ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×


Credit:orginal
# Unicode Version ဖြင့် ဖတ်ပါ #
 တစ်ခါက ကလေးနှစ်ယောက်ဟာမြစ်တစ်ခုမှာ ရေချိုးနေကြသတဲ့တစ်ယောက်က ရေဖလားနှင့် ခပ်ပြီးချိုးတယ်။သူက ရေမကူးတက် လို့ပေါ့နောက် တစ်ယောက် ကတော့ ရေကူးတက်သဖြင့် မြစ်အလည်သို့သွားချိုးတယ်။ရေဖလားနဲ့ခက်ချိုးသော ကလေးက” သူငယ်ချင်း … မြစ်အလယ်ကို “” သွားပြီး မချိုးနဲ့ “” ရေစီးသန်တယ် ရေနစ်လိမ့်မယ်ဟ “ထိုသို့ဟြေလိုက်သောအခါရေကူးတက်တဲ့ ကလေးကဤသို့ပြန်ဟြေလိုက်တာပေါ့” ဟား … မင်းသာ ရေမကူးတက်လို့ “” ကမ်းစပ်မှာ ချိုးတာကွ “” ငါက ရေကူးတက်တယ်လေ “” ဒါကြောင့် ငါရေနစ်မှာ မစိုးရိမ်နဲ့ ” ” ငါရေကူးဘယ်လောက်ကျွမ်း လဲဆိုတာ “” မင်းကို လက်တွေ့ပြမယ် “ထိုသို့ဟြေပြီးမြစ်အလယ်သို့ရေကူးသွားသတဲ့ မြစ်လယ် ရောက်တော့ ရေစီးသန်လွန်းတဲ့အတွက် ရေစီးကြောင်း အတိုင်းမျောပါသွားတာပေါ့ ကမ်းစပ်က ကလေးငယ်ဟာဘာလုပ်ရမည်ကို မစဉ်းစားတက်အောင်ဖြစ်သွားတာပေါ့သူကိုယ်တိုင် ကယ်ရအောင်လည်းရေက မကူးတက်ပေဒါပေမယ့် ကယ်မယ့်သူကလည်းသူမှတပါး မရှိပေမြစ်ကြောင်းတစ်လျှောက်မှာလည်းလူသားဆိုလို့သူတို့နှစ်ဦးသာရှိပေသည်ကိုးရေစီးထဲမျောပါ နေသူဟာလည်းကယ်ပါ ကယ်ပါဟု တစာစာအော်နေသည်။ကမ်းစပ်က ကလေးကလည်းရေမကူးတက်တော့ မကယ်နိုင်သူဆုံးဖြတ်ချက်တစ်ခုကို သေချာစွာချလိုက်သည်။လက်ထဲက ရေချိုးတဲ့ခွက်ကိုရေထဲပစ်ချလိုသည်။ထို့နောက် ဤသို့အော်ဟြေသတဲ့ …” သူငယ်ချင်း “” ရေခွက်ကို သေချာကြည့် “” သူလည်း မင်းလိုပဲ ရေစီးအတိုင်း “” မျောနေတယ် “” သူ့မှာ ကမ်းစပ်ရောက်ဖို့ “” ရေကူးစရာ ခြေလက်မရှိဘူး “” မင်းမှာ ခြေလက်တစ်စုံ ရှိတယ် “” စိုးရိမ်စိတ်တွေ မေ့ပစ်ပြီး “” ကမ်းစပ်ရှိရာသို့ အားစိုက်ကူးလိုက် “” ဒီလိုမှ မဟုတ်ရင်တော့ “” မင်းလည်း ရေခွက်နဲ့အတူ “” မကြာခင် နစ်မြုပ်လိမ့်မယ် “ထိုသို့အော်ဟြေရင်း ကမ်းစပ်ကနေပြီး မြစ်ကြောင်း အတိုင်း ပြေးလိုက်သတဲ့ပါးစပ်ကလည်း …( ကမ်းစပ်ကို ကူးခဲ့လေကွာ )( ရေခွက်လိုပဲ ရေစီးကြောင်း အတိုင်း )( လိုက်သွားချင်လို့လား )( မင်းမှာ ခြေလက်တွေရှိတယ်လေကွာ )( ကူးခဲ့စမ်းပါ ဒီဘက်ကို )ထိုသို့ အကြိမ်များစွာအော်ဟြေလိုက်တော့မြစ်ကြောင်းအတိုင်း မျောနေသောကလေးငယ်ဟာ အားသွန်ခွန်စိုက်နဲ့ကမ်းစပ်ရှိရာသို့ ကူးသတဲ့ဒီလိုနဲ့နောက်ဆုံးတော့ ကမ်းစပ်ရှိရာသို့အရောက်ကူးခက် နိုင်ခဲ့တာပေါ့သူကမ်း စပ်ရောက်နေချိန်မှာတော့ရေမကူးတက်တဲ့ကလေးငယ်ရဲ့ရေခွက်လေးဟာ တဖြည်းဖြည်းနဲ့ရေစီးထဲမှာ မျောရင်းမြင်ကွင်းထဲမှ ပျာက်ကွယ်သွားသတဲ့ ×××နှစ်ယောက်သား မောမောနှင့် ကမ်းစပ်မှာပက်လပ်လှန်ကာအနားယူလိုက်တယ်ထို့နောက် ကောင်း ကင်ကြီးကို ကြည့်ပြီးအော်ရယ်လိုက်ကြ သတဲ့ သူတို့စိတ်ထဲမှာ အိမ်ပြန်နောက်ကျလို့မေမေရိုက်မည့်အရေးကို တွေးနေရင်းနဲ့နှစ်ယောက်သား ထပ်ပြီးကြုံဦးမည့်ဒုက္ခတစ်ခုအတွက် ရယ်မော ရင်းအားမွေးလိုက်သတဲ့ ×××ဒီဇာတ်လမ်းလေးဖတ်ပြီး အသိပညာရခဲ့ပြီမြစ်ကြီးနဲ့တူသော လူ့လောကမှာရေစီးသန်တဲ့မြစ်အလယ်လိုပင်အခက်ခဲများစွာ ပေါများပါပေတယ်။ဒီအခက်ခဲတွေကို ရေကူးကျွမ်းကျင်သောကလေးငယ်ရဲ့ မလိုအပ်ပဲဒုက္ခမြစ်လည်လို့ မိုက်မဲစွာမကူးလိုက်ပါနဲ့ကမ်းစပ်မှာ အေးဆေးချိုးပါ။အကယ်၍ ဒုက္ခမြစ်လယ်လို့ ကူးခတ်မိလျှင်ရေခွက်ကဲ့သို့ ဒုက္ခရဲ့ခေါ်ဆောင်ရာသို့လိုက်မသွားပါနဲ့ခြေလက်တွေနဲ့တူသော ကြိုးစားမှုဖြင့်
အခက်ခဲများကြားက ရုန်းထွက်လိုက်ပါ။မရုန်းထွက်နိုင်သရွေ့ရေခွက်လေးကဲ့သို့ ဦးတည်ရာမဲ့စွာဖြင့်အခက်ခဲကြားမှာ ဒုက္ခတွေရဲ့ခေါ်ဆောင်ရာ သို့လိုက်သွားကြပေဦးတော့ …မေတ္တာဖြင့်ရေးသားခြင်းဖြစ် သည် ……

ဖိုးသူတော် (www.phothutaw.com)
Credit:orginal

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top