မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

မေလး႐ွားႏုိင္ငံမွ ေဆးတကၠသုိလ္ဘြဲ႕ရ ဆရာဝန္ေလာင္း အမ်ဳိးသားတစ္ဦးက ၎ရဲ႕အသည္း သုံးပုံႏွစ္ပုံအထိကုိ ငယ္စဥ္က ပညာသင္ၾကားေပးခဲ့တဲ့ မူလတန္းျပဆရာမအတြက္ အသည္းအစားထုိး ကုသႏုိင္ရန္ ေပးလွဴခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ခ်န္ဇီေရာင္းအမည္႐ွိ ေဆးတကၠသိုလ္ဘြဲ႕ရေက်ာင္းသားက ၎ရဲ႕အသည္း ၆၇ ရာခုိင္ႏႈန္းအထိကုိ မူလတန္းမွာ ပညာသင္ၾကားေပးခဲ့တဲ့ ဆရာမ လီယန္ဖန္းပင္အတြက္ ေပးလွဴခ့ဲေၾကာင္း သိရပါတယ္။

ဆရာမလီယန္ဟာ ခ်န္ဇီေရာင္း ငယ္စဥ္က ကြမ္တန္မွာ႐ွိတဲ့ ေကာင္မင္းတ႐ုတ္မူလတန္းေက်ာင္းမွာ တက္ေရာက္ခဲ့စဥ္ ၎ကုိ သိပၸံဘာသာရပ္ သင္ၾကားေပးခဲ့ပါတယ္။ ဆရာမလီယန္ရဲ႕ တစ္ဦးတည္းေသာသမီး ဇန္ဇီဂ်င္းဟာလည္း ခ်န္ဇီေရာင္းနဲ႕ အသက္ငါးႏွစ္အ႐ြယ္ကတည္းက သူငယ္ခ်င္းေတြ ျဖစ္ခဲ့ၾကတယ္လို႕ ဆုိပါတယ္။

ဆရာမလီယန္မွာ အသည္းေရာဂါျဖစ္ေနၿပီး အစားထုိးလဲလွယ္ကုသရန္ လုိအပ္ေနေၾကာင္း သိ႐ွိရၿပီးေနာက္ ခ်န္ဇီေရာင္းက တုံ႕ဆုိင္းေတြေဝေနျခင္းမ႐ွိဘဲ အသည္းလွဴဒါန္းခဲ့တာ ျဖစ္ပါတယ္။

ဆရာမလီယန္ကုိ ခ်န္ဇီေရာင္းရဲ႕အသည္းနဲ႕ အစားထုိးကုသမႈကို စင္ကာပူႏုိင္ငံမွာ ျပဳလုပ္ခဲ့ၿပီး ယခုအခါ ႏွစ္ဦးလုံး ေဆး႐ုံမွာ နာလန္ထူေနတဲ့ အေျခအေနျဖစ္ေၾကာင္း သိရပါတယ္။

အသည္းအစားထုိး ခြဲစိတ္ကုသၿပီးေနာက္ လက္႐ွိမွာ ခ်န္ဇီေရာင္းဟာ အသားဝါေရာဂါ ခံစားေနရေၾကာင္း၊ သုိ႕ေသာ္ ၎ရဲ႕အသည္း ျပန္လည္ဖြံ႕ၿဖဳိးလာခ်ိန္မွာ က်န္းမာေရးအေျခအေန တုိးတက္ေကာင္းမြန္လာမယ္လုိ႕ Nanyang Siang Pau Medical Foundation က Facebook မွာ ေျပာထားပါတယ္။

