ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 ေလာကအလယ္ အသက္ရွင္ေနသူေတြအတြက္ေတာ့
ေန႔စဥ္နဲ႔အမွ် တစ္ေယာက္နဲ႔ တစ္ေယာက္
ေျပာၾက၊ဆုိၾကရတာပါ။
တစ္ခါတရံ ေျပာသူက ေျပာျပီးရင္
ၿပီးေရာျဖစ္သြားေပမယ့္၊
ခံရတဲ့သူဖက္က စိတ္မသက္မသာ ျဖစ္ၾကရပါတယ္၊
တခါတရံ ကုိယ္ကဒီအတုိင္း ေအးေအးေဆးေဆးေနေပမယ့္၊
မ်က္စိစုံမွိတ္ အထင္လဲြျပီး တုန္႔ျပန္မႈမ်ိဳးစုံကုိ
ေပးတတ္ျပန္ပါတယ္။

“ကကစူပမသုတ္”မွာ ဘုရားရွင္
ေဟာျပေတာ္မူတာကေတာ့ 。。。。
●လူတခ်ဳိ႕က စကားေျပာတဲ့အခါ
ေျပာသင့္တဲ့အခ်ိန္မွန္းမသိ၊
မေျပာသင့္တဲ့အခ်ိန္မွန္းမသိ ေျပာၾကလိမ့္မယ္၊

●လူတခ်ဳိ႕က မွန္တာေရာ၊မမွန္တာေရာ
ေျပာၾကလိမ့္မယ္(သူတုိ႔ခံစားရတဲ့အတုိင္း
သူတုိ႔အထင္အျမင္အတုိင္းေပါ့။)

●လူတခ်ဳိ႕က လူမ်ားနား၀င္မခ်ိဳေအာင္ ခပ္ၾကမ္းၾကမ္း၊
တခ်ဳိ႕ၾကေတာ့လဲ သိမ္သိမ္ေမြ႔ေမြ႔ ေျပာၾကဆုိၾကလိမ့္မယ္။
(လုိရင္တမ်ိဳး၊မလုိရင္တမ်ိဳး)

●လူတခ်ဳိ႕က အက်ိဳးသင့္အေၾကာင္းသင့္ ေျပာၾကသလုိ၊
တခ်ဳိ႕က က်ိဳးေၾကာင္းမဲ့ ေျပာၾကလိမ့္မယ္။

●လူတခ်ဳိ႕က ေမတၱာစိတ္နဲ႔ေျပာေပမယ့္ ၊
တခ်ဳိ႕ကေတာ့ မလုိမုန္းတီးတဲ့စိတ္ေတြ ၊
ေအာင္ျမင္ေနတာကုိ မုဒိတာ မပြားႏုိင္တဲ့စိတ္ေတြနဲ႔
ေျပာၾကလိမ့္မယ္..တဲ့။

ပတ္၀န္းက်င္ မိတ္ေဆြ အေပါင္းအသင္းေတြဟာ
ဒီ ငါးမ်ိဳး ထဲက တစ္ခုခုနဲ႔ စကားေျပာလာတဲ့အခါ

☆ကုိယ့္ဖက္က သူတုိ႔ေကာင္းတာေျပာလုိ႔
ခ်ိဳခ်ိဳသာသာေျပာလုိ႔လဲ စိတ္ကတမ်ိဳးမျဖစ္ပါနဲ႔။

☆ကုိယ့္ကုိ မလုိတမာ မုန္းတီးေျပာဆုိ(အတင္းတုတ္)
ေနလုိ႔လည္း စိတ္ကုိ ဘာမွမျဖစ္ေစပါနဲ႔။

☆သူတုိ႔ဘာေျပာေျပာ ၊ကုိယ့္ဖက္က
အဆင့္အတန္းမရွိတဲ့ စကားကုိလည္း
မေျပာမိေစနဲ႔။
(သူတုိ႔အမွားကုိ ကုိယ့္အမွားမျဖစ္ေစနဲ႔)

