မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ကုိယ္ငယ္ငယ္ကတည္းကသိထားတဲ့အရာတစ္ခုခုဟာ ကုိယ္သိထားတဲ့အတိုင္းမဟုတ္ဘူး၊ တက္တက္စင္ေအာင္လြဲေနတယ္ဆိုတာကိုသာသိလိုက္ရရင္ ငါအညာခံခဲ့ရေလျခင္းဆိုျပီး ေတာ္ေတာ္ေလးကုိဝမ္းနည္းယူၾကံဳးမရျဖစ္ရပါတယ္။ My childhood was a lie ဆိုျပီး meme ေတြေတာင္လုပ္ပစ္ခ်င္တဲ့အထိပါပဲ။ ဒါေပမယ့္ ကုိ္ယ္ေတြငယ္စဥ္ကတည္းကယံုၾကည္လာခဲ့တဲ့စားေသာက္စရာေတြအေၾကာင္းထဲမွာ တက္တက္စင္ေအာင္မွားယြင္းေနတဲ့ အခ်က္ေတြအမ်ားၾကီးရွိပါတယ္။ အဲဒါေတြကို ဗဟုသုတရရန္အလို႔ငွာေဖာ္ျပေပးလိုက္ရပါတယ္။

Pringles က အာလူးကေနလုပ္တာမဟုတ္ပါဘူုး

ေၾကကြဲစရာၾကီးေနာ္။ တစ္သက္လံုး Pringles အာလူးေၾကာ္ကို မက္မက္စက္စက္စားခဲ့ရတာ။ Pringles အာလူးေၾကာ္ေတြက အာလူးကေနထုတ္ထားတာမဟုတ္ပါဘူး။အာလူးကုိမပါတာပါ။ရွင္းေရာ။ Pringles ေတြထဲမွာ ဂ်ံဳ၊ဆန္၊ေျပာင္းဆန္ေတြကုိၾကိတ္ေခ်ထားတဲ့အမႈန္႔ေတြနဲ႔အျခားအရသာအမႈန္႔ေတြပဲပါဝင္ပါတယ္။ အာလူးဟုတ္ဟုတ္မဟုတ္ ဒီအခ်ိန္မွေတာ့မစားပဲမေနနုိင္ေတာ့ဘူး။

မုန္လာဥနီေတြက အေရာင္အမ်ိဳးမ်ိဳးရွိနိုင္ပါတယ္

မုန္လာဥနီပါဆိုမွအနီေရာင္ေပါ့။ တစ္သက္လံုးလည္းအနီေရာင္ပဲေတြ႕လာတာဥစၥာ။ ဒါေပမယ့္ လူေတြက 17 ရာစုေနာက္ပုိင္းမွ မုန္လာဥနီေတြကုိစိုက္ပ်ိဳးတတ္လာၾကတာပါ။ မုန္လာဥနီေတြမတိုင္ခင္က မုန္လာဥျပာတို႔မုန္လာဥျဖဴတုိ႔ရွိခဲ့ပါတယ္တဲ့။

သံလြင္ဆီထင္ျပီးဝယ္သံုးေနတာေတြက အစစ္မဟုတ္ပါဘူး

ဒီေန႔ခတ္မွာ သံလြင္ဆီအစစ္ကတအားရွားသြားပါျပီ။ တစ္ကမၻာလံုးဆိုင္ရာစစ္တမ္းေကာက္ယူခ်က္ေတြအရ ဆိုင္ေတြေပၚမွာအလြယ္တကူရနုိင္္တဲ့ သံလြင္ဆီေတြြက မ်ားေသာအားျဖင့္ ပဲဆီေတြကို သံလြင္ဆီအနံ႕အရသာထည့္ထားတာပါတဲ့။ ကုိယ့္ဆံပင္ေတြေပၚကုိအားရပါးရလိမ္းထားတာေတြက ပဲဆီေတြလို႔ေတြးၾကည့္လိုက္ရင္ စိတ္ပ်က္စရာၾကီးေနာ္။

ကဖိန္းဖရီးေကာ္ဖီေတြမွာေတာင္ ကဖိန္းဓာတ္ကပါဝင္ေနဆဲပါ

ေကာ္ဖီအေၾကာင္းေျပာရရင္ေတာ့ ေကာင္းတာေတြြေရာ မေကာင္းတာေတြေရာ ေထြးေရာယွက္တင္ပါလာတာပါပဲ။ ဒါေပမယ့္ ကဖိန္းဓာတ္မပါတဲ့ေကာ္ဖီေတြဆိုရင္လူေတြကပိုနွစ္ျခိဳက္တတ္ၾကပါတယ္။ တကယ္တမ္းမွာေတာ့ ကဖိန္းဖရီးေကာ္ဖီေတြမွာေတာင္ ေကာ္ဖီဓာတ္က 3% ေလာက္ပါဝင္ေနဆဲပါပဲ။

