မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ထိုင္းႏိုင္ငံကေန ေနရပ္ျပန္မယ့္ ျမန္မာေရႊ႔ေျပာင္းအလုပ္သမား ၁ ဦးဟာ နယ္စပ္ျမ၀တီၿမဳိ႕မွာ ထိုင္းဘတ္ေငြနဲ႔ ျမန္မာက်ပ္ေငြ အလဲအလွယ္လုပ္စဥ္ ေငြလိမ္ခံခဲ့ရပါတယ္။

ပဲခူးတိုင္း ေ၀ါၿမိဳ႕နယ္၊ ေတာ္ကၽြန္းရြာေန ကိုလြမ္းဦးဆိုသူမွာ ထိုင္းႏိုင္ငံ ဆမြတ္ဆာခြန္းခရိုင္ မဟာခ်ိဳင္မွာ အလုပ္လုပ္ၿပီး မေန႔က ျမန္မာျပည္ျပန္လာစဥ္ နယ္စပ္ျမ၀တီမွာ ေငြလိမ္ခံရတာလို႔ ဒီဗြီဘီကို ေျပာပါတယ္။

“က်ေနာ္ ဒီဘက္ကူးမလို႔ ဟိုဘက္ကမ္းတံတားထိပ္ကေန ေကာင္ေလး ၂ ေယာက္က က်ေနာ္သြားခ်င္တဲ့ေနရာပို႔ေပးမယ္၊ ပိုက္ဆံလည္း လဲေပးမယ္ဆိုၿပီး ေခၚလာခဲ့တယ္။ ပိုက္ဆံ လဲေတာ့ က်ေနာ္က ထိုင္းဘတ္ ၁၈,၀၀၀ ေပးတယ္ေပါ့ေနာ္၊ ျမန္မာေငြ က်ပ္ ၈ သိန္းေက်ာ္ရမယ္ေပါ့။ အဲဒါ ပိုက္ဆံကို သူတို႔ေရွ႔မွာဘဲ ေရတြက္ပါတယ္၊ ေရၿပီးေတာ့ က်ေနာ့္ ဆီဖံုး၀င္လာေတာ့ က်ေနာ္ဖံုးခနကိုင္တယ္။ သူတို႔ ၂ ေယာက္ကလဲ ပိုက္ဆံက်ေပ်ာက္မွာ စိုးလို႔ဆိုၿပီး အထုပ္ကို က်ေနာ့္အိတ္ထဲ ေသခ်ာထည့္ေပးလိုက္တယ္။ က်ေနာ္လဲ ကားေပၚတက္ မနက္ ၁၁ နာရီေလာက္ ဘားအံကိုေရာက္ေတာ့ ပိုက္ဆံျပန္ေရၾကည့္တာ ၃၈,၀၀၀၀ ဘဲ က်န္တယ္ခင္ဗ်။ အဲဒါနဲ႔ က်ေနာ္လည္းဆက္မသြားေတာ့ဘဲ ျမ၀တီ ဘက္ျပန္လာတာ ၊ သူတို႔ ၂ ေယာက္ကို ရွာမေတြ႔ေတာ့ဘူး ”

လိမ္သြားတဲ့ေငြေတြ ျပန္ရဖို႔ ျမ၀တီပရဟိတလူမႈကူညီေရးအဖြဲ႔ကို အကူအညီေတာင္းခံခဲ့ ရာမွာ ဆိုင္ကယ္နဲ႔ တလမ္း၀င္တလမ္းထြက္ လိုက္ရွာေပးေနတယ္လို႔ ပရဟိတ အဖြဲ႔ေခါင္းေ ဆာင္ ဦး၀င္းေဇာ္ကေျပာပါတယ္။

