ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ေမးေစ့မွာ ႐ုတ္တရက္ဝက္ၿခံေတြ ထြက္လာၿပီလား။ ဒါမွမဟုတ္ရင္ ပါးျပင္ေတြ၊ တီ - ဇုန္ အဆီျပန္တတ္တဲ့ေနရာေတြမွာ ဝက္ၿခံေတြထြက္ေနၿပီလား။ တျခားေနရာေတြထက္ မ်က္ႏွာေပၚမွာရွိတဲ့

သီးသန္႔တစ္ေနရာရာမွာ ႐ုတ္တရက္ႀကီး ဝက္ၿခံေတြထြက္လာတာဟာ အေၾကာင္းရင္းေတြ အမ်ားႀကီးရွိပါတယ္။ ေဟာ္မုန္း၊ အစားအစာ၊ တစ္ကိုယ္ရည္သန္႔ရွင္းမႈ၊ စိတ္ဖိစီးမႈ ဒါမွမဟုတ္ အတြင္းအဂါၤတစ္ခုခုရဲ႕ ျပႆနာေတြေၾကာင့္ ဝက္ၿခံေတြ ႐ုတ္တရက္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ မ်က္ႏွာရဲ႕ဘယ္ေနရာေတြမွာ ဝက္ၿခံေတြထြက္ရင္ ကိုယ့္ခႏၶာကိုယ္ထဲမွာ ဘာေတြျဖစ္ေနၿပီလဲဆိုတာ သိရဖို႔အတြက္ ဗဟုသုတရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။


နဖူးျပင္

သင္က ဦးထုပ္ မၾကာမၾကာေဆာင္းတတ္တယ္ဆိုရင္ ဦးထုပ္ရဲ႕ခ်ည္သားေၾကာင့္ ဝက္ၿခံေတြထြက္လာတတ္ပါတယ္။ ဆံပင္မွာအသုံးျပဳတဲ့ ေပါင္းေဆးေတြ ဒါမွမဟုတ္ ဆံပင္ေပ်ာ့ေဆးေတြေၾကာင့္ ဆံစပ္တစ္ဝိုက္မွာရွိတဲ့ ေမြးညင္းေပါက္ေလးေတြကို ပိတ္ဆို႔ေစတာမို႔လို႔ ဝက္ၿခံေတြထြက္လာတတ္ပါတယ္။ ေနာက္ထပ္ ဝက္ၿခံျဖစ္ေစတဲ့တရားခံတစ္ခုကေတာ့ စိတ္ဖိစီးမႈျဖစ္ပါတယ္။ ဥပမာ စာေမးပြဲနီးလာၿပီဆိုရင္ ဝက္ၿခံ႐ုတ္တရက္ထြက္လာတာကို ေလၽွာ႔ခ်ဖို႔ ဝက္ၿခံအတြက္ထုတ္လုပ္ထားတဲ့ထုတ္ကုန္ေတြကို အရမ္းမသုံးတာ အေကာင္းဆုံးျဖစ္မွာပါ။ နဖူးမွာထြက္တဲ့ဝက္ၿခံေတြကို မဆိုး႐ြားေစခ်င္ဘူးဆိုရင္ အာလူးေၾကာ္ေတြ၊ သၾကားလုံးေတြကို ေလၽွာ႔စားသင့္ပါတယ္။ နဖူးဆိုတာ အစာေခ်စနစ္နဲ႔ဆက္ႏြယ္ေနတာမို႔လို႔ စားတဲ့အစားအစာမွာ ပါဝင္တဲ့အဆီကို ေလၽွာ႔ခ်စားသုံးၿပီး ေရမ်ားမ်ားေသာက္ေပးပါ။

ႏွာေခါင္း

ႏွာေခါင္းဆိုတာ ႏွလုံးနဲ႔ဆက္ႏြယ္ေနၿပီး အသားနဲ႔ စပ္တဲ့အစားအစာေတြကို နဲနဲေလၽွာ႔စားမယ္ဆိုရင္ ႏွာေခါင္းမွာ႐ုတ္တရက္ ထြက္လာတဲ့ဝက္ၿခံေတြ သက္သာႏိုင္ပါတယ္။ က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့အဆီေတြ ပါဝင္တဲ့ အခြံမာသီး၊ ေထာပတ္သီး၊ ငါးတို႔ကို ေျပာင္းလဲစားသုံးဖို႔ အႀကံေပးခ်င္ပါတယ္။