ဂ်ယ္လီေပ်ာ့ေတြက သက္သက္မလြတ္ပါဘူး

ဟမ္… ဂ်ယ္လီမွာဘယ္လိုကေနဘယ္လိုအသားပါလို႔သက္သက္မလြတ္ရတာတုန္း။ဟုတ္ပါတယ္။တကယ္ေတာ့ ဂ်ယ္လီေပ်ာ့ေပ်ာ့အိတုန္ေလးေတြက သတၱဝါေတြရဲ႕အရိုးေတြ၊အေရခြံေတြကေနလုပ္ထားတာပါ။ ျပီးေတာ့မွကစီဓာတ္ေတြ၊သၾကားဓာတ္ေတြထည့္ထားတာျဖစ္ပါတယ္။ သက္သက္လြတ္ပဲဆိုျပီးတြယ္လိုက္မိရင္ေတာ့ ကိုယ့္ေဒါသနဲ႔ကုိယ္ပဲေနာ္။

ငွက္ေပ်ာသီးေတြထဲမွာ ပင့္ကူဆိပ္ေတြြပါေနနုိိင္ပါတယ္

ငွက္ေပ်ာသီးေတြက သူ႔အလိုလိုသဘာဝအတုိင္းကုိ ပင့္ကူဆိပ္နဲ႔တူတဲ့အဆိပ္ေတြထုတ္လႊတ္တတ္ေၾကာင္းသိရပါတယ္။ ငွက္ေပ်ာသီးတုိင္းေတာ့မဟုတ္ပါဘူး။ အမွည့္လြန္ေနတဲ့ငွက္ေပ်ာသီးေတြြ၊ဒါမွမဟုတ္ အစိမ္းၾကီးပဲရွိေနတဲ့ငွက္ေပ်ာသီးေတြမွပါ။ ငွက္ေပ်ာသီးရဲ႕မ်ိဳးႏြယ္္နဲ႔လည္းဆုိင္တယ္လို႔သိရပါတယ္။ ငွက္ေပ်ာသီးမစားခင္ အဆိပ္ေျဖေဆးၾကိဳေသာက္ထားရမယ့္ပံုပါပဲ။
ပရိသတ္ၾကီးေရာ.. ဒီထဲမွာမပါတဲ့ အျခားေသာ လူေတြမွားယြင္းသိထားတဲ့အစားအစာအေၾကာင္းေတြသိထားေသးလား။သိထားရင္ comment box ထဲမွာေဝမွ်ခဲ့ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say

#Unicode Version#
ကိုယ်ငယ်ငယ်ကတည်းကသိထားတဲ့အရာတစ်ခုခုဟာ ကိုယ်သိထားတဲ့အတိုင်းမဟုတ်ဘူး၊ တက်တက်စင်အောင်လွဲနေတယ်ဆိုတာကိုသာသိလိုက်ရရင် ငါအညာခံခဲ့ရလေခြင်းဆိုပြီး တော်တော်လေးကိုဝမ်းနည်းယူကြုံးမရဖြစ်ရပါတယ်။ My childhood was a lie ဆိုပြီး meme တွေတောင်လုပ်ပစ်ချင်တဲ့အထိပါပဲ။ ဒါပေမယ့် ကိုယ်တွေငယ်စဉ်ကတည်းကယုံကြည်လာခဲ့တဲ့စားသောက်စရာတွေအကြောင်းထဲမှာ တက်တက်စင်အောင်မှားယွင်းနေတဲ့ အချက်တွေအများကြီးရှိပါတယ်။ အဲဒါတွေကို ဗဟုသုတရရန်အလို့ငှာဖော်ပြပေးလိုက်ရပါတယ်။

Pringles က အာလူးကနေလုပ်တာမဟုတ်ပါဘူုး

ကြေကွဲစရာကြီးနော်။ တစ်သက်လုံး Pringles အာလူးကြော်ကို မက်မက်စက်စက်စားခဲ့ရတာ။ Pringles အာလူးကြော်တွေက အာလူးကနေထုတ်ထားတာမဟုတ်ပါဘူး။အာလူးကိုမပါတာပါ။ရှင်းရော။ Pringles တွေထဲမှာ ဂျုံ၊ဆန်၊ပြောင်းဆန်တွေကိုကြိတ်ချေထားတဲ့အမှုန့်တွေနဲ့အခြားအရသာအမှုန့်တွေပဲပါဝင်ပါတယ်။ အာလူးဟုတ်ဟုတ်မဟုတ် ဒီအချိန်မှတော့မစားပဲမနေနိုင်တော့ဘူး။

