×

ၿပီးခဲ့သည့္ႏွစ္ကစလို႔ အိႏၵိယႏိုင္ငံမွ ပဲ၀ယ္ယူမႈ ေလ်ာ့ခ်လိုက္ျခင္းေၾကာင့္ ျမန္မာ့ပဲေစ်းႏႈန္းမ်ား စံခ်ိန္တင္ က်ဆင္းေနျခင္းျဖစ္သည္။ ဓာတ္ပံု- မင္းေခါင္(AMIA)မႏၱေလး၊ စက္တင္ဘာ ၁၃အိႏိၵယႏိုင္ငံမွ ၀ယ္ယူမႈနည္းပါးေနျခင္းေၾကာင့္ ေစ်းကြက္ေပ်ာက္လုနီးပါးျဖစ္ေနသည့္ မတ္ပဲကို ၾသဂုတ္လအ တြင္းမွစတင္ကာ တရုတ္ႏိုင္ငံမွ ၀ယ္ယူလာသျဖင့္ မႏၱေလးပဲေစ်းကြက္တြင္ မတ္ပဲေစ်းႏႈန္းမ်ား ျပန္လည္ျမင့္ တက္လာေၾကာင္း မႏၱေလးၿမိဳ႕ ‘ စိုး၀င္းျမင့္’ ပြဲရုံပိုင္ရွင္ ဦးစိုး၀င္းျမင့္ ေျပာသည္။

အရင္တုန္းကေတာ့ တရုတ္ဘက္က မ၀ယ္ဘူး။ အခုလပုိင္းေလးမွ တရုတ္ဘက္ စ၀ယ္လာတာ။ တရုတ္က စ၀ယ္လာေတာ့ က်ေနတဲ့ မတ္ပဲေစ်းလဲ ျပန္တက္လာတယ္။ ေတာ္ေတာ္ေလးကုိ ေစ်းေကာင္းလာတယ္” ဟု ဦးစုိး၀င္းျမင့္က ေျပာသည္။ယခင္က မႏၱေလးပဲေစ်းကြက္တြင္ မတ္ပဲ သံုးတင္း၀င္ တစ္အိတ္လွ်င္ ၃၈,၀၀၀ က်ပ္ ေစ်းႏႈန္းအထိ က်ဆင္း ေနရာမွ စက္တင္ဘာ ၁၀ ရက္ေန႔တြင္ သံုးတင္း၀င္ တစ္အိတ္လွ်င္ ၄၇,၀၀၀ က်ပ္ ႏႈန္းအထိ ေစ်းျမင့္တက္ လာၿပီး လက္ရွိအခ်ိန္တြင္ မႏၲေလး၊ စစ္ကိုင္းႏွင့္ မေကြးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားမွ ေရသြင္း စိုက္ ပ်ိဳးထားေသာ မတ္ပဲ(အသစ္မ်ား) မႏၲေလးေစ်းကြက္သို႔ စတင္၀င္ေရာက္လ်က္ရွိၿပီး၊ ေစ်းႏႈန္းမွာ သံုးတင္း၀င္ တစ္အိတ္လွ်င္ အဖြင့္ေစ်း ၄၂,၀၀၀ က်ပ္ႏႈန္းျဖင့္ အေရာင္းအ၀ယ္ျဖစ္ေနေၾကာင္း သိရသည္။

တရုတ္ဘက္က အခုဆုိရင္ ေပါက္ေစ်းအတိုင္း တစ္ရက္ကို ကုန္ကား ႏွစ္စီးစာေလာက္နဲ႔ ၀ယ္ေနတယ္။ အဲ့ ဒီေတာ့ မတ္ပဲေစ်းကလည္း အနည္းငယ္ တက္ရိပ္ျပလာတယ္။ အရင္လို ေရာင္းဖို႔လည္း မခဲယဥ္းေတာ့ဘူး။ အ့ဲ ဒီေတာ့ မတ္ပဲေစ်းကြက္အတြက္ ေကာင္းလာမယ္လုိ႔ ေမွ်ာ္လင့္ရတာေပ့ါ။ ဒီလိုေစ်းေတြေၾကာင့္ မတ္ပဲေစ်း ကြက္ ရွင္သန္မႈကို ဆက္လက္ျဖစ္ေပၚေစႏိုင္ ပါတယ္ ”ဟု ၎က ဆက္လက္ေျပာသည္။