“က်ေနာ္ကသူ႔ကို ဆိုင္ကယ္ေပၚတင္ၿပီး တလမ္း၀င္တလမ္းထြက္ လိမ္သြားတဲ့လူေတြကို လိုက္ရွာတာေပါ့။ ေတြ႔ရင္ ပိုက္ဆံျပန္ေတာင္းတာေပါ့။ ခက္တာက သူက သူ႔ကိုဟိုလူေတြက ဘယ္လမ္းထဲေခၚသြားလဲမသိ။ ဆိုင္ကယ္နံပတ္လဲမွတ္မထားဘူး။ သူနဲ႔အတူတျခားအ လုပ္သမား ၄ ေယာက္လဲ အဲဒီလူေတြဆီမွာဘဲ ေငြလဲတယ္ဆိုေတာ့ သူမမွတ္မိေတာင္မွ ဟို ၄ ေယာက္က မွတ္မိမလားဆိုၿပီး သူတို႔ကိုပါလိုက္ရွာေနတယ္။ ေငြေတြအလိမ္ခံရတဲ့ကိစၥ ရဲနဲ႔ ၿမိဳ႕န ယ္အုပ္ခ်ဳပ္ေရးရံုးေတြလဲ တိုင္ထားေပးပါတယ္။ နယ္ထိန္းရဲေတြ၊ အုပ္ခ်ဳပ္ေရးပိုင္းေတြ ရွာေဖြရင္ ေတြ႔မယ္လို႔ ေမွ်ာ္လင့္တယ္ ”

ျမ၀တီမွာ ထိုင္းဘက္က ျပန္လာသူေတြ ေငြလဲစဥ္အခုလို အလိမ္ခံရတဲ့အမႈေတြ ျဖစ္ေလ့ရွိရာမွာ ဒီလထဲမွာတင္ အကူအညီေတာင္းသူ ၁၀ ဦး ခန္႔ရွိေနၿပီး ကူညီရွာေဖြေပးရာမွာ သိန္း ၂၀ မွ သိန္း ၁၀၀ထိ ျပန္ရခဲ့တာေတြရွိတယ္လို႔ ဆိုပါတယ္။

ေနရပ္ျပန္ အလုပ္သမားေတြ အလိမ္မခံရေစဖို႔ ေငြလဲေပးမယ့္သူေတြရဲ႔ ရုပ္ရည္နဲ႔ ဆိုင္ကယ္ေတြကို သက္ေသခံအျဖစ္ ဓာတ္ပံုရိုက္ထားသင့္တယ္လို႔ ဦး၀င္းေဇာ္က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံကနေ နေရပ်ပြန်မယ့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ ဦးဟာ နယ်စပ်မြဝတီမြို့မှာ ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေ အလဲအလှယ်လုပ်စဉ် ငွေလိမ်ခံခဲ့ရပါတယ်။

ပဲခူးတိုင်း ဝေါမြို့နယ်၊ တော်ကျွန်းရွာနေ ကိုလွမ်းဦးဆိုသူမှာ ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မှာ အလုပ်လုပ်ပြီး မနေ့က မြန်မာပြည်ပြန်လာစဉ် နယ်စပ်မြဝတီမှာ ငွေလိမ်ခံရတာလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော် ဒီဘက်ကူးမလို့ ဟိုဘက်ကမ်းတံတားထိပ်ကနေ ကောင်လေး ၂ ယောက်က ကျနော်သွားချင်တဲ့နေရာပို့ပေးမယ်၊ ပိုက်ဆံလည်း လဲပေးမယ်ဆိုပြီး ခေါ်လာခဲ့တယ်။ ပိုက်ဆံ လဲတော့ ကျနော်က ထိုင်းဘတ် ၁၈,၀၀၀ ပေးတယ်ပေါ့နော်၊ မြန်မာငွေ ကျပ် ၈ သိန်းကျော်ရမယ်ပေါ့။ အဲဒါ ပိုက်ဆံကို သူတို့ရှေ့မှာဘဲ ရေတွက်ပါတယ်၊ ရေပြီးတော့ ကျနော့် ဆီဖုံးဝင်လာတော့ ကျနော်ဖုံးခနကိုင်တယ်။ သူတို့ ၂ ယောက်ကလဲ ပိုက်ဆံကျပျောက်မှာ စိုးလို့ဆိုပြီး အထုပ်ကို ကျနော့်အိတ်ထဲ သေချာထည့်ပေးလိုက်တယ်။ ကျနော်လဲ ကားပေါ်တက် မနက် ၁၁ နာရီလောက် ဘားအံကိုရောက်တော့ ပိုက်ဆံပြန်ရေကြည့်တာ ၃၈,၀၀၀၀ ဘဲ ကျန်တယ်ခင်ဗျ။ အဲဒါနဲ့ ကျနော်လည်းဆက်မသွားတော့ဘဲ မြဝတီ ဘက်ပြန်လာတာ ၊ သူတို့ ၂ ယောက်ကို ရှာမတွေ့တော့ဘူး ”

