iMyanmarHouse.com - Best Property Website for Myanmar
×


ေမာင့္ကိုထားၿပီး ကိုကို႔ကို ခ်စ္ခဲ့တယ္ ဆိုတဲ့ သီခ်င္းစာသားေလးဟာ အခုလက္ရွိ ေပါက္ေနတဲ့ အိုင္ရင္းဇင္မာျမင့္ရဲ႕ ‘ရင္ဘတ္ထဲကလူႏွစ္ေယာက္ “သီခ်င္းထဲကစာသားေလးတစ္ခုပါ ။

ဒီသီခ်င္းေလးကိုေရးစပ္ ဖန္ဆင္းေပးခဲ့သူက လူငယ္ေတးသံရွင္ ေအာင္ျမင့္ျမတ္ပါ ။ Coverသီခ်င္းေတြနဲ႔ေရာ ၊ ကိုယ္ပိုင္သီခ်င္းနဲ႔ေတြေရာ ပရိသတ္ အခိုင္အမာရရွိလာခ်ိန္မွာ ေအာင္ျမင့္ျမတ္ကို လူလိမ္တစ္ေယာက္ အျဖစ္အလြဲသုံးစားလုပ္သူေတြရွိလာပါတယ္။

လူမႈကြန္ယက္ စာမ်က္ႏွာေတြေပၚမွာတင္ထားတဲ့ ေအာင္ျမင့္ျမတ္ရဲ႕ပုံေတြ ၊ အေၾကာင္းအရာေတြကို အလြဲသုံးစားလုပ္ထားတဲ့ လူမႈကြန္ယက္အေကာင့္ေတြကေန ေငြေခ်းယူတာေတြ ၊ ေငြလိမ္တာေတြ ရွိေနတဲ့ အတြက္ လတ္တေလာမွာ ကာယကံရွင္ ေအာင္ျမင့္ျမတ္တစ္ေယာက္ စိတ္အေႏွာင့္အယွက္ျဖစ္ေနရတာပါ ။

ဒီကိစၥမွာ ဘာမဆိုင္ ညာမဆိုင္နဲ႔ ေအာင္ျမင့္ျမတ္ သူငယ္ခ်င္းျဖစ္သူ အဆိုေတာ္ ဟန္ထူးဇန္ပါ အဆစ္ပါသြားခဲ့တယ္လို႔ ေအာင္ျမင့္ျမတ္ ေရးသားထားခ်က္အရ သိရပါတယ္။

ေအာင္ျမင့္ျမတ္တစ္ေယာက္ သူ႕ပံုေတြကိုအသံုးျပဳထားတဲ့ Phyo Lay ဆိုတဲ့ အေကာင့္အတုကေန ေငြေျခာက္သိန္း ေခ်းယူခဲ့တဲ့ ကိစၥအပါအဝင္ တျခားေသာ လူမႈေရးအရႈပ္အရွင္းေတြကို ေျဖရွင္းေနရတဲ့အေပၚ စိတ္အေႏွာင့္အယွက္ျဖစ္ေနရတယ္လို႔လည္းဆိုပါတယ္။ လတ္တေလာမွာေတာ့ ေအာင္ျမင့္ျမတ္က အြန္လိုင္းေပၚမွာ အယုံမလြယ္ၾကဖို႔ နဲ႔ အေကာင့္အတုေတြနဲ႔ အလိမ္ခံခဲ့ရရင္ေတာင္ တာဝန္ယူေျဖရွင္းေပးမွာမဟုတ္ေၾကာင္း ေျပာဆိုထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nay Madhuri - MyanmarNote
# Unicode Version ျဖင့္ ဖတ္ပါ #
မောင့်ကိုထားပြီး ကိုကို့ကို ချစ်ခဲ့တယ် ဆိုတဲ့ သီချင်းစာသားလေးဟာ အခုလက်ရှိ ပေါက်နေတဲ့ အိုင်ရင်းဇင်မာမြင့်ရဲ့ ‘ရင်ဘတ်ထဲကလူနှစ်ယောက် “သီချင်းထဲကစာသားလေးတစ်ခုပါ ။

ဒီသီချင်းလေးကိုရေးစပ် ဖန်ဆင်းပေးခဲ့သူက လူငယ်တေးသံရှင် အောင်မြင့်မြတ်ပါ ။ Coverသီချင်းတွေနဲ့ရော ၊ ကိုယ်ပိုင်သီချင်းနဲ့တွေရော ပရိသတ် အခိုင်အမာရရှိလာချိန်မှာ အောင်မြင့်မြတ်ကို လူလိမ်တစ်ယောက် အဖြစ်အလွဲသုံးစားလုပ်သူတွေရှိလာပါတယ်။

လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာတင်ထားတဲ့ အောင်မြင့်မြတ်ရဲ့ပုံတွေ ၊ အကြောင်းအရာတွေကို အလွဲသုံးစားလုပ်ထားတဲ့ လူမှုကွန်ယက်အကောင့်တွေကနေ ငွေချေးယူတာတွေ ၊ ငွေလိမ်တာတွေ ရှိနေတဲ့ အတွက် လတ်တလောမှာ ကာယကံရှင် အောင်မြင့်မြတ်တစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်နေရတာပါ ။

ဒီကိစ္စမှာ ဘာမဆိုင် ညာမဆိုင်နဲ့ အောင်မြင့်မြတ် သူငယ်ချင်းဖြစ်သူ အဆိုတော် ဟန်ထူးဇန်ပါ အဆစ်ပါသွားခဲ့တယ်လို့ အောင်မြင့်မြတ် ရေးသားထားချက်အရ သိရပါတယ်။

အောင်မြင့်မြတ်တစ်ယောက် သူ့ပုံတွေကိုအသုံးပြုထားတဲ့ Phyo Lay ဆိုတဲ့ အကောင့်အတုကနေ ငွေခြောက်သိန်း ချေးယူခဲ့တဲ့ ကိစ္စအပါအဝင် တခြားသော လူမှုရေးအရှုပ်အရှင်းတွေကို ဖြေရှင်းနေရတဲ့အပေါ် စိတ်အနှောင့်အယှက်ဖြစ်နေရတယ်လို့လည်းဆိုပါတယ်။ လတ်တလောမှာတော့ အောင်မြင့်မြတ်က အွန်လိုင်းပေါ်မှာ အယုံမလွယ်ကြဖို့ နဲ့ အကောင့်အတုတွေနဲ့ အလိမ်ခံခဲ့ရရင်တောင် တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ကြောင်း ပြောဆိုထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Nay Madhuri - MyanmarNote
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top