ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

လက္ရွိမွာ အေမရိကန္ေဒၚလာေဈး ျပန္လည္က်ဆင္းဖို႔ အရိပ္အေယာင္ မေတြ႕ရေသးပါဘူး။

ရန္ကုန္၊ စက္တင္ဘာ ၁၉- သည္ေန႔မွာ အေမ ရိကန္ေဒၚလာေဈးကို ျမန္မာႏိုင္ငံ ဗဟို ဘဏ္က ၁၅၅၇ က်ပ္ သတ္မွတ္ထား ေပမဲ့ ျပင္ပမွာ အဝယ္ေဈး ၁၅၈၈ က်ပ္ ရွိၿပီး အေရာင္းေဈးကေတာ့ ၁၆၀၈ က်ပ္ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၅ ရက္ေန႔က အေမရိကန္တစ္ေဒၚလာရဲ႕ ေဈးႏႈန္း ဟာ က်ပ္ ၁၅ဝဝ အထိ ျမင့္တက္လာခဲ့ တာပါ။ လက္ရွိမွာ အေမရိကန္ေဒၚ လာေဈး ျပန္လည္က်ဆင္းဖို႔ အရိပ္အ ေယာင္ မေတြ႕ရေသးတာေၾကာင့္ အ ကယ္၍မ်ား ေဒၚလာေဈး က်ပ္ ၂ဝဝဝ ကို ေရာက္သြားခဲ့ရင္ ဘာေတြျဖစ္မ လဲဆိုတာ စိတ္လႈပ္ရွားစရာပါ။

လုပ္ငန္းရွင္တစ္ဦးက “ပစၥည္း တစ္ခုက လိုသည္ထက္ ပိုတက္ရင္ ေတာ့ ဘယ္အရာမွ မေကာင္းပါဘူး၊ လိုသည္ထက္ ပိုက်ရင္လဲ မေကာင္း ဘူးေပါ့ဗ်ာ၊ ေဈးကြက္ရဲ႕ ဝယ္လိုအား ေရာင္းလိုအားေပၚမွာပဲ မူတည္ပါ တယ္၊ ကြၽန္ေတာ္တို႔ ကုန္သည္ေတြက ေတာ့ တက္တာလဲ မႀကိဳက္ဘူးဗ်၊ က် တာလဲ မႀကိဳက္ဘူး၊ ပုံမွန္ေလး သြား တာကိုပဲ  ႀကိဳက္ပါတယ္၊   အတက္အ က်ၾကမ္းတဲ့အခါ အတက္အက်ျမန္ တဲ့အခါ အလုပ္လုပ္ရတာ အဆင္မ ေျပဘူး”လို႔ ေျပာပါတယ္။

သူက ေဒၚလာေဈးတစ္ခုတည္း သာ စံခ်ိန္တင္တက္တယ္လို႔ ေျပာ တယ္ဗ်။ အဲဒါရဲ႕ ေနာက္မွာ သက္ ေရာက္မႈေတြက အမ်ားႀကီးပါ။ ပထ မဆုံး သက္ေရာက္မႈက သြင္းကုန္ေတြ ေဈးတက္လာတယ္။ အခုဆို ရင္ ေဆး ဝါးေဈးေတြ တက္လာၿပီး၊ ဆန္ေဈး တက္လာေနၿပီ။ အဲဒါဟာ အေမရိ ကန္တစ္ေဒၚလာကို ၁၆ဝဝ က်ပ္ ဝန္း က်င္ ရွိတဲ့ အေနအထားပါ။ တစ္ေဒၚ လာ ၂ဝဝဝ က်ပ္ ျဖစ္ရင္ ႀကိဳတြက္လို႔ ရေနပါၿပီ ၊ အဲသည္ေဆးနဲ႔ ဆန္ေဈး ႏႈန္းေတြ သည္ထက္ ပိုတက္ဖို႔ပဲ ရွိပါ တယ္။ ဒါကေတာ့ လူတိုင္း မသုံးစြဲရင္ မျဖစ္တဲ့ ကုန္ပစၥည္းႏွစ္ခုကို ဥပမာေပး တာပါ။ ေဆးဝါးေတြ မဝယ္ႏိုင္ေတာ့ ေလာက္ေအာင္ ေဈးေတြ ျမင့္တက္ သြားခဲ့ရင္ လူနာေတြ ဘယ္လို အသက္ ရွင္ ရပ္တည္ၾကရမလဲ။ ဆန္ေတြ မ ဝယ္ႏိုင္ေတာ့ေလာက္ေအာင္ ေဈးႏႈန္း ေတြ ျမင့္တက္သြားရင္ အႏၲရာယ္ႀကီး မားပါတယ္။ အမ်ားျပည္သူ မျဖစ္မေန သုံးစြဲရတဲ့ ပစၥည္းေတြ ေဈးတက္လာ မွာ ကေတာ့ စိတ္မေကာင္းစရာ ျဖစ္ တယ္လို႔ ဆိုပါတယ္။

ရန္ကုန္စီးပြားေရးတကၠသိုလ္ ပါေမာကၡခ်ဳပ္ေဒါက္တာ တင္ဝင္းက “လက္ရွိမွာ ေဒၚလာေဈးန ႈန္း ကန႔္သတ္ တာေတြကို ေျဖေလွ်ာ့ေပးလိုက္တဲ့အ တြက္ ေဈးကြက္လိုအပ္ခ်က္ ရွိသ ေလာက္ေတာ့ ေဈးႏႈန္းက ျမင့္တက္ ေနဦးမွာ ျဖစ္တယ္၊ ေရာင္းလိုအားနဲ႔ ဝယ္လိုအား ထိန္းညႇိရတဲ့အထိေတာ့ ေစာင့္ၾကရမွာ ျဖစ္တယ္”လို႔ ေျပာ တယ္။

ေဒၚလာ ဝင္ေငြရေပါက္ရလမ္းကို အခု လက္ရွိ အေျခအေနထက္ အနည္း ဆုံး ၅၀ ရာခိုင္ႏႈန္းေလာက္ တိုးေအာင္ မလုပ္ႏိုင္ဘဲ အခုအတိုင္းပဲ ေရွ႕ဆက္ သြားေနရင္ အေမရိကန္တစ္ေဒၚလာ က်ပ္ ၄ဝဝဝ အထိလည္း ျဖစ္လာႏိုင္ တယ္။ က်သြားဖို႔ေတာ့ မရွိပါဘူးလို႔ ဆိုပါတယ္။

