ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အဆင့္ျမႇင့္တည္ေဆာက္မည့္ သထံုၿမိဳ႕မေစ်းကို ေတြ႔ရစဥ္ (ဓာတ္ပံု − သႏၲာလိႈင္)

 မြန္ျပည္နယ္ သထံု ၿမိဳ႕ရွိ ၿမိဳ႕မေစ်းအဆင့္ျမႇင့္တည္ ေဆာက္ရန္ စီစဥ္မႈကို ေစ်းသူ၊ ေစ်းသားမ်ားက ကန္႔ကြက္မႈရွိေသာ္လည္း ၿမိဳ႕အဂၤါရပ္ႏွင့္ ညီၫြတ္မႈမရွိသျဖင့္ ဆက္လက္တည္ေဆာက္မည္ျဖစ္ေၾကာင္း မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာ ေအးဇံက ေျပာသည္။


အဆိုပါေစ်းႏွင့္ ပတ္သက္ ၿပီး စက္တင္ဘာ ၁၈ ရက္ လႊတ္ ေတာ္အစည္းအေ၀းတြင္ သထံုၿမိဳ႕ နယ္ျပည္နယ္လႊတ္ေတာ္ကိုယ္ စားလွယ္ ေဒၚခိုင္ခိုင္လဲ့က ေမးခြန္းေမးျမန္းသျဖင့္ စည္ပင္သာယာေရးႏွင့္ ေဆာက္လုပ္ေရး၀န္ႀကီး ဦးမင္းေက်ာ္လြင္က တည္ေဆာက္ေရးကိစၥကိုေျဖၾကားခဲ့ၿပီး မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာ ေအးဇံကလည္း ထပ္ဆင့္ေျဖၾကားသည္။

‘‘ႏွစ္ ၃၀ ေလာက္ရွိတဲ့ သထံု ေစ်းကို ဒီအတုိင္းပဲ ထားခ်င္တယ္ ဆိုရင္ အစိုးရက ခြင့္မလႊတ္ဘူး။ အႏၲရာယ္မ်ားတဲ့ ၿမိဳ႕လယ္ေကာင္သမိုင္း၀င္ေရႊစာရံေစတီအနီးမွာရွိ တဲ့ ဒီေစ်းကို အခုလိုမ်ဳိးအဆင့္အ တန္းနိမ့္၊ က်န္းမာေရးႏွင့္မညီ၊ ဘက္ေပါင္းစံုကၾကည့္ရင္ မသင့္ ေတာ္တဲ့ေစ်းကို ဒီလိုပဲ ထားမ လား။ ေစ်းရဲ႕ ေနာက္ကြယ္မွာရွိ တဲ့ စီးပြားေရးက႑ကိုေကာ မစဥ္း စားၾကေတာ့ဘူးလား။ သထံုေစ်း က ျမင္တဲ့အတိုင္းပဲ။ မီးေပးရင္ လွ်ပ္စစ္မီးအတြက္ ၀ိုင္ယာႀကိဳးေတြ မီးေလာင္မယ့္ အေျခအေနေတြရွိမယ္။ နစ္နာဆံုး႐ႈံးရင္ ဘယ္သူနစ္နာဆံုး႐ႈံးမလဲ။ ေစ်းသူ၊ ေစ်းသားေတြနစ္နာမႈမရွိေအာင္ ကြၽန္ေတာ္တို႔ လုပ္ေပးမယ္’’ဟု ေဒါက္တာ ေအးဇံက ဆိုသည္။

လယ္ယာက႑ထုတ္ကုန္၊ စက္မႈက႑ထုတ္ကုန္ႏွင့္ အျခား ထုတ္ကုန္မ်ားအားလံုး သထံုေစ်း သို႔ ေရာက္ရွိေၾကာင္း ၀န္ႀကီးခ်ဳပ္ က ေျပာသည္။

