×






source : metro.co.uk

# Unicode Version ဖြင့် ဖတ်ပါ #
အမည်ဖော်ပြမထားတဲ့ အသက်(၁၁)နှစ်အရွယ် ဗီယက်နမ်နိုင်ငံသူလေးဟာ ချွေးအစား သွေးတွေစိမ့်ထွက်နေတဲ့ ရောဂါကို ခံစားနေရပါတယ်။ ဒီလိုဖြစ်ပေါ်မှုဟာ သူမ စိတ်လှုပ်ရှားတဲ့အခါတိုင်း ဖြစ်လေ့ဖြစ်ထရှိကြောင်း၊ သာမန်အချိန်ဆိုရင်တော့ ပုံမှန်ချွေးသာ ထွက်လေ့ရှိတယ်လို့ ပြောပါတယ်။

အဆိုပါ ရောဂါဟာ အရေပြားဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး အရေပြားတွင်းမှာရှိတဲ့ သွေးကြောလေးတွေ စိမ့်ပေါက်ရာကနေ အခုလို ဖြစ်ရတာလို့ သိရပါတယ်။ လူ(၁၀)သန်းမှာ တစ်ယောက်သာဖြစ်လေ့ရှိတဲ့ ရောဂါဖြစ်လို့ ကုထုံးကလည်း အတော်လေး ရှာကြံရခက်နေတဲ့ အနေအထားပါ။

အဲဒီကောင်မလေးဟာ စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ပြီဆိုရင် အခုလို သွေးတွေ အရေပြားအောက်က စိမ့်ထွက်လာတော့တာပဲလို့ ဒေါက်တာတွေက ပြောပါတယ်။ လောလောဆယ်တော့ သူမကို Quy Hoa National Leprosy Dermatology Hospital မှာ ဆေးကုသပေးနေပါတယ်။

ကလေးမလေး ခံစားနေရတဲ့ ရောဂါဟာ Hematidrosis လို့ အမည်ရပြီး ဆေးရုံဒါရိုက်တာ Vu Tuan Anh ကလည်း သူမရဲ့ ရောဂါအတွက် တစ်ခြားဆေးနည်းအသစ်တွေ ရှာကြံနေကြောင်း ဆိုပါတယ်။ Vu ရဲ့အဆိုအရ စိတ်ဖိစီးမှုတွေ များလာတဲ့အခါမှာ ပိုဆိုးတယ်လို့ ပြေပါတယ်။

Vu က ” Hematidrosis ရောဂါဆိုတာ လူသိနည်းပါတယ် … လက္ခဏာရပ်တွေထဲမှာ သွေးလွတ်ကြောအတွင်း ဖိအားတွေ တိုးလာတာ … အရေပြားတွင်းက သွေးကြေားလေးတွေ ရောင်ရမ်းတာ … သွေးမတိတ် လက္ခဏာတွေနဲ့ … ရာသီစက်ဝန်းအပြင် သွေဖိအားမြင့်မားခြင်းတွေ ပါဝင်ပါတယ် “လို့ ပြောခဲ့ပါတယ်။

source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top