ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

၁။ စည္းကမ္းအလြန္မတင္းၾကပ္သင့္ပါ၊ကေလးမ်ားဟာ အေဆာ့သန္ၾကပါတယ္။ အရြယ္တူကေလးေတြနဲ႔ဆိုု အခ်ိန္ေမ့သြားေလာက္ေအာင္ေဆာ့ကစားၾကပါတယ္။ ေခတ္သစ္ေဆာ့ကစားတာပဲျဖစ္ျဖစ္၊ အရင္ေခတ္က ေဆာ့ကစားနည္းပဲျဖစ္ျဖစ္၊ အတူတူကစားရင္ စည္းကမ္း၀င္လာတတ္ပါတယ္။ အခ်င္းခ်င္း သက္ညာတာေတြ၊ ရွင္ၿပိဳင္ရတာေတြ ပါ၀င္လာပါတယ္္။ ကေလးမ်ားအတြက္ လူမူဆက္ဆံေရးပါ၀င္လာပါတယ္။ ေဆာ့ကစားျခင္းဟာ သဘာ၀က ကေလးမ်ားကိုု ေပးထားတဲ့ ႀကီးျပင္းဖိုု႔ အတြက္ မဟာလက္ေဆာင္ပါ။ မိဘမ်ားအေနနဲ႔ ကေလးထိခိုုက္မွာစိုုးလိုု႔၊ သူမ်ားအႏိုုင္က်င့္မွာစိုုးလိုု႔၊ ေခ်ာ္လဲမွာစုုိးလိုု႔ စသည္ျဖင့္ အစိုုးရိမ္လြန္ၿပီးကေလးကိုု စည္းကမ္းမတင္းၾကပ္သင့္ပါ။

၂။ သူတစ္ပါးကိုု အေလးထားတတ္ပါေစ၊ေခတ္အခါ၊ ေခတ္သေဘာအရ မိသားစုုေတာ္ေတာ္မ်ားမ်ားဟာ ကေလးယူတာ နည္းနည္းလာၾကပါတယ္။ မိသားစုုအတြင္းမွာ လူႀကီးအရည္အတြက္ မ်ားျပားၿပီး ကေလးနည္းေနတတ္ပါတယ္။ ကေလးကိုု ၀ိုုင္းၿပီးခ်စ္တယ္၊ ဖူးဖူးမူတ္ထားတယ္၊ အဲဒီေတာ့ ကေလးက ကိုုယ့္ကိုုယ္ကိုု ဗဟိုုျပဳလာတတ္ပါတယ္။ အတၱပိုုႀကီးလာတတ္ပါတယ္။ ကိုုယ့္အလိုုပဲသိၿပီး သူတစ္ပါးကိုု ဂရုုမစိုုက္ ျဖစ္လာတတ္ပါတယ္။ ဒါေၾကာင့္မိုု႔လိုု ကေလးမ်ားကိုု ငယ္စဥ္ကစၿပီး သူမ်ားနဲ႔ေဆာ့တတ္ေအာင္၊ ကစားစရာမ်ား ခြဲေ၀ကစားတတ္ေအာင္၊ ပိုုငယ္တဲ့သူကိုု အေလွ်ာ့ေပးတတ္ေအာင္၊ သူမ်ားကိုု ကူညီတတ္ေအာင္၊ သူတစ္ပါးကိုု အေလးထားတတ္ေအာင္ အသက္ငယ္စဥ္ကတဲကပဲ အေလးထားသင္ၾကားေပးထားရမွာျဖစ္ပါတယ္။

၃။ အားကစား၀ါသနာပါပါေစ၊အခ်ိန္ရရင္ ကေလးနဲ႔ ေဘာ္လံုုးပစ္တန္းကစားမယ္၊ ၾကက္ေတာင္ရိုုက္မယ္၊ စက္ဘီးစီးမယ္။ ေရကူးမယ္၊ ေဘာ္လံုုးကန္မယ္၊ ရြာမွာဆိုုရင္လည္း ထုုပ္ဆီးထိုုးမယ္၊ သားေရကြင္းခုုန္မယ္၊ ေလာက္စာလံုုးပစ္ကစားမယ္၊ ဘုုန္းႀကီးေက်ာင္းေဘးက ကြင္းျပင္မွာ ေဘာ္လံုုးကန္မယ္၊ လိုုက္တန္းေျပးတန္းကစားမယ္ စသည္ျဖင့္ လူႀကီးမ်ားက ဦးေဆာင္ၿပီး တစ္ခုုခုုကစားႏိုုင္ေအာင္ ဖန္တီးေပးသင့္ပါတယ္။ ပညာရွင္မ်ားရဲ႕ အဆိုုအရ လုုပ္လုုပ္ရွားရွားရိွေနျခင္းဟာ ကေလးမ်ားကိုု ပိုုမိုုေပ်ာ္ရႊင္ေစတယ္၊ ပိုုမိုုက်န္းမာေစတယ္၊ စိတ္ဖိစီးမူ ေလွ်ာ့ပါးေစတယ္။ ပိုုမိုုစားေကာင္းအိပ္ေကာင္းေစတယ္လိုု႔ ဆိုုပါတယ္။