 ‘‘ေစ်းေဆာက္မယ္လို႔ သတင္းစာမွာ ေၾကာ္ျငာပါလာ တာ ကြၽန္မတို႔ လံုး၀မသိဘူး။ ေအာက္ေျခေတြနဲ႔ ေပါင္းစပ္ညႇိ ႏိႈင္းမႈမရွိလို႔ ေျမျပင္အေျခအေနနဲ႔ ကြဲလြဲေနတယ္။ ေစ်းဆိုတာ ေစ်း သူ၊ ေစ်းသားေတြရဲ႕ လိုအပ္ခ်က္ ဆႏၵေတြအမ်ားႀကီးရွိတယ္။ ယာ ယီေစ်း ေဆာက္ေပးမွာလား။ ေျပာင္းေပးရမွာလားဆိုတာ ေစ်း သူ၊ ေစ်းသားေတြ ဘာမွမသိဘူး။ ေစ်းသူ၊ ေစ်းသားေတြက ေစ်းသူ၊ ေစ်းသားရဲ႕ အသိပဲရွိတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ၾကား ထဲကေန ေပါင္းစပ္ညႇိႏိႈင္းတာပါ’’ ဟု ေဒၚခိုင္ခိုင္လဲ့က ေျပာသည္။

သထံုၿမိဳ႕မေစ်းဆိုင္ခန္းမ်ား ကို ခြင့္ျပဳခ်က္မရွိဘဲ တစ္ဆင့္ျပန္ လည္ေရာင္းခ်သူမ်ားက ကန္႔ ကြက္ေနျခင္းသာျဖစ္ေၾကာင္း အစိုးရအဖြဲ႕မွ တာ၀န္ရွိ၀န္ႀကီးက ဆိုထားေသာ္လည္း ထိုေစ်းသည္ လက္ရွိစီးပြားေရးအေျခအေန အရ ေစ်းအဆင့္ျမႇင့္တင္ရန္ မလို အပ္ေသးေၾကာင္းႏွင့္ ေစ်းသူ၊ ေစ်းသားမ်ားဆႏၵမပါဘဲ အဆိုျပဳလႊာ ေခၚယူသျဖင့္ ကန္႔ကြက္ေၾကာင္း စက္တင္ဘာ ၁၈ ရက္က လႊတ္ ေတာ္သို႔ လာေရာက္သည့္ ေစ်းသူ၊ ေစ်းသားမ်ားက ဆိုသည္။ထိုေစ်းကို အဆင့္ျမႇင့္တင္ ရန္ စိတ္၀င္စားသည့္ ျမန္မာႏုိင္ငံ သားလုပ္ငန္းရွင္မ်ားကို ျပည္နယ္ စည္ပင္သာယာေရးအဖြဲ႕က ၾသဂုတ္၂၀ ရက္၌ ႏုိင္ငံပိုင္သတင္းစာ တြင္ အဆိုျပဳလႊာမ်ားဖိတ္ေခၚ ထားသည္။

‘‘ၿမိဳ႕နယ္အတြက္ ေခတ္နဲ႔ညီ တဲ့ေစ်းကို တည္ေဆာက္ဖို႔ ျပည္ နယ္အစိုးရရန္ပံုေငြလံုေလာက္မႈ မရွိတဲ့အတြက္ Developer ေတြ ေခၚၿပီး အက်ဳိးတူပူးေပါင္းေဆာက္လုပ္ျခင္း ျဖစ္တယ္။ ေလွ်ာက္လႊာလာ၀ယ္တဲ့သူ သံုးဦးအထိရွိေနတယ္။ ေစ်းက အသံထြက္ေနတဲ့အတြက္ လာတင္တဲ့ Developer ေတြမရွိေသးဘူး’’ဟု ဦးမင္းေက်ာ္လြင္က ေျပာသည္။

ေစ်းသူ၊ ေစ်းသားမ်ား၏ မတူညီသည့္ အခန္းအေနအထား မ်ားကို Developer က အခန္းအ ဆင့္ဆင့္ ေဆာင္ရြက္မည္ျဖစ္ၿပီး ေစ်းသူ၊ ေစ်းသားမ်ားကို စည္ပင္ သာယာေရးအဖြဲ႕က ငွားရမ္းခြင့္ သာ ေပးထားကာ ေရာင္းခ်ထား ျခင္းမရွိ၍ အဆိုပါေစ်းတည္ ေဆာက္မည္ဆိုလွ်င္ ေစ်းသူ၊ ေစ်း သားမ်ား အခက္အခဲမျဖစ္ေစရန္ယာယီေစ်းအတြက္ ေျမေနရာရွာေဖြထားၿပီးျဖစ္ေၾကာင္း ဦးမင္းေက်ာ္လြင္က ဆိုသည္။

