(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

သရုပ္ေဆာင္ ဆုပန္ထြာတစ္ေယာက္ကေတာ့ ခုခ်ိန္မွာ သာယာလွပတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ေနျပီျဖစ္ေပမယ့္ ယခုခ်ိန္မတုိင္ခင္မွာေတာ့ အခက္အခဲတခ်ိဳ႕ေတြကို ၾကံဳေတြ႕ရင္ဆိုင္ခဲ့ရတာလည္းျဖစ္ပါတယ္။ သိပ္ခ်စ္ဖုိ႔ေကာင္းတဲ့ သားေလး Roar Roar ေလးကို ပိုင္ဆိုင္ထားရျပီး ေပ်ာ္ရႊင္ဖို႔ေကာင္းတဲ့ အိမ္ေထာင္ေရးကို မထူေထာင္မိခင္မွာ ေပးဆပ္ခဲ့ရတဲ့ အေၾကာင္းေတြကို ဆုပန္ထြာရဲ႕ ခင္ပြန္းျဖစ္သူ ကိုဥကၠာေက်ာ္က ေျပာျပလာတာျဖစ္ပါတယ္။

ထူးထူးျခားျခား ဒီေန႔ေလးဟာ ပန္ပန္နဲ႔ ကိုဥကၠာေက်ာ္တို႔ရဲ႕ မဂၤလာႏွစ္ပတ္လည္ေလးျဖစ္ျပီးေတာ့ ပန္ပန္နဲ႔ဘဝသစ္မစခင္မွာ သူကိုယ္တုိင္ ျဖတ္သန္းခဲ့ရတဲ့ ဘဝအေၾကာင္းေတြကို၊ အမွားတခ်ိဳ႕ေတြကို ရင္ဖြင့္ခဲ့တာလည္းျဖစ္ပါတယ္။ ကိုဥကၠာေက်ာ္ကေတာ့ ယခုအခ်ိန္မွာ အခ်စ္သစ္ နဲ႔ တကယ္စစ္မွန္တဲ႔ အခ်စ္စစ္ကို ပိုင္ဆိုင္ရရွိသြားျပီျဖစ္ပါတယ္။ ပန္ပန္ နဲ႔ ေပါင္းဖက္ႏိုင္ဖို႔ အတြက္ အားလုံးကိုလည္း စြန႔္လႊတ္ခဲ့ရတဲ့အေၾကာင္းေတြကို ယခုလိုပဲေတြ႕ရတာျဖစ္ပါတယ္။

ကိုငွက္ႀကီး (ထူးအိမ္သင္)ရဲ႕သီခ်င္းေတြဆို ကၽြန္ေတာ္သိပ္ႀကိဳက္တာ… တိုင္းျပည္မွာဆူပူမႈေတြျဖစ္ခဲ့တာေၾကာင့္ 1989 မွာ ကၽြန္ေတာ္America ကိုေရာက္သြားခဲ့တယ္။ အဲဒီအခ်ိန္က ကိုငွက္ႀကီး၊ ကိုေအာင္ရင္၊ ကိုညြန္႔ (ခ်စ္ေကာင္း)၊ ကိုညီထြဋ္ (ေဇာ္ဝင္းထြဋ္)တို႔ကို တႏိုင္ငံလံုးေနရာအႏွံ႔သူတို႔သီခ်င္းေတြႀကီးပဲၾကားေနရတဲ့အခ်ိန္ပါ… ကၽြန္ေတာ့အသက္က ၁၅-၁၆ ေလာက္…ကဲ ဒါေတြထားလိုက္ပါ။ဟိုေရာက္သြားေတာ့.. နာရီေပၚကမ်က္ရည္စက္မ်ား၊ ေမွာ္ဆရာအိမ္မက္၊ လၽွပ္စစ္မိုးေကာင္းကင္၊ ရွင္သန္ျခင္း တို႔ထြက္တဲ့အခ်ိန္… CD ေတြအမ်ားႀကီးယူသြားခဲ့တယ္။ နားလည္းေထာင္ျဖစ္ခဲ့တယ္။

အဲ့တုန္းက America မွာ internet ကိုတြင္တြင္က်ယ္က်ယ္မသံုးၾကေသးဘူး။ Cell Phone ေတြေတာင္ မေပၚေသးဘူး။ 1994 ေလာက္က်မွ Nokia ကထုတ္တဲ့ Keypad phone ေလးေတြ စေပၚတာ။ Pager ဆိုတာေတြေတာ့ရွိခဲ့တယ္။ ေျပာခ်င္တာ YouTube မေပၚေသးဘူး။

