ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ၾသဂုတ္အတြင္းက လွည္းတန္းခုံးေက်ာ္တံတား ေအာက္တြင္ ေလလြင့္ကေလး ငယ္မ်ားအားရွင္းလင္းစဥ္ (ဓာတ္ပုံ−ဦးလင္းႏုိင္ျမင့္)

ယခုႏွစ္ ခုနစ္လအတြင္း ရန္ကုန္တုိင္း၌ ေတာင္းရမ္းစား ေသာက္ေနေသာကေလးသူငယ္ ၄၀၀ ေက်ာ္ကုိထိန္းသိမ္းခဲ့ ေၾကာင္း ရန္ကုန္တိုင္းလူမႈေရး ၀န္ႀကီးဦးႏုိင္ငံလင္းက ေျပာ သည္။

စက္တင္ဘာ ၂၁ ရက္က ျပဳ လုပ္သည့္ ရန္ကုန္တိုင္းလႊတ္ ေတာ္၌ လမ္းမေတာ္ၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚေအးေအးမာက ေတာင္းရမ္း စားေသာက္ေနေသာ ကေလး ငယ္ဦးေရ မည္မွ်ရွိေၾကာင္းႏွင့္၎ ကေလးငယ္မ်ား ပညာေရးမည္သုိ႔ စီစဥ္ေဆာင္ရြက္ထားေၾကာင္း ေမးျမန္းရာ ၀န္ႀကီးကအထက္ပါ အတိုင္းေျဖၾကားသည္။

၂၀၁၈ ဇန္န၀ါရီမွ ဇူလုိင္ အထိ ကေလးသူငယ္ထိန္းသိမ္း မႈ ေယာက်္ားေလးႏွင့္ မိန္းကေလး စုစုေပါင္း ၄၂၇ ဦးရွိေၾကာင္း ဦး ႏုိင္ငံလင္းက ေျပာသည္။

၎တို႔အနက္ အသက္အ ပိုင္းအျခားအလိုက္ ေမြးစမွ (၅) ႏွစ္အထိ ေရႊဂုံတိုင္ကေလးျပဳစု ေရးဌာနသုိ႔ ပုိ႔အပ္မႈေယာက်္ား ေလးတစ္ဦး၊ အသက္(၆)ႏွစ္မွ (၁၂)ႏွစ္အထိ သန္လ်င္လူငယ္ သင္တန္းေက်ာင္းသုိ႔ မိန္းကေလး ၂၂ ဦး၊ မလိခအမ်ိဳးသမီးသင္တန္း ေက်ာင္းသုိ႔ မိန္းကေလးတစ္ဦးတို႔ ရွိေၾကာင္း ၀န္ႀကီးကဆုိသည္။

ဆက္လက္၍ ေမွာ္ဘီ၀ါး နက္ေခ်ာင္းလူမႈေစာင့္ေရွာက္ေရး ဌာနသုိ႔ မိခင္ႏွင့္အတူရင္ခြင္ပိုက္ ကေလးငယ္ ၁၉၄ ဦးရွိၿပီး သက္ ဆုိင္ရာရဲစခန္းသုိ႔ အမႈျဖင့္ ျပန္ လည္လႊဲအပ္မႈ ေယာက်္ားေလး သုံးဦး၊ မသန္စြမ္းသင္တန္း ေက်ာင္းသုိ႔ ေယာက်္ားေလးတစ္ ဦးႏွင့္ မိဘခံ၀န္ျဖင့္ ျပန္လည္အပ္ ႏွံမႈ ၁၅၉ ဦးရွိေၾကာင္း ၎ကေျပာ သည္။ ‘‘ေတာင္းရမ္းစားေသာက္ ေနတဲ့ ကေလးငယ္အေရအတြက္ ဘယ္ေလာက္ရွိတယ္ဆိုတာ စစ္ တမ္းေကာက္ယူထားျခင္းမရွိတဲ့ အတြက္ တင္ျပႏုိင္ျခင္းမရွိေသးပါ ဘူး’’ ဟု ဦးႏုိင္ငံလင္းက ေျပာ ၾကားသည္။၂၀၁၆ကစ၍ ရန္ကုန္တိုင္းအတြင္း လမ္းေပၚကေလး ပေပ်ာက္ေရး စီမံခ်က္ေရးဆြဲ၍ ခ႐ိုင္ေလးခုရွိ ရန္ကုန္ဘူတာႀကီး၊ ပန္းဆုိးတန္းဆိပ္ကမ္း၊ သီရိ မဂၤလာေစ်း၊ သန္လ်င္လူငယ္ သင္တန္းေက်ာင္း၊ ေထာက္ၾကန္႔ အမ်ိဳးသမီးကေလးေက်ာင္း၊ လွည္းတန္း၊ ဒလ၊ တညင္းကုန္း၊ ေအာင္မဂၤလာ၊ မဂၤလာေတာင္ ၫြန္႔၊ YCDC ႏွင့္ World Vision Center ဟူသည့္ ၁၂ ေနရာတြင္ရိွ ေသာ ကေလး ၁၆၀ ေက်ာ္ကုိ လမ္းေပၚေရာက္ရျခင္းႏွင့္ ပတ္ သက္သည့္ စစ္တမ္းသာ ေကာက္ယူႏုိင္ခဲ့ေၾကာင္း ၀န္ႀကီး ကဆုိသည္။