၄။ အၿမဲရယ္ေမာ ေပ်ာ္ၿပံဳးေနပါေစ၊ရယ္ေမာစရာေကာင္းတဲ့ ပံုုတိုုပတ္စေလးမ်ားေျပာျပ ဖတ္ျပျခင္း၊ ကေလးမ်ားကိုု ေပ်ာ္ရႊင္ေစတဲ့ ေဆာ့စရာေလးမ်ား ကစားေစျခင္း၊ ကေလးမ်ားကိုု မ်ားမ်ားရယ္ေမာေစျခင္းဟာ ကေလးမ်ားအတြက္ မ်ားစြားအက်ဳိးရိွေစတယ္လိုု႔ ဖတ္မွတ္ေလ့လာဖူးပါတယ္။

၅။ တိုုးတက္မူ ျဖစ္ေစေသာ ခ်ီးမြန္းစကားမ်ားအေနာက္ႏိုုင္ငံသားမ်ားဟာ ကေလးမ်ားကိုု “သိပ္လွတယ္၊ သိပ္ေခ်ာတယ္၊ လူေခ်ာႀကီးပဲ၊ ခ်စ္စရာအရမ္းေကာင္းတယ္” စသည္ျဖင့္ ခ်ီးမြမ္းေျပာဆိုုတာကိုု မႏွစ္သက္ၾကပါ။ ကေလးမ်ား ေမြးရာပါ ရုုပ္ရည္ကိုု ဂုုဏ္ယူ၀င့္ၾကြားမူျဖစ္သြားမွာကိုု သူတိုု႔ စိုုးရိမ္ၾကပါတယ္။ ၿပီးရင္ ကေလးမ်ားကိုု အေထြေထြဆန္လြန္းတဲ့ ခ်ီးမြမ္းမူမ်ဳိးကိုုလည္း ေရွာင္ရွားၾကပါတယ္။ “ ေကာင္းတယ္” “ မင္းသိပ္ဥာဏ္ေကာင္းတယ္” စတဲ့ခ်ီးမြမ္းမူမ်ဳိးဟာလည္း ကေလးကိုု သိပ္ႀကိဳးစားစရာမလိုုဘူးဆိုုတဲ့ အထင္မ်ဳိးရသြားေစႏိုုင္ပါတယ္။

ကေလးမ်ားကိုု မွန္မွန္ကန္ကန္ခ်ီးမြမ္းတတ္ရင္ အားေပးအားေျမာက္မူ ျဖစ္တဲ့အျပင္ ကေလးမ်ားပိုုမိုုထူးခြ်န္ထက္ျမက္သြားေစပါတယ္။ ကေလးမ်ားရဲ႕ အျပဳအမူ (သိုု႔) ႀကိဳးစားမူေၾကာင့္ တစ္ခုုခုုျဖစ္ထြန္းသြားတာကိုု အေလးေပးခ်ီးမြမ္းေပးသင့္ပါတယ္။ ဥပမာ…
“ သားေလးဒီေန႔မနက္ လံုုၿခံဳေရးဦးဦးကိုု ႏူတ္ဆက္တာ အရမ္းယဥ္ေက်းတာပဲ၊ သားေတာ္တယ္။” “ သမီးေလးၿပံဳးၿပီးလူႀကီးကိုု ႏူတ္ဆက္တာ အရမ္းက်က္သေရ ရိွတာပဲ” “ သားဒီကေန႔ သူငယ္ခ်င္းေလးကိုု ကူညီတာ အရမ္းအက်ဳိးရိွတာ၊ အဲဒါ လူေတာ္ေတြရဲ႕ အက်င့္ပဲ” “ သားသခ်ၤာ A ရတယ္၊ ဒါသားရဲ႕ ႀကိဳးစားမူေၾကာင့္ပဲ၊ ဒီလိုုကိုု ျဖစ္ေနရမွာ” စသည္ျဖင့္ ခ်ီးမြမ္းစကားမွာ တိုုးတက္ျဖစ္ထြန္းမူနဲ႔ ႀကိဳးစားအားထုုပ္မူကိုုပါ အသိအမွတ္ျပဳ အားေပးသြားပါတယ္။ ကေလးရဲ႕ အေတြးထဲမွာ ေမြးရာပါမဟုုတ္ေတာ့ပဲ၊ ငါႀကိဳးစားလိုု႔ ငါေတာ္လာတာ၊ ငါၿပံဳးလိုု႔ ငါက်က္သေရရိွတာ ဆိုုတဲ့ အေတြးအျမင္မ်ဳိး စြဲကပ္သြားေစပါတယ္။

၆။ က်န္းမာေသာ အစားအေသာက္ေစ်းကြက္ထဲမွာ ၊ အျမန္စာမ်ား၊ သြားရည္စာမ်ား၊ အခ်ဳိစာမ်ား၊ စားစရာ မူန္႔မ်ဳိးစံုု၊ အထုုပ္မ်ဳိးစံုု ေပါမ်ားေနတဲ့ေခတ္ႀကီးမွာ ကေလးမ်ားကိုု က်န္းမာေအာင္ စားေသာက္ေစဖိုု႔ အလြန္အေရးႀကီးပါတယ္။ ကေလးမ်ားကိုု က်န္းမာေအာင္ ဘယ္လိုုစားသံုုးသင့္ေစတယ္ဆိုုတာကိုုေတာ့ မိဘမ်ားကိုုယ္တိုုင္ ေလ့လာပါ။ က်ေနာ္အေနနဲ႔ ဂရုုစိုုက္အေလးေပးသင့္တယ္ဆိုုတဲ့အေၾကာင္းပဲ တင္ျပတာပါ။

၇။ ကေလးမ်ားရဲ႕ အႏုုပညာဗီဇ ေဖၚထုုတ္ႏိုုင္ဖိုု႔ကေလးမ်ားကိုု ေတးဂီတ၊ တူရိယာ၊ ပန္းခ်ီ၊ အက စသည္တိုု႔ကိုု မ်ားမ်ားထိေတြ႔ေစျခင္းျဖင့္ ကေလးမ်ားရဲ႕ အတြင္းစိတ္ကမၻာကိုု ပိုုမိုုၾကြယ္၀ေစႏိုုင္တယ္လိုု႔ ပညာရွင္မ်ားက ဆိုုပါတယ္။ကေလးတစ္ေယာက္နဲ႔ တစ္ေယာက္ကြာျခားႏိုုင္ပါတယ္။ မိဘမ်ားအေနနဲ႔ ဂရုုစိုုက္ၿပီး အလုုိက္သင့္ ပ်ဳိးေထာင္ေပးပါက ကေလးမ်ား ပိုုမိုုေပ်ာ္ရႊင္တဲ့ ဘ၀ကိုု ပိုုင္ဆိုုင္သြားေစႏိုုင္ပါတယ္။

၈။ မၾကာခဏ သိုုင္းဖက္ေပးျခင္းသားသမီးကိုု အသာေလးတစ္ခ်က္ သိုုင္းဖက္လိုုက္တာဟာ. “ ငါမင္းကိုုခ်စ္တယ္” လိုု႔ အႀကိမ္မ်ားစြားေျပာတာနဲ႔ ညီမ်ွတတ္ပါတယ္။ ကေလးမ်ားရဲ႕ အတြင္းစိတ္ကိုု ေႏြးေထြးေစပါတယ္။ ပိုုမိုုလံုုၿခံဳေစပါတယ္။ ပိုုမိုုလည္း ေပ်ာ္ရႊင္ေစပါတယ္။

၉ ။ စိတ္၀င္တစား နားေထာင္ေပးျခင္းကေလးမ်ား ေျပာျပတဲ့စကားမ်ားကိုု စိတ္၀င္တစား၊ ဂရုုတစိုုက္နားေထာင္ေပးျခင္းဟာ ကေလးမ်ားကိုု ေႏြးေထြးေစၿပီး ယံုုၾကည္မူ တည္ေဆာက္ဖိုု႔ လြယ္ကူေစပါတယ္။ မိဘတစ္ဦးအေနနဲ႔ ကိုုယ္ကိုုယ္ကိုု စမ္းစစ္ၾကည့္တဲ့ ေမးခြန္းမ်ား ရိွပါတယ္။ ကေလးမ်ားအေပၚ ေကာင္းေကာင္းနားေထာင္ေပးတဲ့ မိဘျဖစ္ပါသလား၊ စိတ္၀င္စားစြာနားေထာင္ေပးပါသလား၊ လက္ထဲကအလုုပ္ကိုု ခဏနားၿပီး နားေထာင္ေပးပါသလား၊ ကေလးမ်ားေျပာတဲ့စကားကိုု စိတ္ရွည္ရွည္နဲ႔ ကုုန္ဆံုုးေအာင္ နားေထာင္ေပးပါသလား၊ ဒီအခ်က္ေတြဟာ ကေလးမ်ားအတြက္ အလြန္အေရးႀကီးလိုု႔ပါ။ ဆံုုးေအာင္နားေထာင္ေပးပါ။ ၾကားျဖတ္၀င္မေျပာပါနဲ႔၊ အထူးသျဖင့္ ကေလးနဲ႔ အိပ္ယာ၀င္တဲ့အခ်ိန္ဟာ အေကာင္းဆံုုးအခ်ိန္ျဖစ္ပါတယ္။ ကေလးမ်ားေျပာတဲ့ အေၾကာင္းအရာမ်ားဟာ အပ္ေၾကာင္းထပ္ေနတာေတာင္မွ စိတ္ရွည္ရွည္နားေထာင္ေပးပါ။ ကေလးမ်ားအတြက္ မ်ားစြာအက်ဳိးရိွပါတယ္။

၁၀။ ျပည့္စံုုျခင္း၀ါဒကိုု စြန္႔လြတ္ပါ။မိဘတိုုင္းလိုုိလိုု သားသမီးမ်ား အေကာင္းဆံုုးျဖစ္ေစခ်င္ၾကပါတယ္။ ဒါေပမဲ့ ကေလးမ်ားရဲ႕ အျပဳအမူနဲ႔ လုုပ္ေဆာင္ခ်က္မ်ားကိုု ျပဳျပင္သြန္သင္ေပးတာ အလ်င္စလိုု ျဖစ္လြန္းရင္၊ျပည့္စံုုမူကိုု ေတာင္းဆိုုလြန္းရင္ ကေလးမ်ားရဲ႕ စိတ္တြင္းယံုုၾကည္မူကိုု ထိခိုုက္ေစႏိုုင္ပါတယ္။ ဥပမာ၊ ကေလးကိုုယ္တိုုင္ခြ်န္ထားတဲ့ခဲတံ သိပ္မလွတာေတြ႔လိုု႔ မိဘက ကိုုယ္တိုုင္၀င္ခြ်န္ေပးတာမ်ဳိး၊ ကေလးလက္ေရးမလွလိုု႔၊ ကေလးလက္ကိုုကိုုင္ၿပီး တစ္ေၾကာင္းျခင္း ေရးဖိုု႔ကူညီေပးတာမ်ဳိး၊ ကေလးဖိနပ္သဲႀကိဳးစီးတာ သိပ္မလွလိုု႔ ျပန္ဖီၿပီး ကိုုယ္တိုုင္၀င္စီးေပးတာမ်ဳိးကိုု ဆိုုလိုုတာပါ။ ကေလးမ်ားကိုုယ္တိုုင္လုုပ္တဲ့အရာတိုုင္း မိဘအလိုုက် ျဖစ္ခ်င္မွ ျဖစ္မွာပါ။ မိဘက ၀င္၀င္လုုပ္ေပးလိုုက္ေတာ့ ကေလးမ်ားကိုုယ္တိုုင္ေကာင္းေအာင္ႀကိဳးစားဖိုု႔ အခြင့္အေရး ဆံုုးရံူးသြားပါတယ္။ ကေလးမ်ားျပဳလုုပ္မိေသာ မွားယြင္းမူမ်ားဟာ က်န္းမာေရးနဲ႔ လံၿခံဳေရးကိုု မထိခုုိက္ခဲ့ရင္၊ မိဘမ်ား လက္လြတ္ႏိုုင္သေလာက္ လက္လြတ္ေပးသင့္ပါတယ္။