1989 ကၽြန္ေတာ္ကအဲဒီအခ်ိန္ High Schol Student ဆိုေတာ့ သူုငယ္ခ်င္းသစ္ေတြနဲ႔ေပါင္းမိရင္း NWA (Niggas With Altitude), Ice Cube, Kris Kross, Lighter Shade Of Brown, All 4 One,ေတြကိုနားစြဲခဲ့ၿပီး Year 2000 ေနာက္ပိုင္းမွာ Eazy E, Dr.Dre, Tu Pac, Notoruos B.I.G,, Methodman, Snoop Dogg, DMX တို႔ကိုနားေထာင္လာရင္း ျမန္မာသီခ်င္းဆိုတာကို လံုးဝနားမေထာင္ျဖစ္၊ ျမန္မာစကားလံုးဝ မေျပာျဖစ္ေလာက္ေအာင္ ျမန္မာေတြနဲ႔အဆက္အသြယ္ျပတ္ခဲ့တယ္။

High School ၿပီးလို႔ Electronic Engineering Degree (Bechalor Degree) ရၿပီးလို႔ MBA တက္သည္ထိ ျမန္မာသီခ်င္းကိုနားမေထာင္ျဖစ္ခဲ့ဘူး။အဲဒီအခ်ိန္မွာရည္းစားတစ္ေယာက္ရွိခဲ့တယ္။ အခ်ိန္အၾကာႀကီးတြဲခဲ့တဲ့ Indonesian လူမ်ိဳး ၇ႏွစ္ေလာက္တြဲလာခဲ့တဲ့ Long Term Relationship တခုပါ။2007 ေလာက္မွာ ကၽြန္ေတာ့အေမေလျဖန္းေတာ့ျမန္မာႏိုင္ငံကိုျပန္လာရင္း ျမန္မာႏိုင္ငံမွာၾကာသြားတယ္။ သူငယ္ခ်င္းေတြကအဲဒီေကာင္မေလး ေနာက္တစ္ေယာက္နဲ႔ တြဲေနတာေတြ႕တယ္။ ေနာက္ပိုင္းဓာတ္ပံုေတြနဲ႔ျပတယ္။ ကၽြန္ေတာ္အဆက္အသြယ္ျဖတ္ခဲ့တယ္။ ဘာသာမတူတဲ့ Relationship တခုကညႇိႏိွုင္းရေတာ္ေတာ္ႀကီးကိုခက္ခဲတာပဲ။ ေနာက္၁ႏွစ္ေလာက္ေနေတာ့သူလည္း အဲ့ photo ထဲကဘဲနဲ႔အိမ္ေထာင္က်သြားတယ္။

စိတ္ပ်က္ပ်က္နဲ႔ျမန္မာျပည္ကို တခါလာရင္ တစ္ပတ္ ၁၀ရက္ေလာက္ေန… သြားလိုက္ လာလိုက္ လုပ္ရင္း America ျပန္ေရာက္တဲ့အခ်ိန္ ျမန္မာသီခ်င္းေတြကိုနားေထာင္ခ်င္လာတယ္။ ကိုယ္သိ ကိုယ္ၾကားဖူးတာလည္း အေပၚကေျပာထားတဲ့အဆိုေတာ္ေတြကိုးေျပာခ်င္တဲ့ေနရာေရာက္ေတာ့မယ္…

သူတို႔သီခ်င္းေတြ နားေထာင္ရင္း ထူးအိမ္သင္ရဲ႕…”ကာရံမညီေသာ” ဆိုတဲ့သီခ်င္းေလးကိုနားေထာင္ျဖစ္ခဲ့ ရွာေဖြေတြ႕ရွိခဲ့တယ္။ အဲဒီမွာ ကၽြန္ေတာ့ရဲ႕ဇနီးေလာင္းေလးကိုကၽြန္ေတာ္စေတြ႕ခဲ့တာပဲ။ အဲဒီ MTV ထဲမွာသူနဲ႔ စိုင္းစိုင္းခမ္းလိွုင္သရုပ္ေဆာင္ထားတာ။ ကၽြန္ေတာ္သူ႔ကိုအဲ့ဒိမွာစႀကိဳက္မိသြားခဲ့တာပဲ။ တိုက္တိုက္ဆိုင္ဆို္င္ အရင္က Indonesian မေလးနဲ႔ ပန္ပန္ကအရမ္းတူေနတယ္။ ပန္ပန္ကလည္းကုလားဆင္ေလးကိုး နီးစပ္ဖို႔လည္းမႀကိဳးစားခဲ့ရဲေသးပါဘူး။ သူကမင္းသမီးေလ… အလွမ္းအရမ္းေဝးပါတယ္။