ဘာျဖစ္လာမလဲဆိုေတာ့ အခ်ိန္ တိုအတြင္းမွာ ျပည္သူေတြ အရမ္း ဒုကၡေရာက္ပါမယ္။ သြင္းကုန္ေတြ အ ေပၚမွာ မွီခိုရတာ မ်ားခဲ့တာေၾကာင့္ပါ။ ကိုယ္စားခ်င္တာ စားလို႔ မရေတာ့ဘူး။ ေဒၚလာေဈး ျမင့္လာတာ နဲ႔အမွ် သြင္း ကုန္ေတြ ရပ္တန႔္သြားပါမယ္။ ျပည္ တြင္းမွာ လည္း မထုတ္ႏိုင္ေသးတဲ့အ တြက္ပါ။ မရွိမျဖစ္ သုံးစြဲရမယ့္ေဆးဝါး ပစၥည္းလိုဟာမ်ိဳးေတြ   ေဈးအဆမတန္ ျမင့္တက္သြားႏိုင္ပါတယ္။ ကာလတို အတြင္းမွာေတာ့ ျပည္သူေတြ ခါးစည္း ခံရမယ္။ စိတ္ပူစရာမလိုတာကေတာ့ အဲသည္စားေသာက္ကုန္ပစၥည္း ဆိုတာေတြက အတြင္းမွာ အစားထိုး ထုတ္လုပ္ႏိုင္ဖို႔ ပါပဲ။ တအားေဈးႀကီး သြားတဲ့ စားေသာက္ကုန္ေတြကို ျပည္ တြင္းမွာ တိုးျမႇင့္ထုတ္လုပ္လာၾကပါ မယ္။ အဲဒါဟာ အဆိုးထဲက အေကာင္း ျဖစ္လာတတ္တာပါ။

လက္ရွိမွာ ျပည္ပက  သြင္းကုန္ ေတြ မရွိေတာ့တဲ့အခါ  ျပည္တြင္းထုတ္ ကုန္ေတြ ျပန္ေနရာရလာႏိုင္တဲ့သ ေဘာတရားပဲ ျဖစ္တယ္။ ဒါေပမဲ့ သံ၊ သံမဏိ၊ အီလက္ထ႐ြန္းနစ္တို႔လို ကုန္ ပစၥည္းေတြကေတာ့ ခ်က္ခ်င္း ထုတ္ ႏိုင္ ဖို႔ ေတာ့ ခဲ ယဥ္း ပါတယ္လို႔  ေဒါက္ တာ တင္ဝင္းက ေျပာတယ္။

စီးပြားေရး ကြၽမ္းက်င္သူဦး ျမတ္ မင္းသူကေတာ့ “အေမရိကန္ေဒၚလာ ေဈးေတြ အဆမတန္ ျမင့္တက္လာရင္ ျပည္ပက တင္သြင္းရတဲ့ ကုန္ျ ကမ္း ေဈးႏႈန္းေတြလဲ ျမင့္တက္လာမယ္၊ ျပည္တြင္းေဈးကြက္ဆိုတာက သြင္း ကုန္ေပၚမွာပဲ အမ်ားစု မွီခိုေနရတာမို႔ သြင္းကုန္ၾကမ္းကို မွီၿပီးေတာ့မွ ထုတ္ တဲ့ ကုန္ေခ်ာအတြက္ေတာ့ ကုန္ၾကမ္း ေဈးတက္ရင္ ကုန္ေခ်ာေဈးပါ တက္ လာပါတယ္။ ဒါက လက္ေတြ႕ေဈး ကြက္မွာ ျဖစ္ေနတာပါ၊ အဲဒီထက္ ဆိုး လာရင္ေတာ့ စီးပြားပ်က္ကပ္ႀကဳံရ ႏိုင္တယ္”လို႔ ဆိုတယ္။

ဘာေၾကာင့္တက္

အထည္ခ်ဳပ္လုပ္ငန္းရွင္ တစ္ဦး က “ကြၽန္ေတာ္ျမင္တာကေတာ့ တိုင္း ျပည္ရဲ႕ အေျခအေနနဲ႔ ႏိုင္ငံေတာ္ အစိုးရရဲ႕ ထိန္းေက်ာင္းမႈအေပၚမွာပဲ မူ တည္ပါတယ္၊ ေဈးကြက္စီးပြားေရး စနစ္မွာ ထိန္းခ်ဳပ္လို႔ မရသလို လႊတ္ ထားလို႔လဲ မရဘူးဗ်၊ ေဈးကြက္ရဲ႕ သေဘာတရားေလးေတာ့ နားလည္ဖို႔ လိုတယ္”လို႔ ေျပာတယ္။

အခု ရာသီက ဘာပစၥည္းမွ မထြက္ပါဘူး။ သစ္ေတာထြက္ ပစၥည္း၊  သဘာဝသီးႏွံပစၥည္း ဘာမွမထြက္ ေသးပါဘူး။ မိုးတြင္းျဖစ္ေနတဲ့အခါ ထြက္ကုန္ပစၥည္း မရွိဘူး။ ထြက္ကုန္မ ရွိတဲ့အခါ တျခားကေန ဝယ္ရတယ္။ အဲသည္အခါ ျပည္ပကေန တင္သြင္းရ တာ ပိုမ်ားေနေတာ့ ေဒၚလာလိုအပ္ ခ်က္က အျခားရာသီဥတုေတြထက္ ပို ႀကီးမားေနတယ္။ ေဒၚလာလိုအပ္ခ်က္ မ်ားေနေတာ့ ဝယ္ရင္းဝယ္ရင္းနဲ႔ ေဈး တက္ဦးမလားဆိုတဲ့ စိုးရိမ္စိတ္က ေလးေတြ ပါလာတယ္လို႔ ျမင္တယ္လို႔ ဆိုပါတယ္။

ေနာက္လဆိုရင္ေတာ့ ဆန္စပါး ထြက္ၿပီ၊ ေကာက္ပဲသီးႏွံထြက္လာ မယ္။ အဲသည္လို ထြက္ကုန္ေတြနဲ႔ ျပည္ပပို႔ကုန္ေတြ ျပန္လည္တင္ပို႔ႏိုင္ၿပီ ပို႔ကုန္ေတြ မ်ားလာၿပီဆိုရင္ေတာ့ ေဈး ျပန္ၿငိမ္ခ်င္ ၿငိမ္သြားမယ္။ က်ရင္ က် သြားမယ္လို႔ သုံးသပ္လို႔ရပါတယ္။ သည္အေပၚမွာ ဗဟိုဘဏ္က မ်က္ ကြယ္ျပဳထားတာတို႔၊ ႏိုင္ငံေတာ္ အစိုး ရက မ်က္ကြယ္ျပဳတာတို႔ မလုပ္ဖို႔ လို ပါတယ္။ လုပ္ႏိုင္တာကလည္း ဘဏ္ ေတြပဲ ရွိတယ္။ တကယ့္လုပ္ငန္းရွင္ ေတြ လက္ထဲမွာ ပိုက္ဆံမရွိပါဘူး။ ဘဏ္ေတြ လက္ထဲမွာပဲ ပိုက္ဆံက ရွိ ပါတယ္။ ဟိုတေလာကပဲ အစိုးရက ထုတ္ေပးထားတယ္။ အဲသည္ေဒၚလာ ေတြက ဘဏ္ေတြကပဲ ရတယ္။ ထုတ္ ေပးတဲ့ေန႔ ေဒၚလာေဈးက်တယ္။ ၿပီး ေတာ့ ျပန္တက္သြားတာပါပဲ။ ေဒၚလာ ေဈးအတက္ႏႈန္းေတြက သိပ္ျမန္လာ တယ္။ အရင္ေခတ္အဆက္ဆက္က တက္တဲ့ ႏႈန္းေတြက သည္လိုမွ မျမန္ ပါဘူး။

