ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ယေန႔ ေက်းဇူးရွင္မိခင္၏အလွဴ

သဲအင္းဂူတိုက္ခြဲ ( ၃၂ ) ေအာင္လံဆရာေတာ္ႀကီး ထံသို႔ ရာသက္ပန္ဆြမ္းပေဒသာပင္ ( က်ပ္သ္ိန္း1100 )
သြားေရာက္လွဴဒါန္းျခင္း အမွတ္တရ

အလွဴရွင္မိခင္ႏွင့္ အတူသြားေရာက္အားျဖည့္ ယေန႔ျပဳရေသာ ဒါနကုသိုလ္ ၊သီလကုသိုလ္တို႔အား နတ္ ၊ လူသာဓုေခၚေစေသာ္
#ksw #khinswewin

“ေစတနာသုံးတန္ ျပည့္စုံဖုိ႔ဆုိရာ၀ယ္ …..”
••••••••••••••••••••••••••••••••••
ဘုန္းဘုန္းတုိ႔ ဗုဒၶဘာသာ၀င္အမ်ား ၾကားဖူးၿပီးသားျဖစ္တဲ့အျပင္
တရားပဲြမ်ား၊ အလွဴခံမ႑ပ္မ်ား စတဲ့ဘာသာေရး ဆုိင္ရာေနရာဌာန အမ်ိဳးမ်ိဳးမွာ သုံးစဲြေနၾကတဲ့ ေစတနာသုံးတန္ ဆုိတဲ့ဒီစကားအသုံးေလး အတြက္ ဗဟုသုတအျဖစ္ ပုိ႔စ္ေလးတစ္ခု ေရးၾကည့္လုိက္တာပါ။ ေစတနာသုံးတန္လုိ႔ေခၚတဲ့ အဲဒီ ေစတနာ သုံးမ်ိဳးက –

၁။ ပုဗၺေစတနာ = မလွဴမီ ၾကိဳတင္ျဖစ္တဲ့ ေစတနာ
၂။ မုဥၥေစတနာ = လွဴဆဲအခုိက္မွာ ျဖစ္ေနတဲ့ ေစတနာ နဲ႔
၃။ အပရေစတနာ = လွဴၿပီးေနာက္ပုိင္းမွာ ျဖစ္တဲ့ေစတနာ
တုိ႔ပဲ ျဖစ္ပါတယ္။

ဒသဂၤဒါနသုတ္ တရားေတာ္
*******************
(၁)အလွဴေပးစဥ္ စိတ္ျကည္လင္ ရုပ္သြင္အဆင္းလွ၊၊
(၂) အလွဴေပးစဥ္ ရိုေသလၽွင္ လူတြင္ေက်ာ္ေစာရ၊၊
(၃) လွဴဖြယ္ဒါန္းဖြယ္၊ သပ္သပ္ပါယ္၊ တင့္တယ္အက်ဳိးရ၊၊
(၄) မ်က္ေမွာက္ လက္ေရာက္၊လွဴတုံေျမာက္၊ မေဖာက္ျသဇာရ၊၊
(၅) အခါကုိျကည့္၊ လွဴဒါန္းဘိ၊ လိုရွိအခါရ၊၊
(၆) မြန္မြန္ျမတ္ျမတ္၊ လွဴဒါန္းလတ္၊ မြန္ျမတ္အက်ဳိးရ၊၊
(၇) မျငိမကပ္၊ လွဴဒါန္းလတ္၊ အျမတ္သုံးေဆာင္ရ၊၊
(၈) နွစ္သက္ျမတ္နိုး၊ လွဴဒါန္းရိုး၊ ျမတ္နိုးအက်ဳိးရ၊၊
(၉) မနွိပ္မျကြား၊ လွဴဒါန္းျငား၊ ရန္မ်ား ကင္းစင္ရ၊၊
(၁၀) သုံးတန္ေစတနာ၊ညီညြတ္စြာ၊ သုံးျဖာခ်မ္းသာရ၊၊

ဒီေစတနာသုံးမ်ိဳးမွာ ဗုဒၶဘာသာ၀င္အမ်ား အျဖစ္မ်ားကာ ျဖစ္ဖုိ႔လည္းလြယ္တဲ့ေစတနာေတြက
ပုဗၺေစတနာနဲ႔၊ မုဥၥေစတနာေတြျဖစ္ၿပီး
အပရေစတနာက ျဖစ္ဖုိ႔အေတာ္ခက္ခဲပါတယ္။