☆ေျပာခ်င္သလုိသာ ေျပာၾကပါေတာ့။
ကုိယ္ကေတာ့ ေမတၱာမပ်က္ေနႏုိင္ရမယ္။
အဲဒီေျပာတဲ့သူေတြကုိ ေမတၱာပုိ႔ေပးပါ။

ရန္လုိမႈ ၊မုန္းတီးမႈ ၊မေက်နပ္မႈ ၊မနာလုိမႈကင္းတဲ့
ေမတၱာစိတ္ေတြကုိ သတၱ၀ါအားလုံးေပၚမွာ
ျဖစ္ေနေစရမယ္တဲ့။
ဒါကေတာ့ ဘုရားရွင္လမ္းညႊန္ျပတဲ့ တရားေတာ္ပါ၊

လူဆုိတာ ခံစားခ်က္ရယ္ ၊
တကုိယ္ေတာ္အေတြးရယ္ေပၚမွာ
မူတည္ျပီး မွားတာ၊မွန္တာ မခဲြျခားႏုိင္ဘဲ ၊
လုိရင္ လုိသလုိ ၊မလုိရင္ မလုိသလုိ
ေျပာတတ္ ၊ ဆုိတတ္ၾကပါတယ္။
ဒါကုိသိေတာ္မူတဲ့ ဘုရားရွင္က သူတုိ႔ဘာေတြေျပာေျပာ
ဘယ္လုိေတြအထင္လဲြလဲြ ၊သင့္ဖက္က စျပီး
မေက်မနပ္မျဖစ္လုိက္ပါနဲ႔ လုိ႔ ေဟာေတာ္မူတာပါ။

►အေပၚယံဟန္ေရးျပ ၊ေျပာတာ နဲ႔
လုပ္တာ တျခားစီျဖစ္တတ္တဲ့ေလာက
(တခ်ဳိ႕က အုံ႔ပုန္း၊တခ်ဳိ႕က ပြင့္ပြင့္လင္းလင္း
အတြင္းညစ္ပတ္ အျပင္ညစ္ပတ္ ျဖစ္ေနတဲ့ေလာကမွာ
သင္တုိ႔ဖက္က စျပီး ေဒါသ အာဃာတမျဖစ္ပါေစနဲ႔
လုိ႔လည္း မိန္႔ေတာ္မူ လုိတာျဖစ္ပါတယ္။

►ကုိယ့္ေပၚကုိ မေက်နပ္သူ ၊အထင္အျမင္လဲြသူ ၊
သေဘာထားကဲြလဲြသူေတြကုိ ဗဟုိျပဳျပီး
ေမတၱာစိတ္ေတြမ်ားမ်ား ပုိ႔လႊတ္ေပးႏုိင္ရင္
ကုိယ္ဟာ ေလာကမွာေနေပ်ာ္သူျဖစ္ေနမွာပါ။

►ေကာင္းကင္ေပၚကုိ ေမာ့ျပီး တံေတြးေထြးသူဟာ
သူ႔အေပၚကုိ ျပန္ျပီး တံေတြးေတြ ျပန္ယူရသလုိပါ၊

မေက်မနပ္ျဖစ္ခ်ိန္မွာေရာ၊
မေက်နပ္တဲ့အတြက္ေၾကာင့္
ေစာင္းကာ ေျမာင္းကာ ျပဳမူေျပာဆုိခ်ိန္မွာေရာ၊
အကုသုိလ္ေတြ တပုံတပင္ျဖစ္ရသလုိ
သူကုိယ္တုိင္လဲ စိတ္ဆင္းရဲ ၊
ကုိယ္ဆင္းရဲျဖစ္ရမွာ ေသခ်ာလွပါတယ္။
သူတုိ႔ေပးတဲ့ ေဒါသ မေက်နပ္ခ်က္ေတြကုိ
ကုိယ္က မခံယူရင္ ဘာမွမျဖစ္ပါဘူး။
ခံယူမိလုိ႔သာ ကုိယ့္စိတ္က မေက်မနပ္ျပန္ျဖစ္မိတာပါ၊

