မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ခြင့္ျပဳခ်က္မရွိဘဲ ဖြင့္လွစ္ခဲ့သည့္ ဘဏ္ခဲြမ်ားအတြက္ ကေမၻာဇဘဏ္လီမိတက္ကို ဒဏ္ေၾကးေငြေပးေဆာင္ေစေရး စီစဥ္ေန ေၾကာင္း ဗဟိုဘဏ္ဒုဥကၠ႒ဦးစိုးမင္းက ယမန္ေန႔တြင္ က်င္းပေသာ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀း၌ ေျပာသည္။

ခြင့္ျပဳခ်က္မယူဘဲ ဖြင့္လွစ္ခဲ့ေသာ  ကေမၻာဇဘဏ္ခြဲမ်ားကို စိစစ္ ေဆာင္ရြက္ၿပီး ဥပေဒစည္းမ်ဥ္းၫႊန္ၾကားခ်က္မ်ားအတုိင္း ဗဟိုဘဏ္က အျမန္ဆုံးေဆာင္ရြက္သင့္ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ ျပည္သူ႔ ေငြစာရင္း ပူးေပါင္းေကာ္မတီက အႀကံျပဳထားၿပီး ယင္းကိစၥကို ျမန္မာ ႏုိင္ငံေတာ္ဗဟိုဘဏ္ ဒါ႐ိုက္တာအဖဲြ႕အစည္းအေ၀းဆုံးျဖတ္ခ်က္အရ အေရးယူရန္ေဆာင္ရြက္ေနသည္ဟု ဦးစိုးမင္းက ရွင္းျပသည္။

ကေမၻာဇဘဏ္က ေပးေဆာင္ရမည့္ ဒဏ္ေၾကး ပမာဏကိုမူ ဗဟိုဘဏ္ဒုဥကၠ႒က ေျပာၾကားျခင္း မရွိေပ။

ကေမၻာဇဘဏ္သည္ ယခု ႏွစ္ ေဖေဖာ္၀ါရီ ၇ ရက္အထိ ဘဏ္ခဲြ ၄၂၆ ခု ဖြင့္လွစ္ထားေၾကာင္း ဗဟိုဘဏ္သို႔ တင္ျပထားေသာ္ လည္း ႏုိင္ငံပိုင္သတင္းစာမ်ား၌ ၂၀၁၇ ႏို၀င္ဘာ ၁၀ ရက္တြင္ ဘဏ္ခဲြအေရအတြက္ ၅၀၀ ျပည့္ေျမာက္ေၾကာင္း ေဖာ္ျပထားသျဖင့္ ယင္းကဲြလဲြမႈကို ဗဟိုဘဏ္က စိစစ္ခဲ့ျခင္းျဖစ္သည္။

ဗဟိုဘဏ္ ခြင့္ျပဳခ်က္မရွိဘဲ ဘဏ္ခဲြဖြင့္လွစ္ရသည့္ အ ေၾကာင္းရင္းကို ရွင္းလင္းရန္ ၿပီးခဲ့သည့္ ေမလ ၂၃ ရက္တြင္ ဗဟိုဘဏ္က ကေမၻာဇဘဏ္သို႔ အေၾကာင္းၾကားရာ သက္ဆုိင္ရာဘဏ္က ေမလ ၂၈ ရက္တြင္ ၎တို႔ဖြင့္လွစ္ထားသည့္ ဘဏ္ခဲြအေရအတြက္ကို ျပန္လည္ေပးပို႔ ရွင္းလင္းခဲ့သည္ဟု ဆုိသည္။

ယင္းရွင္းလင္းခ်က္ စာရင္း မ်ားအရ ကေမၻာဇဘဏ္၏ ဖြင့္ လွစ္ၿပီးေသာ ဘဏ္ခဲြႀကီး ၄၁၀ ၊ ဘဏ္ခဲြငယ္ ၉၉ ခုအနက္ ခြင့္ျပဳခ်က္မရမီ ဖြင့္လွစ္ေသာ ဘဏ္ခဲြႀကီး ၃၃ ခုရွိေၾကာင္း ဗဟုိဘဏ္ရွင္းလင္းခ်က္၌ ေဖာ္ျပထားသည္။ ဗဟိုဘဏ္ရွင္းလင္းခ်က္အရမူ ေမလ ၂၈ ရက္အထိ ကေမၻာဇဘဏ္က ဘဏ္ခဲြစုစုေပါင္း ၅၀၉ခု ဖြင့္လွစ္ထားသည့္ သေဘာသက္ေရာက္ေနသည္။ ထုိ႔ေၾကာင့္ ခြင့္ျပဳခ်က္မယူဘဲ ဖြင့္လွစ္ေသာ ဘဏ္ခဲြအေရအတြက္ ကဲြလဲြမႈကို ဗဟိုဘဏ္က စိစစ္ေနသည္ဟု ဆုိ သည္။