ဆုိၾကပါစုိ႔… အလွဴဒါန တစ္ခုခုကုိ ျပဳၾကေတာ့မယ္ဆုိရင္
အလွဴရွင္ေတြရဲ႕ စိတ္ထဲမွာ ဘယ္မွာလွဴလုိက္မယ္၊
ဘယ္လုိလွဴလုိက္မယ္၊ ဘယ္ေလာက္လွဴလုိက္မယ္ ဆုိတဲ့ စိတ္ကူးအႀကံေလးေတြ ျဖစ္ေနတာ၊ ႀကိဳတင္ၿပီး လွဴဖုိ႔အတြက္ ျပင္ဆင္စုေဆာင္းေနတာ စတာေတြဟာ ကုိယ္လွဴမယ့္အလွဴအတြက္ မလွဴမီျဖစ္ေပၚေနတဲ့ ပုဗၺေစတနာပါ။ အဲဒီလုိ ႀကိဳတင္ၿပီးျဖစ္ေပၚေနတဲ့ ေစတနာေလးေတြဟာ ကုသုိလ္စိတ္ကုိ ျဖစ္ေစၿပီး ကုသုိလ္တရားကုိ တုိးပြားေစပါတယ္။

ထုိ႔အတူ လွဴဆဲအခုိက္အတန္႔မွာ ေစတနာအျပည့္နဲ႔ ႀကိဳးႀကိဳးစားစား ဆက္ကပ္လွဴဒါန္း၊ ေကၽြးေမြးဧည့္ေနတာဟာ မေမာႏုိင္မပန္းႏုိင္ပါပဲ။ အဲဒီအခုိက္အတံ့မွာ ေကၽြးခ်င္ေမြးခ်င္ အဆင္ေျပေျပဧည့္ခံခ်င္စိတ္ကလဲြၿပီး က်န္တဲ့ဘာစိတ္မွ မရွိတဲ့အတြက္ လွဴဆဲအခုိက္အတန္႔မွာ ျဖစ္တဲ့ေစတနာကလည္း
အထူးေျပာစရာ မလုိေအာင္ ျပည့္စုံေနတတ္ၾကပါတယ္။

အဲ… ျပႆနာက လွဴၿပီးအခုိက္အတန္႔မွာ ျဖစ္ရမယ့္ အပရေစတနာပါ။ ကုိယ္လွဴထားတဲ့ အလွဴကုိ သတိတရျဖင့္ ၀မ္းေျမာက္၀မ္းသာျဖစ္၊ ပီတိျဖစ္ကာ မၾကာခဏ ဆင္ျခင္ၿပီး ေကာင္းလုိက္တာ အားရလုိက္တာ စတဲ့အေတြးေလးေတြနဲ႔ ေနႏုိင္မွ အပရေစတနာေလး အားေကာင္းၿပီး ကုသုိလ္တရား တုိးပြားမွာပါ။ ဒါေပမယ့္ မ်ားေသာအားျဖင့္ ဒီေစတနာေလးေတြ ခ်ိဳ႕တဲ့ ေနၾကတာကုိ ေတြ႕ေနရပါတယ္။

လွဴၿပီးေနာက္ ၀မ္းေျမာက္၀မ္းသာ ျဖစ္ရမယ့္အစား
ေနာင္တေတြသာ က်န္ေနၾကတာကုိ ေတြ႕ရ၊ ျမင္ရ၊
သိေနရပါတယ္။ အခ်ိဳ႕ဆုိ အလွဴႀကီး အဆင္ေျပေစဖုိ႔
မလိုအပ္တဲ့ ခ်ဲ႕ထြင္မႈေတြ ေခ်းငွါးမႈေတြ ၊
ဂုဏ္ပကာသနေတြေၾကာင့္ အလွဴပဲြႀကီးၿပီး
သူခ်ဲ႕ထြင္ခဲ့တဲ့ အလွဴပဲြအတြက္ အဆင္မေျပမႈေတြ၊
ေခ်းငွါးထားတဲ့ အရာေတြ ျပန္ဆပ္ရမယ့္အေရးေတြေတြးၿပီး ရင္ေလးေနတာေတြ စတဲစတဲ့ အေတြးေတြေၾကာင့္
လွဴဒါန္းမႈအတြက္ ၀မ္းေျမာက္၀မ္းသာျဖစ္ကာ
အပရေစတနာေလးေတြ ေကာင္းရမယ့္အစား မွားသြားၿပီးဆုိတဲ့ ေနာင္တတရားေတြသာ ရလုိက္ၾကတာကုိ ေတြ႕ၾကရမွာပါ။