၂၀၁၇ တြင္ ကေလးသူငယ္ ၁,၀၀၀ ေက်ာ္ကုိ ထိန္းသိမ္းခဲ့ ေၾကာင္း ၀န္ႀကီးကရွင္းျပသည္။

လူငယ္သင္တန္းေက်ာင္း သုံးေက်ာင္းတြင္ ၂၁၃ ဦး၊ အသက္ေမြး၀မ္းေ က်ာင္းသင္တန္းေက်ာင္းတြင္ ၃၀ဦး ပညာသင္ၾကားေနၿပီး လက္ရွိအလုပ္အကုိင္ရရွိမႈ အေျခအေန ၂၁ ဦးျဖစ္သည္ဟု  ဆုိ သည္။ လမ္းေပၚသုိ႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရာက္ရွိေနသည့္  အသက္(၁၈)ႏွစ္အထက္ မသန္စြမ္းမ်ား၊ သက္ႀကီးရြယ္အုိ၊ ဉာဏ္ရည္မျပည့္မီသူမ်ားကုိ ေမွာ္ဘီ၀ါးနက္ေခ်ာင္းေက်းရြာ၌ ဖြင့္လွစ္ ထားသည့္  လူမႈကာကြယ္ေစာင့္ ေရွာက္ေရးဌာနသုိ႔ ပုိ႔ေဆာင္ေပး ေနေၾကာင္း ၎ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
သြဂုတ်အတွင်းက လှည်းတန်းခုံးကျော်တံတား အောက်တွင် လေလွင့်ကလေး ငယ်များအားရှင်းလင်းစဉ် (ဓာတ်ပုံ−ဦးလင်းနိုင်မြင့်)

ယခုနှစ် ခုနစ်လအတွင်း ရန်ကုန်တိုင်း၌ တောင်းရမ်းစား သောက်နေသောကလေးသူငယ် ၄၀၀ ကျော်ကိုထိန်းသိမ်းခဲ့ ကြောင်း ရန်ကုန်တိုင်းလူမှုရေး ဝန်ကြီးဦးနိုင်ငံလင်းက ပြော သည်။

စက်တင်ဘာ ၂၁ ရက်က ပြု လုပ်သည့် ရန်ကုန်တိုင်းလွှတ် တော်၌ လမ်းမတော်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက တောင်းရမ်း စားသောက်နေသော ကလေး ငယ်ဦးရေ မည်မျှရှိကြောင်းနှင့်၎င်း ကလေးငယ်များ ပညာရေးမည်သို့ စီစဉ်ဆောင်ရွက်ထားကြောင်း မေးမြန်းရာ ဝန်ကြီးကအထက်ပါ အတိုင်းဖြေကြားသည်။

၂၀၁၈ ဇန်နဝါရီမှ ဇူလိုင် အထိ ကလေးသူငယ်ထိန်းသိမ်း မှု ယောကျ်ားလေးနှင့် မိန်းကလေး စုစုပေါင်း ၄၂၇ ဦးရှိကြောင်း ဦး နိုင်ငံလင်းက ပြောသည်။

