မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ျမန္မာသကၠရာဇ္ ၇၆၂ ခုႏွစ္၌ မင္းေခါင္ဘုရင္ႏွင့္ မိဖုရားရွင္မိေနာက္တို့သည္ အင္းဝထီးနန္း ကိုစတင္ စိုးစံ ေတာ္ မူျပီးသားေတာ္ႀကီး သီဟသူ သားေတာ္လတ္ မင္းသခၤယာ သားေတာ္ငယ္ မင္းရဲေက်ာ္စြာဟူ၍ သားေတာ္သံုးပါး ရွိေလသည္။ ထိုအခ်ိန္သည္ အင္းဝႏွင့္ဟံသာဝတီ ႏွစ္(၄၀) စစ္ျဖစ္ေနေသာ အခါ ျဖစ္ျပီးဟံသာဝတီ၌ ရာဇာဓိရာဇ္မင္း အုပ္ခ်ဳပ္ေနခ်ိန္ ျဖစ္ေပသည္။ ဒို႔ သခင္မင္းရဲေက်ာ္စြာသည္ အတိတ္ဘဝ က မြန္ဘုရင္ရာဇာဓိရာဇ္၏ သားေတာ္ႀကီး ေဘာေလာက်န္းေထာ ျဖစ္ခဲ့ဖူးသည္။ လည္ေကာင္း ဘဝတြင္ဘုရင္ရာဇာဓိရာဇ္ကို ပုန္ကန္၍ ထီနန္း လုရန္ ႀကံစည္ သည္ဟူေသာ စြပ္ဆြဲခ်က္ျဖင့္ သတ္ေစ အမိန္႔ေပးရာတြင္ ေဘာေလာက်န္းေထာမင္းသား မွ အသတ္မခံရခင္ ပဲခူးေရႊေမာ္ေဓာဘုရား ၌ ငါသည္ ဖခင္အားသတ္၍ထီးနန္းလုရန္စိတ္ အႀကံလံုးဝမရွိပါ

ဤမွန္ေသာသစၥာစကား ေႀကာင့္ငါသည္ဤဘဝမွကြယ္လြန္၍ေနာက္ဘဝလူျဖစ္ရသည္ရွိေသာ္ ျမန္မာမင္း၏ဝမ္း၌ဝင္စားရ၍ အရြယ္ေရာက္ေသာ္ ငါ့ဖခင္ကိုတိုက္ပြဲ၌ စီးခ်င္းထိုး၍ ျပန္သတ္နိုင္ရပါေစသား ဟုသစၥာျပဳ၍အသတ္ခံျပီးေသာ္ ျမန္မာဘုရင္ အင္းဝဘုရင္မင္းေခါင္၏ မိဖုရားရွင္မိေနာက္ ၏ ဝမ္းဗိုက္၌ ဝင္စား ေလသည္။ မိဖုရား သည္ ကိုယ္ဝန္လြယ္ထားခ်ိန္၌ ဒလျမိဳ႕က သရက္သီး မုတၲမက ေျမသင္းခဲ ႏွင့္ ေရႀကည္ေတာ္တို႔ကို စားသံုး လိုသည္ဟု ခ်ဥ္ျခင္းတပ္၍ မြန္မင္း ဆီသို႔ေတာင္းယူဆက္သရေလသည္။

ထိုအေႀကာင္းႏွင့္ပတ္သက္၍မြန္ဘုရင္မွထူးဆန္းသည္ဟု သံသယ ရွိ၍ ပေရာဟိတ္ဆရာမ်ားေခၚယူ၍တြက္ခ်က္ရာ ပေရာဟိတ္မ်ားမွ အရွင္ရာဇာဓိရာဇ္ ၏သားေတာ္ႀကီး ေဘာေလာက်န္း ေထာမင္းသား သည္ဆုေတာင္းျပည့္၍ ျမန္မာမင္းထံ ဝင္စားေလျပီ ။ထိုေႀကာင့္ ဤမင္းသားေမြး၍ႀကီးျပင္းလာေသာ္ အရွင့္အားျပန္၍သတ္ပါလိမ့္မည္ ဟုေလ်ွာက္ထားႀကေလ၏။ ၎ေဟာႀကားခ်က္ကို ရာဇာဓိရာဇ္မွေႀကာက္လန္႔ျပီး ပဲခူးေရႊေမာ္ေဓာေစတီအား ေရႊကိုယ္လံုးေတာ္ျပည္ ့ပူေဇာ္ျပီး ဤေကာင္းမႈ႕ေႀကာင့္ ငါ၏သားသည္ငါ့ရန္သူ ျမန္မာမင္း ထံဝင္စားသည္မွန္ပါက ငါ့အားမည္သည့္အခ်ိန္မွသတ္၍မရနိဳင္ပါေစႏွင့္ဟူ၍ ဆုေတာင္းေလ၏။ဤသိုျဖင့္ ငါဒို႔ ၏ သခင္မင္းရဲေက်ာ္စြာသည္ ျမန္မာသကၠရာဇ္ ၇၅၂ ခုႏွစ္တြင္မိဖုရားရွင္မိေနာက္ ၏ဝမ္းႀကာတိုက္မွဖြားျမင့္ေတာ္မူ ေလသည္။ ငါဒို႔ သခင္မင္းရဲေက်ာ္စြာသည္ သက္ေတာ္ (၁၃) ႏွစ္သား၌အင္းဝေရႊျပည္တြင္ စစ္ေသနာပတိ ျဖစ္ေတာ္မူ၍ ျမန္မာသကၠရာဇ္ ၇၇၂ ခုႏွစ္တြင္အင္းဝ ဟံသာဝတီ ႏွစ္ (၄၀) စစ္ကိုအဆံုးသတ္ရန္ ဟံသာဝတီ

သို႔ ေတာင္ငူစား လက္ယာႀကီး တစ္တပ္ ၊ျပည္စားပ်ံခ်ီတစ္တပ္၊ စလင္းစားေနာ္ရထာတစ္တပ္၊ ဗဒံုစားတစ္တပ္ ပခန္းစားတစ္တပ္ ၊အုန္းေပါင္သိုေႀကာင္ဘြားတစ္တပ္၊ ေညာင္ေရႊေထာမွိုင္းႀကီးတစ္တပ္၊၎တပ္ႀကီး (၇) တပ္ အျပင္ တိုက္ဆင္(၄၀၀)၊ ျမင္း (၆၀၀၀)၊ စစ္သူရဲ (၇၀၀၀၀)၊ ေရတပ္ (၈) တပ္တြင္ပါသည့္ ေလွႀကီး(၇၀)၊ ရဲေလွငယ္ (၇၀၀)၊ ေလွာ္ကားေလွ(၂၀၀)၊ ကုန္တင္ေလွ (၃၀၀)၊ သံေလွ (၂၀၀)၊စစ္သည္သူရဲ (၇၀၀၀၀) ႏွင့္ ငါဒို႔ အရွင္မင္းရဲေက်ာ္စြာ မွဦးစီး၍စစ္ေတာ္ထြက္ခဲ့ေလသည္။ မြန္ဘုရင္ရာဇာဓိရာဇ္ကလည္း တပ္မင္းအမတ္ဒိန္ စစ္ကဲႀကီး ရဲကမာန္ သားေတာ္ဗညားဓမၼရာဇာ စစ္ကဲဗိုက္ကမာန္၊သားေတာ္ဗညားရံစစ္ကဲႀကီးေစာနဳ၊ သားေတာ္ ဗညားပရံတို႔ကိုဦးစီးေစ၍ကနီကေတာင္နီ တံခြန္နီ ဥရန္းနီဆင္ေျခဖံုး လွံနီတပ္သား ဆင္ႏွစ္ဆယ္လူ ၅၀၀၀ ကိုေရွ့တပ္ခ်ီေစ၍ သားေတာ္ ဗညားဓမၼရာဇာမွဆင္ေတာ္ရာဇေပါက္သား ကိုစီး၍ ေရႊက ေရႊကေတာင္ ေရႊကဥရန္း ေရႊတံခြန္ ေရႊြွလြွားမိုးနဲေရြွလွံ ဆင္တပ္သား ၃၀ လက္နက္ကိုင္သူရဲေကာင္း ၁၀၀၀၀ ႏွင့္ ရာဇာဓိရာဇ္မွ တပ္ေတာ္ထြက္ေလသည္။

ဤသို့ျဖင့္ဒို့သခင္မင္းရဲေက်ာ္စြာ ႏွင့္ ရာဇာဓိရာဇ္၏ တပ္တို့သည္ သူနိဳင္ကိုယ္နိဳင္အျပန္ျပန္ ႏွစ္ေပါင္းမ်ားစြာတိုက္ႀကျပီး ျမန္မာသကၠရာဇ္ ၇၇၈ ခုသို့ေရာက္ေသာ္မင္းရဲေက်ာ္စြာသည္ ဒလ အရပ္၌တပ္စြဲေနျပီး ရာဇာဓိရာဇ္ကလည္း က်တ္တလီ(ယခုက်ိဳက္သလဲ)၌တပ္စြဲေနေလသည္။ ရာဇာဓိရာဇ္သည္ စစ္ကိစၥကိုေဗဒင္ပညာရွင္ေလးေယာက္တို့ကိုေခၚယူတြက္ခ်က္ႀကည့္ရာ ပညာရွိေလးေယာက္စလံုးမွယခုလာမည့္တန္ခူးလဆန္း (၄) ရက္ေန႔တြင္စစ္တိုက္ပါက မင္းရဲေက်ာ္စြာကိုလက္ရဖမ္းဆီးနိဳင္ပါလိမ့္မည္ဟု တညီတညြတ္ေလ်ွာက္ထားႀကေလသည္။ ထို႔ႀကာင့္ ရာဇာဓိရာဇ္မွ၎ေန႔တြင္မင္းရဲေက်ာ္စြာ စစ္ထြက္တိုက္လာရန္အမတ္ဒိန္ကိုစစ္ျမဴ ရန္တာဝန္ေပးေလသည္၊၎ေန႔တြင္အမတ္ဒိန္မွ စစ္သည္အနဲငယ္ေခၚ၍ မင္းရဲေက်ာ္စြာတပ္ ကိုဝိုင္းဟန္ျပဳသည္။ထိုအခ်ိန္တြင္ဒို႔သခင္မင္းရဲေက်ာ္စြာသည္တပ္မင္း တပ္ဗိုလ္ မ်ားျဖင့္ အရက္ေသစာေသာက္ စားေနေသာအခ်ိန္ျဖစ္၍ ေဒါသျဖစ္ကာဆင္ေတာ္ငခ်စ္ခိုင္ကိုအရက္ (၉) အင္တိုက္ျပီးစစ္ခ်ီေလသည္၊ စစ္မထြက္ခင္ မိဘုရားေစာမင္းလွကိုယခုစစ္ထြက္မည္ျဖစ္ေႀကာင္း ေရႊစိတ္ေတာ္မပူရန္မွာ၍ စစ္ထြက္ေလသည္။ ဒို႔သခင္ မင္းရဲေက်ာ္စြာသည္ အေလာတႀကီးစစ္ထြက္၍ ေနာက္ပါရဲမက္မ်ား အျမန္လိုက္ေသာ္လည္းမမွီရွိေခ်၏။

ထို႔ေႀကာင့္ စစ္က်ြွံ၍ရာဇာဓိရာဇ္ႏွင့္သားေတာ္မ်ား၏ႏွစ္ဖက္ညွပ္၍တိုက္ခ်င္းကိုခံရေလ၏ ေနာက္ပါစစ္ကူမ်ားလည္းအလွမ္းေဝး မွာက်န္္ခဲေလ၏။ ထိုအခ်ိန္တြင ္ရာဇာဓိရာဇ္မွာ ရန္ အမည္ရွိ ဆင္ကိုစီး၍ထြက္ေလသည္၊မင္းႏွစ္ပါး တိုက္ပြဲအတြင္း ၌မ်က္ႏွာခ်င္းဆိုင္ ေတြ့၍စီခ်င္းထိုးေသာ္ ဒို့သခင္မင္းရဲေက်ာ္စြာစီးေသာ ဆင္ေတာ္ငခ်စ္ခိုင္သည္ အဘက္ဘက္မွ ျပစ္ေသာ လွံခ်က္တစ္ရာေက်ာ္ထိ၍ ဆင္နာျပီး ဆင္ခါေသာ္ မင္းရဲေက်ာ္စြာသည္ ဆင္ေတာ္ေပၚမွက်ေတာ္မူျပီး ညာဘက္ေပါင္တြင္ဒဏ္ရာရ၍ လမ္းေကာင္းစြာမေလ်ွာက္နိုင္ပဲ ေရကန္အနီးဥႏၷဲပင္ေအာက္၌ သြား၍ပုန္းခိုရေလ၏။ ဆင္ကုန္းလည္၌ထိုင္ရေသာအထိန္းေတာ္နႏၵသူရိယလည္း ဆံုးေလ၏၊ မြန္တို႔သည္ဆင္ေတာ္ထက္တြင္ မင္းရဲေက်ာ္စြာ အားမျမင္ေတာ့မွ ဆင္ေတာမွဆင္ေတာ္ကို ဝန္းရံဖမ္းဆီး၍ ဆင္ေနာက္ထိုင္ ငနက္ေတာ္ အား စစ္ေမး ေသာ္လည္းမသိ ဟုသာဆိုေလ၏။ထို႔ေႀကာင္ရာဇာဓိရာဇ္သည္ ေဗဒင္ပညာရွိတို့ႏွင့္ တြက္စစ္ခိုင္းေသာ္ ပညာရွင္တို့က ေတာတန္းအတြင္း ႀကိုးႏွင္တိုက္၍ရွာေသာ္ေတြ့လိမ့္မည္ဟု ေဟာသျဖင့္ေဟာသည့္ အတိုင္းရွာေဖြရာ ေရကန္အနီး ဥႏၷဲပင္ေအာက္၌မင္းရဲေက်ာ္စြာကိုဖမ္းမိေလသည္။ ဤသို့မင္းရဲေက်ာ္စြာ လာကပ္ပံုး ေသာ အရပ္အားယခုတိုင္ လာကပ္ပံုးရြာ(လာကပံုရြာယခုနန္းရင္းရွိေသာရြာ)ဟုေခၚေလသည္။