ၿပီးခဲ့သည့္လမ်ားက ျမန္မာႏိုင္ငံမွ ပဲမ်ားကို အိႏၵိယႏုိင္ငံဘက္မွ ၀ယ္ယူမႈ ေလ်ာ့ခ်လိုက္သျဖင့္ ျပည္တြင္းမတ္ပဲ ေစ်းကြက္မွာ ပ်က္စီးသေလာက္ ျဖစ္ေနခဲ့သည္။ သို႔ေသာ္ ယခုအခါတြင္ တရုတ္ႏိုင္ငံဘက္မွ မတ္ပဲမ်ား ျပည္ လည္ ၀ယ္ယူၿပီးေနာက္တြင္ အိႏၵိယႏုိင္ငံဘက္မွလည္း ျပန္လည္၀ယ္ယူမည့္ အရိပ္အေျခအေန ရွိေနေၾကာင္း ကုန္သည္မ်ားမွ ခန္႔မွန္းသည္။

လက္ရွိ မႏၲေလးေစ်းကြက္၌ သီးႏွံမ်ိဳးစံုမ်ားအနက္ စမံုနက္ႏွင့္ ႏွမ္းနက္တို႔မွာ သံုးတင္း၀င္ တစ္အိတ္လွ်င္ ေငြက်ပ္ ၂၀၀,၀၀၀ ႏွႈန္းျဖင့္ အျမင့္ဆံုးတြင္ရွိေနၿပီး၊ ပဲႀကီးမွာ ေငြက်ပ္ ၁၅၀,၀၀၀ ႏႈန္းျဖင့္ ဒုတိယအျမင့္ဆံုး ေစ်းေနတြင္ တည္ရွိေနသည္။ အျခားပဲအမ်ိဳးအစားမ်ားမွာ ေစ်းနိမ့္ပါးလ်က္ရွိေနေၾကာင္းႏွင့္ လက္ရွိႏႈန္းအတုိင္း ရွိေနပါက မတ္ပဲမွာ ေစ်း ေကာင္းလာႏုိင္ေၾကာင္း သိရသည္။

” မတ္ပဲကုိ အရင္က ဘယ္ႏိုင္ငံကမွ မ၀ယ္ဘူး။အဲဒီေတာ့ ကၽြန္ေတာ္တို႔လဲ စိတ္ပ်က္ရတာေပါ့။ အျခားသီးႏွံ တစ္ခုခု ေျပာင္းစိုက္ရမလားဆုိၿပီး ျဖစ္ေနတာ။ အခုမွ တရုတ္ဘက္က စ၀ယ္လာတာ။ သူတုိ႔၀ယ္ေတာ့ ကၽြန္ ေတာ္တို႔ ေတာင္သူေတြကေတာ့ အဆင္ေျပတာေပ့ါ။ မဟုတ္ရင္ ေစ်းက်ေနလည္ ေစ်းကြက္မွာလည္ေတာ့ ပတ္ေနရတာပဲ။ တစ္ခ်ိဳ႕ေတာင္သူေတြဆုိရင္ စိုက္စရိတ္ေတာင္ မရဘူး။ အရွဳံးျပေနတယ္” ဟု ေက်ာက္ပန္း ေတာင္းၿမိဳ႕နယ္မွ ေတာင္သူ ဦး၀င္းသန္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္းေခါင္

#Unicode Version#
ပြီးခဲ့သည့်နှစ်ကစလို့ အိန္ဒိယနိုင်ငံမှ ပဲဝယ်ယူမှု လျော့ချလိုက်ခြင်းကြောင့် မြန်မာ့ပဲဈေးနှုန်းများ စံချိန်တင် ကျဆင်းနေခြင်းဖြစ်သည်။ ဓာတ်ပုံ- မင်းခေါင်(AMIA)မန္တလေး၊ စက်တင်ဘာ ၁၃အိန္ဒိယနိုင်ငံမှ ဝယ်ယူမှုနည်းပါးနေခြင်းကြောင့် ဈေးကွက်ပျောက်လုနီးပါးဖြစ်နေသည့် မတ်ပဲကို သြဂုတ်လအ တွင်းမှစတင်ကာ တရုတ်နိုင်ငံမှ ဝယ်ယူလာသဖြင့် မန္တလေးပဲဈေးကွက်တွင် မတ်ပဲဈေးနှုန်းများ ပြန်လည်မြင့် တက်လာကြောင်း မန္တလေးမြို့ ‘ စိုးဝင်းမြင့်’ ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့် ပြောသည်။