ေဒၚလာအေနနဲ႔ ေဈးကြက္မွာ အ ရင္က သည္ေလာက္ ဝယ္လိုအား မရွိခဲ့ ပါဘူး။ အျပင္မွာရွိတဲ့ သူက ေဒၚလာ ကို ဝယ္ႏိုင္ရင္ အမ်ားဆုံး ငါးသိန္း တစ္ သန္း သည္ေလာက္ပါပဲ။ ဘဏ္ေတြက ဝယ္ရင္ သန္းဆယ္ခ်ီ ဝယ္ႏိုင္တဲ့အခါ ေလးငါးဘဏ္စုလိုက္တာနဲ႔ သန္းတစ္ ရာေလာက္ ေပ်ာက္သြားတယ္။ တာ ဝန္ရွိသူေတြေရာ ဗဟိုဘဏ္ကေရာ ဘဏ္ေတြေရာ ညႇိႏႈိင္းၾကရမွာပါ။ ေနာက္တစ္ခ်က္က စီးပြားေရး အခြင့္ အလမ္းေတြ မေကာင္းတဲ့အခါရွိတဲ့ ပိုက္ဆံေလးကို တိုးပြားခ်င္ေတာ့ ေဒၚ လာေဈးကစားတဲ့အေပၚ ဝင္ကစားလို႔ ရတာကို စီးပြားေရးလုပ္တဲ့ သူက လည္း  ျမင္လာတယ္။ တစ္ႏွစ္အလုပ္ လုပ္တာ မကိုက္ဘူး။ ဒါကေတာ့ ကိုက္ တယ္ဆိုတဲ့ စိတ္ကူးေတြနဲ႔ အတက္ ဘက္ကို  ဆြဲတင္လိုက္တဲ့အခါ တက္ဦး မယ္။ တက္ဦးမယ္ဆိုေတာ့ ျမန္မာလူ မ်ိဳးေတြရဲ႕အက်င့္က ဝိုင္းဝယ္ၾကေတာ့ တာပါပဲ။ က်ၿပီေဟ့ဆိုရင္ မဝယ္ၾက ေတာ့ပါဘူး။ ေဒၚလာေဈးတက္ေနတဲ့ အခ်ိန္ ဆက္တက္ဦးမယ္ဆိုတဲ့ ေမွ်ာ္ လင့္ခ်က္နဲ႔ ဝိုင္းဝယ္ၾကေတာ့ အ ျမင့္ဆုံးကို ဆြဲတင္သလို ျဖစ္လာပါ တယ္။

ဗဟိုဘဏ္ရယ္၊ စီမံဘ႑ာရယ္၊ ဘဏ္မ်ားအသင္းရယ္၊ ေငြေၾကးေဈး ကြက္ ကစားေနသူေတြရယ္၊ သမာသ မတ္က်တဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြ ရယ္၊ အစိုးရရယ္ စားပြဲေပၚမွာ ညႇိႏႈိင္း ရင္ အေျဖတစ္ခုေတာ့ ထြက္လာစရာ ရွိပါတယ္။ သည္အတိုင္း ထားလိုက္ ရင္ေတာ့ အေမရိကန္ တစ္ေဒၚလာကို  ၂ဝဝဝ က်ပ္ မကလည္း ျဖစ္သြားႏိုင္ပါ တယ္။ အဓိက အေျခခံ လူတန္းစားနဲ႔ လယ္သမားေတြ ပါဝင္တဲ့ အမ်ားစု ဒုကၡေရာက္မွာပါ။

ဘယ္လုပ္ငန္းေတြ ရပ္မလဲ

အကယ္၍သာ အေမရိကန္တစ္ ေဒၚလာ က်ပ္ ၂ဝဝဝ ေက်ာ္သြားခဲ့ရင္ ျပည္ပသြင္းကုန္ကို မွီခိုေနတဲ့ လုပ္ငန္း ေတြ အကုန္ရပ္တန႔္သြားႏိုင္ပါတယ္။ သည္မွာ ထုတ္လုပ္တာေတြ က ေဈး ႀကီးေနၿပီး ဟိုက ထုတ္လုပ္တာက ေဈးေပါေနရင္ေတာ့ သည္မွာ မထုတ္ လုပ္ၾကေတာ့ဘဲ ဟိုကပဲ လာေတာ့ မွာ ပါ။ သြင္းကုန္အစားထိုးတဲ့ စက္႐ုံေတြ အကုန္ရပ္သြားႏိုင္တယ္လို႔ အထည္ ခ်ဳပ္ လုပ္ငန္းရွင္က ေျပာ တယ္။

အဲသည္ေတာ့ ဝယ္စားတဲ့ တိုင္း ျပည္ ျဖစ္သြားႏိုင္ပါတယ္။ စင္ကာပူလို ႏိုင္ငံမ်ိဳးက ဝယ္စားတဲ့ တိုင္းျပည္ဆို ေပမဲ့ သူက ခ်မ္းသာတယ္။ ဆင္းရဲတဲ့ ႏိုင္ငံက ဝယ္စားေနရရင္ ဘယ္ႏွႏွစ္ ဝယ္စားႏိုင္မလဲဆိုတာ ျပန္တြက္ရမွာ ပါ။ ရွိတဲ့သူအတြက္က ျပႆနာမရွိေပ မဲ့ မရွိတဲ့သူေတြကေတာ့ ေရရွည္မွာ  အဆင္မေျပႏိုင္ပါဘူး။

