×

အသက္ေလးႏွစ္ကေန ေျခာက္ႏွစ္ၾကားကေလးေတြမွာ အိမ္ထဲမွာ ပတ္ေျပးၿပီး ေဆာ့တာပဲ ျဖစ္ျဖစ္ အိမ္ေမြးေခြးနဲ႔ လမ္းေလၽွာက္ထြက္တာပဲ ျဖစ္ျဖစ္ ကိုယ္လက္လႈပ္ရွားမႈကေတာ့ လိုအပ္ပါတယ္။ အထူးသျဖင့္ ေအ႐ိုးဗစ္ေလ့က်င့္ခန္းနဲ႔ ကာယေလ့က်င့္ခန္းေတြက ကေလးေတြရဲ႕ ႂကြက္သားနဲ႔ အ႐ိုးကို သန္မာေစၿပီး

ႏွလုံးေသြးလည္ပတ္မႈ ေကာင္းေစပါတယ္။ ေသြးသၾကားဓာတ္ကို ထိန္းေပးထားတဲ့အတြက္ ဆီးခ်ိဳ ျဖစ္ႏိုင္ေခ်ကို ေလ်ာ့က်ေစပါတယ္။ ဒါေပမဲ့ ဒီေခတ္ႀကီးထဲမွာ ကေလးေတြက အခန္းေအာင္းေနရတာကို ပိုႀကိဳက္ႏွစ္သက္တဲ့အတြက္ မိဘေတြအေနနဲ႔ သူတို႔ေလးေတြ အားကစားမွာစိတ္ဝင္စားလာေအာင္ တိုက္တြန္းေပးဖို႔က တာဝန္တစ္ရပ္ ျဖစ္လာပါတယ္။

အေရးႀကီးတဲ့ အခ်က္ကေတာ့ ကေလးေတြကို screen ၾကည့္ခ်ိန္ ေလၽွာ႔ခ်ေပးပါ။ တခ်ိဳ႕ကေလးေတြက ႐ုပ္ျမင္သံၾကားမွာ သူတို႔ႀကိဳက္တဲ့ ဇာတ္ကားလာၿပီဆိုရင္ မထတမ္း ၾကည့္ၾကပါတယ္။ ဒီလိုကေလးေတြကို ေၾကာ္ျငာလာခ်ိန္ ခဏတျဖဳတ္ ၅ မိနစ္ေလာက္ ကိုယ္လက္လႈပ္ရွား ခိုင္းပါ။ ကေလးငယ္ေတြကို ႐ုပ္ျမင္သံၾကားၾကည့္ခ်ိန္၊ စမတ္ဖုန္းသုံးခ်ိန္ကို အမ်ားဆုံး တစ္နာရီကေန ၂ နာရီေလာက္ထိပဲ ကန္႔သတ္ခြင့္ျပဳထားပါ။

မိသားစု အတူတူ ပူးေပါင္းၿပီး လမ္းေလၽွာက္ထြက္တာမ်ိဳး ဘတ္စကတ္ေဘာကစားတာမ်ိဳး က်င့္ေပးထားမယ္ဆိုရင္ ကေလးရဲ႕ ပုံမွန္အေလ့အထတစ္ခု ျဖစ္လာၿပီး တက္ႂကြမႈ ပိုလာမွာ ျဖစ္ပါတယ္။ ကေလးေတြက တစ္ေယာက္တည္း ေဆာင္႐ြက္ရမွာ ပ်င္းတတ္လို႔ မိသားစုဝင္ေတြနဲ႔ တူတူ ေဆာင္႐ြက္ရမယ္ဆိုရင္ ေလ့က်င့္ခန္းက ေပ်ာ္စရာေကာင္းေစမွာပါ။

သြက္လက္တက္ႂကြမႈရွိတဲ့ ကေလးငယ္ျဖစ္ေစခ်င္ရင္ေတာ့ ေျပးလႊားေဆာ့ကစားဖို႔ ေနရာေပးပါ။ အိမ္ထဲမွာ လိုက္မေျပးနဲ႔လို႔ ေအာ္ေနမယ္ဆိုရင္ ကေလးေတြက တက္ႂကြ လႈပ္ရွားဖို႔ ေနရာမရွိပါဘူး။ ေဘာလုံးပစ္တမ္း ေျပးတမ္းလိုက္တမ္း ကစားတာမ်ိဳးကေတာ့ ၿခံထဲမွာ ခြင့္ျပဳေပးသင့္ပါတယ္။ တကယ္လို႔ အိမ္ေနရာ မက်ယ္ရင္ေတာ့ အားကစားကြင္းကိုသာ ေခၚသြားလိုက္တာ ပိုေကာင္းပါတယ္။

အားကစားပြဲ တူတူၾကည့္တာက သူတို႔ေလးေတြ အားကစားလုပ္ခ်င္စိတ္ရွိေအာင္ တြန္းအားေပးရာ ေရာက္ပါတယ္။ တခ်ိဳ႕ကေလးေတြက ကခုန္ရတာကို သေဘာက်တယ္ဆိုရင္ ကေလးေတြအတြက္ ကခုန္လို႔ရတဲ့ ေနရာေလးေတြဆီ ေခၚသြားေပးပါ။