ဘုရားရွင္ကုိေတာင္မွ တိတၳိေတြက
“ဘုရားရွင္က တရားေဟာတဲ့အခါ
မ်က္ႏွာလုိက္ျပီးေဟာတယ္၊
သူ႔တပည့္ေတြကုိေတာ့ အမ်ားၾကီးေဟာျပီး
သူတုိ႔ကုိေတာ့ နည္းနည္းပဲ ေဟာတယ္”လုိ႔
ေျပာဆုိစြပ္စဲြခံရဖူးပါတယ္။

အလွမာန္ရစ္ေနတဲ့ မာဂ႑ိဆုိတဲ့ အမ်ိဳးသမီးကုိ..
“နင္လုိ မစင္ေတြနဲ႔ျပည့္ေနတဲ့ အပုပ္ေကာင္ကုိ
ေျခဖ်ားနဲ႔ေတာင္ မထိခ်င္ဘူး” လုိ႔ေျပာခံလုိက္ရေတာ့
ဘုရားရွင္အေပၚမွာျငိဳးမာန္ဖဲြ႔ရက္စက္ တုန္႔ျပန္ခဲ့ဖူးတယ္။

တကယ္ေတာ့ …
စိတ္အရည္အေသြးျပည့္၀သူ၊
စိတ္သေဘာထားၾကီးျမတ္သူ ဆုိတာ
ေကာင္းတာျဖစ္ေစ၊ဆုိးတာျဖစ္ေစ
မတုန္မလႈပ္ရွိႏုိင္ရမွာပါ။
ဘယ္လုိပဲၾကံဳၾကံဳ၊ဘာေတြပဲေျပာေျပာ၊
ေျပာသူအေပၚမွာ ေမတၱာမပ်က္ေအာင္ ေနႏုိင္ျပီဆုိရင္
ဘ၀ဟာေနေပ်ာ္စရာ ေက်နပ္စရာေတြျဖစ္ေနပါလိမ့္မယ္။
တဆင့္တက္ျပီး သာသနာနဲ႔ၾကံဳတုန္း
အေကာင္းဆုံးေတြမ်ားမ်ားယူျပီး၊
လက္က်န္အခ်ိန္ေတြမွာ သမုိင္းေကာင္းေလးေတြ
ခ်န္ထားရစ္ႏုိင္ေအာင္ ၾကိဳးစားေနရအုံးမွာပါ။

-【အရွင္တိကၡဥာဏာလကၤာရ - ေယာႏြယ္】

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓမၼရတနာ
# Unicode Version ျဖင့္ ဖတ္ပါ #
 လောကအလယ် အသက်ရှင်နေသူတွေအတွက်တော့
နေ့စဉ်နဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက်
ပြောကြ၊ဆိုကြရတာပါ။
တစ်ခါတရံ ပြောသူက ပြောပြီးရင်
ပြီးရောဖြစ်သွားပေမယ့်၊
ခံရတဲ့သူဖက်က စိတ်မသက်မသာ ဖြစ်ကြရပါတယ်၊
တခါတရံ ကိုယ်ကဒီအတိုင်း အေးအေးဆေးဆေးနေပေမယ့်၊
မျက်စိစုံမှိတ် အထင်လွဲပြီး တုန့်ပြန်မှုမျိုးစုံကို
ပေးတတ်ပြန်ပါတယ်။

“ကကစူပမသုတ်”မှာ ဘုရားရှင်
ဟောပြတော်မူတာကတော့ 。。。。
●လူတချို့က စကားပြောတဲ့အခါ
ပြောသင့်တဲ့အချိန်မှန်းမသိ၊
မပြောသင့်တဲ့အချိန်မှန်းမသိ ပြောကြလိမ့်မယ်၊

●လူတချို့က မှန်တာရော၊မမှန်တာရော
ပြောကြလိမ့်မယ်(သူတို့ခံစားရတဲ့အတိုင်း
သူတို့အထင်အမြင်အတိုင်းပေါ့။)