အထည္ခ်ဳပ္

အထည္ခ်ဳပ္စက္႐ုံေတြကေတာ့ တိုက္႐ိုက္ ေအာ္ဒါေတြရေအာင္လုပ္ဖို႔ လိုအပ္ေနဆဲျဖစ္ပါတယ္။ လက္ရွိ ေဒၚ လာေဈးျမင့္တက္ေနတာေတြက အ ထည္ခ်ဳပ္စက္႐ုံေတြနဲ႔ တိုက္႐ိုက္ မပတ္သက္ပါဘူး။ ရာသီအခ်ိန္ကာလ နဲ႔ပဲ သက္ဆိုင္ပါတယ္။ သည္အခ်ိန္ ေတြက ေအာ္ဒါပါးတဲ့အခ်ိန္ ျဖစ္ေနပါ တယ္။ သည္လုပ္ငန္းက ရာသီေပၚမူ တည္ၿပီး အေျပာင္းအလဲေတြ ျဖစ္ေန တဲ့အတြက္ ႐ုံေသးေသးေလးေတြ ဒုကၡ ေရာက္တဲ့အခ်ိန္ျဖစ္ေနတယ္။ ေရွ႕လ ေလာက္ဆိုရင္ေတာ့ ျပန္အဆင္ေျပ သြားႏိုင္တယ္လို႔ သိရပါတယ္။ တိုက္ ႐ိုက္ ေအာ္ဒါရဖို႔ဆိုရင္ အိုင္အက္စ္အို လက္မွတ္လိုမ်ိဳး လက္မွတ္ေတြရ ေအာင္ စစ္ေဆးေရးေတြ အမ်ားႀကီး ေခၚလုပ္ရပါတယ္။ အဲသည္လက္မွတ္ ေတြ ယူထားတဲ့သူက သူတို႔ဝက္ဘ္ ဆိုက္ထဲ တန္းဝင္သြားတယ္။ အဲသည္ အခါ ေအာ္ဒါေပးတဲ့သူက တိုက္႐ိုက္ လာတယ္။ ၾကားတစ္ဆင့္ မရွိေတာ့ ဘူး။ ျဖစ္ႏိုင္ရင္ ဒါေတြ အကုန္လုပ္ေပး သင့္ပါတယ္။ သည္က အထည္ခ်ဳပ္ စက္႐ုံေတြအေနနဲ႔ တိုက္႐ိုက္ေအာ္ဒါ ရတယ္ဆိုရင္ေတာင္ အက္ဖ္အိုဘီ လုပ္တဲ့လူေတြထက္စာရင္ အလုပ္သ မားသာ သာပဲ ရွိပါေသးတယ္လို႔ အ ထည္ခ်ဳပ္ လုပ္ငန္းရွင္က ဆိုတယ္။

သူက “ကြၽန္ေတာ္တို႔ဆီမွာ ဒီ လုပ္ ငန္းလုပ္လာတာႏွစ္၃၀ နီးနီးရွိလာ ၿပီ၊ ဒါကို အပ္ဂရိတ္ ထပ္လုပ္ရေတာ့မွာ ပါ၊ အစအဆုံး ကိုယ့္တိုင္းျပည္မွာ ရွိ ေအာင္ လုပ္ရေတာ့မွာပါ၊ ဝါစိုက္မွ ပိတ္ ရက္လို႔ရတဲ့ ေခတ္မဟုတ္ေတာ့ပါဘူး၊ တ႐ုတ္ျပည္မွာ ဝါမစိုက္ပါဘူး၊ ဒါေပမဲ့ ကေနဒါ၊အေမရိကန္ကေနမွာပါတယ္၊ မွာၿပီး ခ်ည္ထုတ္တယ္၊ ပိတ္ရက္ တယ္၊ ဒီမွာ အထည္ခ်ဳပ္စက္႐ုံေတြ တ အား ေအာင္ျမင္ေနတယ္လို႔ ေျပာ ၾက တယ္၊ ဒါေပမဲ့ သူမ်ားခိုင္းတာပဲ လုပ္ ေနရတဲ့အဆင့္ ျဖစ္ေနတယ္၊ ကိုယ့္ေျခ ကိုယ့္လက္နဲ႔ ဘာမွ မလုပ္ႏိုင္ေသးဘူး၊ ဒါကလဲ အထည္ခ်ဳပ္လုပ္ငန္းကို ဥပမာ ေပးၿပီး ေျပာတာ၊ ႏိုင္ငံမွာ ကိုယ့္ေျခ ကိုယ့္လက္ နဲ႔ ထုတ္လုပ္တဲ့ ျပည္ပပို႔ ကုန္ေတြ မ်ားမ်ားထုတ္လုပ္ႏိုင္ၿပီး အ ေမရိကန္ေဒၚလာ မ်ားမ်ားဝင္လာေစဖို႔ ရည္မွန္းခ်က္ထားအေကာင္အထည္ ေဖာ္တဲ့ဆီကို သြားရပါမယ္၊ ဒါမွလဲ ကိုယ့္ရဲ႕ ျမန္မာေငြေၾကးတန္ဖိုးျမင့္လာ ၿပီး အခုႀကဳံေတြ႕ေနတဲ့ ေဒၚလာေဈး အ ဆမတန္ျမင့္တက္ေနတဲ့ ျပႆနာေတြ ကို ေျဖရွင္းလာႏိုင္မယ္”လို႔ ဆက္ေျပာ ပါတယ္။

(ဥပမာ) အထည္ခ်ဳပ္စက္႐ုံက လို အပ္တဲ့ ၾကယ္သီးစက္႐ုံ ထူေထာင္ရင္ ေျမ ေပ ၄၀ x ေပ ၆၀ နဲ႔ရတယ္။ အပ္ ခ်ည္လုံးထုတ္တဲ့စက္႐ုံဆိုရင္လည္း ေပ ၄၀ x ေပ ၆၀ ေျမရွိရင္ လုပ္လို႔ရပါ တယ္။ ဒါေတြကို အားေပးရမွာပါ။ အ ထည္ခ်ဳပ္စက္႐ုံေတြကေန ဖုန္းတစ္ ခ်က္ဆက္လိုက္႐ုံနဲ႔ သည္ပစၥည္းေတြ ေရာက္လာႏိုင္မွ ေအာင္ျမင္တယ္လို႔ ေျပာလို႔ရပါမယ္။  အပ္ခ်ည္ကအစ အပ္အဆုံး ျပည္ပ ကတင္သြင္းေနရရင္ ေတာ့ အထည္ခ်ဳပ္လုပ္ငန္းႀကီး ေအာင္ ျမင္တယ္လို႔ ေျပာလို႔မရဘူးဆိုတာ သိ ထားဖို႔ေတာ့ လိုအပ္ပါတယ္။