သထံုၿမိဳ႕မေစ်းသည္ ေျမ ၄ ဒသမ၂၆၈ ဧက က်ယ္၀န္းၿပီးေစ်းဆိုင္ ၁,၁၄၁ ခန္းရွိကာ ေစ်း႐ုံမ်ားႀကံ႕ခိုင္ေရး ေကာင္းမြန္ေနေၾကာင္း၊ အေရာင္း၊ အ၀ယ္မေကာင္း၍ ေစ်းဆိုင္ခန္းအလြတ္မ်ားစြာရွိေၾကာင္း ေစ်းသူ၊ ေစ်းသားမ်ားက ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
အဆင့်မြှင့်တည်ဆောက်မည့် သထုံမြို့မဈေးကို တွေ့ရစဉ် (ဓာတ်ပုံ − သန္တာလှိုင်)

 မွန်ပြည်နယ် သထုံ မြို့ရှိ မြို့မဈေးအဆင့်မြှင့်တည် ဆောက်ရန် စီစဉ်မှုကို ဈေးသူ၊ ဈေးသားများက ကန့်ကွက်မှုရှိသော်လည်း မြို့အင်္ဂါရပ်နှင့် ညီညွတ်မှုမရှိသဖြင့် ဆက်လက်တည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။


အဆိုပါဈေးနှင့် ပတ်သက် ပြီး စက်တင်ဘာ ၁၈ ရက် လွှတ် တော်အစည်းအဝေးတွင် သထုံမြို့ နယ်ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မေးခွန်းမေးမြန်းသဖြင့် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က တည်ဆောက်ရေးကိစ္စကိုဖြေကြားခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကလည်း ထပ်ဆင့်ဖြေကြားသည်။

‘‘နှစ် ၃၀ လောက်ရှိတဲ့ သထုံ ဈေးကို ဒီအတိုင်းပဲ ထားချင်တယ် ဆိုရင် အစိုးရက ခွင့်မလွှတ်ဘူး။ အန္တရာယ်များတဲ့ မြို့လယ်ကောင်သမိုင်းဝင်ရွှေစာရံစေတီအနီးမှာရှိ တဲ့ ဒီဈေးကို အခုလိုမျိုးအဆင့်အ တန်းနိမ့်၊ ကျန်းမာရေးနှင့်မညီ၊ ဘက်ပေါင်းစုံကကြည့်ရင် မသင့် တော်တဲ့ဈေးကို ဒီလိုပဲ ထားမ လား။ ဈေးရဲ့ နောက်ကွယ်မှာရှိ တဲ့ စီးပွားရေးကဏ္ဍကိုကော မစဉ်း စားကြတော့ဘူးလား။ သထုံဈေး က မြင်တဲ့အတိုင်းပဲ။ မီးပေးရင် လျှပ်စစ်မီးအတွက် ဝိုင်ယာကြိုးတွေ မီးလောင်မယ့် အခြေအနေတွေရှိမယ်။ နစ်နာဆုံးရှုံးရင် ဘယ်သူနစ်နာဆုံးရှုံးမလဲ။ ဈေးသူ၊ ဈေးသားတွေနစ်နာမှုမရှိအောင် ကျွန်တော်တို့ လုပ်ပေးမယ်’’ဟု ဒေါက်တာ အေးဇံက ဆိုသည်။

လယ်ယာကဏ္ဍထုတ်ကုန်၊ စက်မှုကဏ္ဍထုတ်ကုန်နှင့် အခြား ထုတ်ကုန်များအားလုံး သထုံဈေး သို့ ရောက်ရှိကြောင်း ဝန်ကြီးချုပ် က ပြောသည်။