အေမကိုကတိေပးၿပီးဘာသာတူ၊ လူမ်ိဳးတူတဲ့အိမ္ေထာင္တခုကိုထူေထာင္ခဲ့တယ္။ ဘဝမွာ အမွားဆံုးလုပ္ခဲ့မိတဲ့ ဆံုးျဖတ္ခ်က္လို႔ယူဆၿပီးေနာင္တရေနဆဲပါ။ အျမင္မတူ၊ ေတြးေခၚမႈမတူ၊ အိမ္ေထာင္ဖက္ကကိုယ့္ထက္ေတာင္ ကိုယ့္မိဘေတြရဲ႕ အေမြေတြကိုလိုခ်င္ စိတ္ဝင္စားေနတဲ့အိမ္ေထာင္ေရး၊ လင္မယားဘာအလုပ္ကိစၥမွာလည္းတိုင္ပင္လို႔လည္းဘယ္ေတာ့မွမျဖစ္တာေၾကာင့္ ေတာ္ေတာ္ႀကီးစိတ္ပ်က္လာတာနဲ႔ အဲဒီအိမ္ေထာင္ကို တရားဝင္ကြာရွင္းျပတ္ဆဲခဲ့တယ္။ သူေန ေနတဲ့ အိမ္၊ စီးေနတဲ့ကား၊ သားေလးရဲ႕ ေက်ာင္းဖိုး အသံုးစားရိပ္အားလံုးကို ကၽြန္ေတာ္တို႔မိသားစုက ခုခ်ိန္ထိေထာက္ပံ့ဆဲပါ။ သူအရမ္းစိတ္ဝင္စား လိုခ်င္ေနတဲ့ ကၽြန္ေတာ္ရမည့္ကၽြန္ေတာ့ရဲ႕ အေမြေတြကိုလည္းကၽြန္ေတာ့ဘက္က အေမြျပတ္စြန္႔လႊတ္ေပးဖို႔ ကၽြန္ေတာ့အေမေတြကိုေျပာၿပီး လက္မွတ္ထိုး အိမ္ေပၚက ဆင္းလာခဲ့ပါတယ္။ ကၽြန္ေတာ္သည္ American ႏိုင္ငံသားျဖစ္တာေၾကာင့္ America က ကၽြန္ေတာ္တို႔ေနထိုင္တဲ့ Court မွာတရားဝင္ကြာရွင္းခဲ့တယ္။

ဒီလိုတရားဝင္ကြာရွင္းဖို႔ဆိုတာခုခ်က္ခ်င္းမိန္းမယူ (အိမ္ေထာင္ျပဳ) သလိုလြယ္လြယ္နဲ႔မရခဲ့ပါဘူး။ တရားဝင္ကြာရွင္းဖို႔အတြက္ႏွစ္နဲ႔ခ်ီၿပီး တရားရင္ဆိုင္ခဲ့ၾကရပါတယ္။ သူ႔ဖက္က ကၽြန္ေတာ္နဲ႔တရားဝင္ကြာရွင္းရင္သူ အမ်ားႀကီးနစ္နာမယ္ေလ။ အဲဒီေတာ့ (အခ်ိန္ေတြဆြဲ) ရံုးခ်ိန္ေတြအမ်ားႀကီးတက္၊ America နဲ႔ ျမန္မာျပည္ အေခါက္ေခါက္အခါခါျပန္ၿပီး တရားရင္ဆိုင္ခဲ့ရတာပါ။ ေနာက္ဆံုးေတာ့ ကၽြန္ေတာ္မလုပ္ခဲ့တာေတြကိုညာၿပီးလုပ္ခဲ့ တယ္ေျပာ၊ မျဖစ္ခဲ့တာေတြကိုျဖစ္ခဲ့တယ္
ေျပာခဲ့တာေၾကာင့္ (ပါးကိုဘယ္ဘက္ရိုက္တယ္၊ ခဏေနျပန္ေမးေတာ့ ညာဖက္ရိုက္တယ္)ေတြ… စသည္ျဖင့္ေတြမ်ားစြာႏွင့္ အတိုျခံဳးေျပာရရင္ တရားရံုးကကြာရွင္းခြင့္ရခဲ့ပါၿပီ။

