မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ပုသိမ္ႀကီးၿမိဳ႕နယ္ ေရေလွာင္ေက်းရြာအုပ္စုတြင္ ေဆာက္လက္စစားသံုးဆီစက္႐ုံ အေဆာက္အအံု ပထမထပ္ ေက်ာက္ေသြး (အဂၤေတ)ေလာင္း စဥ္ စလစ္ျပင္ (ၾကမ္းခင္း)ၿပိဳက် ၍ ပန္းရန္အလုပ္သမား ၁၀ ဦး ဒဏ္ရာရရွိခဲ့သည္။

‘‘သံတိုင္အေသးသံုးလိုက္ တယ္ေျပာတယ္။ အဂၤေတေလာင္း လိုက္တာမွာ ၀ိတ္ကိုမခံႏိုင္ဘဲ အိက်သြားတယ္လို႔ သိရတယ္’’ဟု ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ မွဴးက ေျပာသည္။

အေဆာက္အအံု ပထမထပ္ ကို စက္တင္ဘာ ၁၁ ရက္ နံနက္ ၁၁ နာရီက အလုပ္သမား ၂၀ ေက်ာ္ျဖင့္ အဂၤေတေလာင္းေနစဥ္ ၾကမ္းခင္း ႐ုတ္တရက္ၿပိဳက်၍ အလုပ္သမား ၁၀ ဦးဒဏ္ရာရၿပီး မႏၲေလး ျပည္သူ႔ေဆး႐ုံႀကီးသို႔ တင္ပို႔ခဲ့ရေၾကာင္း သြားေရာက္ပို႔ ေဆာင္ေပးသည့္ ယာဥ္ေမာင္း တစ္ဦးက ေျပာသည္။

‘‘ကြၽန္မက ေအာက္မွာ အ လုပ္လုပ္ေနတာ။ အေပၚကေန စလစ္ျပင္ၿပိဳက်လာေတာ့ လြတ္ေအာင္ေျပးရင္းနဲ႔ ေျခေထာက္ပိုင္း အနည္းငယ္ဒဏ္ရာရတာ။ တခ်ဳိ႕ဆိုရင္ နံ႐ိုးေလးေခ်ာင္းက်ဳိးတဲ့လူ နဲ႔ ေျခ၊ လက္က်ဳိးတဲ့လူေတြလည္း ပါတယ္’’ဟု ဒဏ္ရာရရွိခဲ့သည့္အသက္ (၃၀) အရြယ္ အမ်ဳိးသမီးက ေျပာၾကားသည္။

ဒဏ္ရာ ရရွိသူမ်ားသည္ အမ်ဳိးသား ကိုးဦး၊ အမ်ဳိးသမီး တစ္ဦးျဖစ္ၿပီး ဒဏ္ရာအနည္းငယ္ျပင္း ထန္သူအခ်ဳိ႕သာ ေဆး႐ုံတက္ကု သေနေၾကာင္း မႏၲေလးျပည္သူ႕ ေဆး႐ုံႀကီးမွ သိရသည္။

အဆိုပါ အေဆာက္အအံု ေျမေနရာသည္ အျခားနည္းသံုးစြဲ ခြင့္က်ထားၿပီး ေျမျဖစ္ေၾကာင္း မႏၲေလးခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ ေရးမွဴး ဦးေအာင္မြန္လတ္က ေျပာသည္။

‘‘ျဖစ္တဲ့ေနရာက မႏၱေလး ၿမိဳ႕ေတာ္စည္ပင္နယ္နိမိတ္ထဲမွာ လည္း မပါဘူး။ ေဆာက္လုပ္ခြင့္ ေပးဖို႔က် ပုသိမ္ႀကီးၿမိဳ႕နယ္စည္ ပင္ကလည္း အဲဒီေလာက္အထိ လက္လွမ္းမမီေသးဘူး။ အေဆာက္အအံုေဆာက္လုပ္တာက တရား မ၀င္ဘူးလို႔လည္း ေျပာရမွာခက္ တာေပါ့။ ျဖစ္တဲ့ေနရာက လက္ရွိ ေတာ့ ပုသိမ္ႀကီး ဧရိယာထဲပါ တယ္။ ၿမိဳ႕ကြက္သစ္႐ိုက္ထားတဲ့ ဟာနဲ႔လည္း ဆက္စပ္ေနတဲ့အ တြက္ ျပည္ႀကီးတံခြန္ထဲကို တိုးခ်ဲ႕ ဖို႔ေဆာင္ရြက္ဆဲ ျပည္ႀကီးတံခြန္ ထဲပါလာရင္ စည္ပင္မွာ ခြင့္ျပဳ ခ်က္ေတာင္းရမွာပါ။ အေရးယူမႈ ကေတာ့၊ အႏၲရာယ္ရွိႏုိင္တာက ေတာ့ အဖြဲ႕ဖြဲ႕စည္းစစ္မယ္ထင္ တယ္။ ကြၽန္ေတာ္ကိုေတာ့ ဘာမွ မေျပာေသးဘူး။ အဖြဲ႕ဖြဲ႕စစ္ရမယ့္ ကိစၥပါ’’ဟု ဦးေအာင္မြန္လတ္က ေျပာသည္။

ၿပိဳက်သည့္ အေဆာက္အအံု ေနရာသည္ မႏၲေလးၿမိဳ႕ေတာ္စည္ ပင္သာယာေရးေကာ္မတီနယ္နိ မိတ္တြင္မပါ၀င္ေသာ္လည္း စစ္ ေဆးေတြ႕ရွိခ်က္မ်ားကို သက္ဆိုင္ ရာဌာနသို႔ ေပးပို႔မည္ျဖစ္ေၾကာင္းစည္ပင္သာယာေရး ေကာ္မတီ အေဆာက္အအံုႏွင့္ ကုန္႐ုံဌာနမွဴး ဦးေဇာ္၀င္းက ေျပာသည္။

