ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





အောင်​မိုး( ပြန်​ ဆက်​)


# Unicode Version ဖြင့် ဖတ်ပါ #
နမ့်ဆန်၌ ကျောင်းသူလေးတစ်ဦး ဆံပင်ညှပ်ရန်သွားရာမှ ကားတိုက်ခံရ၍ သေဆုံး

ရှမ်းပြည်နယ်( မြောက်ပိုင်း )ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာအုပ်စု အာရမ်းကျေးရွာ ၈တန်းကျောင်းသူလေး တစ်ဦးသည် သူငယ်ချင်း၂ဦးနှင့်ဆံပင်ညှပ်ရန် ဆိုင်ကယ်ဖြင့် သွားရာမှကားတိုက်ခံရ၍ သေဆုံးသွားကြောင်းသိရသည်

ဖြစ်စဉ်မှာ ယနေ့နံနက် ၈း၃၀ ခန့်က အာရမ်းကျေးရွာ အာရမ်းအလကကျောင်း ၈တန်းကျောင်းသူ ဦးမောင်ဆွယ် ဒေါ်အေးရင် တို့၏သမီး မခမ်းလာ အသက် ၁၄နှစ်သည် သူငယ်ချင်း မနုငယ် မမွန်ဌေးတို့နှင့် ဆိုင်ကယ်၁စီးဖြင့် မြို့ပေါ်သို့ ဆံပင်ညှပ်ရန်သွားရာ မိုးဂဲလ်ရပ်ကွက် ကုလားသင်္ချိုင်ကုန်းအနားတွင် ကိုအိုက်တူး မိုးဂဲလ်ရပ်ကွက်မှ မောင်းနင်သည့် ကျောက်ကားအား ကျော်တက်စဉ် ဆိုင်ကယ်လဲသွား၍ မခမ်းလာသည် ကားအောက်သို့ လိမ့်စင်သွားပြီး ကားနောက်ဘီးနှင့်ကြိတ်မိရာ ဦးခေါင်းပိပြားကြေမွကာ ၎င်းနေရာတွင်ပင်သေဆုံးခဲ့သည်။

အခင်းဖြစ်နေရာသို့ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးပြီး သေဆုံးသူ မခမ်းလာအား ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင်နှင့်ဂရုဏာရှင်လူမှုကူညီရေးအသင်း ကားဖြင့် ဆေးရုံသို့ပို့ဆောင် စစ်ဆေးချက်ခံယူလျက်ရှိကြောင်း ကားဆရာအား ရဲတပ်ဖွဲ့ဝင်များက လိုအပ်သည့်အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရ။

အောင်မိုး( ပြန် ဆက်)

Photo. ကိုညီညီ( ကြက်ခြေနီ) 9. 9. 18

ဖိုးသူတော် (www.phothutaw.com)
Credit: အောင်မိုး.ရွှေဖီမြေ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top