မလွဴခင္ ေစတနာ၊ လွဴဆဲအခုိက္ျဖစ္တဲ့ ေစတနာေတြ ျပည့္စုံေပမယ့္ လွဴၿပီးေနာက္မွ ျဖစ္ရမယ့္ ေစတနာက မျပည့္စုံတဲ့အတြက္ ေစတနာသုံးတန္က မျပဌာန္းႏုိင္၊ မျပည့္စုံႏုိင္ၾကေတာ့တာပါ။

ေစတနာသုံးတန္ ျပည့္စုံျပဌာန္းမႈ မရိွပါက “ကုသုိလ္ရဲ႕ အက်ိဳး”
ကုိ ရရွိခံစားတဲ့အခါ အျပည့္အ၀ မခံစားရ တတ္ပါဘူး။
ကုသုိလ္တရားဟာ ျပဳလုပ္တဲ့သူရဲ႕ ေစတနာကုိလုိက္ၿပီး
အက်ိဳးတရားကုိ ျဖစ္ေစပါတယ္။ ေစတနာသုံးတန္ျပည့္စုံၿပီး လွဴဒါန္းမႈျပဳတဲ့ပုဂၢိဳလ္ေတြ အတြက္အက်ိဳးတရား
ရရွိတဲ့အခါမွာလည္း ျပည့္ျပည့္၀၀ ရရွိတတ္ပါတယ္။

အဲလုိမဟုတ္ဘဲ ေစတနာသုံးတန္မွာ တစ္ခုခု ခ်ိဳ႕တဲ့ပါက အက်ိဳးတရားျဖစ္ေတာ့ ျဖစ္ပါတယ္။ ရေတာ့ရပါတယ္။
အျပည့္အ၀ မရဘဲရွိတတ္ပါတယ္။

အထူးသျဖင့္ ေစတနာသုံးတန္မွာ မ်ားေသာအားျဖင့္ ေနာက္ဆုံးအပရေစတနာ ခ်ိဳ႕တဲ့တာမ်ားတဲ့အတြက္ အက်ိဳးေပးတဲ့့အခါမွာလည္း အပရေစတနာရဲ႕ အက်ိဳးခံစားမႈက ေလ်ာ့ေနတတ္ပါတယ္။ ထင္ရွားတဲ့ သာဓကျပရမယ္ဆုိရင္
ယေန႔ေခတ္မွာ ခ်မ္းသာၿပီး အေကာင္းမစားႏုိင္ၾကတဲ့သူေတြ၊
ကားရွိၿပီး လုိင္းကားတုိးစီးေနရတဲ့သူေတြ၊
ေခတ္ေပၚအေကာင္းစား အ၀တ္စားေတြကုိ ၀ယ္၀တ္ႏုိင္ပါရဲ႕နဲ႔ ၀ယ္မ၀တ္ခ်င္သူေတြ အေကာင္းစားေတြ သုံးရင္၀တ္ရင္ ကုိယ္မွာတစ္ခုခုျဖစ္တာတုိ႔ ယားတာယံတာတုိ႔ စတာေတြျဖစ္ၾကတာကုိ ေတြ႕ဖူးႀကဳံဖူးၾကမွာ။

အဲဒီသူေတြဟာ ကုသုိလ္ဒါနျပဳတဲ့အခါမွာ ေနာက္ပုိင္းမွာျဖစ္ရမယ့္ အပရေစတနာ ခ်ိဳ႕တဲ့ၾကတဲ့အတြက္ ျမင္သာျမင္မၾကင္ရတဲ့
အျဖစ္မ်ိဳးနဲ႔ ၾကဳံရတယ္လုိ႔ ဆုိႏုိင္ပါတယ္။ ဒါေၾကာင့္ ကုသုိလ္ျပဳတဲ့အခါ
ေစတနာသုံးတန္ အလုံးစုံျပည့္စုံေအာင္ ႀကိဳးစားၾကဖုိ႔လုိပါတယ္။

ေျပာခဲ့ၿပီးျဖစ္တဲ့အတုိင္း ဒီေစတနာ သုံးမ်ိဳးမွာ
ပုဗၺေစတနာနဲ႔ မုဥၥေစတနာေတြဟာ ျဖစ္ဖုိ႔ျပည့္စုံဖုိ႔
လြယ္တဲ့အတြက္ အထူးေျပာစရာမရွိေပမယ့္ အပရေစတနာနဲ႔ ျပည့္စုံဖုိ႔အတြက္ အေလ့အက်င့္ လုပ္ေပးၾကဖုိ႔ လုိပါတယ္။

