ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ႏုိင္ငံသားအမ်ားစုမွာ ‘ငါးပိေၾကာ္’ ‘ကားျပာေလး’ဆိုသည္ႏွင့္ အခ်ဳပ္ေထာင္ကို လွမ္းျမင္ၾကသည္။ ငါးပိေၾကာ္က ေထာင္ထဲတြင္ စားရန္တာရွည္ခံအစားအစာ၊ ကားျပားေလးကေတာ့ အက်ဥ္းေထာင္မွ တရား႐ုံးသို႔ ႐ုံးထုတ္ေလ့ရွိသည့္ အခ်ဳပ္ကားျဖစ္၏။

ပါလီမန္ဒီမိုကေရစီေခတ္ က ဘာသာေရးကိုင္း႐ိႈင္းသည့္ ၀န္ႀကီးခ်ဳပ္ ဦးႏုက လူေတြေဘး အႏၲရာယ္ကင္းရွင္းရန္ဟု ဆိုကာ ရဲစခန္း၊ တရား႐ုံး၊အက်ဥ္းေထာင္ ႏွင့္ ေဆး႐ုံမ်ားတြင္ ေဗာဓိေညာင္ ပင္မ်ားစိုက္ပ်ဳိးေပးခဲ့သည္။ ေႏွာင္း လူမ်ားကေတာ့ ထိုေညာင္ပင္မ်ားကို ၾကည့္ကာ ေညာင္ေလးေညာင္ ေရွာင္အိုေတာင္မဆင္းရဲဟု ဆို ၾကသည္။ အဘယ္သူကမွ် ထိုေနရာမ်ားသို႔ တစ္စကၠန္႔၊ တစ္မိနစ္မွ်ပင္ မေရာက္ခ်င္ၾက။ သို႔ေသာ္ ေလာကတြင္ အသက္တစ္ရာမေနရေသာ္လည္း အမႈတစ္ရာေပြရသည္ဟူေသာေၾကာင့္ မေရာက္ခ်င္ဘဲ ေရာက္ေနရသူမ်ားလည္း ရွိသည္။

ငယ္စဥ္က ကြၽန္ေတာ္ေန ထိုင္ခဲ့ေသာ ဇာတိၿမိဳ႕တြင္ အခ်ဳပ္ ကားျပာေလးတစ္စီး ရွိေၾကာင္း မွတ္မိေနသည္။ စစ္အစိုးရလက္ ထက္တြင္ေတာ့ ထိုကားျပာေလး မွာ ခ်ည့္နဲ႔ေနၿပီျဖစ္၏။အင္ဂ်င္က လည္း မေကာင္း၊ ကားေဘာ္ဒီက လည္း ရြဲ႕ေစာင္းေန၍ ထြက္တစ္ ခ်က္ မထြက္တစ္ခ်က္ ျဖစ္ေန သည္။ အခ်ဳပ္သားမ်ားသည္ တရား႐ုံးသို႔ ႐ုံးထြက္ရာတြင္ ရဲစခန္းမွလည္းေကာင္း၊ အက်ဥ္းေထာင္ မွလည္းေကာင္း အခ်ဳပ္ကားျဖင့္ မသြားရဲဘဲ ေျခက်င္သြားေနရသည္ကို ေတြ႕ရသည္။

လက္ထိတ္ေတြမလံုေလာက္ ၍ ႀကိဳးနဲ႔ခ်ည္ၿပီး သြယ္တန္းထားေသာ တရားခံမ်ား၊ ေနာက္မႈထပ္တိုး၍ ႐ုံးထုတ္လာသည့္ ေျခက်င္းသံတခြၽင္ခြၽင္ျဖင့္ အက်ဥ္းသားအုပ္ႀကီးကို ရဲေတြက ၀ိုင္းရံေခၚေဆာင္သြားသည္ကို မၾကာခဏေတြ႕ျမင္ေနရသည္။ လူေလး ၅၀ ေလာက္ရွိသည့္ အက်ဥ္းသားအုပ္ႀကီးသာ ထြက္ေျပးပါက အားလံုးကိုျပန္မိႏုိင္ရန္ မလြယ္ကူေၾကာင္း သတိ ထားမိသည္။

