ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×


Fabrics- FGM
Photo -AMAZING GRACE
Shoes- Charles & Keith
#Charles&KeithMyanmar..”







































Credit: auntymay
# Unicode Version ဖြင့် ဖတ်ပါ #
ပိုင်ဖြိုးသုကတော့ ပရိသတ်တွေ ချစ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။အနုပညာလောကရဲ့ ဆယ်လီ ဒေါက်တာ တွေထဲ တစ်ယောက်အပါအဝင်ပါ။အကယ်ဒမီဆုရှင်တစ်ယောက်ဖြစ်သလို ဆရာဝန်တစ်ယောက် လည်း ဖြစ်တဲ့ သူမဟာ အနုပညာ အလုပ်အပြင်တခြားတာဝန်တစ်ခုကိုပါ ထမ်းဆောင်ထားပါတယ်။အဲ့ဒါကတော့ ရန်ကုန်တိုင်းကျန်းမာရေး သံတမန် အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံထားရပါတယ်။

အခုဆိုရင်တော့ ပိုင်ဖြိုးသုဟာ ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့ပွဲကို ရန်ကုန်တိုင်းကျန်းမာရေး သံတမန်အဖြစ်တက်ရောက်ခဲ့ ပါတယ်။ဒီပွဲမှာတော့ သူမဟာ တခြားကျန်းမာရေးနယ်ပယ်ထဲက သူတွေနဲ့ အတူ စကား ဝိုင်းဖွဲ့ပြီး သားဆက်ခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရင်းတွေကို ဆွေးနွေးခဲ့ပါတယ်။ပိုင်ဖြိုးသုရဲ့ ပုံလေးတွေကိုတော့ ဓါတ်ပုံဆရာနေမင်းထွန်းက သူ့ရဲ့ fb မှာ အခုလို တင်ထားပါတယ်။

“ကမ္ဘာ့ သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့ပွဲကို ရန်ကုန်တိုင်းကျန်းမာရေး သံတမန်အဖြစ်တက်ရောက်ခဲ့တဲ့ ညီမလေး ပိုင်ဖြိုးသုကို ရိုက်ပေးထားပါတယ် #yourlifeyourresponsibility
MUA – Lone Lone (May Oo Magic)
Designer- Mogok Pauk Pauk
Fabrics- FGM
Photo -AMAZING GRACE
Shoes- Charles & Keith
#Charles&KeithMyanmar..”

ပိုင်ဖြိုးသုကတော့ 3 Girls ဆိုတဲ့ ဇာတ်ကားနဲ့ ဇာတ်ပို့သရုပ်ဆောင်ဆု ရခဲ့သူပါ။မကြာခင်မှာတော့ သူမရဲ့ “မီ” ဆိုတဲ့ ရုပ်ရှင်ကားသစ် ရုံတင်ဖို့ရှိပါတယ်။ဒီကားကိုတော့ သူမရဲ့ ခင်ပွန်းလောင်းဒါရိုက်တာ ဏကြီး က ရိုက်ကူးထားတာပါ။ စာရေးဆရာမ ကြည်အေးရဲ့ နာမည်ကြီးဝတ္ထုကို ရုပ်ရှင်ကားအဖြစ် ပြောင်းလဲ ပုံဖော်ထားပါတယ်။မင်းသမီးကတော့ ပိုင်ဖြိုးသု၊မင်းသားတွေကတော့ နေတိုး၊ရဲအောင်၊မင်းဦး..အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။


from ပိုင်ဖြိုးသု၊ဓါတ်ပုံဆရာ နေမင်းထွန်း
ဖိုးသူတော် (www.phothutaw.com)
Credit: auntymay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top