အပရေစတနာ ေကာင္းဖုိ႔အတြက္ ကုသုိလ္မျပဳခင္၊
မလွဴခင္ကတည္းက ေသခ်ာစီစစ္ ေရြးခ်ယ္ျပီး ေပးလွဴတတ္ဖုိ႔လုိပါတယ္။ ေနာက္ပုိင္းေစတနာ ပ်က္ကြက္မႈမ်ားကုိၾကည့္ပါက အျခားအေၾကာင္းအရာမ်ား ရွိပင္ရွိျငားေသာ္လည္း
အလွဴခံပုဂၢိဳလ္ေၾကာင့္ ပ်က္ဆီးတတ္ၾကတာေတြ ရွိပါတယ္။ အလွဴခံပုဂၢိဳလ္ပုိင္းကုိ ေသခ်ာေရြးခ်ယ္ျပီး မလွဴပါက
ကိုယ့္အလွဴကုိ ခံယူတ့ဲအလွဴခံ ပုဂၢိဳလ္ရဲ႕ အမူအရာ၊
အေျပာအဆုိ၊ အေနအထုိင္၊ အက်င္သီလေတြကုိ ၾကည့္ၿပီး
သဒၶါတရား ပ်က္တတ္ပါတယ္။

သူသူကုိယ္ကိုယ္ ကုိယ္လွဴထားတဲ့ အရာေလးေတြကုိ ၾကည့္ၿပီးပီတိပြားခ်င္ၾက၊ ၀မ္းေျမာက္ခ်င္ၾကတာ ဓမၼတာပါ။
အဲဒီလုိ ပီတိပြားႏုိင္ဖုိ႔အတြက္ အလွဴခံပုဂၢိဳလ္၊ ေနရာဌာနစတာေတြကုိ ေရြးခ်ယ္လွဴတန္းတတ္ဖုိ႔ လုိပါတယ္။ အလွဴခံပုဂၢိဳလ္ဆုိၿပီးေရာ သကၤန္းပတ္ထားရင္ၿပီးေရာ ဆုိတဲ့အေတြးနဲ႔ လွဴလုိက္တဲ့အတြက္ အဲဒီအလွဴခံပုဂၢိဳလ္က ကုိယ္လွဴတဲ့ပစၥည္း၀တၳဳ
တစ္လဲြအသုံးခ်သြားတဲ့အခါ ပုထုဇင္မ်ားျဖစ္တဲ့ ကုိယ့္အဖုိ႔မွာ ဒီအရာေတြေတြ႕ၿပီး သဒၶါတရား တုိးဖုိ႔မလြယ္ပါဘူး။

နာမည္ႀကီးလုိ႔ လွဴတာမ်ိဳး၊ ေပၚပင္လုိက္ၿပီး လွဴတာမ်ိဳးတုိ႔ အလွဴခံပုဂၢိဳလ္ဆုိၿပီးေရာ လွဴတာမ်ိဳးတုိ႔ မလုပ္ၾကဘဲ
ကုိယ့္အလွဴကုိ လက္ေတြ႕ထိေရာက္စြာ အလွဴခံၿပီး အမွန္တကယ္လုိအပ္ေနတဲ့ အလွဴခံပုဂၢိဳလ္၊ ေနရာဌာန စတာေတြကုိ ရွာေဖြလွဴတမ္းတတ္ဖုိ႔ လုိပါတယ္။

အမွန္တကယ္ လုိအပ္ေနတဲ့ေနရာေတြမွာ လွဴလုိက္တဲ့အတြက္ ကုိယ့္အလွဴပစၥည္းကုိ လက္ေတြ႕အသုံးျပဳေနတာကုိ ၾကည့္ၿပီး
ကုိယ့္မွာ ပီတိျဖစ္ရသလုိ ေနာက္ထပ္လွဴခ်င္တဲ့
သဒၶါတရားေတြလည္း တုိးလာတတ္ပါတယ္။