 ထိုေခတ္ ထိုကာလတြင္ လမ္းေလွ်ာက္၍လည္း မသြားရ၊ ကားျပာေလးလည္း မစီးရေသာ တရားခံ အက်ဥ္းသားေတြကို လည္း ေတြ႕ဖူးခဲ့သည္။ ကြၽန္ေတာ္ တို႔ ၿမိဳ႕တြင္ အက်ဥ္းေထာင္ရွိသ ျဖင့္ ရဲစခန္းထဲအခ်ဳပ္သားမ်ား လာလွ်င္ ရဲစခန္းအခ်ဳပ္မွာ မထား ဘဲ ေထာင္ခ်ဳပ္သို႔ ပို႔တတ္သည္။ အခ်ဳိ႕တရားခံမ်ားက ရဲခ်ဳပ္တြင္ ညစ္ပတ္၍ဟု ဆိုကာ ေထာင္ခ်ဳပ္ သို႔ နည္းလမ္းသံုးကာ ေျပာင္းေန ၾကသည္။ အမ်ားအားျဖင့္ ခ်ဲထီ ဒိုင္၊ ေမွာင္ခိုလုပ္ငန္းရွင္မ်ား အ ဖမ္းခံရလွ်င္ ေထာင္တြင္သာ လြတ္လြတ္လပ္လပ္ ေျပာင္းေန ၾကသည္။

သူတို႔႐ုံးထုတ္သည့္ေန႔တြင္ ေထာင္ဘူး၀၌ ပတ္ဘေလကာကားေလးမ်ား၊ စူပါဆလြန္းကားေလးမ်ား ထိုးထားတတ္သည္။ အိမ္က မိသားစုမ်ားက လာႀကိဳၾကျခင္း ျဖစ္၏။ အျခားတရားခံမ်ားကဲ့သို႔ ကားျပာေလးတိုးေ၀ွ႔စီးစရာ၊ လမ္းေလွ်ာက္စရာမလိုေပ။ ေထာင္မွ ႐ုံးထုတ္သည္ႏွင့္ အိမ္ကကားေပၚတက္၊ ဇနီးမယား၊ သမီးသားေတြႏွင့္အတူထိုင္၊ ရဲအေစာင့္တစ္ ေယာက္၊ ႏွစ္ေယာက္က ကားေပၚတက္ကာ တရား႐ုံးသြားၾကသည္။

တရား႐ုံးေရာက္ျပန္ေတာ့ လည္း အျခားတရားခံမ်ားကဲ့သို႔ တရား႐ုံးအခ်ဳပ္ထဲ၀င္စရာမလို။ ေရွ႕ဖတ္စာေရး႐ုံးခန္းထဲသို႔ ၀င္ ကာ မိသားစုႏွင့္အတူ စတီးခ်ဳိင့္၊ငါးဆင့္ခ်ဳိင့္ႀကီးဖြင့္ကာ ထမင္း  လက္ဆံု စားၾက႐ုံသာရွိသည္။ သတင္းလာေမးသည့္ ဧည့္သည္ မ်ားႏွင့္ ေတြ႕ဆံုၿပီး ေကာ္ဖီ၊ လက္ ဖက္ရည္ေသာက္ကာ ရယ္စရာ၊ ေမာစရာ ေျပာေနၾကသည္မွာ တ ရားခံ႐ုံးထုတ္လာသည္ႏွင့္မတူဘဲ ပင္လယ္ကမ္းေျခသို႔ အပန္းေျဖခရီးထြက္လာသည္ႏွင့္ တူလွ သည္။ တရားခြင္က မေခၚမခ်င္း ရဲက တရားခံကို လက္ထိတ္ျဖဳတ္ ေပးထားသည္။ ရဲက ထမင္းစား ခ်ိန္တြင္ တရားခံမိသားစုႏွင့္ ထမင္း၀င္စားသည္။ အျပန္တြင္ ရဲအိတ္ကပ္ထဲသို႔ ေငြစကၠဴအႀကီးေလး၊ ငါးရြက္ ထည့္ေပးလိုက္သည္။