အသည္းလွဴခဲ့တဲ့ ခ်န္ဇီေရာင္းဟာ ေအာက္စီဂ်င္စက္မလုိဘဲ ၎ကုိယ္တုိင္ အသက္႐ွဴႏုိင္ၿပီး ကုတင္ေပၚမွာ ထုိင္ႏုိင္ေနၿပီျဖစ္ေပမဲ့ အနည္းငယ္ နာက်င္မႈကုိေတာ့ ခံစားေနရဆဲ ျဖစ္ေၾကာင္းလည္း သိရပါတယ္။ ၎ဟာ တစ္ပတ္အတြင္း ေဆး႐ုံမွဆင္းႏုိင္မယ္လုိ႕လည္း ဆုိပါတယ္။

ေသြးစစ္ေဆးမႈေတြအရ ခ်န္ဇီေရာင္းရဲ႕အသည္းကုိ ဆရာမလီယန္ရဲ႕ ခႏၶာကုိယ္မွာ ေကာင္းစြာအလုပ္လုပ္ေနတယ္လို႕ သိရပါတယ္။ လက္႐ွိမွာ ဆရာမလီယန္ကုိေတာ့ သူမရဲ႕ အေျခအေန တည္ၿငိမ္လာတဲ့အထိ ေက်ာက္ကပ္အတြင္းမွ ေရပုိနဲ႕ အညစ္အေၾကးမ်ား ဖယ္ထုတ္သန္႕စင္တဲ့ ကုသမႈျပဳလုပ္ေပးထားပါတယ္။

“ပထမေျခာက္လက အေရးအႀကီးဆုံးကာလပါပဲ၊ လီယန္ရဲ႕အေျခအေန တည္ၿငိမ္ေနမယ္ဆုိရင္ တစ္လအတြင္း ေဆး႐ုံကေနဆင္းႏုိင္မွာပါ” လုိ႕ Nanyang Siang Pau Medical Foundation က ေျပာပါတယ္။

ဆရာမလီယန္ဟာ လက္႐ွိမွာ အသက္႐ွဴကိရိယာေတြ အကူအညီျဖင့္ ေနရဆဲျဖစ္ေပမဲ့ ဆရာဝန္ေတြက အေျခအေနေကာင္းတယ္လို႕ ေျပာခဲ့ေၾကာင္း သူမရဲ႕သမီးျဖစ္သူ ဇန္ဇီဂ်င္းက ဆုိပါတယ္။ သူမက သူငယ္ခ်င္းျဖစ္သူ ခ်န္ဇီေရာင္းကုိလည္း ေဆး႐ုံမွာ ျပဳစုေစာင့္ေ႐ွာက္ေပးေနေၾကာင္းလည္း သိရပါတယ္။

မိခင္ျဖစ္သူ အသည္းအစားထိုး ခြဲစိတ္ကုသမႈ ျပဳလုပ္ၿပီးတဲ့ညမွာ ဇန္ဇီဂ်င္းက သူမရဲ႕သူငယ္ခ်င္းေကာင္း ခ်န္ဇီေရာင္းကုိ ေက်းဇူးတင္ေၾကာင္း Facebook မွာ ေရးသားထားခဲ့ပါတယ္။

ခ်န္ဇီေရာင္းရဲ႕ ခင္မင္ရင္းႏွီးမႈနဲ႕ စြန္႕လႊတ္မႈဟာ အံ့အားသင့္စရာျဖစ္ေၾကာင္းနဲ႕ သူမရဲ႕မိခင္ကုိ အသက္႐ွင္ခြင့္ေပးခဲ့ေၾကာင္း ဇန္ဇီဂ်င္းက ေျပာထားပါတယ္။

“ခ်န္နဲ႕ သူ႕မိသားစုရဲ႕ ကူညီေဖးမမႈက ခ်စ္ျခင္းေမတၱာဆုိတာ မိသားစုထဲမွာတင္ ျဖစ္တည္ေနတာမ်ဳိး မဟုတ္ဘူးဆုိတာ ကၽြန္မ လက္ေတြ႕သိလုိက္ရပါတယ္၊ တစ္စုံတစ္ေယာက္က ႐ုိးသားစစ္မွန္တယ္ဆုိရင္ ခ်စ္ျခင္းေမတၱာဆိုတာ ေနရာတုိင္းမွာ႐ွိပါတယ္” လုိ႕ ဇန္ဇီဂ်င္းက ဖြင့္ဟခဲ့ပါတယ္။