၁၁။ ျပသနာမ်ား ေျဖရွင္းတတ္ေစဖိုု႔ဖိနပ္သဲႀကိဳးစီးတာကအစ၊ လမ္းကူးတာကအဆံုုး၊ ကေလးမ်ားအတြက္ တိုုးတက္မူတိုုင္းဟာ ဘ၀မွတ္တိုုင္ေလးေတြပါ။ တစ္ခုုခုုၿပီးစီးတိုုင္း သူတိုု႔ေလးေတြရဲ႕ စိတ္ထဲမွာ ေအာင္ျမင္မူနဲ႔ ပီတိျဖစ္မူကိုု ခံစားရတတ္ပါတယ္။ ၿပီးေျမာက္ျခင္းရဲ႕ ေပ်ာ္ရႊင္မူကိုုလည္း ရရိွေစႏိုုင္ပါတယ္။ ကေလးမ်ား ဘာအခက္အခဲ၊ ဘာျပသနာပဲ ႀကံဳေတြ႔ႀကံဳေတြ႔ ေအာက္ပါအဆင့္မ်ားျဖင့္ သူတိုု႔ကိုု ကိုုယ္တိုုင္ေျဖရွင္းမူမွာ ပါ၀င္ဖိုု႔ မိဘမ်ား သင္ၾကားေပးထားသင့္ပါတယ္။

၁။ ျပသနာကိုု ေသခ်ာေအာင္အရင္လုုပ္ပါ။

၂။ ေျဖရွင္းႏိုုင္မဲ့နည္းလမ္းကိုု ေျပာျပခိုုင္းပါ။

၃။ ေျဖရွင္းႏိုုင္တဲ့အဆင့္ကိုု ရွာေဖြပါေစ၊

၄။ ျပသနာကိုု သူကိုုယ္တိုုင္ရွင္းမွာလား၊ ပါ၀င္ကူညီမွာလား

၅။ သူလိုုအပ္တဲ့ အကူအညီအားလံုုးကိုု ေသခ်ာပါေစ။ကေလးလည္း ကေလးအေလ်ာက္ျပသနာႀကံဳရတတ္ပါတယ္။ ဆိုုပါစုုိ႔ အတန္းထဲမွာခိုုးခ်မိလိုု႔ ဆရာမက တိုုင္ၾကားသည္ဆိုုပါစိုု႔၊ တကယ္ခုုိးခ်ခဲ့တာဟုုတ္မဟုုတ္ ကေလးနဲ႔ ေသခ်ာေအာင္အရင္ေမးပါ။ ဘယ္လိုုေျဖရွင္းသင့္သလဲဆိုုတာ သူ႔ကိုုေမးပါ။ ေနာင္မခိုုးခ်ေတာ့ဘူး၊ စာရေအာင္လုုပ္ေတာ့မယ္ေပါ႔၊ အဲလိုုဆိုုေတာ့ နံပါတ္ ၃ မွာေဖၚ ျပသလိုု အဆင့္ေတြလိုုအပ္လာၿပီ၊ အတန္းထဲမွာ ဆရာမစာျပတာကိုု စိတ္၀င္တစားနားေထာင္ရေတာ့မယ္။ အိမ္စာၿပီးေျမာက္ရေတာ့မယ္၊ စာရေအာင္လုုပ္ရေတာ့မယ္၊ ေနာင္မခိုုးခ်ေတာ့ဘူး၊ ခိုုးခ်မိတဲ့အတြက္ ေတာင္းပန္ရမယ္၊ အတန္းေဖၚကိုုေရာ၊ ဆရာမကိုုပါ ကတိေပးရမယ္။ စသည့္အဆင့္မ်ားကိုု သူတိုု႔ကိုုယ္တိုုင္ ရွာေဖြသိရိွပါေစ။ အဆင့္ ၄ အေနနဲ႔ သူတိုု႔ကိုုေမးၾကည့္ပါ။ ေဖေဖေမေမအေနနဲ႔ ဆရာမဆီကိုုယ္တိုုင္သြားရမွာလား၊ သားကိုုယ္တိုုင္ကတိသြားေပးမလားေပါ႔၊ သူဘာအကူအညီလိုုသလဲဆိုုုုတာ ေမးၿပီး ကူညီဖိုု႔ အသင့္ျဖစ္ေနပါေစ။ ေတြ႔ႀကံဳရတဲ့ ျပသနာတိုုင္းကိုု ျပဳျပင္ေျဖရွင္းဖိုု႔ထက္ ႀကီးျပင္းရင့္က်က္ဖိုု႔ အတြက္ပါ သင္ခန္းစာျဖစ္သြားပါေစ။