ပါးျပင္

ဖုန္းေတြ၊ မိတ္ကပ္လိမ္းတဲ့ဘရပ္ရွ္ေတြကို ေနာက္ဆုံးေဆးေၾကာခဲ့တာ ဘယ္တုန္းကလဲဆိုတာ မွတ္မိေသးရဲ႕လား။ ပါးမွာဝက္ၿခံေတြ ႐ုတ္တရက္ႀကီး ထြက္လာၿပီဆိုရင္ မိတ္ကပ္လိမ္းတဲ့ဘရပ္ရွ္ေတြ၊ ပါးနဲ႔ထိေတြ႕တတ္တဲ့အရာေတြကို ေဆးေၾကာသန္႔ရွင္းသင့္ပါတယ္။

ေမးေစ့နဲ႔ ေမး႐ိုး

ေမးေစ့နဲ႔ ေမး႐ိုးမွာ ဝက္ၿခံထြက္လာၿပီဆိုရင္ ေဟာ္မုန္းမညီမၽွျခင္းေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ေဟာ္မုန္းေျပာင္းလဲတယ္ဆိုတာ ေရွာင္လႊဲလို႔မရတဲ့အရာတစ္ခု ျဖစ္ပါတယ္။ အလုံအေလာက္အိပ္စက္ျခင္း၊ ေရမ်ားမ်ားေသာက္ျခင္း၊ အသီးအ႐ြက္မ်ားမ်ားစားျခင္းနဲ႔ အေရျပားကို ေကာင္းေကာင္းသန္႔စင္ေပးျခင္းျဖင့္ ေမးေစ့နဲ႔ေမး႐ိုးတစ္ေလၽွာက္ ဝက္ၿခံထြက္တာကို ေလၽွာ႔ခ်ႏိုင္ပါတယ္။

နား႐ြက္

နား႐ြက္တစ္ဝိုက္ေနရာဟာ ေက်ာက္ကပ္နဲ႔ သက္ဆိုင္ၿပီးေတာ့ ေရဓာတ္ခန္းေျခာက္တာေၾကာင့္ နားတစ္ဝိုက္မွာ ဝက္ၿခံေတြထြက္လာတတ္ပါတယ္။ ဒီလိုျဖစ္လာၿပီဆိုရင္ေတာ့ ေရမ်ားမ်ားေသာက္ၿပီးေတာ့ ကဖိန္းပါတဲ့ေသာက္စရာေတြကို ေလၽွာ႔ေသာက္သင့္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Wint Wah (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
မေးစေ့မှာ ရုတ်တရက်ဝက်ခြံတွေ ထွက်လာပြီလား။ ဒါမှမဟုတ်ရင် ပါးပြင်တွေ၊ တီ - ဇုန် အဆီပြန်တတ်တဲ့နေရာတွေမှာ ဝက်ခြံတွေထွက်နေပြီလား။ တခြားနေရာတွေထက် မျက်နှာပေါ်မှာရှိတဲ့

သီးသန့်တစ်နေရာရာမှာ ရုတ်တရက်ကြီး ဝက်ခြံတွေထွက်လာတာဟာ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဟော်မုန်း၊ အစားအစာ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ စိတ်ဖိစီးမှု ဒါမှမဟုတ် အတွင်းအဂါၤတစ်ခုခုရဲ့ ပြဿနာတွေကြောင့် ဝက်ခြံတွေ ရုတ်တရက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာရဲ့ဘယ်နေရာတွေမှာ ဝက်ခြံတွေထွက်ရင် ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နေပြီလဲဆိုတာ သိရဖို့အတွက် ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။