အက်ဥ္းေထာင္တြင္ ေနရ သည္ကိုလည္း ၾကည့္ပါဦး။ နံနက္ စာ၊ ညစာကို ေထာင္ထမင္း၊ ဟင္း မစား၊ အိမ္ကလာပို႔ေသာ ထမင္း ခ်ဳိင့္ကိုသာစားသည္။ ထမင္းခ်ဳိင့္ ကလည္း သူတစ္ေယာက္စာအ တြက္မဟုတ္၊ ေထာင္၀န္ထမ္းႏွင့္  အျခားအက်ဥ္းသားတပည့္တ ပန္းမ်ားပါ စား၍ရေအာင္ ထည့္ ေပးလိုက္ျခင္း ျဖစ္၏။ ငါးသံုးလံုး စီးကရက္က အေတာင့္လိုက္၊ ေကာ္ဖီမစ္၊ အခ်ဳိရည္၊ ကိတ္မုန္႔၊ ေပါင္မုန္႔အထုပ္အထည္ျဖင့္ အ ျပည့္အစံုရွိသည္။ ေရခ်ဳိးလွ်င္ ေရ ခပ္ေပးမည့္သူႏွင့္ ေညာင္းလွ်င္ ႏွိပ္ေပးမည့္သူႏွင့္။ ညေနေစာင္း လွ်င္ ေထာင္အရာရွိႏွင့္ တင္းနစ္ ႐ိုက္သူေတာင္ရွိေသးသည္ဟု ၾကားဖူးသည္။ ေထာင္က သူ႕အ တြက္ ၾကယ္ငါးပြင့္ဟိုတယ္တစ္ခု လို ျဖစ္ေနသည္။

ထိုအေၾကာင္းအရာမ်ားကို ျပန္ေတြးမိျခင္းက မၾကာမီက ေက်ာက္ဆည္ဂ်ီတီအိုင္ ေက်ာင္း သားအသတ္ခံရမႈတြင္ က်ဴးလြန္ သူမ်ားကို ႐ုံးထုတ္ရမန္ရယူစဥ္ တရားခံမ်ားကို အခ်ဳပ္ကားျဖင့္ ေခၚမလာဘဲ အိမ္စီးဇိမ္ခံကားမ်ား ျဖင့္ ေခၚလာ၍ ျဖစ္သည္။ ထို႔အတူတာေမြၿမိဳ႕နယ္တြင္ ျဖစ္ပြားသည့္ အုပ္စုဖြဲ႕လူသတ္မႈတြင္ ပါ၀င္သည့္ တရားခံမ်ားကို ႐ုံးထုတ္ရာ ၌လည္း ေခါင္းေဆာင္ျဖစ္ဟန္တူ သူမွာ အခ်ဳပ္ကားျဖင့္ လိုက္ပါမ လာဘဲ အယ္လ္ဖတ္ဟုေခၚသည့္ အိမ္စီးကားျဖင့္သာ ေရာက္လာ ေၾကာင္းကို သတင္းမ်ားတြင္ ေတြ႕ လိုက္ရ၍ ျဖစ္သည္။

ထိုသို႔တရားခံမ်ားကို အိမ္စီး ကားျဖင့္ ႐ုံးထုတ္လာျခင္းမွာ လံု ၿခံဳေရးအရဟု ရဲတပ္ဖြဲ႕တာ၀န္ရွိ သူမ်ားက ေျပာၾကားေသာ္လည္း တရားခံမ်ားမွာ အျခားတရားခံ မ်ားနည္းတူ အခ်ဳပ္ကားမစီးရဘဲ အိမ္စီးကားမ်ားစီးခြင့္ရေနျခင္းမွာ ဥပေဒအထက္သို႔ ေရာက္ေနၿပီ လားဟု ျပည္သူမ်ားက ေမးခြန္း ထုတ္စရာျဖစ္ေနသည္။ စာေရး သူ၏ အျမင္အရေျပာရမည္ဆို လွ်င္ တရားခံမ်ားကို အိမ္စီးကား ျဖင့္ ႐ုံးထုတ္သည္မွာ ႐ုံးထုတ္မႈကို တာ၀န္ယူရသည့္ ရဲ၀န္ထမ္းအ တြက္ အႏၲရာယ္မ်ားလြန္းသည္ဟု ထင္သည္။