ကိုယ္လက္လႈပ္ရွား ေလ့က်င့္တတ္တဲ့အက်င့္ရွိေအာင္ ငယ္စဥ္ကတည္းက သင္ေပးထားမယ္ဆိုရင္ ကေလးရဲ႕ ဘဝတစ္ေလၽွာက္အတြက္ အေထာက္အကူ ျပဳပါတယ္။ အရမ္းႀကီး အတင္းအက်ပ္ ဖိအားေပး တိုက္တြန္းၿပီး လုပ္ခိုင္းစရာမလိုဘဲ ကေလးသေဘာက်တဲ့ အရာေတြနဲ႔ ျမဴၿပီး စိတ္ပါလာေအာင္ ဆြဲေခၚရမွာ မိဘေတြရဲ႕ တာဝန္ပဲ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.yoyarlay
# Unicode Version ျဖင့္ ဖတ္ပါ #
အသက်လေးနှစ်ကနေ ခြောက်နှစ်ကြားကလေးတွေမှာ အိမ်ထဲမှာ ပတ်ပြေးပြီး ဆော့တာပဲ ဖြစ်ဖြစ် အိမ်မွေးခွေးနဲ့ လမ်းလျှောက်ထွက်တာပဲ ဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုကတော့ လိုအပ်ပါတယ်။ အထူးသဖြင့် အေရိုးဗစ်လေ့ကျင့်ခန်းနဲ့ ကာယလေ့ကျင့်ခန်းတွေက ကလေးတွေရဲ့ ကြွက်သားနဲ့ အရိုးကို သန်မာစေပြီး

နှလုံးသွေးလည်ပတ်မှု ကောင်းစေပါတယ်။ သွေးသကြားဓာတ်ကို ထိန်းပေးထားတဲ့အတွက် ဆီးချို ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ ဒါပေမဲ့ ဒီခေတ်ကြီးထဲမှာ ကလေးတွေက အခန်းအောင်းနေရတာကို ပိုကြိုက်နှစ်သက်တဲ့အတွက် မိဘတွေအနေနဲ့ သူတို့လေးတွေ အားကစားမှာစိတ်ဝင်စားလာအောင် တိုက်တွန်းပေးဖို့က တာဝန်တစ်ရပ် ဖြစ်လာပါတယ်။

အရေးကြီးတဲ့ အချက်ကတော့ ကလေးတွေကို screen ကြည့်ချိန် လျှော့ချပေးပါ။ တချို့ကလေးတွေက ရုပ်မြင်သံကြားမှာ သူတို့ကြိုက်တဲ့ ဇာတ်ကားလာပြီဆိုရင် မထတမ်း ကြည့်ကြပါတယ်။ ဒီလိုကလေးတွေကို ကြော်ငြာလာချိန် ခဏတဖြုတ် ၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှား ခိုင်းပါ။ ကလေးငယ်တွေကို ရုပ်မြင်သံကြားကြည့်ချိန်၊ စမတ်ဖုန်းသုံးချိန်ကို အများဆုံး တစ်နာရီကနေ ၂ နာရီလောက်ထိပဲ ကန့်သတ်ခွင့်ပြုထားပါ။

မိသားစု အတူတူ ပူးပေါင်းပြီး လမ်းလျှောက်ထွက်တာမျိုး ဘတ်စကတ်ဘောကစားတာမျိုး ကျင့်ပေးထားမယ်ဆိုရင် ကလေးရဲ့ ပုံမှန်အလေ့အထတစ်ခု ဖြစ်လာပြီး တက်ကြွမှု ပိုလာမှာ ဖြစ်ပါတယ်။ ကလေးတွေက တစ်ယောက်တည်း ဆောင်ရွက်ရမှာ ပျင်းတတ်လို့ မိသားစုဝင်တွေနဲ့ တူတူ ဆောင်ရွက်ရမယ်ဆိုရင် လေ့ကျင့်ခန်းက ပျော်စရာကောင်းစေမှာပါ။

သွက်လက်တက်ကြွမှုရှိတဲ့ ကလေးငယ်ဖြစ်စေချင်ရင်တော့ ပြေးလွှားဆော့ကစားဖို့ နေရာပေးပါ။ အိမ်ထဲမှာ လိုက်မပြေးနဲ့လို့ အော်နေမယ်ဆိုရင် ကလေးတွေက တက်ကြွ လှုပ်ရှားဖို့ နေရာမရှိပါဘူး။ ဘောလုံးပစ်တမ်း ပြေးတမ်းလိုက်တမ်း ကစားတာမျိုးကတော့ ခြံထဲမှာ ခွင့်ပြုပေးသင့်ပါတယ်။ တကယ်လို့ အိမ်နေရာ မကျယ်ရင်တော့ အားကစားကွင်းကိုသာ ခေါ်သွားလိုက်တာ ပိုကောင်းပါတယ်။

အားကစားပွဲ တူတူကြည့်တာက သူတို့လေးတွေ အားကစားလုပ်ချင်စိတ်ရှိအောင် တွန်းအားပေးရာ ရောက်ပါတယ်။ တချို့ကလေးတွေက ကခုန်ရတာကို သဘောကျတယ်ဆိုရင် ကလေးတွေအတွက် ကခုန်လို့ရတဲ့ နေရာလေးတွေဆီ ခေါ်သွားပေးပါ။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်တတ်တဲ့အကျင့်ရှိအောင် ငယ်စဉ်ကတည်းက သင်ပေးထားမယ်ဆိုရင် ကလေးရဲ့ ဘဝတစ်လျှောက်အတွက် အထောက်အကူ ပြုပါတယ်။ အရမ်းကြီး အတင်းအကျပ် ဖိအားပေး တိုက်တွန်းပြီး လုပ်ခိုင်းစရာမလိုဘဲ ကလေးသဘောကျတဲ့ အရာတွေနဲ့ မြူပြီး စိတ်ပါလာအောင် ဆွဲခေါ်ရမှာ မိဘတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:.yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top