×

ေက်ာင္းသား ၁၀၀ လွ်င္ ဆရာတစ္ဦးႏႈန္း သင္ၾကားေနရ သည့္ အေျခခံပညာေက်ာင္းမ်ား တြင္ သင္ၾကားေရးအေထာက္အ ကူျပဳ ေန႔စားလေပးဆရာ၊ ဆရာမ(Teaching Assistant) မ်ား ခန္႔ အပ္ရန္ ပညာေရး၀န္ႀကီးဌာနက စီစဥ္ေနသည္။

ထိုသို႔ခန္႔ထားရန္ ေက်ာင္းသား ၁၀၀ လွ်င္ ဆရာတစ္ဦးရွိေသာ ေက်ာင္းမ်ားစာရင္းကို စက္တင္ဘာ ဒုတိယပတ္ကစတင္ကာ  အေျခခံပညာဦးစီးဌာနက ေကာက္ယူေနသည္။

‘‘ခုက အဲဒီလို ေက်ာင္းေတြ စာရင္းေကာက္ေနတာ။ ဘယ္ ေလာက္ခန္႔မယ္ဆိုတာေတာ့ စာ ရင္းတက္လာမွ ေျပာႏိုင္မယ္’’ဟု အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမွဴးတစ္ဦးက ေျပာသည္။

ေန႔စားလေပးဆရာ၊ ဆရာမ (Teaching Assistant) အျဖစ္ အနိမ့္ဆံုး တကၠသိုလ္၀င္တန္း ေအာင္ျမင္ထားသည့္ ေဒသခံ မ်ားကို ဦးစားေပး ခန္႔အပ္ရန္ လ်ာထားၿပီး ဘြဲ႕ရရွိကာ ဆရာအ တတ္သင္တန္းမ်ားေပးၿပီးပါက အဆင့္ဆင့္ရာထူးတိုးခန္႔ထား မည္ ျဖစ္သည္။

‘‘မႏွစ္ကေတာ့ Teaching Assistant က ေက်ာင္းေတြမွာ တိုင္းရင္းသားဘာသာစကားသင္ ေပးေနတဲ့ ေဒသခံေတြကို ခန္႔တာ။အခုကေတာ့ ေက်ာင္းသားဆရာ အခ်ဳိးေပၚမူတည္ၿပီး ဆရာထပ္ခန္႔ဖို႔ စီစဥ္ေနတာထင္ပါတယ္။ ေနျပည္ေတာ္႐ုံးခ်ဳပ္က စာရင္း ေတာင္းလို႔ ကြၽန္ေတာ္တို႔ ပို႔ထား ပါတယ္။ ဒီဘက္မွာကေတာ့ ေ၀း လံေဒသဆိုေတာ့ ဆရာက အၿမဲ လိုအပ္ခ်က္ရွိပါတယ္’’ဟု ကခ်င္ ျပည္နယ္မွ ၿမိဳ႕နယ္ပညာေရးမွဴး တစ္ဦးက ဆိုသည္။

ၿပီးခဲ့သည့္ ၂၀၁၇-၁၈ ပညာ သင္ႏွစ္က အသက္ (၁၈) ႏွစ္မွ (၃၅) ႏွစ္အတြင္း အနိမ့္ဆံုးန၀မတန္း ေအာင္ျမင္ထားသည့္ တိုင္းရင္းသားေဒသခံ ၅,၁၆၁ ဦးကို တိုင္းရင္းသား ဘာသာစကားအသံုးျပဳသင္ၾကားေနသည့္ အေျခခံပညာေက်ာင္းမ်ားတြင္ ေန႔စားလေပးဆရာအျဖစ္ ခန္႔ထားခဲ့သည္။ တိုင္းရင္းသားေဒသမ်ားရွိ အေျခခံပညာေက်ာင္းအခ်ဳိ႕တြင္ ျမန္မာ ဘာသာစကား မတတ္ ကြၽမ္းသည့္ ေဒသခံေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ တိုင္းရင္းသား ဘာသာစကားမတတ္ကြၽမ္းသည့္ ဆရာ၊ ဆရာမမ်ားအၾကား သင္ ၾကား၊ သင္ယူမႈအခက္အခဲမ်ား ႀကံဳေတြ႕ခဲ့ျခင္းေၾကာင့္ တစ္ေန႔ လွ်င္ က်ပ္ ၃,၆၀၀ ႏႈန္းျဖင့္ ေဒသခံမ်ားကို ေန႔စားလေပးဆရာ၊ ဆရာမမ်ားအျဖစ္ ခန္႔ထားခဲ့သည္။