ကၽြန္ေတာ္လူလြတ္တစ္ေယာက္ျဖစ္သြားခဲ့ပါၿပီ။ေနာက္ထပ္အိမ္ေထာင္ျပဳဖို႔ ဆိုတာစိတ္ကူးထဲမွာေတာင္မရွိခဲ့ပါဘူး။အေပၚကကိစၥကိုျပန္ဆက္မယ္။2012 မွွာ ပန္ပန္တို႔ America လာတယ္။ကိုခိုင္ထူး(ဖိုးေလး)၊ မတင္ဇာေမာ္၊ မေခ်ာစုခင္၊ ဆုပန္ထြာတို႔ Three Generations ဆိုၿပီးသီခ်င္းဆိုဖို႔စီစဥ္ၾကတယ္။ America မွာပြဲေတြစီစဥ္ရင္ မင္းသမီးတစ္ေယာက္ကိုလူေတြစိတ္ဝင္စား ပြဲစီေအာင္ေခၚရစျမဲေလ… အဲဒီ္ခ်ိန္မွာ အမလိုလည္းျဖစ္ ပြဲစီစဥ္သူလည္းျဖစ္တဲ့ မမသီတာကို ဆုပန္ထြာေလးကို ေခၚပါလားလို႔ အပူကပ္ဂ်ီက်ခဲ့တာ ေအာင္ျမင္ခဲ့ၿပီး ပန္ပန္႔ကိုအနီးကပ္ ေလ့လာ အေျခအေနကိုအမွန္အတိုင္းသိခြင့္ရခဲ့တယ္။ ပန္ပန္ကိုေလ့လာလို႔အေျခအေန မဟန္ရင္ခြာလိုက္မယ္ေပါ့။

ကၽြန္ေတာ္တို႔ခင္မင္သြားၾကၿပီး သူ႔စိတ္ဓာတ္ေလး၊သူ႔ခံယူခ်က္၊ သူ႔ရဲ႕ဘဝရပ္တည္ပံုနဲ႔ ေျပာပံုဆိုပံုေလးေတြကိုၾကည့္ရင္း တျဖည္းျဖည္းခ်စ္မိသြားခဲ့တယ္။ ကိုယ္ႀကိဳက္ေနတာကိုေတာ့ သူမသိေစခဲ့ပါဘူး။ သိသြားရင္ သူအေနၾကပ္မယ္ေလ၊ ကိုယ္နဲ႔လည္းေဝးသြားမွာ… ဆိုေတာ့ကၽြန္ေတာ္ အထွာေတြမေပးခဲ့ပါဘူး။မေနႏိုင္ဘူးဗ်။ Disneyland သြားတဲ့ေန႔မွွာ Park ထဲကအျပန္ ဖြင့္ေျပာလိုက္တယ္။ မီးမီးကိုခ်စ္တယ္ေပါ့။ ခ်က္ခ်င္းအေျဖရလိုက္ပါတယ္။ မခ်စ္ႏိုင္ဘူးတဲ့။ အိမ္ေထာင္ရွိလို႔… ကေလးအေဖတို႔ ဘာတို႔ညာတို႔ကိုေတာ့သူထုတ္မေျပာခဲ့ဘူး။ အားနာလို႔ထင္တယ္။ တကယ္ေတာ့အဲ့ဒီအခ်ိန္မွာ ကၽြန္ေတာ့ရဲ႕ Divorce ကိစၥကၿပီးေနပါၿပီ။ စာရြက္စာတန္းေတြ လက္ထဲမေရာက္ေသးတာပဲရွိေသးတာ။ျမန္မာျပည္ကိုသူတို႔ျ့ပန္လာေတာ့ ကၽြန္ေတာ္မေနႏိုင္ေတာ့ဘူး။ ျဖစ္ခ်င္တာျဖစ္… America မွာဖြင့္ထားတဲ့ Auto Service ရံုကိုပိတ္ၿပီး ကၽြန္ေတာ္ျမန္မာျပည္ကိုျပန္လာခဲ့တယ္။

အိမ္ကိုအေမြျပတ္လည္းေတာင္းဆိုခဲ့တယ္။ ကၽြန္ေတာ္ယံုၾကည္တာက ဘဝကိုဆင္းရဲစြာမေနရေအာင္ကၽြန္ေတာ္မွာႀကိဳးစားခြင့္ရွိတယ္။ တရားဝင္ကြာရွင္းၿပီးတာကို မကြာရွင္းရေသးဘူးလို႔ သတင္းစာေတြထဲမွာ အရွက္ခြဲခံခဲ့ရတယ္။ အဲဒီတုန္းက ၆၆ဃ ဆိုတာကိုနားမလည္မသိခဲ့ဘူး။အရင္အိမ္ေထာင္ကို စိတ္နာနာနဲ႔ ေဝးေလေကာင္းေလ မေတြ႕ေလပိုႀကိဳက္ေလျဖစ္ခဲ့တာခုခ်ိန္ထိပါ။ဓာတ္ပံုထဲက ငါးစာေကၽြးတဲ့ေနရာေလးက ကၽြန္ေတာ့အတြက္ အမွတ္တရေလးပါ။ အဲဒီမွာ ကၽြန္ေတာ္အရမ္းခ်စ္တဲ့ေကာင္မေလးဆီက အေျဖရခဲ့လို႔ပါပဲ…