၁၂။ ကေလးမ်ားကိုု ျပသတဲ့ အခြင့္အေရးေပးပါ။ကေလးမ်ားဟာ သူဗီဇနဲ႔သူ ပါလာတတ္ပါတယ္။ တကယ္လိုု႔ သူတိုု႔က မိဘနဲ႔ အဖိုုးအဖြားမ်ားကိုု တစ္ခုုခုု ျပသခ်င္ရင္၊ ကတာပဲျဖစ္ျဖစ္၊ သီခ်င္းဆိုုတာပဲျဖစ္ျဖစ္၊ ေကာင္းေကာင္းရူ႕စားေပးလိုုက္ပါ။ အားေပးအားေျမာက္ျပဳပါ။ သူတိုု႔ေလးေတြ ပံုုျပင္ေျပာျပမယ္ဆိုုရင္လည္း စိတ္၀င္စားစြာ နားေထာင္ေပးလိုုက္ပါ။ အသိအမွတ္ျပဳေပးပါ။ သူတိုု႔ အတြက္အခ်က္မွာ အားသာရင္၊ ေစ်း၀ယ္တဲ့အခါ ေခၚေဆာင္သြားၿပီး သူတိုု႔ကိုုတြက္ခိုုင္းၾကည့္ပါ။ ကိုုယ္က အားတက္တေရာနဲ႔ သူတိုု႔ေလးေတြရဲ႕ အရည္အခ်င္းကိုု အားေပးအသိအမွတ္ျပဳေပးရင္ ယံုုၾကည္ခ်က္ေတြတိုုးပြားလာၿပီး ပိုုမိုုထူးခြ်န္ထက္ျမက္လာပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  we chat

#Unicode Version#
၁။ စည်းကမ်းအလွန်မတင်းကြပ်သင့်ပါ၊ကလေးများဟာ အဆော့သန်ကြပါတယ်။ အရွယ်တူကလေးတွေနဲ့ဆို အချိန်မေ့သွားလောက်အောင်ဆော့ကစားကြပါတယ်။ ခေတ်သစ်ဆော့ကစားတာပဲဖြစ်ဖြစ်၊ အရင်ခေတ်က ဆော့ကစားနည်းပဲဖြစ်ဖြစ်၊ အတူတူကစားရင် စည်းကမ်းဝင်လာတတ်ပါတယ်။ အချင်းချင်း သက်ညာတာတွေ၊ ရှင်ပြိုင်ရတာတွေ ပါဝင်လာပါတယ်။ ကလေးများအတွက် လူမူဆက်ဆံရေးပါဝင်လာပါတယ်။ ဆော့ကစားခြင်းဟာ သဘာဝက ကလေးများကို ပေးထားတဲ့ ကြီးပြင်းဖို့ အတွက် မဟာလက်ဆောင်ပါ။ မိဘများအနေနဲ့ ကလေးထိခိုက်မှာစိုးလို့၊ သူများအနိုင်ကျင့်မှာစိုးလို့၊ ချော်လဲမှာစိုးလို့ စသည်ဖြင့် အစိုးရိမ်လွန်ပြီးကလေးကို စည်းကမ်းမတင်းကြပ်သင့်ပါ။

၂။ သူတစ်ပါးကို အလေးထားတတ်ပါစေ၊ခေတ်အခါ၊ ခေတ်သဘောအရ မိသားစုတော်တော်များများဟာ ကလေးယူတာ နည်းနည်းလာကြပါတယ်။ မိသားစုအတွင်းမှာ လူကြီးအရည်အတွက် များပြားပြီး ကလေးနည်းနေတတ်ပါတယ်။ ကလေးကို ဝိုင်းပြီးချစ်တယ်၊ ဖူးဖူးမူတ်ထားတယ်၊ အဲဒီတော့ ကလေးက ကိုယ့်ကိုယ်ကို ဗဟိုပြုလာတတ်ပါတယ်။ အတ္တပိုကြီးလာတတ်ပါတယ်။ ကိုယ့်အလိုပဲသိပြီး သူတစ်ပါးကို ဂရုမစိုက် ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့လို ကလေးများကို ငယ်စဉ်ကစပြီး သူများနဲ့ဆော့တတ်အောင်၊ ကစားစရာများ ခွဲဝေကစားတတ်အောင်၊ ပိုငယ်တဲ့သူကို အလျှော့ပေးတတ်အောင်၊ သူများကို ကူညီတတ်အောင်၊ သူတစ်ပါးကို အလေးထားတတ်အောင် အသက်ငယ်စဉ်ကတဲကပဲ အလေးထားသင်ကြားပေးထားရမှာဖြစ်ပါတယ်။

