×




Credit:We Love Cele
# Unicode Version ဖြင့် ဖတ်ပါ #
နိုင်ငံကျော် မင်းသမီးတစ်လက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ယခုအချိန်မှာ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေရပြီး အားပေးသူ ပရိသတ်တွေအများကြီးပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ရဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ဖြူစင်တဲ့ မျက်နှာလေးတွေကြောင့် ပရိသတ်တွေရဲ့အသည်းကို ရယူနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။

ဝတ်မှုန်ရွှေရည်ဟာ လက်တလောမှာတော့ သူမရဲ့အချစ်ရေးကို ပရိသတ်တွေဆီအသိပေးထားခြင်းမရှိပါဘူး။ ညီမဖြစ်သူနဒီရွှေရည်ကတော့ မကြာသေးခင်ကမှ အိမ်ထောင်ကျသွားခဲ့တာလည်းဖြစ်ပါတယ်။ ညီမလေးကိုလည်းချစ်ပြီး ဂရုစိုက်စောင့်ရှောက်တဲ့ ဝတ်မှုန်ရွှေရည်ကို ရရှိထားတာဟာ သူမအတွက်တော့ တန်ဖိုးရှိလှပါတယ်လို့ နဒီရွှေရည်က ဆိုပါသေးတယ်။

အမဖြစ်သူဟာ အင်မတန်မှရင့်ကျက်ပြီး သူမအနေနဲ့ ဝတ်မှုန်ရွှေရည်ကို ကိစ္စရပ်တိုင်းမှာတိုင်ပင်တတ်တယ်လို့ ပြောပါသေးတယ်။ အစစအရာရာစိတ်ခွန်အားပေးနိုင်ပြီး Support ပေးနိုင်တဲ့ ဝတ်မှုန်ရွှေရည်ဟာ သူ့အတွက်တော့ အရမ်းရင့်ကျက်လွန်းလှပါတယ်လို့ ဆိုပါတယ်။ အမဖြစ်သူ အိမ်ထောင်ဖက်အနေနဲ့ကတော့

“သူ့သဘောပါ သူ့ကိုစိတ်ချမ်းသာအောင်ထားပြီး သူ့အပေါ်ကောင်းတဲ့သူဆိုရင်တော့ တမျိုးပေါ့။ ဒါပေမယ့်လည်း ကိုယ့်အမဆိုတော့ နှမြောတာပေါ့” လို့ ဝတ်မှုန်ရွှေရည်ရဲ့အိမ်ထောင်ဖက်နဲ့ပတ်သက်ပြီး ပြောလာတာလည်းဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:We Love Cele
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top