ဥပမာအားျဖင့္ မီးမလုံေလာက္တ့ဲ စာသင္တုိက္မ်ိဳးမွာ
မီးစက္လွဴတာမ်ိဳးတုိ႔ ဆြမ္းကြမ္းမလုံေလာက္တဲ့
စာသင္တုိက္မ်ိဳးမွာ ဆြမ္းပေဒသာပင္ စုိက္ထူလုိက္တာမ်ိဳးတုိ႔ဟာ အမွန္တကယ္လုိအပ္ေနတဲ့ ေနရာမ်ိဳးေတြမွာ လွဴလုိက္တဲ့အတြက္ အလွဴခံအတြက္လည္း အက်ိဳးရွိ အလွဴေပးပုဂၢိဳလ္အတြက္လည္း ပီတိသဒၶါပြားႏုိင္တဲ့ အလွဴမ်ိဳးျဖစ္ပါတယ္။ အဲလုိအလွဴမ်ိဳးေၾကာင့္ ေနာက္ပုိင္းေစတနာပ်က္စရာ အေၾကာင္းမရွိပါဘူး။ ပုိလုိ႔သာ တုိးေစမွာပါ။ ဒီလုိအလွဴမ်ိဳးဟာ ေစတနာသုံးတန္ ျပည့္စုံႏုိင္တဲ့အလွဴမ်ိဳးပါ။

ဒါေၾကာင့္ ေစတနာသုံးတန္ ျပဌာန္းၿပီး ျပည့္စုံစြာလွဴလုိတဲ့
သူမ်ားအတြက္ ကုိယ့္အလွဴကုိ လွဴမိတာ မွားေလစြ
ဆုိတဲ့ေနာင္တမ်ိဳး မျဖစ္ရေအာင္ ယုံၾကည့္မႈ သဒၶါတရားကုိ စူးစမ္းဆင္ျခင္တတ္တဲ့ ဉာဏ္နဲ႔တဲြကာ သဒၶါပညာ ညီညြတ္စြာျဖင့္ အလွဴခံပုဂၢိဳလ္၊ ေနရာဌာနမ်ား ေသခ်က်နစြာ စိစစ္ေရြးခ်ယ္တတ္ဖုိ႔ လုိေၾကာင္း သတိေပးစကား ပါးလုိက္ပါတယ္။ အားလုံး ေစတနာသုံးတန္ ျပည့္စုံႏုိင္ၾကပါေစ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  အရွင္၀ိစိတၱ (မနာပဒါယီ) ]
# Unicode Version ျဖင့္ ဖတ္ပါ #
ယနေ့ ကျေးဇူးရှင်မိခင်၏အလှူ

သဲအင်းဂူတိုက်ခွဲ ( ၃၂ ) အောင်လံဆရာတော်ကြီး ထံသို့ ရာသက်ပန်ဆွမ်းပဒေသာပင် ( ကျပ်သိန်း1100 )
သွားရောက်လှူဒါန်းခြင်း အမှတ်တရ

အလှူရှင်မိခင်နှင့်အတူသွားရောက်အားဖြည့် ယနေ့ပြုရသော ဒါနကုသိုလ် ၊သီလကုသိုလ်တို့အား နတ် ၊ လူသာဓုခေါ်စေသော်
#ksw #khinswewin

“စေတနာသုံးတန် ပြည့်စုံဖို့ဆိုရာဝယ် …..”
••••••••••••••••••••••••••••••••••
ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်အများ ကြားဖူးပြီးသားဖြစ်တဲ့အပြင်
တရားပွဲများ၊ အလှူခံမဏ္ဍပ်များ စတဲ့ဘာသာရေး ဆိုင်ရာနေရာဌာန အမျိုးမျိုးမှာ သုံးစွဲနေကြတဲ့ စေတနာသုံးတန် ဆိုတဲ့ဒီစကားအသုံးလေး အတွက် ဗဟုသုတအဖြစ် ပို့စ်လေးတစ်ခု ရေးကြည့်လိုက်တာပါ။ စေတနာသုံးတန်လို့ခေါ်တဲ့ အဲဒီ စေတနာ သုံးမျိုးက –

၁။ ပုဗ္ဗစေတနာ = မလှူမီ ကြိုတင်ဖြစ်တဲ့ စေတနာ
၂။ မုဉ္စစေတနာ = လှူဆဲအခိုက်မှာ ဖြစ်နေတဲ့ စေတနာ နဲ့
၃။ အပရစေတနာ = လှူပြီးနောက်ပိုင်းမှာ ဖြစ်တဲ့စေတနာ
တို့ပဲ ဖြစ်ပါတယ်။

