iMyanmarHouse.com - Best Property Website for Myanmar
×

လ်ွပ္​စစ္​ထမင္​း​ေပါင္​းအိုး ပ်က္​ရင္​ ပစ္​မထားနဲ႔ ျပင္​ၿပီးသံုးပါ။(မီးဖို​ေခ်ာင္​ စရိတ္​ ​ေခြၽတာၾကမယ္​)

ၿမိဳ​ေပၚ​ေန မိသားစု​ေတြအတြက္​ လ်ွပ္​စစ္​ထမင္​း​ေပါင္​းအိုးဟာ မရိွမျဖစ္​ အ​ေရးပါတဲ့ အိမ္​သံုးပစၥည္​းတခုပါ။ အသံုးမ်ားသလို အပ်က္​လည္​းမ်ားၾကပါတယ္​။

အခုတ​ေခါက္​မွာ​ေတာ့သားခ်င္​းတ​ေယာက္​ရဲ႕ တ႐ုတ္​ထမင္​း​ေပါင္​အိုး (​ေလးဘူးခ်က္​)တလံုး ပ်က္​​​ေနၿပီး အမိႈက္​ထဲ ​ေရာက္​မဲ့ ​ေပါင္​းအိုး​ေလး ျပဳျပင္​ပံုကို တင္​ျပ​ေပးပါမယ္​။

​ေပါင္​းအိုးျပစ္​ခ်က္​မ်ားက​ေတာ့

1.Power supply မီးအဝင္​​ေခါင္​း အရည္​​ေပ်ာ္​​ေနတယ္။

2.ခလုတ္​(check point) မၾကာခန တက္​​ေနတယ္​။

ျပစ္​ခ်က္​ ၁ အတြက္​…

​ေအာက္​ခံ ​ေႂကြသားပါတဲ့ မီးအဝင္​​ေခါင္​း ​ေဆာ့ကက္​ အထိုင္​​ကို လ်ွပ္​စစ္​အပိုပစၥည္​းဆိုင္​​ေတြမွာ ၅၀၀ိ/-နဲ႔ ဝယ္​ၿပီး ပံုမွာျပထားသလို လဲ​ေပးလိုက္​ရင္​ ​ေရ႐ွည္​ အသံုးခံတဲ့​ေခါင္​းျဖစ္​မယ္​။(ယိုးဒယား ဒယ္​အိုး အနီ သံုးတဲ့ ​ေခါင္​းႀကိဳး တပ္​သံုးလို႔ရသြားၿပီ)။{အထိုင္​​ေပါက္​က အတူတူဘဲ နတ္​ၾကပ္​ရံုပါ}

​ေအာ္​ရီဂ်င္​နယ္​ သံုး​ေပါက္​​ေခါင္​းႀကိဳးနဲ႔ အထိုင္​ ​ေခါင္​း ​ေတြက အပူဒဏ္​မခံႏိုင္​ဘဲ မၾကာခန အရည္​​ေပ်ာ္​ shock ျဖစ္​ ​ေနတာကို အခုလို ​ေႂကြ​ေခါင္​းခံ​ေပးရင္​ ​ေရ႐ွည္​ စိတ္​ခ်သံုးလို႔ရၿပီ။

ျပစ္​ခ်က္​ ၂ အတြက္​က သာမိုစတက္​ ခလုတ္​​ေမာင္​းကို ​ေအာ္​တိုျဖဳတ္​​ေပးတဲ့ အပူကြိဳင္​ အလည္​က “သံလိုက္​ခလုတ္​​အံု”(check point)​ကို လဲ​ေပးရင္​ ​ေပါင္​းအိုး မၾကာခန ခလုတ္​တက္​​ေနတာ ​​ေကာင္​းသြားမယ္​။

ဒီ​ေပါင္​းအိုးက သူတို႔ကလိထား​ေတာ့ ထမင္​းက်က္​ၿပီး ႏွပ္​တဲ့ circuit ႀကိဳး​ေတြ မပါလာဘူး။ဒါ​ေပမဲ့ ခ်က္​လို႔ရ​ေအာင္​ ျပင္​​ေပးလိုက္​တယ္​။

အိမ္​႐ွင္​မမ်ားသို႔ အၾကံျပဳခ်က္​

တ႐ုတ္​ ​ေပါင္​းအိုးမ်ားဟာ ပစၥည္​း အရည္​အ​ေသြး အလြန္​ညံ့ပါတယ္​၊ ျဖစ္​ႏိုင္​ရင္​ ယိုးဒယား ကလာတဲ့ ထမင္​း ​ေပါင္​းအိုးမ်ားကို သံုး​ေစျခင္​ပါတယ္​။Sharp,National,Toshiba,Mitshushita(ယိုးဒယား ျမင္​းတံဆိပ္​),Hanabishi(ဟာနာဘီရီွ)စသည္​ျဖင္​ လာပါတယ္​ ။ ​ေရ႐ွည္​ အသံုးခံပါတယ္​။