အထက္ပါကိစၥႏွင့္ ပတ္ သက္၍ ကေမၻာဇဘဏ္ အႀကီး တန္း အႀကံေပး ဦးသန္းလြင္က ယခင္က ဗဟိုဘဏ္ ခြင့္ျပဳခ်က္ မရွိဘဲ ဖြင့္လွစ္ခဲ့သည့္ ဘဏ္ခဲြအခ်ဳိ႕ရွိေၾကာင္းႏွင့္ ဘဏ္ခဲြဖြင့္လွစ္ရန္ ေျမေနရာ၊ အေဆာက္အအုံ တည္ေဆာက္ၿပီးကာ ၀န္ထမ္းခန္႔အပ္ထားၿပီးျဖစ္၍ ေဒသခံမ်ား စိုးရိမ္မႈမရွိေစရန္ ခြင့္ျပဳခ်က္မရမီ ဖြင့္လွစ္ျခင္းမ်ဳိးရွိခဲ့ေၾကာင္း ရွင္းျပသည္။

‘‘ႏွစ္ဖက္လုိတာေပါ့။ ပုဂၢလိ က ဘဏ္ဘက္ကလည္း ဆုိင္းဘုတ္တင္ၿပီးၿပီဆိုေတာ့ စာရင္းဖြင့္ ခ်င္တဲ့သူေတြက လာေမးေနၿပီ။ ဘဏ္ေတြကလည္း မဖြင့္ေသးဘူး ဆိုေတာ့ သို႔ေလာ သို႔ေလာ ေျပာ မွာလည္း စိုးရိမ္တာေပါ့။ ပုဂၢလိကဘဏ္ေတြဘက္က ၾကည့္ရင္မွန္တာေပါ့။ စိုးရိမ္စိတ္နဲ႔ ဖြင့္လုိက္တာကိုး။ ဥပေဒႀကီးကို ခ်ဳိးေဖာက္ၿပီး သြားဖြင့္လုိက္တဲ့ သေဘာေတာ့မဟုတ္ဘူး’’ ဟု ဦးသန္းလြင္က ဆုိသည္။

ဒဏ္ေၾကးေငြေပးေဆာင္ရ မည့္ ပမာဏႏွင့္ပတ္သက္၍ ဗဟိုဘဏ္သို႔သာ ေမးျမန္းရန္ ဦးသန္းလြင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ခဲ့သည့် ဘဏ်ခွဲများအတွက် ကမ္ဘောဇဘဏ်လီမိတက်ကို ဒဏ်ကြေးငွေပေးဆောင်စေရေး စီစဉ်နေ ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌဦးစိုးမင်းက ယမန်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ပြောသည်။

ခွင့်ပြုချက်မယူဘဲ ဖွင့်လှစ်ခဲ့သော  ကမ္ဘောဇဘဏ်ခွဲများကို စိစစ် ဆောင်ရွက်ပြီး ဥပဒေစည်းမျဉ်းညွှန်ကြားချက်များအတိုင်း ဗဟိုဘဏ်က အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီက အကြံပြုထားပြီး ယင်းကိစ္စကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ အရေးယူရန်ဆောင်ရွက်နေသည်ဟု ဦးစိုးမင်းက ရှင်းပြသည်။

ကမ္ဘောဇဘဏ်က ပေးဆောင်ရမည့် ဒဏ်ကြေး ပမာဏကိုမူ ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ပြောကြားခြင်း မရှိပေ။