ဒသင်္ဂဒါနသုတ် တရားတော်
*******************
(၁)အလှူပေးစဉ် စိတ်ကြည်လင် ရုပ်သွင်အဆင်းလှ၊၊
(၂) အလှူပေးစဉ် ရိုသေလျှင် လူတွင်ကျော်စောရ၊၊
(၃) လှူဖွယ်ဒါန်းဖွယ်၊ သပ်သပ်ပါယ်၊ တင့်တယ်အကျိုးရ၊၊
(၄) မျက်မှောက် လက်ရောက်၊လှူတုံမြောက်၊ မဖောက်သြဇာရ၊၊
(၅) အခါကိုကြည့်၊ လှူဒါန်းဘိ၊ လိုရှိအခါရ၊၊
(၆) မွန်မွန်မြတ်မြတ်၊ လှူဒါန်းလတ်၊ မွန်မြတ်အကျိုးရ၊၊
(၇) မငြိမကပ်၊ လှူဒါန်းလတ်၊ အမြတ်သုံးဆောင်ရ၊၊
(၈) နှစ်သက်မြတ်နိုး၊ လှူဒါန်းရိုး၊ မြတ်နိုးအကျိုးရ၊၊
(၉) မနှိပ်မကြွား၊ လှူဒါန်းငြား၊ ရန်များ ကင်းစင်ရ၊၊
(၁၀) သုံးတန်စေတနာ၊ညီညွတ်စွာ၊ သုံးဖြာချမ်းသာရ၊၊

ဒီစေတနာသုံးမျိုးမှာ ဗုဒ္ဓဘာသာဝင်အများ အဖြစ်များကာ ဖြစ်ဖို့လည်းလွယ်တဲ့စေတနာတွေက
ပုဗ္ဗစေတနာနဲ့၊ မုဉ္စစေတနာတွေဖြစ်ပြီး
အပရစေတနာက ဖြစ်ဖို့အတော်ခက်ခဲပါတယ်။

ဆိုကြပါစို့… အလှူဒါန တစ်ခုခုကို ပြုကြတော့မယ်ဆိုရင်
အလှူရှင်တွေရဲ့ စိတ်ထဲမှာ ဘယ်မှာလှူလိုက်မယ်၊
ဘယ်လိုလှူလိုက်မယ်၊ ဘယ်လောက်လှူလိုက်မယ် ဆိုတဲ့ စိတ်ကူးအကြံလေးတွေ ဖြစ်နေတာ၊ ကြိုတင်ပြီး လှူဖို့အတွက် ပြင်ဆင်စုဆောင်းနေတာ စတာတွေဟာ ကိုယ်လှူမယ့်အလှူအတွက် မလှူမီဖြစ်ပေါ်နေတဲ့ ပုဗ္ဗစေတနာပါ။ အဲဒီလို ကြိုတင်ပြီးဖြစ်ပေါ်နေတဲ့ စေတနာလေးတွေဟာ ကုသိုလ်စိတ်ကို ဖြစ်စေပြီး ကုသိုလ်တရားကို တိုးပွားစေပါတယ်။

ထို့အတူ လှူဆဲအခိုက်အတန့်မှာ စေတနာအပြည့်နဲ့ ကြိုးကြိုးစားစား ဆက်ကပ်လှူဒါန်း၊ ကျွေးမွေးဧည့်နေတာဟာ မမောနိုင်မပန်းနိုင်ပါပဲ။ အဲဒီအခိုက်အတံ့မှာ ကျွေးချင်မွေးချင် အဆင်ပြေပြေဧည့်ခံချင်စိတ်ကလွဲပြီး ကျန်တဲ့ဘာစိတ်မှ မရှိတဲ့အတွက် လှူဆဲအခိုက်အတန့်မှာ ဖြစ်တဲ့စေတနာကလည်း
အထူးပြောစရာ မလိုအောင် ပြည့်စုံနေတတ်ကြပါတယ်။

အဲ… ပြဿနာက လှူပြီးအခိုက်အတန့်မှာ ဖြစ်ရမယ့် အပရစေတနာပါ။ ကိုယ်လှူထားတဲ့ အလှူကို သတိတရဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်၊ ပီတိဖြစ်ကာ မကြာခဏ ဆင်ခြင်ပြီး ကောင်းလိုက်တာ အားရလိုက်တာ စတဲ့အတွေးလေးတွေနဲ့ နေနိုင်မှ အပရစေတနာလေး အားကောင်းပြီး ကုသိုလ်တရား တိုးပွားမှာပါ။ ဒါပေမယ့် များသောအားဖြင့် ဒီစေတနာလေးတွေ ချို့တဲ့ နေကြတာကို တွေ့နေရပါတယ်။

လှူပြီးနောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမယ့်အစား
နောင်တတွေသာ ကျန်နေကြတာကို တွေ့ရ၊ မြင်ရ၊
သိနေရပါတယ်။ အချို့ဆို အလှူကြီး အဆင်ပြေစေဖို့
မလိုအပ်တဲ့ ချဲ့ထွင်မှုတွေ ချေးငှါးမှုတွေ ၊
ဂုဏ်ပကာသနတွေကြောင့် အလှူပွဲကြီးပြီး
သူချဲ့ထွင်ခဲ့တဲ့ အလှူပွဲအတွက် အဆင်မပြေမှုတွေ၊
ချေးငှါးထားတဲ့ အရာတွေ ပြန်ဆပ်ရမယ့်အရေးတွေတွေးပြီး ရင်လေးနေတာတွေ စတဲစတဲ့ အတွေးတွေကြောင့်
လှူဒါန်းမှုအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ
အပရစေတနာလေးတွေ ကောင်းရမယ့်အစား မှားသွားပြီးဆိုတဲ့ နောင်တတရားတွေသာ ရလိုက်ကြတာကို တွေ့ကြရမှာပါ။

မလှူခင် စေတနာ၊ လှူဆဲအခိုက်ဖြစ်တဲ့ စေတနာတွေ ပြည့်စုံပေမယ့် လှူပြီးနောက်မှ ဖြစ်ရမယ့် စေတနာက မပြည့်စုံတဲ့အတွက် စေတနာသုံးတန်က မပြဌာန်းနိုင်၊ မပြည့်စုံနိုင်ကြတော့တာပါ။

စေတနာသုံးတန် ပြည့်စုံပြဌာန်းမှု မရှိပါက “ကုသိုလ်ရဲ့ အကျိုး”
ကို ရရှိခံစားတဲ့အခါ အပြည့်အ၀ မခံစားရ တတ်ပါဘူး။
ကုသိုလ်တရားဟာ ပြုလုပ်တဲ့သူရဲ့ စေတနာကိုလိုက်ပြီး
အကျိုးတရားကို ဖြစ်စေပါတယ်။ စေတနာသုံးတန်ပြည့်စုံပြီး လှူဒါန်းမှုပြုတဲ့ပုဂ္ဂိုလ်တွေ အတွက်အကျိုးတရား
ရရှိတဲ့အခါမှာလည်း ပြည့်ပြည့်၀၀ ရရှိတတ်ပါတယ်။

အဲလိုမဟုတ်ဘဲ စေတနာသုံးတန်မှာ တစ်ခုခု ချို့တဲ့ပါက အကျိုးတရားဖြစ်တော့ ဖြစ်ပါတယ်။ ရတော့ရပါတယ်။
အပြည့်အ၀ မရဘဲရှိတတ်ပါတယ်။

အထူးသဖြင့် စေတနာသုံးတန်မှာ များသောအားဖြင့် နောက်ဆုံးအပရစေတနာ ချို့တဲ့တာများတဲ့အတွက် အကျိုးပေးတဲ့အခါမှာလည်း အပရစေတနာရဲ့ အကျိုးခံစားမှုက လျော့နေတတ်ပါတယ်။ ထင်ရှားတဲ့ သာဓကပြရမယ်ဆိုရင်
ယနေ့ခေတ်မှာ ချမ်းသာပြီး အကောင်းမစားနိုင်ကြတဲ့သူတွေ၊
ကားရှိပြီး လိုင်းကားတိုးစီးနေရတဲ့သူတွေ၊
ခေတ်ပေါ်အကောင်းစား အဝတ်စားတွေကို ဝယ်ဝတ်နိုင်ပါရဲ့နဲ့ ဝယ်မဝတ်ချင်သူတွေ အကောင်းစားတွေ သုံးရင်ဝတ်ရင် ကိုယ်မှာတစ်ခုခုဖြစ်တာတို့ ယားတာယံတာတို့ စတာတွေဖြစ်ကြတာကို တွေ့ဖူးကြုံဖူးကြမှာ။

အဲဒီသူတွေဟာ ကုသိုလ်ဒါနပြုတဲ့အခါမှာ နောက်ပိုင်းမှာဖြစ်ရမယ့် အပရစေတနာ ချို့တဲ့ကြတဲ့အတွက် မြင်သာမြင်မကြင်ရတဲ့
အဖြစ်မျိုးနဲ့ ကြုံရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ကုသိုလ်ပြုတဲ့အခါ
စေတနာသုံးတန် အလုံးစုံပြည့်စုံအောင် ကြိုးစားကြဖို့လိုပါတယ်။

ပြောခဲ့ပြီးဖြစ်တဲ့အတိုင်း ဒီစေတနာ သုံးမျိုးမှာ
ပုဗ္ဗစေတနာနဲ့ မုဉ္စစေတနာတွေဟာ ဖြစ်ဖို့ပြည့်စုံဖို့
လွယ်တဲ့အတွက် အထူးပြောစရာမရှိပေမယ့် အပရစေတနာနဲ့ ပြည့်စုံဖို့အတွက် အလေ့အကျင့် လုပ်ပေးကြဖို့ လိုပါတယ်။