တရားခံမ်ားစီးေသာ အိမ္ စီးကားသည္ ရဲတပ္ဖြဲ႕မွစီစဥ္ေပး ျခင္းမဟုတ္ဘဲ တရားခံမိသားစု မ်ားက စီစဥ္ေပးသည္ဆိုပါက ပို ၍ပင္ အႏၲရာယ္မ်ားသည္။ ဒ႐ိုင္ ဘာက တရားခံလြတ္ေျမာက္ႏိုင္ ရန္ နည္းပရိယာယ္မ်ဳိးစံုသံုးခြင့္ရွိ ေနသည္။ တရားခံမ်ားစြပ္စြဲထား သည့္ ပုဒ္မမ်ားမွာလည္း ေထာင္ ဒဏ္ ႏွစ္ရွည္က်ခံႏိုင္သည့္ ပုဒ္မ မ်ားျဖစ္ေနသည္။ ဒ႐ိုင္ဘာက ကားတံခါးေလာ့ခ္ကို ဖြင့္ေပးၿပီး တရားခံက ကားေပၚမွ ခုန္ဆင္း သြားလွ်င္ မည္သို႔လုပ္မည္နည္း။ ႏိုင္ငံျခားတိုင္းျပည္က မႈခင္း သတင္းမ်ားတြင္ တရားခံမ်ားအ ခ်ဳပ္ကားေပၚမွ ထြက္ေျပးလြတ္ ေျမာက္သြားသည့္ သတင္းမ်ားကို   ဖတ္ဖူးသည္။ ထိုသို႔လြတ္ေျမာက္ သြားသည္မွာ ရဲအခ်ဳပ္ကားေပၚမွ ျဖစ္သည္။ ယခုကဲ့သို႔ အိမ္စီးကား မ်ားျဖင့္ ႐ုံးထုတ္သည္မွာ အတင့္ ရဲလြန္းရာက်သည္ဟု ျမင္သည္။ အုပ္စုဖြဲ႕လူသတ္မႈက်ဴးလြန္သည့္ လူဆိုးမ်ားသာ ထြက္ေျပးလြတ္ ေျမာက္သြားပါက တရားဥပေဒစိုး မိုးေရးပံုရိပ္က ထပ္မံက်ဆင္းဦး မည္ ျဖစ္၏။

အကယ္၍ တရားခံမ်ား၏ လံုၿခံဳေရးအတြက္ သီးျခား႐ုံးထုတ္ မည္ဆိုပါကလည္း ရဲတပ္ဖြဲ႕ပိုင္ ကားျဖင့္သာ ႐ုံးထုတ္သင့္သည္ဟု ျမင္သည္။ ေခတ္သည္ ေျပာင္းလဲ လာၿပီး နည္းပညာမ်ားက တိုး တက္လာသလို ရာဇ၀တ္မႈက်ဴး လြန္သူမ်ား၏ နည္းပရိယာယ္မ်ား ကလည္း ျမင့္မားလာသည္။ ထို႔ ေၾကာင့္ တရားခံမ်ားကို ေလွ်ာ့မ တြက္သင့္သလို ရဲတပ္ဖြဲ႕၀င္အင္ အားႏွင့္ ၎တို႔လိုအပ္သည့္ ပစၥည္းပစၥယတို႔ကိုလည္း ေထာက္ပံ့ေပးသင့္သည္ဟု ထင္သည္။

(ေဆာင္းပါးရွင္ ဗညားလိႈင္ဦး သည္ ႏုိင္ငံေရး၊ စီးပြားေရး၊ လူမႈ ေရး၊ မ်က္ေမွာက္ေရးရာေဆာင္း ပါးမ်ား ေရးသားေနသူျဖစ္သည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
နိုင်ငံသားအများစုမှာ ‘ငါးပိကြော်’ ‘ကားပြာလေး’ဆိုသည်နှင့် အချုပ်ထောင်ကို လှမ်းမြင်ကြသည်။ ငါးပိကြော်က ထောင်ထဲတွင် စားရန်တာရှည်ခံအစားအစာ၊ ကားပြားလေးကတော့ အကျဉ်းထောင်မှ တရားရုံးသို့ ရုံးထုတ်လေ့ရှိသည့် အချုပ်ကားဖြစ်၏။