 ‘‘ဈေးဆောက်မယ်လို့ သတင်းစာမှာ ကြော်ငြာပါလာ တာ ကျွန်မတို့ လုံးဝမသိဘူး။ အောက်ခြေတွေနဲ့ ပေါင်းစပ်ညှိ နှိုင်းမှုမရှိလို့ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ်။ ဈေးဆိုတာ ဈေး သူ၊ ဈေးသားတွေရဲ့ လိုအပ်ချက် ဆန္ဒတွေအများကြီးရှိတယ်။ ယာ ယီဈေး ဆောက်ပေးမှာလား။ ပြောင်းပေးရမှာလားဆိုတာ ဈေး သူ၊ ဈေးသားတွေ ဘာမှမသိဘူး။ ဈေးသူ၊ ဈေးသားတွေက ဈေးသူ၊ ဈေးသားရဲ့ အသိပဲရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ကြား ထဲကနေ ပေါင်းစပ်ညှိနှိုင်းတာပါ’’ ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

သထုံမြို့မဈေးဆိုင်ခန်းများ ကို ခွင့်ပြုချက်မရှိဘဲ တစ်ဆင့်ပြန် လည်ရောင်းချသူများက ကန့် ကွက်နေခြင်းသာဖြစ်ကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိဝန်ကြီးက ဆိုထားသော်လည်း ထိုဈေးသည် လက်ရှိစီးပွားရေးအခြေအနေ အရ ဈေးအဆင့်မြှင့်တင်ရန် မလို အပ်သေးကြောင်းနှင့် ဈေးသူ၊ ဈေးသားများဆန္ဒမပါဘဲ အဆိုပြုလွှာ ခေါ်ယူသဖြင့် ကန့်ကွက်ကြောင်း စက်တင်ဘာ ၁၈ ရက်က လွှတ် တော်သို့ လာရောက်သည့် ဈေးသူ၊ ဈေးသားများက ဆိုသည်။ထိုဈေးကို အဆင့်မြှင့်တင် ရန် စိတ်ဝင်စားသည့် မြန်မာနိုင်ငံ သားလုပ်ငန်းရှင်များကို ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က သြဂုတ်၂၀ ရက်၌ နိုင်ငံပိုင်သတင်းစာ တွင် အဆိုပြုလွှာများဖိတ်ခေါ် ထားသည်။

‘‘မြို့နယ်အတွက် ခေတ်နဲ့ညီ တဲ့ဈေးကို တည်ဆောက်ဖို့ ပြည် နယ်အစိုးရရန်ပုံငွေလုံလောက်မှု မရှိတဲ့အတွက် Developer တွေ ခေါ်ပြီး အကျိုးတူပူးပေါင်းဆောက်လုပ်ခြင်း ဖြစ်တယ်။ လျှောက်လွှာလာဝယ်တဲ့သူ သုံးဦးအထိရှိနေတယ်။ ဈေးက အသံထွက်နေတဲ့အတွက် လာတင်တဲ့ Developer တွေမရှိသေးဘူး’’ဟု ဦးမင်းကျော်လွင်က ပြောသည်။

ဈေးသူ၊ ဈေးသားများ၏ မတူညီသည့် အခန်းအနေအထား များကို Developer က အခန်းအ ဆင့်ဆင့် ဆောင်ရွက်မည်ဖြစ်ပြီး ဈေးသူ၊ ဈေးသားများကို စည်ပင် သာယာရေးအဖွဲ့က ငှားရမ်းခွင့် သာ ပေးထားကာ ရောင်းချထား ခြင်းမရှိ၍ အဆိုပါဈေးတည် ဆောက်မည်ဆိုလျှင် ဈေးသူ၊ ဈေး သားများ အခက်အခဲမဖြစ်စေရန်ယာယီဈေးအတွက် မြေနေရာရှာဖွေထားပြီးဖြစ်ကြောင်း ဦးမင်းကျော်လွင်က ဆိုသည်။

သထုံမြို့မဈေးသည် မြေ ၄ ဒသမ၂၆၈ ဧက ကျယ်ဝန်းပြီးဈေးဆိုင် ၁,၁၄၁ ခန်းရှိကာ ဈေးရုံများကြံ့ခိုင်ရေး ကောင်းမွန်နေကြောင်း၊ အရောင်း၊ အဝယ်မကောင်း၍ ဈေးဆိုင်ခန်းအလွတ်များစွာရှိကြောင်း ဈေးသူ၊ ဈေးသားများက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top