အရမ္းခ်စ္တယ္မိန္းမရယ္။ ဘဝမွာျဖစ္သမၽွေတြ ျဖစ္လာမွာေတြအားလံုးကို ကိုကိုရဲရဲႀကီးရင္ဆိုင္ေပးမယ္။ ကိုကို႔ ကိုျပန္ခ်စ္ဖို႔မလိုဘူးးး ကိုကိုခ်စ္တာပဲခံေနာ္လို႔ေျပာၿပီး …ကိုကို႔ကို ခုခ်စ္ၿပီလားလို႔ေျပာလိုက္ေတာ့ သူေယာင္ရမ္းၿပီးေခါင္းညိမ့္ခဲ့တဲ့ေန႔ !ဒီေန႔!ဘဝမွာအေပ်ာ္ဆံုးေန႔တစ္ေန႔ပါပဲ။

Happy Anniversary ပါကေလးငယ္။ I love you and our family so very much!ဆိုျပီး ကိုဥကၠာေက်ာ္က သူ႔ရဲ႕ လူမွုကြန္ယက္ေပၚကေနျပီး ခံစားခ်က္အခ်ိဳ႕ေတြနဲ႔အတူ ရင္ဖြင့္ခဲ့တာျဖစ္ပါတယ္။We Love Cele

Photos & Source-Oakkar Kyaw Facebook

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဂ်မ္းပံု
# Unicode Version ျဖင့္ ဖတ္ပါ #
သရုပ်ဆောင် ဆုပန်ထွာတစ်ယောက်ကတော့ ခုချိန်မှာ သာယာလှပတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နေပြီဖြစ်ပေမယ့် ယခုချိန်မတိုင်ခင်မှာတော့ အခက်အခဲတချို့တွေကို ကြုံတွေ့ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ သားလေး Roar Roar လေးကို ပိုင်ဆိုင်ထားရပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးကို မထူထောင်မိခင်မှာ ပေးဆပ်ခဲ့ရတဲ့ အကြောင်းတွေကို ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်က ပြောပြလာတာဖြစ်ပါတယ်။

ထူးထူးခြားခြား ဒီနေ့လေးဟာ ပန်ပန်နဲ့ ကိုဥက္ကာကျော်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်လေးဖြစ်ပြီးတော့ ပန်ပန်နဲ့ဘဝသစ်မစခင်မှာ သူကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းတွေကို၊ အမှားတချို့တွေကို ရင်ဖွင့်ခဲ့တာလည်းဖြစ်ပါတယ်။ ကိုဥက္ကာကျော်ကတော့ ယခုအချိန်မှာ အချစ်သစ် နဲ့ တကယ်စစ်မှန်တဲ့ အချစ်စစ်ကို ပိုင်ဆိုင်ရရှိသွားပြီဖြစ်ပါတယ်။ ပန်ပန် နဲ့ ပေါင်းဖက်နိုင်ဖို့ အတွက် အားလုံးကိုလည်း စွန့်လွှတ်ခဲ့ရတဲ့အကြောင်းတွေကို ယခုလိုပဲတွေ့ရတာဖြစ်ပါတယ်။

ကိုငှက်ကြီး (ထူးအိမ်သင်)ရဲ့သီချင်းတွေဆို ကျွန်တော်သိပ်ကြိုက်တာ… တိုင်းပြည်မှာဆူပူမှုတွေဖြစ်ခဲ့တာကြောင့် 1989 မှာ ကျွန်တော်America ကိုရောက်သွားခဲ့တယ်။ အဲဒီအချိန်က ကိုငှက်ကြီး၊ ကိုအောင်ရင်၊ ကိုညွန့် (ချစ်ကောင်း)၊ ကိုညီထွဋ် (ဇော်ဝင်းထွဋ်)တို့ကို တနိုင်ငံလုံးနေရာအနှံ့သူတို့သီချင်းတွေကြီးပဲကြားနေရတဲ့အချိန်ပါ… ကျွန်တော့အသက်က ၁၅-၁၆ လောက်…ကဲ ဒါတွေထားလိုက်ပါ။ဟိုရောက်သွားတော့.. နာရီပေါ်ကမျက်ရည်စက်များ၊ မှော်ဆရာအိမ်မက်၊ လျှပ်စစ်မိုးကောင်းကင်၊ ရှင်သန်ခြင်း တို့ထွက်တဲ့အချိန်… CD တွေအများကြီးယူသွားခဲ့တယ်။ နားလည်းထောင်ဖြစ်ခဲ့တယ်။

အဲ့တုန်းက America မှာ internet ကိုတွင်တွင်ကျယ်ကျယ်မသုံးကြသေးဘူး။ Cell Phone တွေတောင် မပေါ်သေးဘူး။ 1994 လောက်ကျမှ Nokia ကထုတ်တဲ့ Keypad phone လေးတွေ စပေါ်တာ။ Pager ဆိုတာတွေတော့ရှိခဲ့တယ်။ ပြောချင်တာ YouTube မပေါ်သေးဘူး။