အရင်တုန်းကတော့ တရုတ်ဘက်က မဝယ်ဘူး။ အခုလပိုင်းလေးမှ တရုတ်ဘက် စဝယ်လာတာ။ တရုတ်က စဝယ်လာတော့ ကျနေတဲ့ မတ်ပဲဈေးလဲ ပြန်တက်လာတယ်။ တော်တော်လေးကို ဈေးကောင်းလာတယ်” ဟု ဦးစိုးဝင်းမြင့်က ပြောသည်။ယခင်က မန္တလေးပဲဈေးကွက်တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ၃၈,၀၀၀ ကျပ် ဈေးနှုန်းအထိ ကျဆင်း နေရာမှ စက်တင်ဘာ ၁၀ ရက်နေ့တွင် သုံးတင်းဝင် တစ်အိတ်လျှင် ၄၇,၀၀၀ ကျပ် နှုန်းအထိ ဈေးမြင့်တက် လာပြီး လက်ရှိအချိန်တွင် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရေသွင်း စိုက် ပျိုးထားသော မတ်ပဲ(အသစ်များ) မန္တလေးဈေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိပြီး၊ ဈေးနှုန်းမှာ သုံးတင်းဝင် တစ်အိတ်လျှင် အဖွင့်ဈေး ၄၂,၀၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

တရုတ်ဘက်က အခုဆိုရင် ပေါက်ဈေးအတိုင်း တစ်ရက်ကို ကုန်ကား နှစ်စီးစာလောက်နဲ့ ဝယ်နေတယ်။ အဲ့ ဒီတော့ မတ်ပဲဈေးကလည်း အနည်းငယ် တက်ရိပ်ပြလာတယ်။ အရင်လို ရောင်းဖို့လည်း မခဲယဉ်းတော့ဘူး။ အဲ့ ဒီတော့ မတ်ပဲဈေးကွက်အတွက် ကောင်းလာမယ်လို့ မျှော်လင့်ရတာပေ့ါ။ ဒီလိုဈေးတွေကြောင့် မတ်ပဲဈေး ကွက် ရှင်သန်မှုကို ဆက်လက်ဖြစ်ပေါ်စေနိုင် ပါတယ် ”ဟု ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့်လများက မြန်မာနိုင်ငံမှ ပဲများကို အိန္ဒိယနိုင်ငံဘက်မှ ဝယ်ယူမှု လျော့ချလိုက်သဖြင့် ပြည်တွင်းမတ်ပဲ ဈေးကွက်မှာ ပျက်စီးသလောက် ဖြစ်နေခဲ့သည်။ သို့သော် ယခုအခါတွင် တရုတ်နိုင်ငံဘက်မှ မတ်ပဲများ ပြည် လည် ဝယ်ယူပြီးနောက်တွင် အိန္ဒိယနိုင်ငံဘက်မှလည်း ပြန်လည်ဝယ်ယူမည့် အရိပ်အခြေအနေ ရှိနေကြောင်း ကုန်သည်များမှ ခန့်မှန်းသည်။

လက်ရှိ မန္တလေးဈေးကွက်၌ သီးနှံမျိုးစုံများအနက် စမုံနက်နှင့် နှမ်းနက်တို့မှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၀၀,၀၀၀ နှှုန်းဖြင့် အမြင့်ဆုံးတွင်ရှိနေပြီး၊ ပဲကြီးမှာ ငွေကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် ဒုတိယအမြင့်ဆုံး ဈေးနေတွင် တည်ရှိနေသည်။ အခြားပဲအမျိုးအစားများမှာ ဈေးနိမ့်ပါးလျက်ရှိနေကြောင်းနှင့် လက်ရှိနှုန်းအတိုင်း ရှိနေပါက မတ်ပဲမှာ ဈေး ကောင်းလာနိုင်ကြောင်း သိရသည်။

” မတ်ပဲကို အရင်က ဘယ်နိုင်ငံကမှ မဝယ်ဘူး။အဲဒီတော့ ကျွန်တော်တို့လဲ စိတ်ပျက်ရတာပေါ့။ အခြားသီးနှံ တစ်ခုခု ပြောင်းစိုက်ရမလားဆိုပြီး ဖြစ်နေတာ။ အခုမှ တရုတ်ဘက်က စဝယ်လာတာ။ သူတို့ဝယ်တော့ ကျွန် တော်တို့ တောင်သူတွေကတော့ အဆင်ပြေတာပေ့ါ။ မဟုတ်ရင် ဈေးကျနေလည် ဈေးကွက်မှာလည်တော့ ပတ်နေရတာပဲ။ တစ်ချို့တောင်သူတွေဆိုရင် စိုက်စရိတ်တောင် မရဘူး။ အရှုံးပြနေတယ်” ဟု ကျောက်ပန်း တောင်းမြို့နယ်မှ တောင်သူ ဦးဝင်းသန်းက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: မင်းခေါင်

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top