မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အသက္(၁၉)ႏွစ္ႏွစ္အရြယ္ ေက်ာင္းသူေလးတစ္ေယာက္ဟာ သူမရဲ႕ ေနအိမ္ အိမ္ခန္းထဲမွာ အဝတ္မဲ့အေနအထားနဲ႔ ေသဆုံးေနတာကို၊ သူမရဲ႕ ခ်စ္သူ အမ်ိဳးသားျဖစ္သူက ေတြ႕ရွိခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ဘန္ေကာက္ၿမိဳ႕မွာ ျဖစ္ခဲ့တာပါ။ ေဒသခံအိမ္နီးနားခ်င္းေတြကလည္း လူသတ္သမားကုိ ရွာေဖြခဲ့ၾကပါတယ္။

အခင္းျဖစ္တဲ့အခ်ိန္ကစၿပီး ေပ်ာက္ခ်င္းမလွ ေပ်ာက္သြားတဲ့ ေသဆုံးသူရဲ႕ပေထြးျဖစ္သူ Thossapol Promchart (၃၄)ႏွစ္ကုိ ရဲက ျပစ္မႈက်ဴးလြန္သူလုိ႔ သံယယရွိခဲ့ၿပီး အျမန္ဖမ္းဆီးႏုိင္ေရး ႀကိဳးစားခဲ့ၾကပါတယ္။ Thossapol ကုိ အခင္းျဖစ္ၿပီး ေနာက္ထပ္ နာရီအနည္းငယ္အၾကာမွာပင္ ဖမ္းဆီးႏုိင္ခဲ့ပါတယ္။

ေသဆုံးသူ ေကာင္မေလးအမည္ကေတာ့ Thitikarn Ratana-uthai ျဖစ္ၿပီး သူမဟာ အခင္းျဖစ္တဲ့ေသာၾကာေန႔ (၁၀)နာရီက လည္ပင္းကို အညႇစ္သတ္ခံရၿပီး ေသဆုံးခဲ့တာပါ။ Thossapol  ကုိ စေနေန႔မွာ ႐ုံးထုတ္တဲ့အခါ ေသဆုံးသူ ကေလးမေလးရဲ႕ ေဆြမ်ိဳးသားခ်င္းေတြက ဝုိင္းဝန္း႐ုိက္ႏွက္ဖုိ႔ ႀကံစည္ခဲ့ၾကပါေသးတယ္။

အခင္းျဖစ္တဲ့အခ်ိန္နဲ႔ မေရွးမေႏွာင္းမွာ ႐ုိက္ကူးခဲ့တဲ့ CCTV ေတြကုိ စစ္ေဆးတဲ့အခါ Thossapol ဟာ သုတ္သီးသုတ္ျပာနဲ႔သြားလာေနတာကို ျမင္ေတြ႕ရၿပီး သူအလုပ္လုပ္တဲ့ Pathumwan မွာတည္ရွိတဲ့ ဟုိတယ္တစ္ခုမွာ လက္ရဖမ္းဆီးႏုိင္ခဲ့ပါတယ္။ Thossapol က ထုိေန႔က မူးယစ္ေဆးနဲ႔ ဘီယာေတြမူးေနလုိ႔ မျဖစ္သင့္တာ ျဖစ္ခဲ့ရတယ္လုိ႔ ေျပာပါတယ္။

သူဟာ အဲဒီေန႔က ထရပ္ကားနဲ႔ အိမ္ကုိျပန္ေရာက္လာၿပီး မယားပါသမီးကုိ ေတြ႕တဲ့အခါမွာ စိတ္႐ုိင္းဝင္ကာ အဓမၼက်င့္ဖုိ႔ ႀကံစည္ခဲ့တာပါ။ ဒါေပမယ့္ မယားပါသမီးက သူ႕ကုိ ျပန္လည္ၿပီးတုိက္ခုိက္ခဲ့လုိ႔ သူမ်ားေတြကုိ ျပန္ေျပာမွာစုိးလုိ႔ လည္ပင္းကို ညႇစ္သတ္ခဲ့ၿပီး အိမ္ကေန ညေန(၃)နာရီမွာ ထြက္ခြာလာခဲ့တယ္လုိ႔ ထြက္ဆုိထားပါတယ္။