တ႐ုတ္​​ေပါင္​အိုးမ်ားက ပစၥည္​း ညံလို႔ မီး​ေဘးအႏၲရယ္​ စိုးရိမ္​ရပါတယ္​။က်​ေနာ္​သံုး​ေနတဲ့ Sharp ထမင္​း​ေပါင္​းအိုးဟာ ဆန္​သားလွသလို မိနစ္​ ၂၀ ဝန္​က်င္​နဲ႔ ထမင္​းက်က္​ပါတယ္​(volt အားျပည္​့လို႔ပါ)။တ႐ုတ္​အိုးက မိနစ္​ ၃၀ ဝန္​းက်င္​ ပါ။

မီးအား က်​ေနရင္​ မသံုးသင္​့ပါ။ အႏၲရယ္​ရိွႏိုင္​လို႔ပါ။​ေပါင္​းအိုး​ေဆာ့ကက္​​ေခါင္​းမ်ားကို မၾကာခန စစ္​​ေဆး​ေပးပါ။​ေခ်ာင္​​ေန/လႈပ္​​ေနလ်ွင္​ စံနစ္​တက် ျပန္​တပ္​ၿပီးမွသံုးပါ။ ​ေပသံုးပါက အရည္​​ေပ်ာ္​ shock ျဖစ္​ၿပီး အႏၲရယ္​ရိွႏိုင္​လို႔ပါ။ ​ေပါင္​းအိုးတည္​လ်ွင္​ အိုး​ေဘးမွ ​ေရမ်ားကို ​အဝတ္​ျဖင္​့ ​ေျခာက္​​ေအာင္​သုတ္​ၿပီးမွ အိုးကို ထည့္​့ပါ။

ခလုတ္​တက္​​ေနတာကို (ဒုတ္​နဲ႔ထိုးၿပီး/တခုခုနဲ႔ ဖိထားျပီး)မသံုးပါနဲ႔ အရမ္​းအႏၲရယ္​ႀကီးပါတယ္​။(အပူကြိဳင္​ အလည္​က သံလိုက္​ခလုတ္​​အံု (check point)လဲရင္​ ​ေကာင္း​သြားတယ္​)။

တည္​မဲ့ဆန္​ နဲ လို႔=ဥပမာ= (ခလုပ္​တက္​ရင္​​ေတာ ့၁ ဘူးဘဲ တည္​ရင္​) အဖံုးအ​ေပၚက တခုခုတင္​လိုက္​ရင္​ အဆင္​​ေျပပါတယ္​။

တခါတ​ေလ ဒန္​အိုး က သိပ္​ၾကာ​ေနၿပီး အလည္​က ခြက္​​ေနရင္​လည္​း ခလုတ္​နဲ႔ အထိုင္​မက်/fitting မျဖစ္​ဘဲ ခလုတ္​တက္​​ေလ့ရိွပါတယ္​။ ဒန္​အိုး ဖင္​ကို မူလအတိုင္​း ျပင္​​ေပးရင္​ရပါတယ္​။

ဒါကို မလုပ္​ပါနဲ႔..

ထမင္​း​ေပါင္​းအိုး ထဲမွာ တျခားအိုးထဲ့ၿပီး

ေရ​ေႏြးက်ိဳျခင္း၊​တျခား fitting မက်တဲ့ အိုး​ေတြ ထည္​့ ၿပီးတည္​တာ မလုပ္​ရပါဘူးဗ်ာ။​ေပါင္​းအိုး ပ်က္​တတ္​လို႔ပါ။

မိတ္​​ေဆြ မ်ားမိမိတို႔ကိုယ္​တိုင္​ ျပဳျပင္​ ၿပီး အိမ္​သံုးစရိတ္​ ​ေခြၽတာႏိုင္​ၾကပါ​ေစ​ဗ်ာ။

ပံု.၁ အလည္​ သံလိုက္​ ခလုတ္​အံု အသစ္​တပ္​ဆင္​​ျခင္​း။

ပံု ၂ power supply မီးအဝင္​ ​ေႂကြ​ေခါင္​း

ပံု ၃ မီးအဝင္​ ​ေႂကြ​ေခါင္​း စံနစ္​တက် တပ္​ဆင္​ျခင္​း။

ပံု ၄ မီးႀကိဳးမ်ားစံနစ္​တက် တပ္​ဆင္​ၿပီး​ေနာက္​ သာမိုစတက္​ ​ေမာင္​းတံႏွင္​့ အလည္​ခလုတ္​အံုအား စံနစ္​တက် ခ်ိတ္​ဆက္​တပ္​ဆင္​​ေပးျခင္​း။