၎င်းတို့အနက် အသက်အ ပိုင်းအခြားအလိုက် မွေးစမှ (၅) နှစ်အထိ ရွှေဂုံတိုင်ကလေးပြုစု ရေးဌာနသို့ ပို့အပ်မှုယောကျ်ား လေးတစ်ဦး၊ အသက်(၆)နှစ်မှ (၁၂)နှစ်အထိ သန်လျင်လူငယ် သင်တန်းကျောင်းသို့ မိန်းကလေး ၂၂ ဦး၊ မလိခအမျိုးသမီးသင်တန်း ကျောင်းသို့ မိန်းကလေးတစ်ဦးတို့ ရှိကြောင်း ဝန်ကြီးကဆိုသည်။

ဆက်လက်၍ မှော်ဘီဝါး နက်ချောင်းလူမှုစောင့်ရှောက်ရေး ဌာနသို့ မိခင်နှင့်အတူရင်ခွင်ပိုက် ကလေးငယ် ၁၉၄ ဦးရှိပြီး သက် ဆိုင်ရာရဲစခန်းသို့ အမှုဖြင့် ပြန် လည်လွှဲအပ်မှု ယောကျ်ားလေး သုံးဦး၊ မသန်စွမ်းသင်တန်း ကျောင်းသို့ ယောကျ်ားလေးတစ် ဦးနှင့် မိဘခံဝန်ဖြင့် ပြန်လည်အပ် နှံမှု ၁၅၉ ဦးရှိကြောင်း ၎င်းကပြော သည်။ ‘‘တောင်းရမ်းစားသောက် နေတဲ့ ကလေးငယ်အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ စစ် တမ်းကောက်ယူထားခြင်းမရှိတဲ့ အတွက် တင်ပြနိုင်ခြင်းမရှိသေးပါ ဘူး’’ ဟု ဦးနိုင်ငံလင်းက ပြော ကြားသည်။၂၀၁၆ကစ၍ ရန်ကုန်တိုင်းအတွင်း လမ်းပေါ်ကလေး ပပျောက်ရေး စီမံချက်ရေးဆွဲ၍ ခရိုင်လေးခုရှိ ရန်ကုန်ဘူတာကြီး၊ ပန်းဆိုးတန်းဆိပ်ကမ်း၊ သီရိ မင်္ဂလာဈေး၊ သန်လျင်လူငယ် သင်တန်းကျောင်း၊ ထောက်ကြန့် အမျိုးသမီးကလေးကျောင်း၊ လှည်းတန်း၊ ဒလ၊ တညင်းကုန်း၊ အောင်မင်္ဂလာ၊ မင်္ဂလာတောင် ညွန့်၊ YCDC နှင့် World Vision Center ဟူသည့် ၁၂ နေရာတွင်ရှိ သော ကလေး ၁၆၀ ကျော်ကို လမ်းပေါ်ရောက်ရခြင်းနှင့် ပတ် သက်သည့် စစ်တမ်းသာ ကောက်ယူနိုင်ခဲ့ကြောင်း ဝန်ကြီး ကဆိုသည်။

၂၀၁၇ တွင် ကလေးသူငယ် ၁,၀၀၀ ကျော်ကို ထိန်းသိမ်းခဲ့ ကြောင်း ဝန်ကြီးကရှင်းပြသည်။

လူငယ်သင်တန်းကျောင်း သုံးကျောင်းတွင် ၂၁၃ ဦး၊ အသက်မွေးဝမ်းေ ကျာင်းသင်တန်းကျောင်းတွင် ၃၀ဦး ပညာသင်ကြားနေပြီး လက်ရှိအလုပ်အကိုင်ရရှိမှု အခြေအနေ ၂၁ ဦးဖြစ်သည်ဟု  ဆို သည်။ လမ်းပေါ်သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့်  အသက်(၁၈)နှစ်အထက် မသန်စွမ်းများ၊ သက်ကြီးရွယ်အို၊ ဉာဏ်ရည်မပြည့်မီသူများကို မှော်ဘီဝါးနက်ချောင်းကျေးရွာ၌ ဖွင့်လှစ် ထားသည့်  လူမှုကာကွယ်စောင့် ရှောက်ရေးဌာနသို့ ပို့ဆောင်ပေး နေကြောင်း ၎င်းကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top