လုပ္ငန္းေသးေသးေလးေတြက ႀကီးေအာင္ လုပ္ၾကရပါမယ္။ ႀကီးတဲ့ သူေတြက အက္ဖ္အိုဘီျဖစ္ေအာင္ လုပ္ရပါမယ္။ အထည္ခ်ဳပ္လုပ္ငန္းက တ႐ုတ္ျပည္မွာ  အခက္အခဲျဖစ္ေနၿပီ။ ဒါကို ယူႏိုင္လို႔ရွိရင္ စင္တာႀကီး တစ္ ခုလုံး သည္ကိုေရာက္လာမယ္။ တ ႐ုတ္ အခက္၊ ဗမာအခ်က္ပါပဲ။ အလုပ္ အကိုင္အခြင့္အလမ္းေတြ သန္းခ်ီၿပီး ရသြားႏိုင္ပါတယ္။ အျပင္မွာ သြား လုပ္ရတဲ့ လုပ္သား ေလးငါး ေျခာက္ သန္းကို ျပန္ေခၚၿပီး အလုပ္ေပး ႏိုင္ ပါတယ္။ က်န္တဲ့ သြင္းကုန္အစား ထိုး လုပ္ငန္းေတြကိုလည္း အား ေပးၿပီး ႏိုင္ငံျခားဝင္ေငြ ၅၀ ရာခိုင္ႏႈန္းအထက္ ရရွိဖို႔ ေရရွည္စီမံကိန္းေတြနဲ႔ ေဆာင္ ႐ြက္ရမွာျဖစ္သလို ေရတိုေျဖရွင္းႏိုင္ဖို႔ ေငြေၾကး ကြၽမ္းက်င္သူေတြကို အစိုးရ က ဦးေဆာင္ၿပီး စားပြဲဝိုင္း ေဆြးေႏြးညႇိ ႏႈိင္းမႈေတြနဲ႔ အျမန္အေကာင္အထည္ ေဖာ္ဖို႔ လိုအပ္ေနၿပီလို႔ စီးပြားေရးလုပ္ ငန္းရွင္ေတြနဲ႔ စီးပြားေရးပညာရွင္အခ်ိဳ႕ က သုံးသပ္ပါတယ္။

Author: ေအာင္ထြန္းဦး
ဖိုးသူေတာ္ (www.phothutaw.com)
Credit:kumudranews
# Unicode Version ျဖင့္ ဖတ္ပါ #
လက်ရှိမှာ အမေရိကန်ဒေါ်လာဈေး ပြန်လည်ကျဆင်းဖို့ အရိပ်အယောင် မတွေ့ရသေးပါဘူး။

ရန်ကုန်၊ စက်တင်ဘာ ၁၉- သည်နေ့မှာ အမေ ရိကန်ဒေါ်လာဈေးကို မြန်မာနိုင်ငံ ဗဟို ဘဏ်က ၁၅၅၇ ကျပ် သတ်မှတ်ထား ပေမဲ့ ပြင်ပမှာ အဝယ်ဈေး ၁၅၈၈ ကျပ် ရှိပြီး အရောင်းဈေးကတော့ ၁၆၀၈ ကျပ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က အမေရိကန်တစ်ဒေါ်လာရဲ့ ဈေးနှုန်း ဟာ ကျပ် ၁၅ဝဝ အထိ မြင့်တက်လာခဲ့ တာပါ။ လက်ရှိမှာ အမေရိကန်ဒေါ် လာဈေး ပြန်လည်ကျဆင်းဖို့ အရိပ်အ ယောင် မတွေ့ရသေးတာကြောင့် အ ကယ်၍များ ဒေါ်လာဈေး ကျပ် ၂ဝဝဝ ကို ရောက်သွားခဲ့ရင် ဘာတွေဖြစ်မ လဲဆိုတာ စိတ်လှုပ်ရှားစရာပါ။

လုပ်ငန်းရှင်တစ်ဦးက “ပစ္စည်း တစ်ခုက လိုသည်ထက် ပိုတက်ရင် တော့ ဘယ်အရာမှ မကောင်းပါဘူး၊ လိုသည်ထက် ပိုကျရင်လဲ မကောင်း ဘူးပေါ့ဗျာ၊ ဈေးကွက်ရဲ့ ဝယ်လိုအား ရောင်းလိုအားပေါ်မှာပဲ မူတည်ပါ တယ်၊ ကျွန်တော်တို့ ကုန်သည်တွေက တော့ တက်တာလဲ မကြိုက်ဘူးဗျ၊ ကျ တာလဲ မကြိုက်ဘူး၊ ပုံမှန်လေး သွား တာကိုပဲ  ကြိုက်ပါတယ်၊   အတက်အ ကျကြမ်းတဲ့အခါ အတက်အကျမြန် တဲ့အခါ အလုပ်လုပ်ရတာ အဆင်မ ပြေဘူး”လို့ ပြောပါတယ်။

သူက ဒေါ်လာဈေးတစ်ခုတည်း သာ စံချိန်တင်တက်တယ်လို့ ပြော တယ်ဗျ။ အဲဒါရဲ့ နောက်မှာ သက် ရောက်မှုတွေက အများကြီးပါ။ ပထ မဆုံး သက်ရောက်မှုက သွင်းကုန်တွေ ဈေးတက်လာတယ်။ အခုဆို ရင် ဆေး ဝါးဈေးတွေ တက်လာပြီး၊ ဆန်ဈေး တက်လာနေပြီ။ အဲဒါဟာ အမေရိ ကန်တစ်ဒေါ်လာကို ၁၆ဝဝ ကျပ် ဝန်း ကျင် ရှိတဲ့ အနေအထားပါ။ တစ်ဒေါ် လာ ၂ဝဝဝ ကျပ် ဖြစ်ရင် ကြိုတွက်လို့ ရနေပါပြီ ၊ အဲသည်ဆေးနဲ့ ဆန်ဈေး နှုန်းတွေ သည်ထက် ပိုတက်ဖို့ပဲ ရှိပါ တယ်။ ဒါကတော့ လူတိုင်း မသုံးစွဲရင် မဖြစ်တဲ့ ကုန်ပစ္စည်းနှစ်ခုကို ဥပမာပေး တာပါ။ ဆေးဝါးတွေ မဝယ်နိုင်တော့ လောက်အောင် ဈေးတွေ မြင့်တက် သွားခဲ့ရင် လူနာတွေ ဘယ်လို အသက် ရှင် ရပ်တည်ကြရမလဲ။ ဆန်တွေ မ ဝယ်နိုင်တော့လောက်အောင် ဈေးနှုန်း တွေ မြင့်တက်သွားရင် အန္တရာယ်ကြီး မားပါတယ်။ အများပြည်သူ မဖြစ်မနေ သုံးစွဲရတဲ့ ပစ္စည်းတွေ ဈေးတက်လာ မှာ ကတော့ စိတ်မကောင်းစရာ ဖြစ် တယ်လို့ ဆိုပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ တင်ဝင်းက “လက်ရှိမှာ ဒေါ်လာဈေးန ှုန်း ကန့်သတ် တာတွေကို ဖြေလျှော့ပေးလိုက်တဲ့အ တွက် ဈေးကွက်လိုအပ်ချက် ရှိသ လောက်တော့ ဈေးနှုန်းက မြင့်တက် နေဦးမှာ ဖြစ်တယ်၊ ရောင်းလိုအားနဲ့ ဝယ်လိုအား ထိန်းညှိရတဲ့အထိတော့ စောင့်ကြရမှာ ဖြစ်တယ်”လို့ ပြော တယ်။