source : nationmultimedia.com

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လင္းေဇာ္ကို (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အသက်(၁၉)နှစ်နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်ဟာ သူမရဲ့ နေအိမ် အိမ်ခန်းထဲမှာ အဝတ်မဲ့အနေအထားနဲ့ သေဆုံးနေတာကို၊ သူမရဲ့ ချစ်သူ အမျိုးသားဖြစ်သူက တွေ့ရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဘန်ကောက်မြို့မှာ ဖြစ်ခဲ့တာပါ။ ဒေသခံအိမ်နီးနားချင်းတွေကလည်း လူသတ်သမားကို ရှာဖွေခဲ့ကြပါတယ်။

အခင်းဖြစ်တဲ့အချိန်ကစပြီး ပျောက်ချင်းမလှ ပျောက်သွားတဲ့ သေဆုံးသူရဲ့ပထွေးဖြစ်သူ Thossapol Promchart (၃၄)နှစ်ကို ရဲက ပြစ်မှုကျူးလွန်သူလို့ သံယယရှိခဲ့ပြီး အမြန်ဖမ်းဆီးနိုင်ရေး ကြိုးစားခဲ့ကြပါတယ်။ Thossapol ကို အခင်းဖြစ်ပြီး နောက်ထပ် နာရီအနည်းငယ်အကြာမှာပင် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သေဆုံးသူ ကောင်မလေးအမည်ကတော့ Thitikarn Ratana-uthai ဖြစ်ပြီး သူမဟာ အခင်းဖြစ်တဲ့သောကြာနေ့ (၁၀)နာရီက လည်ပင်းကို အညှစ်သတ်ခံရပြီး သေဆုံးခဲ့တာပါ။ Thossapol  ကို စနေနေ့မှာ ရုံးထုတ်တဲ့အခါ သေဆုံးသူ ကလေးမလေးရဲ့ ဆွေမျိုးသားချင်းတွေက ဝိုင်းဝန်းရိုက်နှက်ဖို့ ကြံစည်ခဲ့ကြပါသေးတယ်။

အခင်းဖြစ်တဲ့အချိန်နဲ့ မရှေးမနှောင်းမှာ ရိုက်ကူးခဲ့တဲ့ CCTV တွေကို စစ်ဆေးတဲ့အခါ Thossapol ဟာ သုတ်သီးသုတ်ပြာနဲ့သွားလာနေတာကို မြင်တွေ့ရပြီး သူအလုပ်လုပ်တဲ့ Pathumwan မှာတည်ရှိတဲ့ ဟိုတယ်တစ်ခုမှာ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ Thossapol က ထိုနေ့က မူးယစ်ဆေးနဲ့ ဘီယာတွေမူးနေလို့ မဖြစ်သင့်တာ ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

သူဟာ အဲဒီနေ့က ထရပ်ကားနဲ့ အိမ်ကိုပြန်ရောက်လာပြီး မယားပါသမီးကို တွေ့တဲ့အခါမှာ စိတ်ရိုင်းဝင်ကာ အဓမ္မကျင့်ဖို့ ကြံစည်ခဲ့တာပါ။ ဒါပေမယ့် မယားပါသမီးက သူ့ကို ပြန်လည်ပြီးတိုက်ခိုက်ခဲ့လို့ သူများတွေကို ပြန်ပြောမှာစိုးလို့ လည်ပင်းကို ညှစ်သတ်ခဲ့ပြီး အိမ်ကနေ ညနေ(၃)နာရီမှာ ထွက်ခွာလာခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

source : nationmultimedia.com

ဖိုးသူတော် (www.phothutaw.com)
Credit: လင်းဇော်ကို (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top