မင္းရဲေက်ာ္စြာကိုမိလ်ွင္ ရာဇာဓိရာဇ္မွ တူေမာင့္ ကိုဦႀကီးေတာ္မွရန္သူမမွတ္သားဟုမွတ္၍ သမီေတာ္ႏွင့္ေပးစားျပီးအိမ္ေရွမင္းရာထူေပးပါမည္ ဒဏ္ရာကို လည္း ေပ်ာက္ကင္းေအာင္ ကုသေပးမည္မြန္တို့အရပ္တြင္ေနပါ ဟုဆိုေသာ္လည္း ငါသည္ျမန္မာျဖစ္၍ မြန္လက္ေအာက္တြင္မေနလို ငါ့ဒဏ္ရာလဲမကုသႀကႏွင့္ ေသမည္ဆိုကေသေစေတာ့ ဟူ၍ဒဏ္ရာကိုမကုသပဲတင္းခံေနေသာေႀကာင့္ ျမန္မာ သကၠရာဇ္ ၇၇၈ ခု တန္ခူးလဆန္းေလးရက္ ဗုဒၶဟူးေန့ ည ၂ ခ်က္တီးေက်ာ္ခန့္တြင္ဒို့သခင္မင္းရဲေက်ာ္စြာသည္ ဒလ ယခင္က်တ္တလီ ယခုက်ိဳက္သလဲအရပ္ လာကပံုရြာ၌ လူ့ျပည္ကိုစြန့္၍နတ္ျပည္သို့စံေတာ္မူရရွာေလသည္။ မင္းရဲေက်ာ္စြာကြယ္လြန္လ်ွင္ ကြယ္လြန္ျခင္း ကုကၠိဳပင္ေစာင့္နတ္မွ ဘုရင္မင္းေခါင္အား ကိုယ္ထင္ျပ၍ မင္းရဲေက်ာ္စြာ ဆံုး၍နတ္ျဖစ္ေႀကာင္း ေျပာေသာအခါဘုရင္မင္းေခါင္သိ၍ ေအာက္ဟံသာဒဂံုတိုင္း အားအပိုင္စားေပးေလသည္ အေလာင္း ေတာ္မွရေသာျပာအိုးကိုယခု က်ဳိက္သလဲရြာနတ္နန္း အနီးဂူဗိမၼာန္ႏွင့္ျမွဳတ္ႏွံထားသည္မွာယခု တိုင္ေတြ့နိဳင္ေပသည္ ဒို့သခင္သည္သက္ေတာ္ ၂၆ တြင္နတ္ျဖစ္ေလသည္။

ယခုမင္းရဲေက်ာ္စြာ ေခၚ တလိုင္းမင္းႀကီးစံနန္းေတာ္တြင္အမႈေတာ္ထမ္းရေသာအမ့ႈထမ္းမ်ား သိုးေတာ္ေဆာင္းမိဖုရားႀကီးမ်ား
၁ ။ေဒၚခင္ဝင္း ၂ ။ေဒၚခင္စန္း ၃ ။ေဒၚခင္စိုးလင္း ၄ ။ေဒၚခင္စန္းႀကည္ ၅ ။ေဒၚခင္ေမာ္ဦး ၆ ။ေဒၚခင္စိုးလႈိင္ ၇ ။ေဒၚတင္စိုးလႈိင္ ၈ ။ေဒၚခင္စိန္ေအး ေဘာင္းေတာ္ေဆာင္းအမတ္ႀကီးမ်ား
၁။ ဦးထြန္းထြန္းဝင္း(သက္ေတာ္ရွည္အမတ္ခ်ဳပ္ႀကီး) ၂။ ဦးေအာင္လင္းေခါင္ ၃ ။ဦးစံျမင့္ ၄ ။ဦးေနလင္းထက္ ၅ ။ဦးေက်ာ္ေက်ာ္မင္း ၆ ။ဦးမင္းမင္းစိုး(တရုပ္ႀကီး) ၇ ။ဦမင္းမင္း(ျပည္)
ေရႊနန္းေတာ္နာယကႀကီးမ်ား ၁။ ဦးျငိမ္းခ်မ္း(ရတနာ့ဂူေဘာင္းေတာ္ေဆာင္းအမတ္ႀကီး) ၂။ ဦးထိန္လင္း နတ္နန္းထိနး္မိသားစု ဦးေက်ာ္စြာဝင္း(ေဒဝေက်ာ္ေခါင္)၊ဇနီးေဒၚတင္တင္ျမင့္တို႔မွထိန္းသိမ္းအုပ္ခ်ဳပ္ပါသည္။ႏွစ္စဥ္တန္ေဆာင္မုန္းလဆန္း(၆) ရက္မွ (၁၂) ရက္ေန့အထိဆင္ဖမ္းပြဲက်င္းပပါသည္။(၆)ရက္ေန႔ညီလာခံ၊(၉)ရက္ေန႔ ခ်ိဳးေရေတာ္သံုး၊
(၁၀) ရက္ေန႔ ဆင္ဖမ္းပြဲ၊(၁၂)ရက္ေန့ မီးက်ည္လြွတ္ ပြဲသိမ္းပြဲက်င္းပပါသည္။ႏွစ္စဥ္ တန္ခူးလဆန္း ၄ ရက္ေန့တိုင္းစစ္ထြက္ပြဲက်င္းပပါသည္။နတ္သားသမီးအေပါင္းတို့ ပြဲေတာ္ရက္မ်ားတြင္လာေရာက္ပူေဇာ္နိဳင္ႀကပါရန္ဖိတ္ႀကားအပ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMCele
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာသက္ကရာဇ် ၇၆၂ ခုနှစ်၌ မင်းခေါင်ဘုရင်နှင့် မိဖုရားရှင်မိနောက်တို့သည် အင်းဝထီးနန်း ကိုစတင် စိုးစံ တော် မူပြီးသားတော်ကြီး သီဟသူ သားတော်လတ် မင်းသင်္ခယာ သားတော်ငယ် မင်းရဲကျော်စွာဟူ၍ သားတော်သုံးပါး ရှိလေသည်။ ထိုအချိန်သည် အင်းဝနှင့်ဟံသာဝတီ နှစ်(၄၀) စစ်ဖြစ်နေသော အခါ ဖြစ်ပြီးဟံသာဝတီ၌ ရာဇာဓိရာဇ်မင်း အုပ်ချုပ်နေချိန် ဖြစ်ပေသည်။ ဒို့ သခင်မင်းရဲကျော်စွာသည် အတိတ်ဘဝ က မွန်ဘုရင်ရာဇာဓိရာဇ်၏ သားတော်ကြီး ဘောလောကျန်းထော ဖြစ်ခဲ့ဖူးသည်။ လည်ကောင်း ဘဝတွင်ဘုရင်ရာဇာဓိရာဇ်ကို ပုန်ကန်၍ ထီနန်း လုရန် ကြံစည် သည်ဟူသော စွပ်ဆွဲချက်ဖြင့် သတ်စေ အမိန့်ပေးရာတွင် ဘောလောကျန်းထောမင်းသား မှ အသတ်မခံရခင် ပဲခူးရွှေမော်ဓောဘုရား ၌ ငါသည် ဖခင်အားသတ်၍ထီးနန်းလုရန်စိတ် အကြံလုံးဝမရှိပါ

ဤမှန်သောသစ္စာစကား ကြောင့်ငါသည်ဤဘဝမှကွယ်လွန်၍နောက်ဘဝလူဖြစ်ရသည်ရှိသော် မြန်မာမင်း၏ဝမ်း၌ဝင်စားရ၍ အရွယ်ရောက်သော် ငါ့ဖခင်ကိုတိုက်ပွဲ၌ စီးချင်းထိုး၍ ပြန်သတ်နိုင်ရပါစေသား ဟုသစ္စာပြု၍အသတ်ခံပြီးသော် မြန်မာဘုရင် အင်းဝဘုရင်မင်းခေါင်၏ မိဖုရားရှင်မိနောက် ၏ ဝမ်းဗိုက်၌ ဝင်စား လေသည်။ မိဖုရား သည် ကိုယ်ဝန်လွယ်ထားချိန်၌ ဒလမြို့က သရက်သီး မုတ္တမက မြေသင်းခဲ နှင့် ရေကြည်တော်တို့ကို စားသုံး လိုသည်ဟု ချဉ်ခြင်းတပ်၍ မွန်မင်း ဆီသို့တောင်းယူဆက်သရလေသည်။

ထိုအကြောင်းနှင့်ပတ်သက်၍မွန်ဘုရင်မှထူးဆန်းသည်ဟု သံသယ ရှိ၍ ပရောဟိတ်ဆရာများခေါ်ယူ၍တွက်ချက်ရာ ပရောဟိတ်များမှ အရှင်ရာဇာဓိရာဇ် ၏သားတော်ကြီး ဘောလောကျန်း ထောမင်းသား သည်ဆုတောင်းပြည့်၍ မြန်မာမင်းထံ ဝင်စားလေပြီ ။ထိုကြောင့် ဤမင်းသားမွေး၍ကြီးပြင်းလာသော် အရှင့်အားပြန်၍သတ်ပါလိမ့်မည် ဟုလျှောက်ထားကြလေ၏။ ၎င်းဟောကြားချက်ကို ရာဇာဓိရာဇ်မှကြောက်လန့်ပြီး ပဲခူးရွှေမော်ဓောစေတီအား ရွှေကိုယ်လုံးတော်ပြည့်ပူဇော်ပြီး ဤကောင်းမှု့ကြောင့် ငါ၏သားသည်ငါ့ရန်သူ မြန်မာမင်း ထံဝင်စားသည်မှန်ပါက ငါ့အားမည်သည့်အချိန်မှသတ်၍မရနိုင်ပါစေနှင့်ဟူ၍ ဆုတောင်းလေ၏။ဤသိုဖြင့် ငါဒို့ ၏ သခင်မင်းရဲကျော်စွာသည် မြန်မာသက္ကရာဇ် ၇၅၂ ခုနှစ်တွင်မိဖုရားရှင်မိနောက် ၏ဝမ်းကြာတိုက်မှဖွားမြင့်တော်မူ လေသည်။ ငါဒို့ သခင်မင်းရဲကျော်စွာသည် သက်တော် (၁၃) နှစ်သား၌အင်းဝရွှေပြည်တွင် စစ်သေနာပတိ ဖြစ်တော်မူ၍ မြန်မာသက္ကရာဇ် ၇၇၂ ခုနှစ်တွင်အင်းဝ ဟံသာဝတီ နှစ် (၄၀) စစ်ကိုအဆုံးသတ်ရန် ဟံသာဝတီ