1989 ကျွန်တော်ကအဲဒီအချိန် High Schol Student ဆိုတော့ သူုငယ်ချင်းသစ်တွေနဲ့ပေါင်းမိရင်း NWA (Niggas With Altitude), Ice Cube, Kris Kross, Lighter Shade Of Brown, All 4 One,တွေကိုနားစွဲခဲ့ပြီး Year 2000 နောက်ပိုင်းမှာ Eazy E, Dr.Dre, Tu Pac, Notoruos B.I.G,, Methodman, Snoop Dogg, DMX တို့ကိုနားထောင်လာရင်း မြန်မာသီချင်းဆိုတာကို လုံးဝနားမထောင်ဖြစ်၊ မြန်မာစကားလုံးဝ မပြောဖြစ်လောက်အောင် မြန်မာတွေနဲ့အဆက်အသွယ်ပြတ်ခဲ့တယ်။

High School ပြီးလို့ Electronic Engineering Degree (Bechalor Degree) ရပြီးလို့ MBA တက်သည်ထိ မြန်မာသီချင်းကိုနားမထောင်ဖြစ်ခဲ့ဘူး။အဲဒီအချိန်မှာရည်းစားတစ်ယောက်ရှိခဲ့တယ်။ အချိန်အကြာကြီးတွဲခဲ့တဲ့ Indonesian လူမျိုး ၇နှစ်လောက်တွဲလာခဲ့တဲ့ Long Term Relationship တခုပါ။2007 လောက်မှာ ကျွန်တော့အမေလေဖြန်းတော့မြန်မာနိုင်ငံကိုပြန်လာရင်း မြန်မာနိုင်ငံမှာကြာသွားတယ်။ သူငယ်ချင်းတွေကအဲဒီကောင်မလေး နောက်တစ်ယောက်နဲ့ တွဲနေတာတွေ့တယ်။ နောက်ပိုင်းဓာတ်ပုံတွေနဲ့ပြတယ်။ ကျွန်တော်အဆက်အသွယ်ဖြတ်ခဲ့တယ်။ ဘာသာမတူတဲ့ Relationship တခုကညှိနှိုင်းရတော်တော်ကြီးကိုခက်ခဲတာပဲ။ နောက်၁နှစ်လောက်နေတော့သူလည်း အဲ့ photo ထဲကဘဲနဲ့အိမ်ထောင်ကျသွားတယ်။

စိတ်ပျက်ပျက်နဲ့မြန်မာပြည်ကို တခါလာရင် တစ်ပတ် ၁၀ရက်လောက်နေ… သွားလိုက် လာလိုက် လုပ်ရင်း America ပြန်ရောက်တဲ့အချိန် မြန်မာသီချင်းတွေကိုနားထောင်ချင်လာတယ်။ ကိုယ်သိ ကိုယ်ကြားဖူးတာလည်း အပေါ်ကပြောထားတဲ့အဆိုတော်တွေကိုးပြောချင်တဲ့နေရာရောက်တော့မယ်…

သူတို့သီချင်းတွေ နားထောင်ရင်း ထူးအိမ်သင်ရဲ့…”ကာရံမညီသော” ဆိုတဲ့သီချင်းလေးကိုနားထောင်ဖြစ်ခဲ့ ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီမှာ ကျွန်တော့ရဲ့ဇနီးလောင်းလေးကိုကျွန်တော်စတွေ့ခဲ့တာပဲ။ အဲဒီ MTV ထဲမှာသူနဲ့ စိုင်းစိုင်းခမ်းလှိုင်သရုပ်ဆောင်ထားတာ။ ကျွန်တော်သူ့ကိုအဲ့ဒိမှာစကြိုက်မိသွားခဲ့တာပဲ။ တိုက်တိုက်ဆိုင်ဆိုင် အရင်က Indonesian မလေးနဲ့ ပန်ပန်ကအရမ်းတူနေတယ်။ ပန်ပန်ကလည်းကုလားဆင်လေးကိုး နီးစပ်ဖို့လည်းမကြိုးစားခဲ့ရဲသေးပါဘူး။ သူကမင်းသမီးလေ… အလှမ်းအရမ်းဝေးပါတယ်။