“သူ ဒီလို အသည္းေပးလွဴၿပီး အေမ့ရဲ႕အသက္ကုိ ကယ္တင္ခဲ့သူျဖစ္လာမယ္လုိ႕ ကၽြန္မ ဘယ္တုန္းကမွ မေတြးမိခဲ့ပါဘူး” လုိ႕လည္း ဇန္ဇီဂ်င္း Facebook မွာ ေရးထားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: gyanpone

#Unicode Version#
မလေးရှားနိုင်ငံမှ ဆေးတက္ကသိုလ်ဘွဲ့ရ ဆရာဝန်လောင်း အမျိုးသားတစ်ဦးက ၎င်းရဲ့အသည်း သုံးပုံနှစ်ပုံအထိကို ငယ်စဉ်က ပညာသင်ကြားပေးခဲ့တဲ့ မူလတန်းပြဆရာမအတွက် အသည်းအစားထိုး ကုသနိုင်ရန် ပေးလှူခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ချန်ဇီရောင်းအမည်ရှိ ဆေးတက္ကသိုလ်ဘွဲ့ရကျောင်းသားက ၎င်းရဲ့အသည်း ၆၇ ရာခိုင်နှုန်းအထိကို မူလတန်းမှာ ပညာသင်ကြားပေးခဲ့တဲ့ ဆရာမ လီယန်ဖန်းပင်အတွက် ပေးလှူခဲ့ကြောင်း သိရပါတယ်။

ဆရာမလီယန်ဟာ ချန်ဇီရောင်း ငယ်စဉ်က ကွမ်တန်မှာရှိတဲ့ ကောင်မင်းတရုတ်မူလတန်းကျောင်းမှာ တက်ရောက်ခဲ့စဉ် ၎င်းကို သိပ္ပံဘာသာရပ် သင်ကြားပေးခဲ့ပါတယ်။ ဆရာမလီယန်ရဲ့ တစ်ဦးတည်းသောသမီး ဇန်ဇီဂျင်းဟာလည်း ချန်ဇီရောင်းနဲ့ အသက်ငါးနှစ်အရွယ်ကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆရာမလီယန်မှာ အသည်းရောဂါဖြစ်နေပြီး အစားထိုးလဲလှယ်ကုသရန် လိုအပ်နေကြောင်း သိရှိရပြီးနောက် ချန်ဇီရောင်းက တုံ့ဆိုင်းတွေဝေနေခြင်းမရှိဘဲ အသည်းလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဆရာမလီယန်ကို ချန်ဇီရောင်းရဲ့အသည်းနဲ့ အစားထိုးကုသမှုကို စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး ယခုအခါ နှစ်ဦးလုံး ဆေးရုံမှာ နာလန်ထူနေတဲ့ အခြေအနေဖြစ်ကြောင်း သိရပါတယ်။

အသည်းအစားထိုး ခွဲစိတ်ကုသပြီးနောက် လက်ရှိမှာ ချန်ဇီရောင်းဟာ အသားဝါရောဂါ ခံစားနေရကြောင်း၊ သို့သော် ၎င်းရဲ့အသည်း ပြန်လည်ဖွံ့ဖြိုးလာချိန်မှာ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာမယ်လို့ Nanyang Siang Pau Medical Foundation က Facebook မှာ ပြောထားပါတယ်။

အသည်းလှူခဲ့တဲ့ ချန်ဇီရောင်းဟာ အောက်စီဂျင်စက်မလိုဘဲ ၎င်းကိုယ်တိုင် အသက်ရှူနိုင်ပြီး ကုတင်ပေါ်မှာ ထိုင်နိုင်နေပြီဖြစ်ပေမဲ့ အနည်းငယ် နာကျင်မှုကိုတော့ ခံစားနေရဆဲ ဖြစ်ကြောင်းလည်း သိရပါတယ်။ ၎င်းဟာ တစ်ပတ်အတွင်း ဆေးရုံမှဆင်းနိုင်မယ်လို့လည်း ဆိုပါတယ်။

