×

ေပါင္းတည္ၿမိဳ႕ ဗုဒၶၿမတ္စြယ္ေတာ္ဘုရားပြဲေစ်း ဆိုင္ခန္းအခ်ိဳ႕ကို ေတြ႕ရစဥ္ (ဓာတ္ပံု − ေဇာ္မင္းထိုက္)

ေပါင္းတည္ၿမိဳ႕ ဗုဒၶျုမတ္ စြယ္ေတာ္ဘုရားပြဲေစ်းဆိုင္ခန္း ငွားရမ္းခသည္ တစ္ခန္းလွ်င္ ျပင္ ပေပါက္ေစ်း က်ပ္တစ္သိန္းေက်ာ္ ေနေၾကာင္း နယ္လွည့္ေစ်းေရာင္း ခ်သည့္ဆယ့္ႏွစ္ပြဲေစ်းသည္္မ်ား က ေျပာသည္။

မ်က္ႏွာ၀အက်ယ္ ေျခာက္ ေပရွိ ပြဲေစ်းဆိုင္ခန္းတစ္ခန္းလွ်င္ ေဂါပကအဖြဲ႕သုိ႔ တရား၀င္ေပး သြင္းေငြသည္ အမ်ားဆုံး က်ပ္ ၄၂,၀၀၀ သာရွိေသာ္လည္း ျပင္ပ ေပါက္ေစ်းတြင္ တစ္ခန္းလွ်င္ က်ပ္တစ္သိန္းခြဲအထိေပးၿပီး ငွား ေနရေၾကာင္း၎တို႔ကဆုိသည္။

ထုိသုိ႔ ျပင္ပေပါက္ေစ်းျမင့္ မားေနျခင္းသည္ ပြဲေစ်းဆိုင္ခန္း အမည္ေပါက္သူမ်ားက ေဂါပက အဖြဲ႕သုိ႔ တရား၀င ္ေငြေပးသြင္း ကာ ေစ်းေရာင္းျခင္းမျပဳဘဲျပင္ပ ေပါက္ေစ်းႏႈန္းျမႇင့္ကာတစ္ဆင့္ ျပန္လည္ေရာင္းခ်ေနျခင္းေၾကာင့္ ျဖစ္သည္။

‘‘ေပါင္းတည္ စြယ္ေတာ္ပြဲ မွာက ဆိုင္ခန္းအမည္ေပါက္ကုိ နယ္ခံေတြက ပုိင္တာမ်ားတယ္။ နယ္လွည့္ေစ်းသည္ေတြပုိင္တာ နည္းတယ္။ အျမင့္ေစ်းနဲ႔ ငွား ေရာင္းရေတာ့ မကိုက္ဘူး။ ဒီအ လုပ္ပဲလုပ္စားတတ္ေတာ့ ငွား ထြက္ေနရတာပဲ။ တကယ္ထြက္ တဲ့သူကုိ အမည္ေပါက္ေပးသင့္ တယ္။ အမည္ေပါက္ရသူက မထြက္ဘဲငွားစားေနၾကေတာ့ တ ကယ့္ေစ်းသည္ေတြအတြက္ နစ္ နာတာေပါ့’’ ဟု ကေလးကစား စရာပစၥည္းဆုိင္မွ ကုိသန္း၀င္းက ေျပာသည္။

ပြဲေစ်းဆိုင္ခန္းမ်ားကုိ အ မည္ေပါက္သူမ်ားက ေစ်းႏႈန္းျမင့္ မားစြာတစ္ဆင့္ျပန္ေရာင္းသျဖင့္ ဆယ့္ႏွစ္ပြဲ ေစ်းသည္မ်ားသည္ ၎တို႔၏ ကုန္ပစၥည္း သယ္ယူ စရိတ္၊ လမ္းစရိတ္မ်ားႏွင့္မကာမိ ဘဲ အ႐ႈံးေပၚမည့္အေရးစုိးရိမ္ေန သည္။