အေဆာက္အအံုၿပိဳက်မႈႏွင့္ ပတ္သက္၍ တာ၀န္ရွိသူကို အမႈ ဖြင့္ရန္ စီစဥ္ေနေၾကာင္း အုန္းေခ်ာနယ္ေျမရဲတပ္ဖြဲ႕စခန္းမွဴး ရဲအုပ္  ေဇာ္ျမင့္က ေျပာၾကားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Daydaily

#Unicode Version#
ပုသိမ်ကြီးမြို့နယ် ရေလှောင်ကျေးရွာအုပ်စုတွင် ဆောက်လက်စစားသုံးဆီစက်ရုံ အဆောက်အအုံ ပထမထပ် ကျောက်သွေး (အင်္ဂတေ)လောင်း စဉ် စလစ်ပြင် (ကြမ်းခင်း)ပြိုကျ ၍ ပန်းရန်အလုပ်သမား ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

‘‘သံတိုင်အသေးသုံးလိုက် တယ်ပြောတယ်။ အင်္ဂတေလောင်း လိုက်တာမှာ ဝိတ်ကိုမခံနိုင်ဘဲ အိကျသွားတယ်လို့ သိရတယ်’’ဟု ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့ မှူးက ပြောသည်။

အဆောက်အအုံ ပထမထပ် ကို စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီက အလုပ်သမား ၂၀ ကျော်ဖြင့် အင်္ဂတေလောင်းနေစဉ် ကြမ်းခင်း ရုတ်တရက်ပြိုကျ၍ အလုပ်သမား ၁၀ ဦးဒဏ်ရာရပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း သွားရောက်ပို့ ဆောင်ပေးသည့် ယာဉ်မောင်း တစ်ဦးက ပြောသည်။

‘‘ကျွန်မက အောက်မှာ အ လုပ်လုပ်နေတာ။ အပေါ်ကနေ စလစ်ပြင်ပြိုကျလာတော့ လွတ်အောင်ပြေးရင်းနဲ့ ခြေထောက်ပိုင်း အနည်းငယ်ဒဏ်ရာရတာ။ တချို့ဆိုရင် နံရိုးလေးချောင်းကျိုးတဲ့လူ နဲ့ ခြေ၊ လက်ကျိုးတဲ့လူတွေလည်း ပါတယ်’’ဟု ဒဏ်ရာရရှိခဲ့သည့်အသက် (၃၀) အရွယ် အမျိုးသမီးက ပြောကြားသည်။

ဒဏ်ရာ ရရှိသူများသည် အမျိုးသား ကိုးဦး၊ အမျိုးသမီး တစ်ဦးဖြစ်ပြီး ဒဏ်ရာအနည်းငယ်ပြင်း ထန်သူအချို့သာ ဆေးရုံတက်ကု သနေကြောင်း မန္တလေးပြည်သူ့ ဆေးရုံကြီးမှ သိရသည်။

အဆိုပါ အဆောက်အအုံ မြေနေရာသည် အခြားနည်းသုံးစွဲ ခွင့်ကျထားပြီး မြေဖြစ်ကြောင်း မန္တလေးခရိုင်အထွေထွေအုပ်ချုပ် ရေးမှူး ဦးအောင်မွန်လတ်က ပြောသည်။

‘‘ဖြစ်တဲ့နေရာက မန္တလေး မြို့တော်စည်ပင်နယ်နိမိတ်ထဲမှာ လည်း မပါဘူး။ ဆောက်လုပ်ခွင့် ပေးဖို့ကျ ပုသိမ်ကြီးမြို့နယ်စည် ပင်ကလည်း အဲဒီလောက်အထိ လက်လှမ်းမမီသေးဘူး။ အဆောက်အအုံဆောက်လုပ်တာက တရား မဝင်ဘူးလို့လည်း ပြောရမှာခက် တာပေါ့။ ဖြစ်တဲ့နေရာက လက်ရှိ တော့ ပုသိမ်ကြီး ဧရိယာထဲပါ တယ်။ မြို့ကွက်သစ်ရိုက်ထားတဲ့ ဟာနဲ့လည်း ဆက်စပ်နေတဲ့အ တွက် ပြည်ကြီးတံခွန်ထဲကို တိုးချဲ့ ဖို့ဆောင်ရွက်ဆဲ ပြည်ကြီးတံခွန် ထဲပါလာရင် စည်ပင်မှာ ခွင့်ပြု ချက်တောင်းရမှာပါ။ အရေးယူမှု ကတော့၊ အန္တရာယ်ရှိနိုင်တာက တော့ အဖွဲ့ဖွဲ့စည်းစစ်မယ်ထင် တယ်။ ကျွန်တော်ကိုတော့ ဘာမှ မပြောသေးဘူး။ အဖွဲ့ဖွဲ့စစ်ရမယ့် ကိစ္စပါ’’ဟု ဦးအောင်မွန်လတ်က ပြောသည်။

ပြိုကျသည့် အဆောက်အအုံ နေရာသည် မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီနယ်နိ မိတ်တွင်မပါဝင်သော်လည်း စစ် ဆေးတွေ့ရှိချက်များကို သက်ဆိုင် ရာဌာနသို့ ပေးပို့မည်ဖြစ်ကြောင်းစည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးဇော်ဝင်းက ပြောသည်။

အဆောက်အအုံပြိုကျမှုနှင့် ပတ်သက်၍ တာဝန်ရှိသူကို အမှု ဖွင့်ရန် စီစဉ်နေကြောင်း အုန်းချောနယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်  ဇော်မြင့်က ပြောကြားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7Daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top