အမေကိုကတိပေးပြီးဘာသာတူ၊ လူမျိုးတူတဲ့အိမ်ထောင်တခုကိုထူထောင်ခဲ့တယ်။ ဘဝမှာ အမှားဆုံးလုပ်ခဲ့မိတဲ့ ဆုံးဖြတ်ချက်လို့ယူဆပြီးနောင်တရနေဆဲပါ။ အမြင်မတူ၊ တွေးခေါ်မှုမတူ၊ အိမ်ထောင်ဖက်ကကိုယ့်ထက်တောင် ကိုယ့်မိဘတွေရဲ့ အမွေတွေကိုလိုချင် စိတ်ဝင်စားနေတဲ့အိမ်ထောင်ရေး၊ လင်မယားဘာအလုပ်ကိစ္စမှာလည်းတိုင်ပင်လို့လည်းဘယ်တော့မှမဖြစ်တာကြောင့် တော်တော်ကြီးစိတ်ပျက်လာတာနဲ့ အဲဒီအိမ်ထောင်ကို တရားဝင်ကွာရှင်းပြတ်ဆဲခဲ့တယ်။ သူနေ နေတဲ့ အိမ်၊ စီးနေတဲ့ကား၊ သားလေးရဲ့ ကျောင်းဖိုး အသုံးစားရိပ်အားလုံးကို ကျွန်တော်တို့မိသားစုက ခုချိန်ထိထောက်ပံ့ဆဲပါ။ သူအရမ်းစိတ်ဝင်စား လိုချင်နေတဲ့ ကျွန်တော်ရမည့်ကျွန်တော့ရဲ့ အမွေတွေကိုလည်းကျွန်တော့ဘက်က အမွေပြတ်စွန့်လွှတ်ပေးဖို့ ကျွန်တော့အမေတွေကိုပြောပြီး လက်မှတ်ထိုး အိမ်ပေါ်က ဆင်းလာခဲ့ပါတယ်။ ကျွန်တော်သည် American နိုင်ငံသားဖြစ်တာကြောင့် America က ကျွန်တော်တို့နေထိုင်တဲ့ Court မှာတရားဝင်ကွာရှင်းခဲ့တယ်။

ဒီလိုတရားဝင်ကွာရှင်းဖို့ဆိုတာခုချက်ချင်းမိန်းမယူ (အိမ်ထောင်ပြု) သလိုလွယ်လွယ်နဲ့မရခဲ့ပါဘူး။ တရားဝင်ကွာရှင်းဖို့အတွက်နှစ်နဲ့ချီပြီး တရားရင်ဆိုင်ခဲ့ကြရပါတယ်။ သူ့ဖက်က ကျွန်တော်နဲ့တရားဝင်ကွာရှင်းရင်သူ အများကြီးနစ်နာမယ်လေ။ အဲဒီတော့ (အချိန်တွေဆွဲ) ရုံးချိန်တွေအများကြီးတက်၊ America နဲ့ မြန်မာပြည် အခေါက်ခေါက်အခါခါပြန်ပြီး တရားရင်ဆိုင်ခဲ့ရတာပါ။ နောက်ဆုံးတော့ ကျွန်တော်မလုပ်ခဲ့တာတွေကိုညာပြီးလုပ်ခဲ့ တယ်ပြော၊ မဖြစ်ခဲ့တာတွေကိုဖြစ်ခဲ့တယ်
ပြောခဲ့တာကြောင့် (ပါးကိုဘယ်ဘက်ရိုက်တယ်၊ ခဏနေပြန်မေးတော့ ညာဖက်ရိုက်တယ်)တွေ… စသည်ဖြင့်တွေများစွာနှင့် အတိုခြုံးပြောရရင် တရားရုံးကကွာရှင်းခွင့်ရခဲ့ပါပြီ။

ကျွန်တော်လူလွတ်တစ်ယောက်ဖြစ်သွားခဲ့ပါပြီ။နောက်ထပ်အိမ်ထောင်ပြုဖို့ ဆိုတာစိတ်ကူးထဲမှာတောင်မရှိခဲ့ပါဘူး။အပေါ်ကကိစ္စကိုပြန်ဆက်မယ်။2012 မှာ ပန်ပန်တို့ America လာတယ်။ကိုခိုင်ထူး(ဖိုးလေး)၊ မတင်ဇာမော်၊ မချောစုခင်၊ ဆုပန်ထွာတို့ Three Generations ဆိုပြီးသီချင်းဆိုဖို့စီစဉ်ကြတယ်။ America မှာပွဲတွေစီစဉ်ရင် မင်းသမီးတစ်ယောက်ကိုလူတွေစိတ်ဝင်စား ပွဲစီအောင်ခေါ်ရစမြဲလေ… အဲဒီ်ချိန်မှာ အမလိုလည်းဖြစ် ပွဲစီစဉ်သူလည်းဖြစ်တဲ့ မမသီတာကို ဆုပန်ထွာလေးကို ခေါ်ပါလားလို့ အပူကပ်ဂျီကျခဲ့တာ အောင်မြင်ခဲ့ပြီး ပန်ပန့်ကိုအနီးကပ် လေ့လာ အခြေအနေကိုအမှန်အတိုင်းသိခွင့်ရခဲ့တယ်။ ပန်ပန်ကိုလေ့လာလို့အခြေအနေ မဟန်ရင်ခွာလိုက်မယ်ပေါ့။