ဘုရားပြဲေစ်းတန္း၌ ဆိုင္ ခန္း ၉၅၀ ရွိၿပီး ရန္ကုန္ - ျပည္ လမ္းေဘး မွတ္တုိင္လမ္းႏွင့္ ဘုရားႀကီးလမ္းတို႔တြင္ ေဆာက္ လုပ္ထားေၾကာင္း ေပါင္းတည္ၿမိဳ႕ သက်မုနိမုိဃ္းေကာင္းဘုရား ျမတ္စြယ္ေတာ္ပူေဇာ္ပြဲအခမ္းအ နားစီစဥ္ေရးအဖြဲ႕မွ သိရသည္။

‘‘ဆုိင္ခန္းေစ်းသိန္းဂဏန္း အထိျဖစ္သြားတဲ့အေနအထားဆုိ ရင္ေတာ့ ေရာင္းစားတဲ့သေဘာ ေပါ့။ ဒီလုိေရာင္းစားပါတယ္ဆုိၿပီး ေဂါပကအဖြဲ႕ကုိ တုိင္ရင္ေတာ့ ေဂါပကအဖြဲ႕က ဆုိင္ခန္းကုိသိမ္း မယ္။ ၿပီးရင္ ဆုိင္ခန္းကုိေလလံ ျပန္ပစ္တာေတြလုပ္ပါတယ္’’ ဟု ျမတ္စြယ္ေတာ္အခမ္းအနားစီစဥ္ ေရးအဖြဲ႕တြဲဖက္အတြင္းေရးမွဴး ဦးျမတ္စုိးကဆုိသည္။

ေပါင္းတည္ၿမိဳ႕ ဗုဒၶျမတ္ စြယ္ေတာ္ပူေဇာ္ပြဲကုိ စက္တင္ ဘာ ၂၁ ရက္မွ ၂၄ ရက္(ေတာ္သ လင္းလဆန္း ၁၂ ရက္မွ လျပည့္ ေန႔) အထိက်င္းပမည္ျဖစ္ၿပီး စက္ တင္ဘာ ၂၂ ရက္(ေတာ္သလင္း လဆန္း ၁၃ ရက္)တြင္ ဗုဒၶျမတ္ စြယ္ေတာ္ကုိ ဆင္ရတနာျဖင့္ပင့္ ေဆာင္ကာ ေဒ၀ါ၀င္း၊ ရာဇာ၀င္း မ်ား၊ ဇာတ္နိပါတ္ သ႐ုပ္ေဖာ္ လွည္းမ်ားျဖင့္ ၿခံရံၿပီး ၿမိဳ႕တြင္း လွည့္လည္အပူေဇာ္ခံကာ အခမဲ့ ဇာတ္ပြဲမ်ား၊ ယိမ္းကားမ်ားျဖင့္ စည္ကားစြာ က်င္းပမည္ျဖစ္ သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော်ဘုရားပွဲဈေး ဆိုင်ခန်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

ပေါင်းတည်မြို့ ဗုဒ္ဓြုမတ် စွယ်တော်ဘုရားပွဲဈေးဆိုင်ခန်း ငှားရမ်းခသည် တစ်ခန်းလျှင် ပြင် ပပေါက်ဈေး ကျပ်တစ်သိန်းကျော် နေကြောင်း နယ်လှည့်ဈေးရောင်း ချသည့်ဆယ့်နှစ်ပွဲဈေးသည်များ က ပြောသည်။

မျက်နှာဝအကျယ် ခြောက် ပေရှိ ပွဲဈေးဆိုင်ခန်းတစ်ခန်းလျှင် ဂေါပကအဖွဲ့သို့ တရားဝင်ပေး သွင်းငွေသည် အများဆုံး ကျပ် ၄၂,၀၀၀ သာရှိသော်လည်း ပြင်ပ ပေါက်ဈေးတွင် တစ်ခန်းလျှင် ကျပ်တစ်သိန်းခွဲအထိပေးပြီး ငှား နေရကြောင်း၎င်းတို့ကဆိုသည်။

ထိုသို့ ပြင်ပပေါက်ဈေးမြင့် မားနေခြင်းသည် ပွဲဈေးဆိုင်ခန်း အမည်ပေါက်သူများက ဂေါပက အဖွဲ့သို့ တရားဝင ်ငွေပေးသွင်း ကာ ဈေးရောင်းခြင်းမပြုဘဲပြင်ပ ပေါက်ဈေးနှုန်းမြှင့်ကာတစ်ဆင့် ပြန်လည်ရောင်းချနေခြင်းကြောင့် ဖြစ်သည်။