၃။ အားကစားဝါသနာပါပါစေ၊အချိန်ရရင် ကလေးနဲ့ ဘော်လုံးပစ်တန်းကစားမယ်၊ ကြက်တောင်ရိုက်မယ်၊ စက်ဘီးစီးမယ်။ ရေကူးမယ်၊ ဘော်လုံးကန်မယ်၊ ရွာမှာဆိုရင်လည်း ထုပ်ဆီးထိုးမယ်၊ သားရေကွင်းခုန်မယ်၊ လောက်စာလုံးပစ်ကစားမယ်၊ ဘုန်းကြီးကျောင်းဘေးက ကွင်းပြင်မှာ ဘော်လုံးကန်မယ်၊ လိုက်တန်းပြေးတန်းကစားမယ် စသည်ဖြင့် လူကြီးများက ဦးဆောင်ပြီး တစ်ခုခုကစားနိုင်အောင် ဖန်တီးပေးသင့်ပါတယ်။ ပညာရှင်များရဲ့ အဆိုအရ လုပ်လုပ်ရှားရှားရှိနေခြင်းဟာ ကလေးများကို ပိုမိုပျော်ရွှင်စေတယ်၊ ပိုမိုကျန်းမာစေတယ်၊ စိတ်ဖိစီးမူ လျှော့ပါးစေတယ်။ ပိုမိုစားကောင်းအိပ်ကောင်းစေတယ်လို့ ဆိုပါတယ်။

၄။ အမြဲရယ်မော ပျော်ပြုံးနေပါစေ၊ရယ်မောစရာကောင်းတဲ့ ပုံတိုပတ်စလေးများပြောပြ ဖတ်ပြခြင်း၊ ကလေးများကို ပျော်ရွှင်စေတဲ့ ဆော့စရာလေးများ ကစားစေခြင်း၊ ကလေးများကို များများရယ်မောစေခြင်းဟာ ကလေးများအတွက် များစွားအကျိုးရှိစေတယ်လို့ ဖတ်မှတ်လေ့လာဖူးပါတယ်။

၅။ တိုးတက်မူ ဖြစ်စေသော ချီးမွန်းစကားများအနောက်နိုင်ငံသားများဟာ ကလေးများကို “သိပ်လှတယ်၊ သိပ်ချောတယ်၊ လူချောကြီးပဲ၊ ချစ်စရာအရမ်းကောင်းတယ်” စသည်ဖြင့် ချီးမွမ်းပြောဆိုတာကို မနှစ်သက်ကြပါ။ ကလေးများ မွေးရာပါ ရုပ်ရည်ကို ဂုဏ်ယူဝင့်ကြွားမူဖြစ်သွားမှာကို သူတို့ စိုးရိမ်ကြပါတယ်။ ပြီးရင် ကလေးများကို အထွေထွေဆန်လွန်းတဲ့ ချီးမွမ်းမူမျိုးကိုလည်း ရှောင်ရှားကြပါတယ်။ “ ကောင်းတယ်” “ မင်းသိပ်ဉာဏ်ကောင်းတယ်” စတဲ့ချီးမွမ်းမူမျိုးဟာလည်း ကလေးကို သိပ်ကြိုးစားစရာမလိုဘူးဆိုတဲ့ အထင်မျိုးရသွားစေနိုင်ပါတယ်။

ကလေးများကို မှန်မှန်ကန်ကန်ချီးမွမ်းတတ်ရင် အားပေးအားမြောက်မူ ဖြစ်တဲ့အပြင် ကလေးများပိုမိုထူးချွန်ထက်မြက်သွားစေပါတယ်။ ကလေးများရဲ့ အပြုအမူ (သို့) ကြိုးစားမူကြောင့် တစ်ခုခုဖြစ်ထွန်းသွားတာကို အလေးပေးချီးမွမ်းပေးသင့်ပါတယ်။ ဥပမာ…
“ သားလေးဒီနေ့မနက် လုံခြုံရေးဦးဦးကို နူတ်ဆက်တာ အရမ်းယဉ်ကျေးတာပဲ၊ သားတော်တယ်။” “ သမီးလေးပြုံးပြီးလူကြီးကို နူတ်ဆက်တာ အရမ်းကျက်သရေ ရှိတာပဲ” “ သားဒီကနေ့ သူငယ်ချင်းလေးကို ကူညီတာ အရမ်းအကျိုးရှိတာ၊ အဲဒါ လူတော်တွေရဲ့ အကျင့်ပဲ” “ သားသင်္ချာ A ရတယ်၊ ဒါသားရဲ့ ကြိုးစားမူကြောင့်ပဲ၊ ဒီလိုကို ဖြစ်နေရမှာ” စသည်ဖြင့် ချီးမွမ်းစကားမှာ တိုးတက်ဖြစ်ထွန်းမူနဲ့ ကြိုးစားအားထုပ်မူကိုပါ အသိအမှတ်ပြု အားပေးသွားပါတယ်။ ကလေးရဲ့ အတွေးထဲမှာ မွေးရာပါမဟုတ်တော့ပဲ၊ ငါကြိုးစားလို့ ငါတော်လာတာ၊ ငါပြုံးလို့ ငါကျက်သရေရှိတာ ဆိုတဲ့ အတွေးအမြင်မျိုး စွဲကပ်သွားစေပါတယ်။

၆။ ကျန်းမာသော အစားအသောက်ဈေးကွက်ထဲမှာ ၊ အမြန်စာများ၊ သွားရည်စာများ၊ အချိုစာများ၊ စားစရာ မူန့်မျိုးစုံ၊ အထုပ်မျိုးစုံ ပေါများနေတဲ့ခေတ်ကြီးမှာ ကလေးများကို ကျန်းမာအောင် စားသောက်စေဖို့ အလွန်အရေးကြီးပါတယ်။ ကလေးများကို ကျန်းမာအောင် ဘယ်လိုစားသုံးသင့်စေတယ်ဆိုတာကိုတော့ မိဘများကိုယ်တိုင် လေ့လာပါ။ ကျနော်အနေနဲ့ ဂရုစိုက်အလေးပေးသင့်တယ်ဆိုတဲ့အကြောင်းပဲ တင်ပြတာပါ။