ဒေါ်လာ ဝင်ငွေရပေါက်ရလမ်းကို အခု လက်ရှိ အခြေအနေထက် အနည်း ဆုံး ၅၀ ရာခိုင်နှုန်းလောက် တိုးအောင် မလုပ်နိုင်ဘဲ အခုအတိုင်းပဲ ရှေ့ဆက် သွားနေရင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၄ဝဝဝ အထိလည်း ဖြစ်လာနိုင် တယ်။ ကျသွားဖို့တော့ မရှိပါဘူးလို့ ဆိုပါတယ်။

ဘာဖြစ်လာမလဲဆိုတော့ အချိန် တိုအတွင်းမှာ ပြည်သူတွေ အရမ်း ဒုက္ခရောက်ပါမယ်။ သွင်းကုန်တွေ အ ပေါ်မှာ မှီခိုရတာ များခဲ့တာကြောင့်ပါ။ ကိုယ်စားချင်တာ စားလို့ မရတော့ဘူး။ ဒေါ်လာဈေး မြင့်လာတာ နဲ့အမျှ သွင်း ကုန်တွေ ရပ်တန့်သွားပါမယ်။ ပြည် တွင်းမှာ လည်း မထုတ်နိုင်သေးတဲ့အ တွက်ပါ။ မရှိမဖြစ် သုံးစွဲရမယ့်ဆေးဝါး ပစ္စည်းလိုဟာမျိုးတွေ   ဈေးအဆမတန် မြင့်တက်သွားနိုင်ပါတယ်။ ကာလတို အတွင်းမှာတော့ ပြည်သူတွေ ခါးစည်း ခံရမယ်။ စိတ်ပူစရာမလိုတာကတော့ အဲသည်စားသောက်ကုန်ပစ္စည်း ဆိုတာတွေက အတွင်းမှာ အစားထိုး ထုတ်လုပ်နိုင်ဖို့ ပါပဲ။ တအားဈေးကြီး သွားတဲ့ စားသောက်ကုန်တွေကို ပြည် တွင်းမှာ တိုးမြှင့်ထုတ်လုပ်လာကြပါ မယ်။ အဲဒါဟာ အဆိုးထဲက အကောင်း ဖြစ်လာတတ်တာပါ။

လက်ရှိမှာ ပြည်ပက  သွင်းကုန် တွေ မရှိတော့တဲ့အခါ  ပြည်တွင်းထုတ် ကုန်တွေ ပြန်နေရာရလာနိုင်တဲ့သ ဘောတရားပဲ ဖြစ်တယ်။ ဒါပေမဲ့ သံ၊ သံမဏိ၊ အီလက်ထရွန်းနစ်တို့လို ကုန် ပစ္စည်းတွေကတော့ ချက်ချင်း ထုတ် နိုင် ဖို့ တော့ ခဲ ယဉ်း ပါတယ်လို့  ဒေါက် တာ တင်ဝင်းက ပြောတယ်။

စီးပွားရေး ကျွမ်းကျင်သူဦး မြတ် မင်းသူကတော့ “အမေရိကန်ဒေါ်လာ ဈေးတွေ အဆမတန် မြင့်တက်လာရင် ပြည်ပက တင်သွင်းရတဲ့ ကုန်ြ ကမ်း ဈေးနှုန်းတွေလဲ မြင့်တက်လာမယ်၊ ပြည်တွင်းဈေးကွက်ဆိုတာက သွင်း ကုန်ပေါ်မှာပဲ အများစု မှီခိုနေရတာမို့ သွင်းကုန်ကြမ်းကို မှီပြီးတော့မှ ထုတ် တဲ့ ကုန်ချောအတွက်တော့ ကုန်ကြမ်း ဈေးတက်ရင် ကုန်ချောဈေးပါ တက် လာပါတယ်။ ဒါက လက်တွေ့ဈေး ကွက်မှာ ဖြစ်နေတာပါ၊ အဲဒီထက် ဆိုး လာရင်တော့ စီးပွားပျက်ကပ်ကြုံရ နိုင်တယ်”လို့ ဆိုတယ်။

ဘာကြောင့်တက်

အထည်ချုပ်လုပ်ငန်းရှင် တစ်ဦး က “ကျွန်တော်မြင်တာကတော့ တိုင်း ပြည်ရဲ့ အခြေအနေနဲ့ နိုင်ငံတော် အစိုးရရဲ့ ထိန်းကျောင်းမှုအပေါ်မှာပဲ မူ တည်ပါတယ်၊ ဈေးကွက်စီးပွားရေး စနစ်မှာ ထိန်းချုပ်လို့ မရသလို လွှတ် ထားလို့လဲ မရဘူးဗျ၊ ဈေးကွက်ရဲ့ သဘောတရားလေးတော့ နားလည်ဖို့ လိုတယ်”လို့ ပြောတယ်။

အခု ရာသီက ဘာပစ္စည်းမှ မထွက်ပါဘူး။ သစ်တောထွက် ပစ္စည်း၊  သဘာဝသီးနှံပစ္စည်း ဘာမှမထွက် သေးပါဘူး။ မိုးတွင်းဖြစ်နေတဲ့အခါ ထွက်ကုန်ပစ္စည်း မရှိဘူး။ ထွက်ကုန်မ ရှိတဲ့အခါ တခြားကနေ ဝယ်ရတယ်။ အဲသည်အခါ ပြည်ပကနေ တင်သွင်းရ တာ ပိုများနေတော့ ဒေါ်လာလိုအပ် ချက်က အခြားရာသီဥတုတွေထက် ပို ကြီးမားနေတယ်။ ဒေါ်လာလိုအပ်ချက် များနေတော့ ဝယ်ရင်းဝယ်ရင်းနဲ့ ဈေး တက်ဦးမလားဆိုတဲ့ စိုးရိမ်စိတ်က လေးတွေ ပါလာတယ်လို့ မြင်တယ်လို့ ဆိုပါတယ်။

နောက်လဆိုရင်တော့ ဆန်စပါး ထွက်ပြီ၊ ကောက်ပဲသီးနှံထွက်လာ မယ်။ အဲသည်လို ထွက်ကုန်တွေနဲ့ ပြည်ပပို့ကုန်တွေ ပြန်လည်တင်ပို့နိုင်ပြီ ပို့ကုန်တွေ များလာပြီဆိုရင်တော့ ဈေး ပြန်ငြိမ်ချင် ငြိမ်သွားမယ်။ ကျရင် ကျ သွားမယ်လို့ သုံးသပ်လို့ရပါတယ်။ သည်အပေါ်မှာ ဗဟိုဘဏ်က မျက် ကွယ်ပြုထားတာတို့၊ နိုင်ငံတော် အစိုး ရက မျက်ကွယ်ပြုတာတို့ မလုပ်ဖို့ လို ပါတယ်။ လုပ်နိုင်တာကလည်း ဘဏ် တွေပဲ ရှိတယ်။ တကယ့်လုပ်ငန်းရှင် တွေ လက်ထဲမှာ ပိုက်ဆံမရှိပါဘူး။ ဘဏ်တွေ လက်ထဲမှာပဲ ပိုက်ဆံက ရှိ ပါတယ်။ ဟိုတလောကပဲ အစိုးရက ထုတ်ပေးထားတယ်။ အဲသည်ဒေါ်လာ တွေက ဘဏ်တွေကပဲ ရတယ်။ ထုတ် ပေးတဲ့နေ့ ဒေါ်လာဈေးကျတယ်။ ပြီး တော့ ပြန်တက်သွားတာပါပဲ။ ဒေါ်လာ ဈေးအတက်နှုန်းတွေက သိပ်မြန်လာ တယ်။ အရင်ခေတ်အဆက်ဆက်က တက်တဲ့ နှုန်းတွေက သည်လိုမှ မမြန် ပါဘူး။

