×

အႀကီးစား ဟာရီကိန္း မုန္တိုင္းႀကီး အေမရိကန္ကို ဦးတည္္လာေန၍ လူတစ္သန္းေက်ာ္္ အႀကီးစားေရႊ႕ေျပာင္းမႈႀကီး ျပဳလုပ္

အေရွ႕ဖက္ကမ္းေျခဆီ အားျပင္း ဖေလာ္ရန္႔ဟာရီကိန္းႀကီး ဦးတည္လာေနတာေၾကာင့္ အေမရိကန္ တစ္သန္းေက်ာ္ထက္မနည္းဟာ ကမ္းေျခအိမ္ေတြကို စြန္႔ခြာၿပီး ေဘးလြတ္ရာ ေရႊ႕ေျပာင္းေနၾကပါၿပီ။

အႏၱရာယ္အဆင့္ေလးရွိ ဒီဟာရီကိန္းမုန္တိုင္းႀကီးဟာ ေလတုိက္ႏႈန္း တစ္နာရီ မိုင္ ၁၄၀ ရွိၿပီး စက္တင္ဘာ ၁၁ ရက္မွာ ပိုမိုအားေကာင္းလာႏိုင္ကာ အဆင့္ငါးအဆင့္ ေရာက္ရွိလာဖို႔ ရွိေနပါတယ္။

စက္တင္ဘာ ၁၃ ရက္မွာ ေျမာက္နဲ႔ ေတာင္ ကယ္႐ိုလိုင္းနားသို႔ မုန္တုိင္းႀကီး ျပင္းထန္စြာ ၀င္ေရာက္လာဖို႔ မ်ားတာေၾကာင့္ အုပ္ခ်ဳပ္ေရးမွဴးက ေဘးလြတ္ရာ ေရႊ႕ေျပာင္းၾကဖို႔ အမိန္႔ထုတ္ တုိက္တြန္းေနပါတယ္။

သမၼတ ေဒၚနယ္ထရမ့္ကလည္း တြစ္တာကေန “ေက်းဇူးျပဳၿပီး ျပင္ဆင္ထားၾကပါ။ ဂ႐ုစိုက္ပါ။ ေဘးကင္းၾကပါေစ။”လို႔ ေရးသားလာပါတယ္။

ကပ္ေဘးသမွ် အပ်က္အစီးေတြနဲ႔ မုန္တိုင္းက ထားရစ္ထြက္ခြာသြားမွာျဖစ္ေၾကာင္း ေဒသခံေတြကို သတိေပးထားပါတယ္။

မုန္တိုင္းဟာ ႏ်ဴကလီးယားဓာတ္အားေပးစက္႐ုံကိုလည္း ေခ်မြဖ်က္ဆီးသြားႏိုင္တဲ့ အေနအထား ရွိေနပါတယ္။

မုန္တိုင္းက်ခ်ိန္မွာ ေရႀကီးေရလႊမ္းမႈေတြ၊ ေျမၿပိဳမႈေတြ၊ မိုးသည္းထန္မႈေတြနဲ႔ ဓာတ္အား ျပတ္ေတာက္မႈေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။

“တကယ့္ မုန္တိုင္းႀကီး တစ္ခုပါ။ ျပည္နယ္တစ္ခုလုံး သက္ေရာက္ဖို႔ ရွိတယ္။”လို႔ ကယ္႐ုိလိုင္းနားအုပ္ခ်ဳပ္ေရးမွဴး ေနာ္သမ္က ေျပာပါတယ္။

ေျမာက္ကယ္႐ုိလိုင္္းနား၊ ေတာင္ကယ္႐ုိလိုင္းနား၊ ဗာဂ်င္းနီးယားနဲ႔ မာရီလန္းျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြဟာ အေရးေပၚအေျခအေန ေၾကညာထားၿပီလည္း ျဖစ္ပါတယ္။

မုန္တိုင္းဒဏ္ အျပင္းထန္ဆုံး ႀကံဳမယ့္ ဧရိယာေတြမွာ မိုးေရခ်ိန္ တစ္ဆယ္ကေန ဆယ့္ငါးလက္မအထိ ရြာသြန္းလာႏိုင္တယ္လို႔လည္း ခန္႔မွန္းထားပါတယ္။

Rf; Reuters

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမာင္သံဆင့္ ( Daily Hot News )
# Unicode Version ျဖင့္ ဖတ္ပါ #
အကြီးစား ဟာရီကိန်း မုန်တိုင်းကြီး အမေရိကန်ကို ဦးတည်လာနေ၍ လူတစ်သန်းကျော် အကြီးစားရွှေ့ပြောင်းမှုကြီး ပြုလုပ်

အရှေ့ဖက်ကမ်းခြေဆီ အားပြင်း ဖလော်ရန့်ဟာရီကိန်းကြီး ဦးတည်လာနေတာကြောင့် အမေရိကန် တစ်သန်းကျော်ထက်မနည်းဟာ ကမ်းခြေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြပါပြီ။

အန္တရာယ်အဆင့်လေးရှိ ဒီဟာရီကိန်းမုန်တိုင်းကြီးဟာ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၄၀ ရှိပြီး စက်တင်ဘာ ၁၁ ရက်မှာ ပိုမိုအားကောင်းလာနိုင်ကာ အဆင့်ငါးအဆင့် ရောက်ရှိလာဖို့ ရှိနေပါတယ်။

စက်တင်ဘာ ၁၃ ရက်မှာ မြောက်နဲ့ တောင် ကယ်ရိုလိုင်းနားသို့ မုန်တိုင်းကြီး ပြင်းထန်စွာ ဝင်ရောက်လာဖို့ များတာကြောင့် အုပ်ချုပ်ရေးမှူးက ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ် တိုက်တွန်းနေပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တွစ်တာကနေ “ကျေးဇူးပြုပြီး ပြင်ဆင်ထားကြပါ။ ဂရုစိုက်ပါ။ ဘေးကင်းကြပါစေ။”လို့ ရေးသားလာပါတယ်။

ကပ်ဘေးသမျှ အပျက်အစီးတွေနဲ့ မုန်တိုင်းက ထားရစ်ထွက်ခွာသွားမှာဖြစ်ကြောင်း ဒေသခံတွေကို သတိပေးထားပါတယ်။

မုန်တိုင်းဟာ နျူကလီးယားဓာတ်အားပေးစက်ရုံကိုလည်း ချေမွဖျက်ဆီးသွားနိုင်တဲ့ အနေအထား ရှိနေပါတယ်။

မုန်တိုင်းကျချိန်မှာ ရေကြီးရေလွှမ်းမှုတွေ၊ မြေပြိုမှုတွေ၊ မိုးသည်းထန်မှုတွေနဲ့ ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

“တကယ့် မုန်တိုင်းကြီး တစ်ခုပါ။ ပြည်နယ်တစ်ခုလုံး သက်ရောက်ဖို့ ရှိတယ်။”လို့ ကယ်ရိုလိုင်းနားအုပ်ချုပ်ရေးမှူး နော်သမ်က ပြောပါတယ်။

မြောက်ကယ်ရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနား၊ ဗာဂျင်းနီးယားနဲ့ မာရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ အရေးပေါ်အခြေအနေ ကြေညာထားပြီလည်း ဖြစ်ပါတယ်။

မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ကြုံမယ့် ဧရိယာတွေမှာ မိုးရေချိန် တစ်ဆယ်ကနေ ဆယ့်ငါးလက်မအထိ ရွာသွန်းလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

Rf; Reuters

ဖိုးသူတော် (www.phothutaw.com)
Credit: မောင်သံဆင့် ( Daily Hot News )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top