ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 ေတာင္ကိုရီးယားႏိုင္ငံ၊ ဘူဆန္ၿမိဳ႕ရဲ႕ ေဈးဝယ္စင္တာတစ္ခုထဲက အေရာင္းဝန္ထမ္းအမ်ိဳးသမီးေလးဟာ သူ႔လက္ထဲကို ေရာက္လာတဲ့ စာ႐ြက္အပိုင္းေလးတစ္ခုကေနၿပီး မိန္းကေလးတစ္စုရဲ႕ ဘဝကို ကယ္တင္ႏိုင္လိုက္ပါတယ္။

ဘူဆန္ၿမိဳ႕ထဲက စူပါမားကက္တစ္ခုမွာ အေရာင္းစာေရးအျဖစ္ အလုပ္လုပ္ေနတဲ့ ကင္မ္ ဆိုတဲ့ အမ်ိဳးသမီးဟာ သူ႔အေရွ႕ကို ေရာက္လာတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ လက္ထဲကေန ေငြရွင္းတဲ့ပိုက္ဆံေတြအျပင္ အဲဒီပိုက္ဆံေတြၾကားမွာ လိပ္ထားတဲ့ စာ႐ြက္အပိုင္းေလးတစ္ခုကို ရရွိခဲ့ပါတယ္။

အဲဒီ စာ႐ြက္ေပၚမွာေတာ့ အဂၤလိပ္၊ ကိုရီးယား၊ ထိုင္းဘာသာေတြနဲ႔ ေရးထားတဲ့ အကူအညီေတာင္းစာကို ေတြ႕ရၿပီး ေဈးဝယ္စင္တာရဲ႕အေပၚထပ္ (၄) လႊာမွာ အဖမ္းခံထားရတဲ့အေၾကာင္းနဲ႔ ရဲကို တိုင္ၾကားေပးဖို႔ အကူအညီေတာင္းတဲ့အေၾကာင္း ေရးထားတာပါ။

စာ႐ြက္ကို ကမ္းေပးတဲ့ မိန္းကေလးက သူဟာ ထိုင္းအမ်ိဳးသမီးတစ္ေယာက္ျဖစ္ေၾကာင္း စာ႐ြက္မွာ ေရးေပးခဲ့ၿပီး မလွမ္းမကမ္းမွာ အမ်ိဳးသားအခ်ိဳ႕က သူမကို ေစာင့္ၾကည့္ေနခဲ့ၾကပါတယ္။

ကင္မ္လည္း ခ်က္ခ်င္းဆိုသလိုပဲ အဲဒီ စာ႐ြက္ေပၚမွာ “ငါ့ကို ရဲစခန္းဆီ ဖုန္းဆက္ေစခ်င္ေနတာလား” လို႔ ျပန္ေရးျပခဲ့ၿပီး မိန္းကေလးက ေခါင္းၿငိမ့္ျပခဲ့ပါတယ္။ မိန္းကေလး ထြက္သြားခ်ိန္မွာ ကင္မ္က ရဲစခန္းကို ဖုန္းဆက္ခဲ့ၿပီး သူမအေနနဲ႔ ဒီလိုအကူအညီေတာင္းျခင္းခံရတဲ့အေၾကာင္း ရဲေတြကို အသိေပးခဲ့ပါတယ္။

ရဲေတြေရာက္လာၿပီး စစ္ေဆးမႈေတြ ျပဳလုပ္လိုက္တဲ့အခ်ိန္မွာေတာ့ ေဈးဝယ္စင္တာရွိတဲ့ ကြန္ဒိုရဲ႕ (၄)လႊာမွာ လီ ဆိုတဲ့အမ်ိဳးသားက အကူအညီေတာင္းခဲ့တဲ့ ထိုင္းအမ်ိဳးသမီးေလးနဲ႔ သူမရဲ႕ သူငယ္ခ်င္းကို ပိတ္ေလွာင္ထားခဲ့တာျဖစ္ၿပီး သူ႔ရဲ႕လုပ္ငန္းမွာ အေပ်ာ္မယ္အျဖစ္ အသုံးခ်ေနခဲ့တာပါ။ ဘူဆန္ၿမိဳ႕ရဲ႕ ရဲတပ္ဖြဲ႕က လီနဲ႔အတူ (၄) ဦးကို ဖမ္းဆီးမိခဲ့ၿပီး အေပ်ာ္မယ္အျဖစ္ အသုံးခ်ဖို႔ ဖမ္းဆီးထားတဲ့ ထိုင္းအမ်ိဳးသမီး(၃)ဦးနဲ႔ ဖိလစ္ပိုင္အမ်ိဳးသမီး (၂) ဦးကိုလည္း ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္က အေရာင္းစာေရးမေလးရဲ႕ ပါးနပ္မႈနဲ႔ ထိုင္းအမ်ိဳးသမီးရဲ႕ စြန႔္စားရဲမႈတို႔ေၾကာင့္ ေအာင္ျမင္ခဲ့ရတာျဖစ္ၿပီး စာ႐ြက္အပိုင္းေလးတစ္ခုကေန လူ (၅)ေယာက္ရဲ႕ ဘဝေတြကို ကယ္တင္ႏိုင္လိုက္တာဆိုလည္း မွားမယ္မထင္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Linn
Source : Goodtimes
# Unicode Version ျဖင့္ ဖတ္ပါ #
 တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရဲ့ ဈေးဝယ်စင်တာတစ်ခုထဲက အရောင်းဝန်ထမ်းအမျိုးသမီးလေးဟာ သူ့လက်ထဲကို ရောက်လာတဲ့ စာရွက်အပိုင်းလေးတစ်ခုကနေပြီး မိန်းကလေးတစ်စုရဲ့ ဘဝကို ကယ်တင်နိုင်လိုက်ပါတယ်။