ဒေါ်လာအနေနဲ့ ဈေးကွက်မှာ အ ရင်က သည်လောက် ဝယ်လိုအား မရှိခဲ့ ပါဘူး။ အပြင်မှာရှိတဲ့ သူက ဒေါ်လာ ကို ဝယ်နိုင်ရင် အများဆုံး ငါးသိန်း တစ် သန်း သည်လောက်ပါပဲ။ ဘဏ်တွေက ဝယ်ရင် သန်းဆယ်ချီ ဝယ်နိုင်တဲ့အခါ လေးငါးဘဏ်စုလိုက်တာနဲ့ သန်းတစ် ရာလောက် ပျောက်သွားတယ်။ တာ ဝန်ရှိသူတွေရော ဗဟိုဘဏ်ကရော ဘဏ်တွေရော ညှိနှိုင်းကြရမှာပါ။ နောက်တစ်ချက်က စီးပွားရေး အခွင့် အလမ်းတွေ မကောင်းတဲ့အခါရှိတဲ့ ပိုက်ဆံလေးကို တိုးပွားချင်တော့ ဒေါ် လာဈေးကစားတဲ့အပေါ် ဝင်ကစားလို့ ရတာကို စီးပွားရေးလုပ်တဲ့ သူက လည်း  မြင်လာတယ်။ တစ်နှစ်အလုပ် လုပ်တာ မကိုက်ဘူး။ ဒါကတော့ ကိုက် တယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ အတက် ဘက်ကို  ဆွဲတင်လိုက်တဲ့အခါ တက်ဦး မယ်။ တက်ဦးမယ်ဆိုတော့ မြန်မာလူ မျိုးတွေရဲ့အကျင့်က ဝိုင်းဝယ်ကြတော့ တာပါပဲ။ ကျပြီဟေ့ဆိုရင် မဝယ်ကြ တော့ပါဘူး။ ဒေါ်လာဈေးတက်နေတဲ့ အချိန် ဆက်တက်ဦးမယ်ဆိုတဲ့ မျှော် လင့်ချက်နဲ့ ဝိုင်းဝယ်ကြတော့ အ မြင့်ဆုံးကို ဆွဲတင်သလို ဖြစ်လာပါ တယ်။

ဗဟိုဘဏ်ရယ်၊ စီမံဘဏ္ဍာရယ်၊ ဘဏ်များအသင်းရယ်၊ ငွေကြေးဈေး ကွက် ကစားနေသူတွေရယ်၊ သမာသ မတ်ကျတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ရယ်၊ အစိုးရရယ် စားပွဲပေါ်မှာ ညှိနှိုင်း ရင် အဖြေတစ်ခုတော့ ထွက်လာစရာ ရှိပါတယ်။ သည်အတိုင်း ထားလိုက် ရင်တော့ အမေရိကန် တစ်ဒေါ်လာကို  ၂ဝဝဝ ကျပ် မကလည်း ဖြစ်သွားနိုင်ပါ တယ်။ အဓိက အခြေခံ လူတန်းစားနဲ့ လယ်သမားတွေ ပါဝင်တဲ့ အများစု ဒုက္ခရောက်မှာပါ။

ဘယ်လုပ်ငန်းတွေ ရပ်မလဲ

အကယ်၍သာ အမေရိကန်တစ် ဒေါ်လာ ကျပ် ၂ဝဝဝ ကျော်သွားခဲ့ရင် ပြည်ပသွင်းကုန်ကို မှီခိုနေတဲ့ လုပ်ငန်း တွေ အကုန်ရပ်တန့်သွားနိုင်ပါတယ်။ သည်မှာ ထုတ်လုပ်တာတွေ က ဈေး ကြီးနေပြီး ဟိုက ထုတ်လုပ်တာက ဈေးပေါနေရင်တော့ သည်မှာ မထုတ် လုပ်ကြတော့ဘဲ ဟိုကပဲ လာတော့ မှာ ပါ။ သွင်းကုန်အစားထိုးတဲ့ စက်ရုံတွေ အကုန်ရပ်သွားနိုင်တယ်လို့ အထည် ချုပ် လုပ်ငန်းရှင်က ပြော တယ်။

အဲသည်တော့ ဝယ်စားတဲ့ တိုင်း ပြည် ဖြစ်သွားနိုင်ပါတယ်။ စင်ကာပူလို နိုင်ငံမျိုးက ဝယ်စားတဲ့ တိုင်းပြည်ဆို ပေမဲ့ သူက ချမ်းသာတယ်။ ဆင်းရဲတဲ့ နိုင်ငံက ဝယ်စားနေရရင် ဘယ်နှနှစ် ဝယ်စားနိုင်မလဲဆိုတာ ပြန်တွက်ရမှာ ပါ။ ရှိတဲ့သူအတွက်က ပြဿနာမရှိပေ မဲ့ မရှိတဲ့သူတွေကတော့ ရေရှည်မှာ  အဆင်မပြေနိုင်ပါဘူး။

အထည်ချုပ်

အထည်ချုပ်စက်ရုံတွေကတော့ တိုက်ရိုက် အော်ဒါတွေရအောင်လုပ်ဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ လက်ရှိ ဒေါ် လာဈေးမြင့်တက်နေတာတွေက အ ထည်ချုပ်စက်ရုံတွေနဲ့ တိုက်ရိုက် မပတ်သက်ပါဘူး။ ရာသီအချိန်ကာလ နဲ့ပဲ သက်ဆိုင်ပါတယ်။ သည်အချိန် တွေက အော်ဒါပါးတဲ့အချိန် ဖြစ်နေပါ တယ်။ သည်လုပ်ငန်းက ရာသီပေါ်မူ တည်ပြီး အပြောင်းအလဲတွေ ဖြစ်နေ တဲ့အတွက် ရုံသေးသေးလေးတွေ ဒုက္ခ ရောက်တဲ့အချိန်ဖြစ်နေတယ်။ ရှေ့လ လောက်ဆိုရင်တော့ ပြန်အဆင်ပြေ သွားနိုင်တယ်လို့ သိရပါတယ်။ တိုက် ရိုက် အော်ဒါရဖို့ဆိုရင် အိုင်အက်စ်အို လက်မှတ်လိုမျိုး လက်မှတ်တွေရ အောင် စစ်ဆေးရေးတွေ အများကြီး ခေါ်လုပ်ရပါတယ်။ အဲသည်လက်မှတ် တွေ ယူထားတဲ့သူက သူတို့ဝက်ဘ် ဆိုက်ထဲ တန်းဝင်သွားတယ်။ အဲသည် အခါ အော်ဒါပေးတဲ့သူက တိုက်ရိုက် လာတယ်။ ကြားတစ်ဆင့် မရှိတော့ ဘူး။ ဖြစ်နိုင်ရင် ဒါတွေ အကုန်လုပ်ပေး သင့်ပါတယ်။ သည်က အထည်ချုပ် စက်ရုံတွေအနေနဲ့ တိုက်ရိုက်အော်ဒါ ရတယ်ဆိုရင်တောင် အက်ဖ်အိုဘီ လုပ်တဲ့လူတွေထက်စာရင် အလုပ်သ မားသာ သာပဲ ရှိပါသေးတယ်လို့ အ ထည်ချုပ် လုပ်ငန်းရှင်က ဆိုတယ်။

