Credit: FDA
#Unicode Version#
မေတ္တာရှင် တိုင်းရင်းဆေးသည် နိုင်ငံခြားဆေးများ
ရောနှောထားသည်ဟု သံသယဖြစ်မိ၍ ၂၀၁၄ ခုနှစ်
ကတည်းက နေပြည်တော် FDA ကို တိုင်ကြားခဲ့ပါ
သည်။ ဤဆေးသောက်ကြ၍ ချက်ချင်းရောဂါ ပျောက် သည်ဟု နာမည်ကြီးပြီး ကျန်းမာရေးဗဟုသုတ နည်းပါး၍ အလုပ်ပင်ပန်းကြသူများ.. အဆစ်မြစ်ကိုက်သူအများတို့သည် နိုင်ငံတဝှမ်း ဒေသအနှံ့တွင် ယနေ့ထက်တိုင် တွင်ကျယ်စွာ သောက်သုံးနေကြပါသည်။
နောက်ဆုံးအကြိမ်(တတိယမြောက်) တိုင်ကြားခြင်း
အား ပဲခူးတိုင်း FDA မှ ဦးစီးမှူး ဒေါက်တာမြတ်မိုးကြည်
မှ ကူညီဆောင်ရွက်ပေးသဖြင့် ယခုအခါ သောက်သုံးရန်မသင့်သော ဆေးဝါးအဖြစ် ကြေညာနိုင်ခဲ့ပြီ ဖြစ်ပါသည်။ (ဆရာမ အကူညီမပါပါက ယခုကဲ့သို့ မအောင်မြင်နိုင်ပါ။) လက်ရှိလည်း ရပ်ကွက်အတွင်းမှ ကုန်စုံဆိုင်များတွင် ဝယ်၍ရနေပါသေးသည်။
ဤဆေးကို စွဲသောက်သော လူနာများသည်..
ဆေးဖြတ်မရသောလူများ ဖြစ်သွားခြင်း၊
မျက်နှာကြီးဝိုင်း၍ ဂုတ်ပိုးထူထပ်သွားခြင်း၊
အစာအိမ်ရောဂါပါ အဆစ်ရလာခြင်း၊
ဆေးရပ်လိုက်သည့်နေ့ စားမဝင်အိပ်မပျော်ဖြစ်ခြင်း၊
နှေးကွေးလေးဖင့်လွန်းခြင်း..
အစရှိသည်များ ဖြစ်ပွားလာတတ်ပါသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် FDA မှ သောက်သုံးရန်မသင့်သော ဆေးအဖြစ် ကြေညာထားသော မေတ္တာရှင် တိုင်းရင်းဆေးအား မသောက်သုံးကြရန် အသိပေးအပ်ပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: FDA
သောက်သုံးရန်မသင့်သော မေတ္တာရှင် တိုင်းရင်းဆေး
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။