●လူတချို့က လူများနားဝင်မချိုအောင် ခပ်ကြမ်းကြမ်း၊
တချို့ကြတော့လဲ သိမ်သိမ်မွေ့မွေ့ ပြောကြဆိုကြလိမ့်မယ်။
(လိုရင်တမျိုး၊မလိုရင်တမျိုး)

●လူတချို့က အကျိုးသင့်အကြောင်းသင့် ပြောကြသလို၊
တချို့က ကျိုးကြောင်းမဲ့ ပြောကြလိမ့်မယ်။

●လူတချို့က မေတ္တာစိတ်နဲ့ပြောပေမယ့် ၊
တချို့ကတော့ မလိုမုန်းတီးတဲ့စိတ်တွေ ၊
အောင်မြင်နေတာကို မုဒိတာ မပွားနိုင်တဲ့စိတ်တွေနဲ့
ပြောကြလိမ့်မယ်..တဲ့။

ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းတွေဟာ
ဒီ ငါးမျိုး ထဲက တစ်ခုခုနဲ့ စကားပြောလာတဲ့အခါ

☆ကိုယ့်ဖက်က သူတို့ကောင်းတာပြောလို့
ချိုချိုသာသာပြောလို့လဲ စိတ်ကတမျိုးမဖြစ်ပါနဲ့။

☆ကိုယ့်ကို မလိုတမာ မုန်းတီးပြောဆို(အတင်းတုတ်)
နေလို့လည်း စိတ်ကို ဘာမှမဖြစ်စေပါနဲ့။

☆သူတို့ဘာပြောပြော ၊ကိုယ့်ဖက်က
အဆင့်အတန်းမရှိတဲ့ စကားကိုလည်း
မပြောမိစေနဲ့။
(သူတို့အမှားကို ကိုယ့်အမှားမဖြစ်စေနဲ့)

☆ပြောချင်သလိုသာ ပြောကြပါတော့။
ကိုယ်ကတော့ မေတ္တာမပျက်နေနိုင်ရမယ်။
အဲဒီပြောတဲ့သူတွေကို မေတ္တာပို့ပေးပါ။

ရန်လိုမှု ၊မုန်းတီးမှု ၊မကျေနပ်မှု ၊မနာလိုမှုကင်းတဲ့
မေတ္တာစိတ်တွေကို သတ္တဝါအားလုံးပေါ်မှာ
ဖြစ်နေစေရမယ်တဲ့။
ဒါကတော့ ဘုရားရှင်လမ်းညွှန်ပြတဲ့ တရားတော်ပါ၊

လူဆိုတာ ခံစားချက်ရယ် ၊
တကိုယ်တော်အတွေးရယ်ပေါ်မှာ
မူတည်ပြီး မှားတာ၊မှန်တာ မခွဲခြားနိုင်ဘဲ ၊
လိုရင် လိုသလို ၊မလိုရင် မလိုသလို
ပြောတတ် ၊ ဆိုတတ်ကြပါတယ်။
ဒါကိုသိတော်မူတဲ့ ဘုရားရှင်က သူတို့ဘာတွေပြောပြော
ဘယ်လိုတွေအထင်လွဲလွဲ ၊သင့်ဖက်က စပြီး
မကျေမနပ်မဖြစ်လိုက်ပါနဲ့ လို့ ဟောတော်မူတာပါ။

►အပေါ်ယံဟန်ရေးပြ ၊ပြောတာ နဲ့
လုပ်တာ တခြားစီဖြစ်တတ်တဲ့လောက
(တချို့က အုံ့ပုန်း၊တချို့က ပွင့်ပွင့်လင်းလင်း
အတွင်းညစ်ပတ် အပြင်ညစ်ပတ် ဖြစ်နေတဲ့လောကမှာ
သင်တို့ဖက်က စပြီး ဒေါသ အာဃာတမဖြစ်ပါစေနဲ့
လို့လည်း မိန့်တော်မူ လိုတာဖြစ်ပါတယ်။