ကျွန်တော်တို့ခင်မင်သွားကြပြီး သူ့စိတ်ဓာတ်လေး၊သူ့ခံယူချက်၊ သူ့ရဲ့ဘဝရပ်တည်ပုံနဲ့ ပြောပုံဆိုပုံလေးတွေကိုကြည့်ရင်း တဖြည်းဖြည်းချစ်မိသွားခဲ့တယ်။ ကိုယ်ကြိုက်နေတာကိုတော့ သူမသိစေခဲ့ပါဘူး။ သိသွားရင် သူအနေကြပ်မယ်လေ၊ ကိုယ်နဲ့လည်းဝေးသွားမှာ… ဆိုတော့ကျွန်တော် အထှာတွေမပေးခဲ့ပါဘူး။မနေနိုင်ဘူးဗျ။ Disneyland သွားတဲ့နေ့မှာ Park ထဲကအပြန် ဖွင့်ပြောလိုက်တယ်။ မီးမီးကိုချစ်တယ်ပေါ့။ ချက်ချင်းအဖြေရလိုက်ပါတယ်။ မချစ်နိုင်ဘူးတဲ့။ အိမ်ထောင်ရှိလို့… ကလေးအဖေတို့ ဘာတို့ညာတို့ကိုတော့သူထုတ်မပြောခဲ့ဘူး။ အားနာလို့ထင်တယ်။ တကယ်တော့အဲ့ဒီအချိန်မှာ ကျွန်တော့ရဲ့ Divorce ကိစ္စကပြီးနေပါပြီ။ စာရွက်စာတန်းတွေ လက်ထဲမရောက်သေးတာပဲရှိသေးတာ။မြန်မာပြည်ကိုသူတို့ြ့ပန်လာတော့ ကျွန်တော်မနေနိုင်တော့ဘူး။ ဖြစ်ချင်တာဖြစ်… America မှာဖွင့်ထားတဲ့ Auto Service ရုံကိုပိတ်ပြီး ကျွန်တော်မြန်မာပြည်ကိုပြန်လာခဲ့တယ်။

အိမ်ကိုအမွေပြတ်လည်းတောင်းဆိုခဲ့တယ်။ ကျွန်တော်ယုံကြည်တာက ဘဝကိုဆင်းရဲစွာမနေရအောင်ကျွန်တော်မှာကြိုးစားခွင့်ရှိတယ်။ တရားဝင်ကွာရှင်းပြီးတာကို မကွာရှင်းရသေးဘူးလို့ သတင်းစာတွေထဲမှာ အရှက်ခွဲခံခဲ့ရတယ်။ အဲဒီတုန်းက ၆၆ဃ ဆိုတာကိုနားမလည်မသိခဲ့ဘူး။အရင်အိမ်ထောင်ကို စိတ်နာနာနဲ့ ဝေးလေကောင်းလေ မတွေ့လေပိုကြိုက်လေဖြစ်ခဲ့တာခုချိန်ထိပါ။ဓာတ်ပုံထဲက ငါးစာကျွေးတဲ့နေရာလေးက ကျွန်တော့အတွက် အမှတ်တရလေးပါ။ အဲဒီမှာ ကျွန်တော်အရမ်းချစ်တဲ့ကောင်မလေးဆီက အဖြေရခဲ့လို့ပါပဲ…

အရမ်းချစ်တယ်မိန်းမရယ်။ ဘဝမှာဖြစ်သမျှတွေ ဖြစ်လာမှာတွေအားလုံးကို ကိုကိုရဲရဲကြီးရင်ဆိုင်ပေးမယ်။ ကိုကို့ ကိုပြန်ချစ်ဖို့မလိုဘူးးး ကိုကိုချစ်တာပဲခံနော်လို့ပြောပြီး …ကိုကို့ကို ခုချစ်ပြီလားလို့ပြောလိုက်တော့ သူယောင်ရမ်းပြီးခေါင်းညိမ့်ခဲ့တဲ့နေ့ !ဒီနေ့!ဘဝမှာအပျော်ဆုံးနေ့တစ်နေ့ပါပဲ။

Happy Anniversary ပါကလေးငယ်။ I love you and our family so very much!ဆိုပြီး ကိုဥက္ကာကျော်က သူ့ရဲ့ လူမှုကွန်ယက်ပေါ်ကနေပြီး ခံစားချက်အချို့တွေနဲ့အတူ ရင်ဖွင့်ခဲ့တာဖြစ်ပါတယ်။We Love Cele

Photos & Source-Oakkar Kyaw Facebook

ဖိုးသူတော် (www.phothutaw.com)
Credit: ဂျမ်းပုံ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top