၇။ ကလေးများရဲ့ အနုပညာဗီဇ ဖေါ်ထုတ်နိုင်ဖို့ကလေးများကို တေးဂီတ၊ တူရိယာ၊ ပန်းချီ၊ အက စသည်တို့ကို များများထိတွေ့စေခြင်းဖြင့် ကလေးများရဲ့ အတွင်းစိတ်ကမ္ဘာကို ပိုမိုကြွယ်ဝစေနိုင်တယ်လို့ ပညာရှင်များက ဆိုပါတယ်။ကလေးတစ်ယောက်နဲ့ တစ်ယောက်ကွာခြားနိုင်ပါတယ်။ မိဘများအနေနဲ့ ဂရုစိုက်ပြီး အလိုက်သင့် ပျိုးထောင်ပေးပါက ကလေးများ ပိုမိုပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်သွားစေနိုင်ပါတယ်။

၈။ မကြာခဏ သိုင်းဖက်ပေးခြင်းသားသမီးကို အသာလေးတစ်ချက် သိုင်းဖက်လိုက်တာဟာ. “ ငါမင်းကိုချစ်တယ်” လို့ အကြိမ်များစွားပြောတာနဲ့ ညီမျှတတ်ပါတယ်။ ကလေးများရဲ့ အတွင်းစိတ်ကို နွေးထွေးစေပါတယ်။ ပိုမိုလုံခြုံစေပါတယ်။ ပိုမိုလည်း ပျော်ရွှင်စေပါတယ်။

၉ ။ စိတ်ဝင်တစား နားထောင်ပေးခြင်းကလေးများ ပြောပြတဲ့စကားများကို စိတ်ဝင်တစား၊ ဂရုတစိုက်နားထောင်ပေးခြင်းဟာ ကလေးများကို နွေးထွေးစေပြီး ယုံကြည်မူ တည်ဆောက်ဖို့ လွယ်ကူစေပါတယ်။ မိဘတစ်ဦးအနေနဲ့ ကိုယ်ကိုယ်ကို စမ်းစစ်ကြည့်တဲ့ မေးခွန်းများ ရှိပါတယ်။ ကလေးများအပေါ် ကောင်းကောင်းနားထောင်ပေးတဲ့ မိဘဖြစ်ပါသလား၊ စိတ်ဝင်စားစွာနားထောင်ပေးပါသလား၊ လက်ထဲကအလုပ်ကို ခဏနားပြီး နားထောင်ပေးပါသလား၊ ကလေးများပြောတဲ့စကားကို စိတ်ရှည်ရှည်နဲ့ ကုန်ဆုံးအောင် နားထောင်ပေးပါသလား၊ ဒီအချက်တွေဟာ ကလေးများအတွက် အလွန်အရေးကြီးလို့ပါ။ ဆုံးအောင်နားထောင်ပေးပါ။ ကြားဖြတ်ဝင်မပြောပါနဲ့၊ အထူးသဖြင့် ကလေးနဲ့ အိပ်ယာဝင်တဲ့အချိန်ဟာ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ကလေးများပြောတဲ့ အကြောင်းအရာများဟာ အပ်ကြောင်းထပ်နေတာတောင်မှ စိတ်ရှည်ရှည်နားထောင်ပေးပါ။ ကလေးများအတွက် များစွာအကျိုးရှိပါတယ်။

၁၀။ ပြည့်စုံခြင်းဝါဒကို စွန့်လွတ်ပါ။မိဘတိုင်းလိုလို သားသမီးများ အကောင်းဆုံးဖြစ်စေချင်ကြပါတယ်။ ဒါပေမဲ့ ကလေးများရဲ့ အပြုအမူနဲ့ လုပ်ဆောင်ချက်များကို ပြုပြင်သွန်သင်ပေးတာ အလျင်စလို ဖြစ်လွန်းရင်၊ပြည့်စုံမူကို တောင်းဆိုလွန်းရင် ကလေးများရဲ့ စိတ်တွင်းယုံကြည်မူကို ထိခိုက်စေနိုင်ပါတယ်။ ဥပမာ၊ ကလေးကိုယ်တိုင်ချွန်ထားတဲ့ခဲတံ သိပ်မလှတာတွေ့လို့ မိဘက ကိုယ်တိုင်ဝင်ချွန်ပေးတာမျိုး၊ ကလေးလက်ရေးမလှလို့၊ ကလေးလက်ကိုကိုင်ပြီး တစ်ကြောင်းခြင်း ရေးဖို့ကူညီပေးတာမျိုး၊ ကလေးဖိနပ်သဲကြိုးစီးတာ သိပ်မလှလို့ ပြန်ဖီပြီး ကိုယ်တိုင်ဝင်စီးပေးတာမျိုးကို ဆိုလိုတာပါ။ ကလေးများကိုယ်တိုင်လုပ်တဲ့အရာတိုင်း မိဘအလိုကျ ဖြစ်ချင်မှ ဖြစ်မှာပါ။ မိဘက ဝင်ဝင်လုပ်ပေးလိုက်တော့ ကလေးများကိုယ်တိုင်ကောင်းအောင်ကြိုးစားဖို့ အခွင့်အရေး ဆုံးရူံးသွားပါတယ်။ ကလေးများပြုလုပ်မိသော မှားယွင်းမူများဟာ ကျန်းမာရေးနဲ့ လံခြုံရေးကို မထိခိုက်ခဲ့ရင်၊ မိဘများ လက်လွတ်နိုင်သလောက် လက်လွတ်ပေးသင့်ပါတယ်။