သို့ တောင်ငူစား လက်ယာကြီး တစ်တပ် ၊ပြည်စားပျံချီတစ်တပ်၊ စလင်းစားနော်ရထာတစ်တပ်၊ ဗဒုံစားတစ်တပ် ပခန်းစားတစ်တပ် ၊အုန်းပေါင်သိုကြောင်ဘွားတစ်တပ်၊ ညောင်ရွှေထောမှိုင်းကြီးတစ်တပ်၊၎င်းတပ်ကြီး (၇) တပ် အပြင် တိုက်ဆင်(၄၀၀)၊ မြင်း (၆၀၀၀)၊ စစ်သူရဲ (၇၀၀၀၀)၊ ရေတပ် (၈) တပ်တွင်ပါသည့် လှေကြီး(၇၀)၊ ရဲလှေငယ် (၇၀၀)၊ လှော်ကားလှေ(၂၀၀)၊ ကုန်တင်လှေ (၃၀၀)၊ သံလှေ (၂၀၀)၊စစ်သည်သူရဲ (၇၀၀၀၀) နှင့် ငါဒို့ အရှင်မင်းရဲကျော်စွာ မှဦးစီး၍စစ်တော်ထွက်ခဲ့လေသည်။ မွန်ဘုရင်ရာဇာဓိရာဇ်ကလည်း တပ်မင်းအမတ်ဒိန် စစ်ကဲကြီး ရဲကမာန် သားတော်ဗညားဓမ္မရာဇာ စစ်ကဲဗိုက်ကမာန်၊သားတော်ဗညားရံစစ်ကဲကြီးစောနု၊ သားတော် ဗညားပရံတို့ကိုဦးစီးစေ၍ကနီကတောင်နီ တံခွန်နီ ဥရန်းနီဆင်ခြေဖုံး လှံနီတပ်သား ဆင်နှစ်ဆယ်လူ ၅၀၀၀ ကိုရှေ့တပ်ချီစေ၍ သားတော် ဗညားဓမ္မရာဇာမှဆင်တော်ရာဇပေါက်သား ကိုစီး၍ ရွှေက ရွှေကတောင် ရွှေကဥရန်း ရွှေတံခွန် ရွှွှေလွှားမိုးနဲရွှေလှံ ဆင်တပ်သား ၃၀ လက်နက်ကိုင်သူရဲကောင်း ၁၀၀၀၀ နှင့် ရာဇာဓိရာဇ်မှ တပ်တော်ထွက်လေသည်။

ဤသို့ဖြင့်ဒို့သခင်မင်းရဲကျော်စွာ နှင့် ရာဇာဓိရာဇ်၏ တပ်တို့သည် သူနိုင်ကိုယ်နိုင်အပြန်ပြန် နှစ်ပေါင်းများစွာတိုက်ကြပြီး မြန်မာသက္ကရာဇ် ၇၇၈ ခုသို့ရောက်သော်မင်းရဲကျော်စွာသည် ဒလ အရပ်၌တပ်စွဲနေပြီး ရာဇာဓိရာဇ်ကလည်း ကျတ်တလီ(ယခုကျိုက်သလဲ)၌တပ်စွဲနေလေသည်။ ရာဇာဓိရာဇ်သည် စစ်ကိစ္စကိုဗေဒင်ပညာရှင်လေးယောက်တို့ကိုခေါ်ယူတွက်ချက်ကြည့်ရာ ပညာရှိလေးယောက်စလုံးမှယခုလာမည့်တန်ခူးလဆန်း (၄) ရက်နေ့တွင်စစ်တိုက်ပါက မင်းရဲကျော်စွာကိုလက်ရဖမ်းဆီးနိုင်ပါလိမ့်မည်ဟု တညီတညွတ်လျှောက်ထားကြလေသည်။ ထို့ကြာင့် ရာဇာဓိရာဇ်မှ၎င်းနေ့တွင်မင်းရဲကျော်စွာ စစ်ထွက်တိုက်လာရန်အမတ်ဒိန်ကိုစစ်မြူ ရန်တာဝန်ပေးလေသည်၊၎င်းနေ့တွင်အမတ်ဒိန်မှ စစ်သည်အနဲငယ်ခေါ်၍ မင်းရဲကျော်စွာတပ် ကိုဝိုင်းဟန်ပြုသည်။ထိုအချိန်တွင်ဒို့သခင်မင်းရဲကျော်စွာသည်တပ်မင်း တပ်ဗိုလ် များဖြင့် အရက်သေစာသောက် စားနေသောအချိန်ဖြစ်၍ ဒေါသဖြစ်ကာဆင်တော်ငချစ်ခိုင်ကိုအရက် (၉) အင်တိုက်ပြီးစစ်ချီလေသည်၊ စစ်မထွက်ခင် မိဘုရားစောမင်းလှကိုယခုစစ်ထွက်မည်ဖြစ်ကြောင်း ရွှေစိတ်တော်မပူရန်မှာ၍ စစ်ထွက်လေသည်။ ဒို့သခင် မင်းရဲကျော်စွာသည် အလောတကြီးစစ်ထွက်၍ နောက်ပါရဲမက်များ အမြန်လိုက်သော်လည်းမမှီရှိချေ၏။

ထို့ကြောင့် စစ်ကျွှံ၍ရာဇာဓိရာဇ်နှင့်သားတော်များ၏နှစ်ဖက်ညှပ်၍တိုက်ချင်းကိုခံရလေ၏ နောက်ပါစစ်ကူများလည်းအလှမ်းဝေး မှာကျန်ခဲလေ၏။ ထိုအချိန်တွင ်ရာဇာဓိရာဇ်မှာ ရန် အမည်ရှိ ဆင်ကိုစီး၍ထွက်လေသည်၊မင်းနှစ်ပါး တိုက်ပွဲအတွင်း ၌မျက်နှာချင်းဆိုင် တွေ့၍စီချင်းထိုးသော် ဒို့သခင်မင်းရဲကျော်စွာစီးသော ဆင်တော်ငချစ်ခိုင်သည် အဘက်ဘက်မှ ပြစ်သော လှံချက်တစ်ရာကျော်ထိ၍ ဆင်နာပြီး ဆင်ခါသော် မင်းရဲကျော်စွာသည် ဆင်တော်ပေါ်မှကျတော်မူပြီး ညာဘက်ပေါင်တွင်ဒဏ်ရာရ၍ လမ်းကောင်းစွာမလျှောက်နိုင်ပဲ ရေကန်အနီးဥန္နဲပင်အောက်၌ သွား၍ပုန်းခိုရလေ၏။ ဆင်ကုန်းလည်၌ထိုင်ရသောအထိန်းတော်နန္ဒသူရိယလည်း ဆုံးလေ၏၊ မွန်တို့သည်ဆင်တော်ထက်တွင် မင်းရဲကျော်စွာ အားမမြင်တော့မှ ဆင်တောမှဆင်တော်ကို ဝန်းရံဖမ်းဆီး၍ ဆင်နောက်ထိုင် ငနက်တော် အား စစ်မေး သော်လည်းမသိ ဟုသာဆိုလေ၏။ထို့ကြောင်ရာဇာဓိရာဇ်သည် ဗေဒင်ပညာရှိတို့နှင့် တွက်စစ်ခိုင်းသော် ပညာရှင်တို့က တောတန်းအတွင်း ကြိုးနှင်တိုက်၍ရှာသော်တွေ့လိမ့်မည်ဟု ဟောသဖြင့်ဟောသည့် အတိုင်းရှာဖွေရာ ရေကန်အနီး ဥန္နဲပင်အောက်၌မင်းရဲကျော်စွာကိုဖမ်းမိလေသည်။ ဤသို့မင်းရဲကျော်စွာ လာကပ်ပုံး သော အရပ်အားယခုတိုင် လာကပ်ပုံးရွာ(လာကပုံရွာယခုနန်းရင်းရှိသောရွာ)ဟုခေါ်လေသည်။

မင်းရဲကျော်စွာကိုမိလျှင် ရာဇာဓိရာဇ်မှ တူမောင့် ကိုဦကြီးတော်မှရန်သူမမှတ်သားဟုမှတ်၍ သမီတော်နှင့်ပေးစားပြီးအိမ်ရှေမင်းရာထူပေးပါမည် ဒဏ်ရာကို လည်း ပျောက်ကင်းအောင် ကုသပေးမည်မွန်တို့အရပ်တွင်နေပါ ဟုဆိုသော်လည်း ငါသည်မြန်မာဖြစ်၍ မွန်လက်အောက်တွင်မနေလို ငါ့ဒဏ်ရာလဲမကုသကြနှင့် သေမည်ဆိုကသေစေတော့ ဟူ၍ဒဏ်ရာကိုမကုသပဲတင်းခံနေသောကြောင့် မြန်မာ သက္ကရာဇ် ၇၇၈ ခု တန်ခူးလဆန်းလေးရက် ဗုဒ္ဓဟူးနေ့ ည ၂ ချက်တီးကျော်ခန့်တွင်ဒို့သခင်မင်းရဲကျော်စွာသည် ဒလ ယခင်ကျတ်တလီ ယခုကျိုက်သလဲအရပ် လာကပုံရွာ၌ လူ့ပြည်ကိုစွန့်၍နတ်ပြည်သို့စံတော်မူရရှာလေသည်။ မင်းရဲကျော်စွာကွယ်လွန်လျှင် ကွယ်လွန်ခြင်း ကုက္ကိုပင်စောင့်နတ်မှ ဘုရင်မင်းခေါင်အား ကိုယ်ထင်ပြ၍ မင်းရဲကျော်စွာ ဆုံး၍နတ်ဖြစ်ကြောင်း ပြောသောအခါဘုရင်မင်းခေါင်သိ၍ အောက်ဟံသာဒဂုံတိုင်း အားအပိုင်စားပေးလေသည် အလောင်း တော်မှရသောပြာအိုးကိုယခု ကျိုက်သလဲရွာနတ်နန်း အနီးဂူဗိမ္မာန်နှင့်မြှုတ်နှံထားသည်မှာယခု တိုင်တွေ့နိုင်ပေသည် ဒို့သခင်သည်သက်တော် ၂၆ တွင်နတ်ဖြစ်လေသည်။

ယခုမင်းရဲကျော်စွာ ခေါ် တလိုင်းမင်းကြီးစံနန်းတော်တွင်အမှုတော်ထမ်းရသောအမ့ှုထမ်းများ သိုးတော်ဆောင်းမိဖုရားကြီးများ
၁ ။ဒေါ်ခင်ဝင်း ၂ ။ဒေါ်ခင်စန်း ၃ ။ဒေါ်ခင်စိုးလင်း ၄ ။ဒေါ်ခင်စန်းကြည် ၅ ။ဒေါ်ခင်မော်ဦး ၆ ။ဒေါ်ခင်စိုးလှိုင် ၇ ။ဒေါ်တင်စိုးလှိုင် ၈ ။ဒေါ်ခင်စိန်အေး ဘောင်းတော်ဆောင်းအမတ်ကြီးများ
၁။ ဦးထွန်းထွန်းဝင်း(သက်တော်ရှည်အမတ်ချုပ်ကြီး) ၂။ ဦးအောင်လင်းခေါင် ၃ ။ဦးစံမြင့် ၄ ။ဦးနေလင်းထက် ၅ ။ဦးကျော်ကျော်မင်း ၆ ။ဦးမင်းမင်းစိုး(တရုပ်ကြီး) ၇ ။ဦမင်းမင်း(ပြည်)
ရွှေနန်းတော်နာယကကြီးများ ၁။ ဦးငြိမ်းချမ်း(ရတနာ့ဂူဘောင်းတော်ဆောင်းအမတ်ကြီး) ၂။ ဦးထိန်လင်း နတ်နန်းထိန်းမိသားစု ဦးကျော်စွာဝင်း(ဒေဝကျော်ခေါင်)၊ဇနီးဒေါ်တင်တင်မြင့်တို့မှထိန်းသိမ်းအုပ်ချုပ်ပါသည်။နှစ်စဉ်တန်ဆောင်မုန်းလဆန်း(၆) ရက်မှ (၁၂) ရက်နေ့အထိဆင်ဖမ်းပွဲကျင်းပပါသည်။(၆)ရက်နေ့ညီလာခံ၊(၉)ရက်နေ့ ချိုးရေတော်သုံး၊
(၁၀) ရက်နေ့ ဆင်ဖမ်းပွဲ၊(၁၂)ရက်နေ့ မီးကျည်လွှတ် ပွဲသိမ်းပွဲကျင်းပပါသည်။နှစ်စဉ် တန်ခူးလဆန်း ၄ ရက်နေ့တိုင်းစစ်ထွက်ပွဲကျင်းပပါသည်။နတ်သားသမီးအပေါင်းတို့ ပွဲတော်ရက်များတွင်လာရောက်ပူဇော်နိုင်ကြပါရန်ဖိတ်ကြားအပ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: MMCele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top