ပါလီမန်ဒီမိုကရေစီခေတ် က ဘာသာရေးကိုင်းရှိုင်းသည့် ဝန်ကြီးချုပ် ဦးနုက လူတွေဘေး အန္တရာယ်ကင်းရှင်းရန်ဟု ဆိုကာ ရဲစခန်း၊ တရားရုံး၊အကျဉ်းထောင် နှင့် ဆေးရုံများတွင် ဗောဓိညောင် ပင်များစိုက်ပျိုးပေးခဲ့သည်။ နှောင်း လူများကတော့ ထိုညောင်ပင်များကို ကြည့်ကာ ညောင်လေးညောင် ရှောင်အိုတောင်မဆင်းရဲဟု ဆို ကြသည်။ အဘယ်သူကမျှ ထိုနေရာများသို့ တစ်စက္ကန့်၊ တစ်မိနစ်မျှပင် မရောက်ချင်ကြ။ သို့သော် လောကတွင် အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာပွေရသည်ဟူသောကြောင့် မရောက်ချင်ဘဲ ရောက်နေရသူများလည်း ရှိသည်။

ငယ်စဉ်က ကျွန်တော်နေ ထိုင်ခဲ့သော ဇာတိမြို့တွင် အချုပ် ကားပြာလေးတစ်စီး ရှိကြောင်း မှတ်မိနေသည်။ စစ်အစိုးရလက် ထက်တွင်တော့ ထိုကားပြာလေး မှာ ချည့်နဲ့နေပြီဖြစ်၏။အင်ဂျင်က လည်း မကောင်း၊ ကားဘော်ဒီက လည်း ရွဲ့စောင်းနေ၍ ထွက်တစ် ချက် မထွက်တစ်ချက် ဖြစ်နေ သည်။ အချုပ်သားများသည် တရားရုံးသို့ ရုံးထွက်ရာတွင် ရဲစခန်းမှလည်းကောင်း၊ အကျဉ်းထောင် မှလည်းကောင်း အချုပ်ကားဖြင့် မသွားရဲဘဲ ခြေကျင်သွားနေရသည်ကို တွေ့ရသည်။

လက်ထိတ်တွေမလုံလောက် ၍ ကြိုးနဲ့ချည်ပြီး သွယ်တန်းထားသော တရားခံများ၊ နောက်မှုထပ်တိုး၍ ရုံးထုတ်လာသည့် ခြေကျင်းသံတချွင်ချွင်ဖြင့် အကျဉ်းသားအုပ်ကြီးကို ရဲတွေက ဝိုင်းရံခေါ်ဆောင်သွားသည်ကို မကြာခဏတွေ့မြင်နေရသည်။ လူလေး ၅၀ လောက်ရှိသည့် အကျဉ်းသားအုပ်ကြီးသာ ထွက်ပြေးပါက အားလုံးကိုပြန်မိနိုင်ရန် မလွယ်ကူကြောင်း သတိ ထားမိသည်။

 ထိုခေတ် ထိုကာလတွင် လမ်းလျှောက်၍လည်း မသွားရ၊ ကားပြာလေးလည်း မစီးရသော တရားခံ အကျဉ်းသားတွေကို လည်း တွေ့ဖူးခဲ့သည်။ ကျွန်တော် တို့ မြို့တွင် အကျဉ်းထောင်ရှိသ ဖြင့် ရဲစခန်းထဲအချုပ်သားများ လာလျှင် ရဲစခန်းအချုပ်မှာ မထား ဘဲ ထောင်ချုပ်သို့ ပို့တတ်သည်။ အချို့တရားခံများက ရဲချုပ်တွင် ညစ်ပတ်၍ဟု ဆိုကာ ထောင်ချုပ် သို့ နည်းလမ်းသုံးကာ ပြောင်းနေ ကြသည်။ အများအားဖြင့် ချဲထီ ဒိုင်၊ မှောင်ခိုလုပ်ငန်းရှင်များ အ ဖမ်းခံရလျှင် ထောင်တွင်သာ လွတ်လွတ်လပ်လပ် ပြောင်းနေ ကြသည်။

သူတို့ရုံးထုတ်သည့်နေ့တွင် ထောင်ဘူးဝ၌ ပတ်ဘလေကာကားလေးများ၊ စူပါဆလွန်းကားလေးများ ထိုးထားတတ်သည်။ အိမ်က မိသားစုများက လာကြိုကြခြင်း ဖြစ်၏။ အခြားတရားခံများကဲ့သို့ ကားပြာလေးတိုးဝှေ့စီးစရာ၊ လမ်းလျှောက်စရာမလိုပေ။ ထောင်မှ ရုံးထုတ်သည်နှင့် အိမ်ကကားပေါ်တက်၊ ဇနီးမယား၊ သမီးသားတွေနှင့်အတူထိုင်၊ ရဲအစောင့်တစ် ယောက်၊ နှစ်ယောက်က ကားပေါ်တက်ကာ တရားရုံးသွားကြသည်။