ကမ္ဘောဇဘဏ်သည် ယခု နှစ် ဖေဖော်ဝါရီ ရ ရက်အထိ ဘဏ်ခွဲ ၄၂၆ ခု ဖွင့်လှစ်ထားကြောင်း ဗဟိုဘဏ်သို့ တင်ပြထားသော် လည်း နိုင်ငံပိုင်သတင်းစာများ၌ ၂၀၁၇ နိုဝင်ဘာ ၁၀ ရက်တွင် ဘဏ်ခွဲအရေအတွက် ၅၀၀ ပြည့်မြောက်ကြောင်း ဖော်ပြထားသဖြင့် ယင်းကွဲလွဲမှုကို ဗဟိုဘဏ်က စိစစ်ခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ် ခွင့်ပြုချက်မရှိဘဲ ဘဏ်ခွဲဖွင့်လှစ်ရသည့် အ ကြောင်းရင်းကို ရှင်းလင်းရန် ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် ဗဟိုဘဏ်က ကမ္ဘောဇဘဏ်သို့ အကြောင်းကြားရာ သက်ဆိုင်ရာဘဏ်က မေလ ၂၈ ရက်တွင် ၎င်းတို့ဖွင့်လှစ်ထားသည့် ဘဏ်ခွဲအရေအတွက်ကို ပြန်လည်ပေးပို့ ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

ယင်းရှင်းလင်းချက် စာရင်း များအရ ကမ္ဘောဇဘဏ်၏ ဖွင့် လှစ်ပြီးသော ဘဏ်ခွဲကြီး ၄၁၀ ၊ ဘဏ်ခွဲငယ် ၉၉ ခုအနက် ခွင့်ပြုချက်မရမီ ဖွင့်လှစ်သော ဘဏ်ခွဲကြီး ၃၃ ခုရှိကြောင်း ဗဟိုဘဏ်ရှင်းလင်းချက်၌ ဖော်ပြထားသည်။ ဗဟိုဘဏ်ရှင်းလင်းချက်အရမူ မေလ ၂၈ ရက်အထိ ကမ္ဘောဇဘဏ်က ဘဏ်ခွဲစုစုပေါင်း ၅၀၉ခု ဖွင့်လှစ်ထားသည့် သဘောသက်ရောက်နေသည်။ ထို့ကြောင့် ခွင့်ပြုချက်မယူဘဲ ဖွင့်လှစ်သော ဘဏ်ခွဲအရေအတွက် ကွဲလွဲမှုကို ဗဟိုဘဏ်က စိစစ်နေသည်ဟု ဆို သည်။

အထက်ပါကိစ္စနှင့် ပတ် သက်၍ ကမ္ဘောဇဘဏ် အကြီး တန်း အကြံပေး ဦးသန်းလွင်က ယခင်က ဗဟိုဘဏ် ခွင့်ပြုချက် မရှိဘဲ ဖွင့်လှစ်ခဲ့သည့် ဘဏ်ခွဲအချို့ရှိကြောင်းနှင့် ဘဏ်ခွဲဖွင့်လှစ်ရန် မြေနေရာ၊ အဆောက်အအုံ တည်ဆောက်ပြီးကာ ၀န်ထမ်းခန့်အပ်ထားပြီးဖြစ်၍ ဒေသခံများ စိုးရိမ်မှုမရှိစေရန် ခွင့်ပြုချက်မရမီ ဖွင့်လှစ်ခြင်းမျိုးရှိခဲ့ကြောင်း ရှင်းပြသည်။

‘‘နှစ်ဖက်လိုတာပေါ့။ ပုဂ္ဂလိ က ဘဏ်ဘက်ကလည်း ဆိုင်းဘုတ်တင်ပြီးပြီဆိုတော့ စာရင်းဖွင့် ချင်တဲ့သူတွေက လာမေးနေပြီ။ ဘဏ်တွေကလည်း မဖွင့်သေးဘူး ဆိုတော့ သို့လော သို့လော ပြော မှာလည်း စိုးရိမ်တာပေါ့။ ပုဂ္ဂလိကဘဏ်တွေဘက်က ကြည့်ရင်မှန်တာပေါ့။ စိုးရိမ်စိတ်နဲ့ ဖွင့်လိုက်တာကိုး။ ဥပဒေကြီးကို ချိုးဖောက်ပြီး သွားဖွင့်လိုက်တဲ့ သဘောတော့မဟုတ်ဘူး’’ ဟု ဦးသန်းလွင်က ဆိုသည်။

ဒဏ်ကြေးငွေပေးဆောင်ရ မည့် ပမာဏနှင့်ပတ်သက်၍ ဗဟိုဘဏ်သို့သာ မေးမြန်းရန် ဦးသန်းလွင်က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top