ဘူဆန်မြို့ထဲက စူပါမားကက်တစ်ခုမှာ အရောင်းစာရေးအဖြစ် အလုပ်လုပ်နေတဲ့ ကင်မ် ဆိုတဲ့ အမျိုးသမီးဟာ သူ့အရှေ့ကို ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လက်ထဲကနေ ငွေရှင်းတဲ့ပိုက်ဆံတွေအပြင် အဲဒီပိုက်ဆံတွေကြားမှာ လိပ်ထားတဲ့ စာရွက်အပိုင်းလေးတစ်ခုကို ရရှိခဲ့ပါတယ်။

အဲဒီ စာရွက်ပေါ်မှာတော့ အင်္ဂလိပ်၊ ကိုရီးယား၊ ထိုင်းဘာသာတွေနဲ့ ရေးထားတဲ့ အကူအညီတောင်းစာကို တွေ့ရပြီး ဈေးဝယ်စင်တာရဲ့အပေါ်ထပ် (၄) လွှာမှာ အဖမ်းခံထားရတဲ့အကြောင်းနဲ့ ရဲကို တိုင်ကြားပေးဖို့ အကူအညီတောင်းတဲ့အကြောင်း ရေးထားတာပါ။

စာရွက်ကို ကမ်းပေးတဲ့ မိန်းကလေးက သူဟာ ထိုင်းအမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း စာရွက်မှာ ရေးပေးခဲ့ပြီး မလှမ်းမကမ်းမှာ အမျိုးသားအချို့က သူမကို စောင့်ကြည့်နေခဲ့ကြပါတယ်။

ကင်မ်လည်း ချက်ချင်းဆိုသလိုပဲ အဲဒီ စာရွက်ပေါ်မှာ “ငါ့ကို ရဲစခန်းဆီ ဖုန်းဆက်စေချင်နေတာလား” လို့ ပြန်ရေးပြခဲ့ပြီး မိန်းကလေးက ခေါင်းငြိမ့်ပြခဲ့ပါတယ်။ မိန်းကလေး ထွက်သွားချိန်မှာ ကင်မ်က ရဲစခန်းကို ဖုန်းဆက်ခဲ့ပြီး သူမအနေနဲ့ ဒီလိုအကူအညီတောင်းခြင်းခံရတဲ့အကြောင်း ရဲတွေကို အသိပေးခဲ့ပါတယ်။

ရဲတွေရောက်လာပြီး စစ်ဆေးမှုတွေ ပြုလုပ်လိုက်တဲ့အချိန်မှာတော့ ဈေးဝယ်စင်တာရှိတဲ့ ကွန်ဒိုရဲ့ (၄)လွှာမှာ လီ ဆိုတဲ့အမျိုးသားက အကူအညီတောင်းခဲ့တဲ့ ထိုင်းအမျိုးသမီးလေးနဲ့ သူမရဲ့ သူငယ်ချင်းကို ပိတ်လှောင်ထားခဲ့တာဖြစ်ပြီး သူ့ရဲ့လုပ်ငန်းမှာ အပျော်မယ်အဖြစ် အသုံးချနေခဲ့တာပါ။ ဘူဆန်မြို့ရဲ့ ရဲတပ်ဖွဲ့က လီနဲ့အတူ (၄) ဦးကို ဖမ်းဆီးမိခဲ့ပြီး အပျော်မယ်အဖြစ် အသုံးချဖို့ ဖမ်းဆီးထားတဲ့ ထိုင်းအမျိုးသမီး(၃)ဦးနဲ့ ဖိလစ်ပိုင်အမျိုးသမီး (၂) ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်က အရောင်းစာရေးမလေးရဲ့ ပါးနပ်မှုနဲ့ ထိုင်းအမျိုးသမီးရဲ့ စွန့်စားရဲမှုတို့ကြောင့် အောင်မြင်ခဲ့ရတာဖြစ်ပြီး စာရွက်အပိုင်းလေးတစ်ခုကနေ လူ (၅)ယောက်ရဲ့ ဘဝတွေကို ကယ်တင်နိုင်လိုက်တာဆိုလည်း မှားမယ်မထင်ပါဘူး။
ဖိုးသူတော် (www.phothutaw.com)
Credit:Linn
Source : Goodtimes
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top