နဖူးပြင်

သင်က ဦးထုပ် မကြာမကြာဆောင်းတတ်တယ်ဆိုရင် ဦးထုပ်ရဲ့ချည်သားကြောင့် ဝက်ခြံတွေထွက်လာတတ်ပါတယ်။ ဆံပင်မှာအသုံးပြုတဲ့ ပေါင်းဆေးတွေ ဒါမှမဟုတ် ဆံပင်ပျော့ဆေးတွေကြောင့် ဆံစပ်တစ်ဝိုက်မှာရှိတဲ့ မွေးညင်းပေါက်လေးတွေကို ပိတ်ဆို့စေတာမို့လို့ ဝက်ခြံတွေထွက်လာတတ်ပါတယ်။ နောက်ထပ် ဝက်ခြံဖြစ်စေတဲ့တရားခံတစ်ခုကတော့ စိတ်ဖိစီးမှုဖြစ်ပါတယ်။ ဥပမာ စာမေးပွဲနီးလာပြီဆိုရင် ဝက်ခြံရုတ်တရက်ထွက်လာတာကို လျှော့ချဖို့ ဝက်ခြံအတွက်ထုတ်လုပ်ထားတဲ့ထုတ်ကုန်တွေကို အရမ်းမသုံးတာ အကောင်းဆုံးဖြစ်မှာပါ။ နဖူးမှာထွက်တဲ့ဝက်ခြံတွေကို မဆိုးရွားစေချင်ဘူးဆိုရင် အာလူးကြော်တွေ၊ သကြားလုံးတွေကို လျှော့စားသင့်ပါတယ်။ နဖူးဆိုတာ အစာချေစနစ်နဲ့ဆက်နွယ်နေတာမို့လို့ စားတဲ့အစားအစာမှာ ပါဝင်တဲ့အဆီကို လျှော့ချစားသုံးပြီး ရေများများသောက်ပေးပါ။

နှာခေါင်း

နှာခေါင်းဆိုတာ နှလုံးနဲ့ဆက်နွယ်နေပြီး အသားနဲ့ စပ်တဲ့အစားအစာတွေကို နဲနဲလျှော့စားမယ်ဆိုရင် နှာခေါင်းမှာရုတ်တရက် ထွက်လာတဲ့ဝက်ခြံတွေ သက်သာနိုင်ပါတယ်။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အဆီတွေ ပါဝင်တဲ့ အခွံမာသီး၊ ထောပတ်သီး၊ ငါးတို့ကို ပြောင်းလဲစားသုံးဖို့ အကြံပေးချင်ပါတယ်။

ပါးပြင်

ဖုန်းတွေ၊ မိတ်ကပ်လိမ်းတဲ့ဘရပ်ရှ်တွေကို နောက်ဆုံးဆေးကြောခဲ့တာ ဘယ်တုန်းကလဲဆိုတာ မှတ်မိသေးရဲ့လား။ ပါးမှာဝက်ခြံတွေ ရုတ်တရက်ကြီး ထွက်လာပြီဆိုရင် မိတ်ကပ်လိမ်းတဲ့ဘရပ်ရှ်တွေ၊ ပါးနဲ့ထိတွေ့တတ်တဲ့အရာတွေကို ဆေးကြောသန့်ရှင်းသင့်ပါတယ်။

မေးစေ့နဲ့ မေးရိုး

မေးစေ့နဲ့ မေးရိုးမှာ ဝက်ခြံထွက်လာပြီဆိုရင် ဟော်မုန်းမညီမျှခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲတယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့အရာတစ်ခု ဖြစ်ပါတယ်။ အလုံအလောက်အိပ်စက်ခြင်း၊ ရေများများသောက်ခြင်း၊ အသီးအရွက်များများစားခြင်းနဲ့ အရေပြားကို ကောင်းကောင်းသန့်စင်ပေးခြင်းဖြင့် မေးစေ့နဲ့မေးရိုးတစ်လျှောက် ဝက်ခြံထွက်တာကို လျှော့ချနိုင်ပါတယ်။

နားရွက်

နားရွက်တစ်ဝိုက်နေရာဟာ ကျောက်ကပ်နဲ့ သက်ဆိုင်ပြီးတော့ ရေဓာတ်ခန်းခြောက်တာကြောင့် နားတစ်ဝိုက်မှာ ဝက်ခြံတွေထွက်လာတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ရေများများသောက်ပြီးတော့ ကဖိန်းပါတဲ့သောက်စရာတွေကို လျှော့သောက်သင့်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Wint Wah (ရိုးရာလေး)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top