သွေးစစ်ဆေးမှုတွေအရ ချန်ဇီရောင်းရဲ့အသည်းကို ဆရာမလီယန်ရဲ့ ခန္ဓာကိုယ်မှာ ကောင်းစွာအလုပ်လုပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဆရာမလီယန်ကိုတော့ သူမရဲ့ အခြေအနေ တည်ငြိမ်လာတဲ့အထိ ကျောက်ကပ်အတွင်းမှ ရေပိုနဲ့ အညစ်အကြေးများ ဖယ်ထုတ်သန့်စင်တဲ့ ကုသမှုပြုလုပ်ပေးထားပါတယ်။

“ပထမခြောက်လက အရေးအကြီးဆုံးကာလပါပဲ၊ လီယန်ရဲ့အခြေအနေ တည်ငြိမ်နေမယ်ဆိုရင် တစ်လအတွင်း ဆေးရုံကနေဆင်းနိုင်မှာပါ” လို့ Nanyang Siang Pau Medical Foundation က ပြောပါတယ်။

ဆရာမလီယန်ဟာ လက်ရှိမှာ အသက်ရှူကိရိယာတွေ အကူအညီဖြင့် နေရဆဲဖြစ်ပေမဲ့ ဆရာဝန်တွေက အခြေအနေကောင်းတယ်လို့ ပြောခဲ့ကြောင်း သူမရဲ့သမီးဖြစ်သူ ဇန်ဇီဂျင်းက ဆိုပါတယ်။ သူမက သူငယ်ချင်းဖြစ်သူ ချန်ဇီရောင်းကိုလည်း ဆေးရုံမှာ ပြုစုစောင့်ရှောက်ပေးနေကြောင်းလည်း သိရပါတယ်။

မိခင်ဖြစ်သူ အသည်းအစားထိုး ခွဲစိတ်ကုသမှု ပြုလုပ်ပြီးတဲ့ညမှာ ဇန်ဇီဂျင်းက သူမရဲ့သူငယ်ချင်းကောင်း ချန်ဇီရောင်းကို ကျေးဇူးတင်ကြောင်း Facebook မှာ ရေးသားထားခဲ့ပါတယ်။

ချန်ဇီရောင်းရဲ့ ခင်မင်ရင်းနှီးမှုနဲ့ စွန့်လွှတ်မှုဟာ အံ့အားသင့်စရာဖြစ်ကြောင်းနဲ့ သူမရဲ့မိခင်ကို အသက်ရှင်ခွင့်ပေးခဲ့ကြောင်း ဇန်ဇီဂျင်းက ပြောထားပါတယ်။

“ချန်နဲ့ သူ့မိသားစုရဲ့ ကူညီဖေးမမှုက ချစ်ခြင်းမေတ္တာဆိုတာ မိသားစုထဲမှာတင် ဖြစ်တည်နေတာမျိုး မဟုတ်ဘူးဆိုတာ ကျွန်မ လက်တွေ့သိလိုက်ရပါတယ်၊ တစ်စုံတစ်ယောက်က ရိုးသားစစ်မှန်တယ်ဆိုရင် ချစ်ခြင်းမေတ္တာဆိုတာ နေရာတိုင်းမှာရှိပါတယ်” လို့ ဇန်ဇီဂျင်းက ဖွင့်ဟခဲ့ပါတယ်။

“သူ ဒီလို အသည်းပေးလှူပြီး အမေ့ရဲ့အသက်ကို ကယ်တင်ခဲ့သူဖြစ်လာမယ်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး” လို့လည်း ဇန်ဇီဂျင်း Facebook မှာ ရေးထားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: gyanpone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top