ပံု ၅ .ထမင္​းခ်က္​လို ရသြားတဲ့​ေပါင္​းအိုး

​ေပါင္​းအိုး ျပင္​​ေပးလို႔ သားခ်င္​း က လက္​​ေဖ်ာ္​ လၻက္​ရည္​နဲ႔ ဧည္​့ခံ ​တယ္​ခမ်။ (​ေပါင္​းအိုး​ေဘးမွာၾကည္​့ပါ။)

ဝါသနာအရ ျပဳဳ ျပင္​ နည္​းမ်ားကိုတင္​ျပ​ေပးပါသည္​။

ကိုတင္​​ေလး​ေဇာ္​

A.G.T.I (E.P),E.T.E.C(Civil),B.A(Psychology)

လ်ွပ္​စစ္​ကြၽမ္​းက်င္​ အဆင္​့ ၂
ဖိုးသူေတာ္ (www.phothutaw.com)
Credit:http://bahuthuta.net
# Unicode Version ျဖင့္ ဖတ္ပါ #
လျှပ်စစ်ထမင်းပေါင်းအိုး ပျက်ရင် ပစ်မထားနဲ့ ပြင်ပြီးသုံးပါ။(မီးဖိုချောင် စရိတ် ချွေတာကြမယ်)

မြိုပေါ်နေ မိသားစုတွေအတွက် လျှပ်စစ်ထမင်းပေါင်းအိုးဟာ မရှိမဖြစ် အရေးပါတဲ့ အိမ်သုံးပစ္စည်းတခုပါ။ အသုံးများသလို အပျက်လည်းများကြပါတယ်။

အခုတခေါက်မှာတော့သားချင်းတယောက်ရဲ့ တရုတ်ထမင်းပေါင်အိုး (လေးဘူးချက်)တလုံး ပျက်နေပြီး အမှိုက်ထဲ ရောက်မဲ့ ပေါင်းအိုးလေး ပြုပြင်ပုံကို တင်ပြပေးပါမယ်။

ပေါင်းအိုးပြစ်ချက်များကတော့

1.Power supply မီးအဝင်ခေါင်း အရည်ပျော်နေတယ်။

2.ခလုတ်(check point) မကြာခန တက်နေတယ်။

ပြစ်ချက် ၁ အတွက်…

အောက်ခံ ကြွေသားပါတဲ့ မီးအဝင်ခေါင်း ဆော့ကက် အထိုင်ကို လျှပ်စစ်အပိုပစ္စည်းဆိုင်တွေမှာ ၅၀၀ိ/-နဲ့ ဝယ်ပြီး ပုံမှာပြထားသလို လဲပေးလိုက်ရင် ရေရှည် အသုံးခံတဲ့ခေါင်းဖြစ်မယ်။(ယိုးဒယား ဒယ်အိုး အနီ သုံးတဲ့ ခေါင်းကြိုး တပ်သုံးလို့ရသွားပြီ)။{အထိုင်ပေါက်က အတူတူဘဲ နတ်ကြပ်ရုံပါ}

အော်ရီဂျင်နယ် သုံးပေါက်ခေါင်းကြိုးနဲ့ အထိုင် ခေါင်း တွေက အပူဒဏ်မခံနိုင်ဘဲ မကြာခန အရည်ပျော် shock ဖြစ် နေတာကို အခုလို ကြွေခေါင်းခံပေးရင် ရေရှည် စိတ်ချသုံးလို့ရပြီ။

ပြစ်ချက် ၂ အတွက်က သာမိုစတက် ခလုတ်မောင်းကို အော်တိုဖြုတ်ပေးတဲ့ အပူကွိုင် အလည်က “သံလိုက်ခလုတ်အုံ”(check point)ကို လဲပေးရင် ပေါင်းအိုး မကြာခန ခလုတ်တက်နေတာ ကောင်းသွားမယ်။

ဒီပေါင်းအိုးက သူတို့ကလိထားတော့ ထမင်းကျက်ပြီး နှပ်တဲ့ circuit ကြိုးတွေ မပါလာဘူး။ဒါပေမဲ့ ချက်လို့ရအောင် ပြင်ပေးလိုက်တယ်။

အိမ်ရှင်မများသို့ အကြံပြုချက်

တရုတ် ပေါင်းအိုးများဟာ ပစ္စည်း အရည်အသွေး အလွန်ညံ့ပါတယ်၊ ဖြစ်နိုင်ရင် ယိုးဒယား ကလာတဲ့ ထမင်း ပေါင်းအိုးများကို သုံးစေခြင်ပါတယ်။Sharp,National,Toshiba,Mitshushita(ယိုးဒယား မြင်းတံဆိပ်),Hanabishi(ဟာနာဘီရှီ)စသည်ဖြင် လာပါတယ် ။ ရေရှည် အသုံးခံပါတယ်။