လိမ်သွားတဲ့ငွေတွေ ပြန်ရဖို့ မြဝတီပရဟိတလူမှုကူညီရေးအဖွဲ့ကို အကူအညီတောင်းခံခဲ့ ရာမှာ ဆိုင်ကယ်နဲ့ တလမ်းဝင်တလမ်းထွက် လိုက်ရှာပေးနေတယ်လို့ ပရဟိတ အဖွဲ့ခေါင်းေ ဆာင် ဦးဝင်းဇော်ကပြောပါတယ်။

“ကျနော်ကသူ့ကို ဆိုင်ကယ်ပေါ်တင်ပြီး တလမ်းဝင်တလမ်းထွက် လိမ်သွားတဲ့လူတွေကို လိုက်ရှာတာပေါ့။ တွေ့ရင် ပိုက်ဆံပြန်တောင်းတာပေါ့။ ခက်တာက သူက သူ့ကိုဟိုလူတွေက ဘယ်လမ်းထဲခေါ်သွားလဲမသိ။ ဆိုင်ကယ်နံပတ်လဲမှတ်မထားဘူး။ သူနဲ့အတူတခြားအ လုပ်သမား ၄ ယောက်လဲ အဲဒီလူတွေဆီမှာဘဲ ငွေလဲတယ်ဆိုတော့ သူမမှတ်မိတောင်မှ ဟို ၄ ယောက်က မှတ်မိမလားဆိုပြီး သူတို့ကိုပါလိုက်ရှာနေတယ်။ ငွေတွေအလိမ်ခံရတဲ့ကိစ္စ ရဲနဲ့ မြို့န ယ်အုပ်ချုပ်ရေးရုံးတွေလဲ တိုင်ထားပေးပါတယ်။ နယ်ထိန်းရဲတွေ၊ အုပ်ချုပ်ရေးပိုင်းတွေ ရှာဖွေရင် တွေ့မယ်လို့ မျှော်လင့်တယ် ”

မြဝတီမှာ ထိုင်းဘက်က ပြန်လာသူတွေ ငွေလဲစဉ်အခုလို အလိမ်ခံရတဲ့အမှုတွေ ဖြစ်လေ့ရှိရာမှာ ဒီလထဲမှာတင် အကူအညီတောင်းသူ ၁၀ ဦး ခန့်ရှိနေပြီး ကူညီရှာဖွေပေးရာမှာ သိန်း ၂၀ မှ သိန်း ၁၀၀ထိ ပြန်ရခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။

နေရပ်ပြန် အလုပ်သမားတွေ အလိမ်မခံရစေဖို့ ငွေလဲပေးမယ့်သူတွေရဲ့ ရုပ်ရည်နဲ့ ဆိုင်ကယ်တွေကို သက်သေခံအဖြစ် ဓာတ်ပုံရိုက်ထားသင့်တယ်လို့ ဦးဝင်းဇော်က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:DVB

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top