၂၀၁၇-၁၈ ပညာသင္ႏွစ္၌ အေျခခံပညာေက်ာင္းမ်ားတြင္ မူလတန္းျပဆရာ၊ ဆရာမ ၅၀,၈၂၀ ဦး၊ အလယ္တန္းျပဆရာ၊ ဆရာမ၂၂,၃၃၁ ဦး၊ အထက္တန္းျပ ဆရာ၊ ဆရာမ ၁၁,၃၅၀ ဦးလိုအပ္ေနၿပီး ငါးႏွစ္အတြင္း ျဖည့္ဆည္း ရန္ စီစဥ္ေနေၾကာင္း ပညာေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ မ်ဳိးသိမ္းႀကီးက စက္ တင္ဘာ ၁၀ ရက္တြင္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀း၌ ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Daydaily
#Unicode Version#
 ကျောင်းသား ၁၀၀ လျှင် ဆရာတစ်ဦးနှုန်း သင်ကြားနေရ သည့် အခြေခံပညာကျောင်းများ တွင် သင်ကြားရေးအထောက်အ ကူပြု နေ့စားလပေးဆရာ၊ ဆရာမ(Teaching Assistant) များ ခန့် အပ်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်။

ထိုသို့ခန့်ထားရန် ကျောင်းသား ၁၀၀ လျှင် ဆရာတစ်ဦးရှိသော ကျောင်းများစာရင်းကို စက်တင်ဘာ ဒုတိယပတ်ကစတင်ကာ  အခြေခံပညာဦးစီးဌာနက ကောက်ယူနေသည်။

‘‘ခုက အဲဒီလို ကျောင်းတွေ စာရင်းကောက်နေတာ။ ဘယ် လောက်ခန့်မယ်ဆိုတာတော့ စာ ရင်းတက်လာမှ ပြောနိုင်မယ်’’ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

နေ့စားလပေးဆရာ၊ ဆရာမ (Teaching Assistant) အဖြစ် အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ဒေသခံ များကို ဦးစားပေး ခန့်အပ်ရန် လျာထားပြီး ဘွဲ့ရရှိကာ ဆရာအ တတ်သင်တန်းများပေးပြီးပါက အဆင့်ဆင့်ရာထူးတိုးခန့်ထား မည် ဖြစ်သည်။

‘‘မနှစ်ကတော့ Teaching Assistant က ကျောင်းတွေမှာ တိုင်းရင်းသားဘာသာစကားသင် ပေးနေတဲ့ ဒေသခံတွေကို ခန့်တာ။အခုကတော့ ကျောင်းသားဆရာ အချိုးပေါ်မူတည်ပြီး ဆရာထပ်ခန့်ဖို့ စီစဉ်နေတာထင်ပါတယ်။ နေပြည်တော်ရုံးချုပ်က စာရင်း တောင်းလို့ ကျွန်တော်တို့ ပို့ထား ပါတယ်။ ဒီဘက်မှာကတော့ ဝေး လံဒေသဆိုတော့ ဆရာက အမြဲ လိုအပ်ချက်ရှိပါတယ်’’ဟု ကချင် ပြည်နယ်မှ မြို့နယ်ပညာရေးမှူး တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ပညာ သင်နှစ်က အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း အနိမ့်ဆုံးနဝမတန်း အောင်မြင်ထားသည့် တိုင်းရင်းသားဒေသခံ ၅,၁၆၁ ဦးကို တိုင်းရင်းသား ဘာသာစကားအသုံးပြုသင်ကြားနေသည့် အခြေခံပညာကျောင်းများတွင် နေ့စားလပေးဆရာအဖြစ် ခန့်ထားခဲ့သည်။ တိုင်းရင်းသားဒေသများရှိ အခြေခံပညာကျောင်းအချို့တွင် မြန်မာ ဘာသာစကား မတတ် ကျွမ်းသည့် ဒေသခံကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသား ဘာသာစကားမတတ်ကျွမ်းသည့် ဆရာ၊ ဆရာမများအကြား သင် ကြား၊ သင်ယူမှုအခက်အခဲများ ကြုံတွေ့ခဲ့ခြင်းကြောင့် တစ်နေ့ လျှင် ကျပ် ၃,၆၀၀ နှုန်းဖြင့် ဒေသခံများကို နေ့စားလပေးဆရာ၊ ဆရာမများအဖြစ် ခန့်ထားခဲ့သည်။

၂၀၁၇-၁၈ ပညာသင်နှစ်၌ အခြေခံပညာကျောင်းများတွင် မူလတန်းပြဆရာ၊ ဆရာမ ၅၀,၈၂၀ ဦး၊ အလယ်တန်းပြဆရာ၊ ဆရာမ၂၂,၃၃၁ ဦး၊ အထက်တန်းပြ ဆရာ၊ ဆရာမ ၁၁,၃၅၀ ဦးလိုအပ်နေပြီး ငါးနှစ်အတွင်း ဖြည့်ဆည်း ရန် စီစဉ်နေကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက စက် တင်ဘာ ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Daydaily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top