မုန်လာဥနီတွေက အရောင်အမျိုးမျိုးရှိနိုင်ပါတယ်

မုန်လာဥနီပါဆိုမှအနီရောင်ပေါ့။ တစ်သက်လုံးလည်းအနီရောင်ပဲတွေ့လာတာဥစ္စာ။ ဒါပေမယ့် လူတွေက 17 ရာစုနောက်ပိုင်းမှ မုန်လာဥနီတွေကိုစိုက်ပျိုးတတ်လာကြတာပါ။ မုန်လာဥနီတွေမတိုင်ခင်က မုန်လာဥပြာတို့မုန်လာဥဖြူတို့ရှိခဲ့ပါတယ်တဲ့။

သံလွင်ဆီထင်ပြီးဝယ်သုံးနေတာတွေက အစစ်မဟုတ်ပါဘူး

ဒီနေ့ခတ်မှာ သံလွင်ဆီအစစ်ကတအားရှားသွားပါပြီ။ တစ်ကမ္ဘာလုံးဆိုင်ရာစစ်တမ်းကောက်ယူချက်တွေအရ ဆိုင်တွေပေါ်မှာအလွယ်တကူရနိုင်တဲ့ သံလွင်ဆီတွေက များသောအားဖြင့် ပဲဆီတွေကို သံလွင်ဆီအနံ့အရသာထည့်ထားတာပါတဲ့။ ကိုယ့်ဆံပင်တွေပေါ်ကိုအားရပါးရလိမ်းထားတာတွေက ပဲဆီတွေလို့တွေးကြည့်လိုက်ရင် စိတ်ပျက်စရာကြီးနော်။

ကဖိန်းဖရီးကော်ဖီတွေမှာတောင် ကဖိန်းဓာတ်ကပါဝင်နေဆဲပါ

ကော်ဖီအကြောင်းပြောရရင်တော့ ကောင်းတာတွေရော မကောင်းတာတွေရော ထွေးရောယှက်တင်ပါလာတာပါပဲ။ ဒါပေမယ့် ကဖိန်းဓာတ်မပါတဲ့ကော်ဖီတွေဆိုရင်လူတွေကပိုနှစ်ခြိုက်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ကဖိန်းဖရီးကော်ဖီတွေမှာတောင် ကော်ဖီဓာတ်က 3% လောက်ပါဝင်နေဆဲပါပဲ။

ဂျယ်လီပျော့တွေက သက်သက်မလွတ်ပါဘူး

ဟမ်… ဂျယ်လီမှာဘယ်လိုကနေဘယ်လိုအသားပါလို့သက်သက်မလွတ်ရတာတုန်း။ဟုတ်ပါတယ်။တကယ်တော့ ဂျယ်လီပျော့ပျော့အိတုန်လေးတွေက သတ္တဝါတွေရဲ့အရိုးတွေ၊အရေခွံတွေကနေလုပ်ထားတာပါ။ ပြီးတော့မှကစီဓာတ်တွေ၊သကြားဓာတ်တွေထည့်ထားတာဖြစ်ပါတယ်။ သက်သက်လွတ်ပဲဆိုပြီးတွယ်လိုက်မိရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲနော်။

ငှက်ပျောသီးတွေထဲမှာ ပင့်ကူဆိပ်တွေပါနေနိုင်ပါတယ်

ငှက်ပျောသီးတွေက သူ့အလိုလိုသဘာဝအတိုင်းကို ပင့်ကူဆိပ်နဲ့တူတဲ့အဆိပ်တွေထုတ်လွှတ်တတ်ကြောင်းသိရပါတယ်။ ငှက်ပျောသီးတိုင်းတော့မဟုတ်ပါဘူး။ အမှည့်လွန်နေတဲ့ငှက်ပျောသီးတွေ၊ဒါမှမဟုတ် အစိမ်းကြီးပဲရှိနေတဲ့ငှက်ပျောသီးတွေမှပါ။ ငှက်ပျောသီးရဲ့မျိုးနွယ်နဲ့လည်းဆိုင်တယ်လို့သိရပါတယ်။ ငှက်ပျောသီးမစားခင် အဆိပ်ဖြေဆေးကြိုသောက်ထားရမယ့်ပုံပါပဲ။
ပရိသတ်ကြီးရော.. ဒီထဲမှာမပါတဲ့ အခြားသော လူတွေမှားယွင်းသိထားတဲ့အစားအစာအကြောင်းတွေသိထားသေးလား။သိထားရင် comment box ထဲမှာဝေမျှခဲ့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top