တရုတ်ပေါင်အိုးများက ပစ္စည်း ညံလို့ မီးဘေးအန္တရယ် စိုးရိမ်ရပါတယ်။ကျနော်သုံးနေတဲ့ Sharp ထမင်းပေါင်းအိုးဟာ ဆန်သားလှသလို မိနစ် ၂၀ ဝန်ကျင်နဲ့ ထမင်းကျက်ပါတယ်(volt အားပြည့်လို့ပါ)။တရုတ်အိုးက မိနစ် ၃၀ ဝန်းကျင် ပါ။

မီးအား ကျနေရင် မသုံးသင့်ပါ။ အန္တရယ်ရှိနိုင်လို့ပါ။ပေါင်းအိုးဆော့ကက်ခေါင်းများကို မကြာခန စစ်ဆေးပေးပါ။ချောင်နေ/လှုပ်နေလျှင် စံနစ်တကျ ပြန်တပ်ပြီးမှသုံးပါ။ ပေသုံးပါက အရည်ပျော် shock ဖြစ်ပြီး အန္တရယ်ရှိနိုင်လို့ပါ။ ပေါင်းအိုးတည်လျှင် အိုးဘေးမှ ရေများကို အဝတ်ဖြင့် ခြောက်အောင်သုတ်ပြီးမှ အိုးကို ထည့့်ပါ။

ခလုတ်တက်နေတာကို (ဒုတ်နဲ့ထိုးပြီး/တခုခုနဲ့ ဖိထားပြီး)မသုံးပါနဲ့ အရမ်းအန္တရယ်ကြီးပါတယ်။(အပူကွိုင် အလည်က သံလိုက်ခလုတ်အုံ (check point)လဲရင် ကောင်းသွားတယ်)။

တည်မဲ့ဆန် နဲ လို့=ဥပမာ= (ခလုပ်တက်ရင်တော့၁ ဘူးဘဲ တည်ရင်) အဖုံးအပေါ်က တခုခုတင်လိုက်ရင် အဆင်ပြေပါတယ်။

တခါတလေ ဒန်အိုး က သိပ်ကြာနေပြီး အလည်က ခွက်နေရင်လည်း ခလုတ်နဲ့ အထိုင်မကျ/fitting မဖြစ်ဘဲ ခလုတ်တက်လေ့ရှိပါတယ်။ ဒန်အိုး ဖင်ကို မူလအတိုင်း ပြင်ပေးရင်ရပါတယ်။

ဒါကို မလုပ်ပါနဲ့..

ထမင်းပေါင်းအိုး ထဲမှာ တခြားအိုးထဲ့ပြီး

ရေနွေးကျိုခြင်း၊တခြား fitting မကျတဲ့ အိုးတွေ ထည့် ပြီးတည်တာ မလုပ်ရပါဘူးဗျာ။ပေါင်းအိုး ပျက်တတ်လို့ပါ။

မိတ်ဆွေ များမိမိတို့ကိုယ်တိုင် ပြုပြင် ပြီး အိမ်သုံးစရိတ် ချွေတာနိုင်ကြပါစေဗျာ။

ပုံ.၁ အလည် သံလိုက် ခလုတ်အုံ အသစ်တပ်ဆင်ခြင်း။

ပုံ ၂ power supply မီးအဝင် ကြွေခေါင်း

ပုံ ၃ မီးအဝင် ကြွေခေါင်း စံနစ်တကျ တပ်ဆင်ခြင်း။

ပုံ ၄ မီးကြိုးများစံနစ်တကျ တပ်ဆင်ပြီးနောက် သာမိုစတက် မောင်းတံနှင့် အလည်ခလုတ်အုံအား စံနစ်တကျ ချိတ်ဆက်တပ်ဆင်ပေးခြင်း။

ပုံ ၅ .ထမင်းချက်လို ရသွားတဲ့ပေါင်းအိုး

ပေါင်းအိုး ပြင်ပေးလို့ သားချင်း က လက်ဖျော် လ္ဘက်ရည်နဲ့ ဧည့်ခံ တယ်ခမျ။ (ပေါင်းအိုးဘေးမှာကြည့်ပါ။)

ဝါသနာအရ ပြုု ပြင် နည်းများကိုတင်ပြပေးပါသည်။

ကိုတင်လေးဇော်

A.G.T.I (E.P),E.T.E.C(Civil),B.A(Psychology)

လျှပ်စစ်ကျွမ်းကျင် အဆင့် ၂
ဖိုးသူတော် (www.phothutaw.com)
Credit:http://bahuthuta.net
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top