစရာမလိုတဲ့ အရာပါ။

ကဲ ... တော်ကီတွေပွားမနေတော့ဘဲ ဘယ်လိုများမိတ်ကပ်မပြင်မဆင်ဘဲ လှနေနိုင်မလဲဆိုတဲ့ ခေါင်းစဉ်ဆိကို ခပ်သွက်သွက်လေး သွားလိုက်ကြရအောင်။

၁။ ရေဓာတ်ပြည့်ဝနေပါစေ

မျက်နှာပေါ် ဟိုဟာတင်ရ၊ ဒီဟာတင်ရမှာ ပျင်းတဲ့သူတွေအတွက်ပါ။ စာရေးသူဆိုလည်း ပျင်းတာပါပဲ။ ဆိုတော့ ရေသာများများသောက်ပေးလိုက်ပါ။ ကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အသားအရေကိုလည်း ညီညာကြည်လင်လာစေပါတယ်။ ဘယ်သွားသွား ရေတစ်ဘူးလောက် ထည့်သွားပါ။ မထည့်ချင်ဘူးဆိုရင်လည်း သတိရတိုင်း ရေသောက်ဖို့တော့မမေ့ပါနဲ့။

၂။ နေ့တိုင်း မျက်နှာသစ်ပါ

ဘာတွေပြောနေတာလဲ။ အိပ်ယာနိုးရင်တော့ မျက်နှာက သစ်ပြီပေါ့။ သွားတောင်တိုက်သေးတာကို။ ဆိုပေမဲ့ ညရောက်ရင်တော့ မသစ်ချင်ကြတော့ပါဘူး။ hangover ဖြစ်လာတဲ့နေ့မျိုးတွေ၊ အလုပ်ပင်ပန်းလာတဲ့နေ့မျိုးတွေဆို မိတ်ကပ်တောင်မဖျက်ဘဲ အိပ်ယာပေါ်တန်းရောက်တာပါပဲ။ ဒီအရာမျိုးက sensitive skin ပိုင်ရှင်တွေ လုံးဝမလုပ်သင့်တဲ့အရာပါ။

မိတ်ကပ်တွေကြောင့် ချွေးပေါက်ပိတ်ပြီး အဆီနဲ့ အညစ်အကြေးတွေဖြစ်သွားတတ်ပါတယ်။ အဲဒီကနေမှတစ်ဆင့် ကြာလာရင် ဝက်ခြံတွေပေါက်၊ ချွေးပေါက်တွေ ပိုပိုကျယ်လာတတ်ပါတယ်။ ဒါကြောင့် အိပ်ယာမဝင်ခင် မိတ်ကပ်ဖျက်ဆေးနဲ့ အရင်ဖျက်ပါ။ ပြီးမှ မျက်နှာသစ်ပါ။ တိုနာလိမ်းဖို့လည်း မမေ့ပါနဲ့။

၃။ သကြား အများကြီးမစားပါနဲ့

သကြားစားသုံးမှုပမာဏက တစ်ယောက်နဲ့တစ်ယောက် မတူဘူးပေါ့နော်။ စာရေးသူဆို အရမ်းချိုတဲ့လက်ဖက်ရည်တွေ သောက်လို့မရပါဘူး။ နှစ်ရက်၊ သုံးရက်လောက်သောက်မိပြီဆိုတာနဲ့ အသားအရေကညစ်လာပြီး အဆီဖု၊ ဝက်ခြံဖုလေးတွေထွက်လာတော့တာပါပဲ။ အလားတူ ဒိန်ချဉ်တို့၊ သရက်သီးဖျော်ရည်တို့လိုမျိုးမှာလည်း သကြားအများကြီး ထည့်သောက်လို့မရပါဘူး။ အသားအရေက သိသိသာသာကို လက္ခဏာပြလာပါတယ်။ ဆိုတော့ ကိုယ်စားနေတဲ့အစားအစာတွေထဲက သကြားပါဝင်မှုပမာဏကို လေ့လာပြီး လျော့စားကြည့်လိုက်ပါ။

၄။ moisturizer

မိတ်ကပ်မလိမ်းချင်ဘူးဆိုရင်တော့ moisturizer ကို မဖြစ်မနေသုံးပေးရပါတယ်။ ဒါမှ မျက်နှာလေးက ရေဓာတ်ပြည့်ဝနေပြီး ဖူးဖူးစိုစိုလေးဖြည့်နေမှာပေါ့။ moisturizer ကအသားအရေမညီညာမှုကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။

၅။ အုန်းဆီ

ဘာမှမလိမ်းထားတဲ့ မျက်နှာမှာ ပင်ကိုပကတိအလှတရားလေး ရှိဖို့တော့လိုတာပေါ့။ မျက်နှာတစ်ခုလုံးရဲ့ အဓိကအသက်က မျက်ခုံးနဲ့ မျက်တောင်မွေးပါ။ ထူထဲပြီး ပုံကျနေတဲ့ မျက်ခုံးမွေးလေးက အင်မတန်မှ ဆွဲဆောင်မှုရှိပါတယ်။ မျက်တောင်မွေးလေးတွေကလည်း ကော့ပြီးရှည်နေဖို့လိုပါသေးတယ်။

ဘာမှ ထူးထူးခြားခြားတွေလုပ်နေဖို့ မလိုပါဘူး။ အုန်းဆီကို မျက်တောင်မွေးနဲ့ မျက်ခုံးပေါ် ညအိပ်ယာမဝင်ခင် ပုံမှန်လေးလိမ်းပြီး အိပ်ပေးပါ။ မျက်တောင်မွေးနဲ့ မျက်ခုံးမွေးလေးတွေရှည်လာစေရုံတင်မကဘဲ နက်မှောင်သန်စွမ်းလာစေနိုင်ပါတယ်။

၆။ စိတ်ဖိစီးမခံပါနဲ့

ဒီတစ်ချက်ကတော့ အရမ်းခက်မှာနော်။ ကိုယ်ဖန်တီးယူထားတာမဟုတ်ဘဲ ပတ်ဝန်းကျင်ကြောင့် စိတ်ညစ်ရတာမျိုးတွေရှိနေလေတော့ ဘယ်လွယ်ပါ့မလဲ။ ဆိုပေမဲ့ တစ်ခါစိတ်ညစ်တိုင်း အလှတစ်ယူနစ်လျော့တယ်လို့တွေးထားပါ။ ဘာမဟုတ်တာတွေအတွက်နဲ့ အလှပျက်မခံပါနဲ့။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ဆိုပေမဲ့ ကိုယ့်အလှလောက် ဘယ်အရာမှ အရေးမကြီးပါဘူး။

၇။ ယုံကြည်ချက်ရှိပါ

စာရေးသူ ဒီအချက်ကို ဆောင်းပါးတိုင်းလိုလိုမှာ ထည့်ပြောပါတယ်။ မိန်းကလေးတစ်ယောက် အနေနဲ့ လှချင်တယ်၊ ထက်မြက်ချင်တယ်ဆိုရင် ယုံကြည်ချက်ရှိပါ။ ကိုယ့်ပုံစံအတိုင်းပဲနေပါ။ ဒီတစ်ချက်ထဲနဲ့တင် သင်က မိတ်ကပ်မလိမ်းလည်းဘဲ လုံးဝ လှပကျော့ရှင်းနေနိုင်ပါပြီ။
ဖိုးသူတော် (www.phothutaw.com)
Credit:YoYarLay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top