တရားရုံးရောက်ပြန်တော့ လည်း အခြားတရားခံများကဲ့သို့ တရားရုံးအချုပ်ထဲဝင်စရာမလို။ ရှေ့ဖတ်စာရေးရုံးခန်းထဲသို့ ဝင် ကာ မိသားစုနှင့်အတူ စတီးချိုင့်၊ငါးဆင့်ချိုင့်ကြီးဖွင့်ကာ ထမင်း  လက်ဆုံ စားကြရုံသာရှိသည်။ သတင်းလာမေးသည့် ဧည့်သည် များနှင့် တွေ့ဆုံပြီး ကော်ဖီ၊ လက် ဖက်ရည်သောက်ကာ ရယ်စရာ၊ မောစရာ ပြောနေကြသည်မှာ တ ရားခံရုံးထုတ်လာသည်နှင့်မတူဘဲ ပင်လယ်ကမ်းခြေသို့ အပန်းဖြေခရီးထွက်လာသည်နှင့် တူလှ သည်။ တရားခွင်က မခေါ်မချင်း ရဲက တရားခံကို လက်ထိတ်ဖြုတ် ပေးထားသည်။ ရဲက ထမင်းစား ချိန်တွင် တရားခံမိသားစုနှင့် ထမင်းဝင်စားသည်။ အပြန်တွင် ရဲအိတ်ကပ်ထဲသို့ ငွေစက္ကူအကြီးလေး၊ ငါးရွက် ထည့်ပေးလိုက်သည်။

အကျဉ်းထောင်တွင် နေရ သည်ကိုလည်း ကြည့်ပါဦး။ နံနက် စာ၊ ညစာကို ထောင်ထမင်း၊ ဟင်း မစား၊ အိမ်ကလာပို့သော ထမင်း ချိုင့်ကိုသာစားသည်။ ထမင်းချိုင့် ကလည်း သူတစ်ယောက်စာအ တွက်မဟုတ်၊ ထောင်ဝန်ထမ်းနှင့်  အခြားအကျဉ်းသားတပည့်တ ပန်းများပါ စား၍ရအောင် ထည့် ပေးလိုက်ခြင်း ဖြစ်၏။ ငါးသုံးလုံး စီးကရက်က အတောင့်လိုက်၊ ကော်ဖီမစ်၊ အချိုရည်၊ ကိတ်မုန့်၊ ပေါင်မုန့်အထုပ်အထည်ဖြင့် အ ပြည့်အစုံရှိသည်။ ရေချိုးလျှင် ရေ ခပ်ပေးမည့်သူနှင့် ညောင်းလျှင် နှိပ်ပေးမည့်သူနှင့်။ ညနေစောင်း လျှင် ထောင်အရာရှိနှင့် တင်းနစ် ရိုက်သူတောင်ရှိသေးသည်ဟု ကြားဖူးသည်။ ထောင်က သူ့အ တွက် ကြယ်ငါးပွင့်ဟိုတယ်တစ်ခု လို ဖြစ်နေသည်။

ထိုအကြောင်းအရာများကို ပြန်တွေးမိခြင်းက မကြာမီက ကျောက်ဆည်ဂျီတီအိုင် ကျောင်း သားအသတ်ခံရမှုတွင် ကျူးလွန် သူများကို ရုံးထုတ်ရမန်ရယူစဉ် တရားခံများကို အချုပ်ကားဖြင့် ခေါ်မလာဘဲ အိမ်စီးဇိမ်ခံကားများ ဖြင့် ခေါ်လာ၍ ဖြစ်သည်။ ထို့အတူတာမွေမြို့နယ်တွင် ဖြစ်ပွားသည့် အုပ်စုဖွဲ့လူသတ်မှုတွင် ပါဝင်သည့် တရားခံများကို ရုံးထုတ်ရာ ၌လည်း ခေါင်းဆောင်ဖြစ်ဟန်တူ သူမှာ အချုပ်ကားဖြင့် လိုက်ပါမ လာဘဲ အယ်လ်ဖတ်ဟုခေါ်သည့် အိမ်စီးကားဖြင့်သာ ရောက်လာ ကြောင်းကို သတင်းများတွင် တွေ့ လိုက်ရ၍ ဖြစ်သည်။