သူက “ကျွန်တော်တို့ဆီမှာ ဒီ လုပ် ငန်းလုပ်လာတာနှစ်၃၀ နီးနီးရှိလာ ပြီ၊ ဒါကို အပ်ဂရိတ် ထပ်လုပ်ရတော့မှာ ပါ၊ အစအဆုံး ကိုယ့်တိုင်းပြည်မှာ ရှိ အောင် လုပ်ရတော့မှာပါ၊ ဝါစိုက်မှ ပိတ် ရက်လို့ရတဲ့ ခေတ်မဟုတ်တော့ပါဘူး၊ တရုတ်ပြည်မှာ ဝါမစိုက်ပါဘူး၊ ဒါပေမဲ့ ကနေဒါ၊အမေရိကန်ကနေမှာပါတယ်၊ မှာပြီး ချည်ထုတ်တယ်၊ ပိတ်ရက် တယ်၊ ဒီမှာ အထည်ချုပ်စက်ရုံတွေ တ အား အောင်မြင်နေတယ်လို့ ပြော ကြ တယ်၊ ဒါပေမဲ့ သူများခိုင်းတာပဲ လုပ် နေရတဲ့အဆင့် ဖြစ်နေတယ်၊ ကိုယ့်ခြေ ကိုယ့်လက်နဲ့ ဘာမှ မလုပ်နိုင်သေးဘူး၊ ဒါကလဲ အထည်ချုပ်လုပ်ငန်းကို ဥပမာ ပေးပြီး ပြောတာ၊ နိုင်ငံမှာ ကိုယ့်ခြေ ကိုယ့်လက် နဲ့ ထုတ်လုပ်တဲ့ ပြည်ပပို့ ကုန်တွေ များများထုတ်လုပ်နိုင်ပြီး အ မေရိကန်ဒေါ်လာ များများဝင်လာစေဖို့ ရည်မှန်းချက်ထားအကောင်အထည် ဖော်တဲ့ဆီကို သွားရပါမယ်၊ ဒါမှလဲ ကိုယ့်ရဲ့ မြန်မာငွေကြေးတန်ဖိုးမြင့်လာ ပြီး အခုကြုံတွေ့နေတဲ့ ဒေါ်လာဈေး အ ဆမတန်မြင့်တက်နေတဲ့ ပြဿနာတွေ ကို ဖြေရှင်းလာနိုင်မယ်”လို့ ဆက်ပြော ပါတယ်။

(ဥပမာ) အထည်ချုပ်စက်ရုံက လို အပ်တဲ့ ကြယ်သီးစက်ရုံ ထူထောင်ရင် မြေ ပေ ၄၀ x ပေ ၆၀ နဲ့ရတယ်။ အပ် ချည်လုံးထုတ်တဲ့စက်ရုံဆိုရင်လည်း ပေ ၄၀ x ပေ ၆၀ မြေရှိရင် လုပ်လို့ရပါ တယ်။ ဒါတွေကို အားပေးရမှာပါ။ အ ထည်ချုပ်စက်ရုံတွေကနေ ဖုန်းတစ် ချက်ဆက်လိုက်ရုံနဲ့ သည်ပစ္စည်းတွေ ရောက်လာနိုင်မှ အောင်မြင်တယ်လို့ ပြောလို့ရပါမယ်။  အပ်ချည်ကအစ အပ်အဆုံး ပြည်ပ ကတင်သွင်းနေရရင် တော့ အထည်ချုပ်လုပ်ငန်းကြီး အောင် မြင်တယ်လို့ ပြောလို့မရဘူးဆိုတာ သိ ထားဖို့တော့ လိုအပ်ပါတယ်။

လုပ်ငန်းသေးသေးလေးတွေက ကြီးအောင် လုပ်ကြရပါမယ်။ ကြီးတဲ့ သူတွေက အက်ဖ်အိုဘီဖြစ်အောင် လုပ်ရပါမယ်။ အထည်ချုပ်လုပ်ငန်းက တရုတ်ပြည်မှာ  အခက်အခဲဖြစ်နေပြီ။ ဒါကို ယူနိုင်လို့ရှိရင် စင်တာကြီး တစ် ခုလုံး သည်ကိုရောက်လာမယ်။ တ ရုတ် အခက်၊ ဗမာအချက်ပါပဲ။ အလုပ် အကိုင်အခွင့်အလမ်းတွေ သန်းချီပြီး ရသွားနိုင်ပါတယ်။ အပြင်မှာ သွား လုပ်ရတဲ့ လုပ်သား လေးငါး ခြောက် သန်းကို ပြန်ခေါ်ပြီး အလုပ်ပေး နိုင် ပါတယ်။ ကျန်တဲ့ သွင်းကုန်အစား ထိုး လုပ်ငန်းတွေကိုလည်း အား ပေးပြီး နိုင်ငံခြားဝင်ငွေ ၅၀ ရာခိုင်နှုန်းအထက် ရရှိဖို့ ရေရှည်စီမံကိန်းတွေနဲ့ ဆောင် ရွက်ရမှာဖြစ်သလို ရေတိုဖြေရှင်းနိုင်ဖို့ ငွေကြေး ကျွမ်းကျင်သူတွေကို အစိုးရ က ဦးဆောင်ပြီး စားပွဲဝိုင်း ဆွေးနွေးညှိ နှိုင်းမှုတွေနဲ့ အမြန်အကောင်အထည် ဖော်ဖို့ လိုအပ်နေပြီလို့ စီးပွားရေးလုပ် ငန်းရှင်တွေနဲ့ စီးပွားရေးပညာရှင်အချို့ က သုံးသပ်ပါတယ်။

Author: အောင်ထွန်းဦး
ဖိုးသူတော် (www.phothutaw.com)
Credit:kumudranews

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top