►ကိုယ့်ပေါ်ကို မကျေနပ်သူ ၊အထင်အမြင်လွဲသူ ၊
သဘောထားကွဲလွဲသူတွေကို ဗဟိုပြုပြီး
မေတ္တာစိတ်တွေများများ ပို့လွှတ်ပေးနိုင်ရင်
ကိုယ်ဟာ လောကမှာနေပျော်သူဖြစ်နေမှာပါ။

►ကောင်းကင်ပေါ်ကို မော့ပြီး တံတွေးထွေးသူဟာ
သူ့အပေါ်ကို ပြန်ပြီး တံတွေးတွေ ပြန်ယူရသလိုပါ၊

မကျေမနပ်ဖြစ်ချိန်မှာရော၊
မကျေနပ်တဲ့အတွက်ကြောင့်
စောင်းကာ မြောင်းကာ ပြုမူပြောဆိုချိန်မှာရော၊
အကုသိုလ်တွေ တပုံတပင်ဖြစ်ရသလို
သူကိုယ်တိုင်လဲ စိတ်ဆင်းရဲ ၊
ကိုယ်ဆင်းရဲဖြစ်ရမှာ သေချာလှပါတယ်။
သူတို့ပေးတဲ့ ဒေါသ မကျေနပ်ချက်တွေကို
ကိုယ်က မခံယူရင် ဘာမှမဖြစ်ပါဘူး။
ခံယူမိလို့သာ ကိုယ့်စိတ်က မကျေမနပ်ပြန်ဖြစ်မိတာပါ၊

ဘုရားရှင်ကိုတောင်မှ တိတ္ထိတွေက
“ဘုရားရှင်က တရားဟောတဲ့အခါ
မျက်နှာလိုက်ပြီးဟောတယ်၊
သူ့တပည့်တွေကိုတော့ အများကြီးဟောပြီး
သူတို့ကိုတော့ နည်းနည်းပဲ ဟောတယ်”လို့
ပြောဆိုစွပ်စွဲခံရဖူးပါတယ်။

အလှမာန်ရစ်နေတဲ့ မာဂဏ္ဍိဆိုတဲ့ အမျိုးသမီးကို..
“နင်လို မစင်တွေနဲ့ပြည့်နေတဲ့ အပုပ်ကောင်ကို
ခြေဖျားနဲ့တောင် မထိချင်ဘူး” လို့ပြောခံလိုက်ရတော့
ဘုရားရှင်အပေါ်မှာငြိုးမာန်ဖွဲ့ရက်စက် တုန့်ပြန်ခဲ့ဖူးတယ်။

တကယ်တော့ …
စိတ်အရည်အသွေးပြည့်ဝသူ၊
စိတ်သဘောထားကြီးမြတ်သူ ဆိုတာ
ကောင်းတာဖြစ်စေ၊ဆိုးတာဖြစ်စေ
မတုန်မလှုပ်ရှိနိုင်ရမှာပါ။
ဘယ်လိုပဲကြုံကြုံ၊ဘာတွေပဲပြောပြော၊
ပြောသူအပေါ်မှာ မေတ္တာမပျက်အောင် နေနိုင်ပြီဆိုရင်
ဘဝဟာနေပျော်စရာ ကျေနပ်စရာတွေဖြစ်နေပါလိမ့်မယ်။
တဆင့်တက်ပြီး သာသနာနဲ့ကြုံတုန်း
အကောင်းဆုံးတွေများများယူပြီး၊
လက်ကျန်အချိန်တွေမှာ သမိုင်းကောင်းလေးတွေ
ချန်ထားရစ်နိုင်အောင် ကြိုးစားနေရအုံးမှာပါ။

-【အရှင်တိက္ခဉာဏာလင်္ကာရ - ယောနွယ်】

ဖိုးသူတော် (www.phothutaw.com)
Credit:ဓမ္မရတနာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top