၁၁။ ပြသနာများ ဖြေရှင်းတတ်စေဖို့ဖိနပ်သဲကြိုးစီးတာကအစ၊ လမ်းကူးတာကအဆုံး၊ ကလေးများအတွက် တိုးတက်မူတိုင်းဟာ ဘဝမှတ်တိုင်လေးတွေပါ။ တစ်ခုခုပြီးစီးတိုင်း သူတို့လေးတွေရဲ့ စိတ်ထဲမှာ အောင်မြင်မူနဲ့ ပီတိဖြစ်မူကို ခံစားရတတ်ပါတယ်။ ပြီးမြောက်ခြင်းရဲ့ ပျော်ရွှင်မူကိုလည်း ရရှိစေနိုင်ပါတယ်။ ကလေးများ ဘာအခက်အခဲ၊ ဘာပြသနာပဲ ကြုံတွေ့ကြုံတွေ့ အောက်ပါအဆင့်များဖြင့် သူတို့ကို ကိုယ်တိုင်ဖြေရှင်းမူမှာ ပါဝင်ဖို့ မိဘများ သင်ကြားပေးထားသင့်ပါတယ်။

၁။ ပြသနာကို သေချာအောင်အရင်လုပ်ပါ။

၂။ ဖြေရှင်းနိုင်မဲ့နည်းလမ်းကို ပြောပြခိုင်းပါ။

၃။ ဖြေရှင်းနိုင်တဲ့အဆင့်ကို ရှာဖွေပါစေ၊

၄။ ပြသနာကို သူကိုယ်တိုင်ရှင်းမှာလား၊ ပါဝင်ကူညီမှာလား

၅။ သူလိုအပ်တဲ့ အကူအညီအားလုံးကို သေချာပါစေ။ကလေးလည်း ကလေးအလျောက်ပြသနာကြုံရတတ်ပါတယ်။ ဆိုပါစို့ အတန်းထဲမှာခိုးချမိလို့ ဆရာမက တိုင်ကြားသည်ဆိုပါစို့၊ တကယ်ခိုးချခဲ့တာဟုတ်မဟုတ် ကလေးနဲ့ သေချာအောင်အရင်မေးပါ။ ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာ သူ့ကိုမေးပါ။ နောင်မခိုးချတော့ဘူး၊ စာရအောင်လုပ်တော့မယ်ပေါ့၊ အဲလိုဆိုတော့ နံပါတ် ၃ မှာဖေါ် ပြသလို အဆင့်တွေလိုအပ်လာပြီ၊ အတန်းထဲမှာ ဆရာမစာပြတာကို စိတ်ဝင်တစားနားထောင်ရတော့မယ်။ အိမ်စာပြီးမြောက်ရတော့မယ်၊ စာရအောင်လုပ်ရတော့မယ်၊ နောင်မခိုးချတော့ဘူး၊ ခိုးချမိတဲ့အတွက် တောင်းပန်ရမယ်၊ အတန်းဖေါ်ကိုရော၊ ဆရာမကိုပါ ကတိပေးရမယ်။ စသည့်အဆင့်များကို သူတို့ကိုယ်တိုင် ရှာဖွေသိရှိပါစေ။ အဆင့် ၄ အနေနဲ့ သူတို့ကိုမေးကြည့်ပါ။ ဖေဖေမေမေအနေနဲ့ ဆရာမဆီကိုယ်တိုင်သွားရမှာလား၊ သားကိုယ်တိုင်ကတိသွားပေးမလားပေါ့၊ သူဘာအကူအညီလိုသလဲဆိုတာ မေးပြီး ကူညီဖို့ အသင့်ဖြစ်နေပါစေ။ တွေ့ကြုံရတဲ့ ပြသနာတိုင်းကို ပြုပြင်ဖြေရှင်းဖို့ထက် ကြီးပြင်းရင့်ကျက်ဖို့ အတွက်ပါ သင်ခန်းစာဖြစ်သွားပါစေ။

၁၂။ ကလေးများကို ပြသတဲ့ အခွင့်အရေးပေးပါ။ကလေးများဟာ သူဗီဇနဲ့သူ ပါလာတတ်ပါတယ်။ တကယ်လို့ သူတို့က မိဘနဲ့ အဖိုးအဖွားများကို တစ်ခုခု ပြသချင်ရင်၊ ကတာပဲဖြစ်ဖြစ်၊ သီချင်းဆိုတာပဲဖြစ်ဖြစ်၊ ကောင်းကောင်းရူ့စားပေးလိုက်ပါ။ အားပေးအားမြောက်ပြုပါ။ သူတို့လေးတွေ ပုံပြင်ပြောပြမယ်ဆိုရင်လည်း စိတ်ဝင်စားစွာ နားထောင်ပေးလိုက်ပါ။ အသိအမှတ်ပြုပေးပါ။ သူတို့ အတွက်အချက်မှာ အားသာရင်၊ ဈေးဝယ်တဲ့အခါ ခေါ်ဆောင်သွားပြီး သူတို့ကိုတွက်ခိုင်းကြည့်ပါ။ ကိုယ်က အားတက်တရောနဲ့ သူတို့လေးတွေရဲ့ အရည်အချင်းကို အားပေးအသိအမှတ်ပြုပေးရင် ယုံကြည်ချက်တွေတိုးပွားလာပြီး ပိုမိုထူးချွန်ထက်မြက်လာပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  we chat
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top