ထိုသို့တရားခံများကို အိမ်စီး ကားဖြင့် ရုံးထုတ်လာခြင်းမှာ လုံ ခြုံရေးအရဟု ရဲတပ်ဖွဲ့တာဝန်ရှိ သူများက ပြောကြားသော်လည်း တရားခံများမှာ အခြားတရားခံ များနည်းတူ အချုပ်ကားမစီးရဘဲ အိမ်စီးကားများစီးခွင့်ရနေခြင်းမှာ ဥပဒေအထက်သို့ ရောက်နေပြီ လားဟု ပြည်သူများက မေးခွန်း ထုတ်စရာဖြစ်နေသည်။ စာရေး သူ၏ အမြင်အရပြောရမည်ဆို လျှင် တရားခံများကို အိမ်စီးကား ဖြင့် ရုံးထုတ်သည်မှာ ရုံးထုတ်မှုကို တာဝန်ယူရသည့် ရဲဝန်ထမ်းအ တွက် အန္တရာယ်များလွန်းသည်ဟု ထင်သည်။

တရားခံများစီးသော အိမ် စီးကားသည် ရဲတပ်ဖွဲ့မှစီစဉ်ပေး ခြင်းမဟုတ်ဘဲ တရားခံမိသားစု များက စီစဉ်ပေးသည်ဆိုပါက ပို ၍ပင် အန္တရာယ်များသည်။ ဒရိုင် ဘာက တရားခံလွတ်မြောက်နိုင် ရန် နည်းပရိယာယ်မျိုးစုံသုံးခွင့်ရှိ နေသည်။ တရားခံများစွပ်စွဲထား သည့် ပုဒ်မများမှာလည်း ထောင် ဒဏ် နှစ်ရှည်ကျခံနိုင်သည့် ပုဒ်မ များဖြစ်နေသည်။ ဒရိုင်ဘာက ကားတံခါးလော့ခ်ကို ဖွင့်ပေးပြီး တရားခံက ကားပေါ်မှ ခုန်ဆင်း သွားလျှင် မည်သို့လုပ်မည်နည်း။ နိုင်ငံခြားတိုင်းပြည်က မှုခင်း သတင်းများတွင် တရားခံများအ ချုပ်ကားပေါ်မှ ထွက်ပြေးလွတ် မြောက်သွားသည့် သတင်းများကို   ဖတ်ဖူးသည်။ ထိုသို့လွတ်မြောက် သွားသည်မှာ ရဲအချုပ်ကားပေါ်မှ ဖြစ်သည်။ ယခုကဲ့သို့ အိမ်စီးကား များဖြင့် ရုံးထုတ်သည်မှာ အတင့် ရဲလွန်းရာကျသည်ဟု မြင်သည်။ အုပ်စုဖွဲ့လူသတ်မှုကျူးလွန်သည့် လူဆိုးများသာ ထွက်ပြေးလွတ် မြောက်သွားပါက တရားဥပဒေစိုး မိုးရေးပုံရိပ်က ထပ်မံကျဆင်းဦး မည် ဖြစ်၏။

အကယ်၍ တရားခံများ၏ လုံခြုံရေးအတွက် သီးခြားရုံးထုတ် မည်ဆိုပါကလည်း ရဲတပ်ဖွဲ့ပိုင် ကားဖြင့်သာ ရုံးထုတ်သင့်သည်ဟု မြင်သည်။ ခေတ်သည် ပြောင်းလဲ လာပြီး နည်းပညာများက တိုး တက်လာသလို ရာဇဝတ်မှုကျူး လွန်သူများ၏ နည်းပရိယာယ်များ ကလည်း မြင့်မားလာသည်။ ထို့ ကြောင့် တရားခံများကို လျှော့မ တွက်သင့်သလို ရဲတပ်ဖွဲ့ဝင်အင် အားနှင့် ၎င်းတို့လိုအပ်သည့် ပစ္စည်းပစ္စယတို့ကိုလည်း ထောက်ပံ့ပေးသင့်သည်ဟု ထင်သည်။

(ဆောင်းပါးရှင် ဗညားလှိုင်ဦး သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ မျက်မှောက်ရေးရာဆောင်း ပါးများ ရေးသားနေသူဖြစ်သည်)

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top