‘‘ပေါင်းတည် စွယ်တော်ပွဲ မှာက ဆိုင်ခန်းအမည်ပေါက်ကို နယ်ခံတွေက ပိုင်တာများတယ်။ နယ်လှည့်ဈေးသည်တွေပိုင်တာ နည်းတယ်။ အမြင့်ဈေးနဲ့ ငှား ရောင်းရတော့ မကိုက်ဘူး။ ဒီအ လုပ်ပဲလုပ်စားတတ်တော့ ငှား ထွက်နေရတာပဲ။ တကယ်ထွက် တဲ့သူကို အမည်ပေါက်ပေးသင့် တယ်။ အမည်ပေါက်ရသူက မထွက်ဘဲငှားစားနေကြတော့ တ ကယ့်ဈေးသည်တွေအတွက် နစ် နာတာပေါ့’’ ဟု ကလေးကစား စရာပစ္စည်းဆိုင်မှ ကိုသန်းဝင်းက ပြောသည်။

ပွဲဈေးဆိုင်ခန်းများကို အ မည်ပေါက်သူများက ဈေးနှုန်းမြင့် မားစွာတစ်ဆင့်ပြန်ရောင်းသဖြင့် ဆယ့်နှစ်ပွဲ ဈေးသည်များသည် ၎င်းတို့၏ ကုန်ပစ္စည်း သယ်ယူ စရိတ်၊ လမ်းစရိတ်များနှင့်မကာမိ ဘဲ အရှုံးပေါ်မည့်အရေးစိုးရိမ်နေ သည်။

ဘုရားပွဲဈေးတန်း၌ ဆိုင် ခန်း ၉၅၀ ရှိပြီး ရန်ကုန် - ပြည် လမ်းဘေး မှတ်တိုင်လမ်းနှင့် ဘုရားကြီးလမ်းတို့တွင် ဆောက် လုပ်ထားကြောင်း ပေါင်းတည်မြို့ သကျမုနိမိုဃ်းကောင်းဘုရား မြတ်စွယ်တော်ပူဇော်ပွဲအခမ်းအ နားစီစဉ်ရေးအဖွဲ့မှ သိရသည်။

‘‘ဆိုင်ခန်းဈေးသိန်းဂဏန်း အထိဖြစ်သွားတဲ့အနေအထားဆို ရင်တော့ ရောင်းစားတဲ့သဘော ပေါ့။ ဒီလိုရောင်းစားပါတယ်ဆိုပြီး ဂေါပကအဖွဲ့ကို တိုင်ရင်တော့ ဂေါပကအဖွဲ့က ဆိုင်ခန်းကိုသိမ်း မယ်။ ပြီးရင် ဆိုင်ခန်းကိုလေလံ ပြန်ပစ်တာတွေလုပ်ပါတယ်’’ ဟု မြတ်စွယ်တော်အခမ်းအနားစီစဉ် ရေးအဖွဲ့တွဲဖက်အတွင်းရေးမှူး ဦးမြတ်စိုးကဆိုသည်။

ပေါင်းတည်မြို့ ဗုဒ္ဓမြတ် စွယ်တော်ပူဇော်ပွဲကို စက်တင် ဘာ ၂၁ ရက်မှ ၂၄ ရက်(တော်သ လင်းလဆန်း ၁၂ ရက်မှ လပြည့် နေ့) အထိကျင်းပမည်ဖြစ်ပြီး စက် တင်ဘာ ၂၂ ရက်(တော်သလင်း လဆန်း ၁၃ ရက်)တွင် ဗုဒ္ဓမြတ် စွယ်တော်ကို ဆင်ရတနာဖြင့်ပင့် ဆောင်ကာ ဒေဝါဝင်း၊ ရာဇာဝင်း များ၊ ဇာတ်နိပါတ် သရုပ်ဖော် လှည်းများဖြင့် ခြံရံပြီး မြို့တွင်း လှည့်လည်အပူဇော်ခံကာ အခမဲ့ ဇာတ်ပွဲများ၊ ယိမ်းကားများဖြင့် စည်ကားစွာ ကျင်းပမည်ဖြစ် သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top