အပရစေတနာ ကောင်းဖို့အတွက် ကုသိုလ်မပြုခင်၊
မလှူခင်ကတည်းက သေချာစီစစ် ရွေးချယ်ပြီး ပေးလှူတတ်ဖို့လိုပါတယ်။ နောက်ပိုင်းစေတနာ ပျက်ကွက်မှုများကိုကြည့်ပါက အခြားအကြောင်းအရာများ ရှိပင်ရှိငြားသော်လည်း
အလှူခံပုဂ္ဂိုလ်ကြောင့် ပျက်ဆီးတတ်ကြတာတွေ ရှိပါတယ်။ အလှူခံပုဂ္ဂိုလ်ပိုင်းကို သေချာရွေးချယ်ပြီး မလှူပါက
ကိုယ့်အလှူကို ခံယူတဲ့အလှူခံ ပုဂ္ဂိုလ်ရဲ့ အမူအရာ၊
အပြောအဆို၊ အနေအထိုင်၊ အကျင်သီလတွေကို ကြည့်ပြီး
သဒ္ဓါတရား ပျက်တတ်ပါတယ်။

သူသူကိုယ်ကိုယ် ကိုယ်လှူထားတဲ့ အရာလေးတွေကို ကြည့်ပြီးပီတိပွားချင်ကြ၊ ဝမ်းမြောက်ချင်ကြတာ ဓမ္မတာပါ။
အဲဒီလို ပီတိပွားနိုင်ဖို့အတွက် အလှူခံပုဂ္ဂိုလ်၊ နေရာဌာနစတာတွေကို ရွေးချယ်လှူတန်းတတ်ဖို့ လိုပါတယ်။ အလှူခံပုဂ္ဂိုလ်ဆိုပြီးရော သင်္ကန်းပတ်ထားရင်ပြီးရော ဆိုတဲ့အတွေးနဲ့ လှူလိုက်တဲ့အတွက် အဲဒီအလှူခံပုဂ္ဂိုလ်က ကိုယ်လှူတဲ့ပစ္စည်းဝတ္ထု
တစ်လွဲအသုံးချသွားတဲ့အခါ ပုထုဇင်များဖြစ်တဲ့ ကိုယ့်အဖို့မှာ ဒီအရာတွေတွေ့ပြီး သဒ္ဓါတရား တိုးဖို့မလွယ်ပါဘူး။

နာမည်ကြီးလို့ လှူတာမျိုး၊ ပေါ်ပင်လိုက်ပြီး လှူတာမျိုးတို့ အလှူခံပုဂ္ဂိုလ်ဆိုပြီးရော လှူတာမျိုးတို့ မလုပ်ကြဘဲ
ကိုယ့်အလှူကို လက်တွေ့ထိရောက်စွာ အလှူခံပြီး အမှန်တကယ်လိုအပ်နေတဲ့ အလှူခံပုဂ္ဂိုလ်၊ နေရာဌာန စတာတွေကို ရှာဖွေလှူတမ်းတတ်ဖို့ လိုပါတယ်။

အမှန်တကယ် လိုအပ်နေတဲ့နေရာတွေမှာ လှူလိုက်တဲ့အတွက် ကိုယ့်အလှူပစ္စည်းကို လက်တွေ့အသုံးပြုနေတာကို ကြည့်ပြီး
ကိုယ့်မှာ ပီတိဖြစ်ရသလို နောက်ထပ်လှူချင်တဲ့
သဒ္ဓါတရားတွေလည်း တိုးလာတတ်ပါတယ်။

ဥပမာအားဖြင့် မီးမလုံလောက်တဲ့ စာသင်တိုက်မျိုးမှာ
မီးစက်လှူတာမျိုးတို့ ဆွမ်းကွမ်းမလုံလောက်တဲ့
စာသင်တိုက်မျိုးမှာ ဆွမ်းပဒေသာပင် စိုက်ထူလိုက်တာမျိုးတို့ဟာ အမှန်တကယ်လိုအပ်နေတဲ့ နေရာမျိုးတွေမှာ လှူလိုက်တဲ့အတွက် အလှူခံအတွက်လည်း အကျိုးရှိ အလှူပေးပုဂ္ဂိုလ်အတွက်လည်း ပီတိသဒ္ဓါပွားနိုင်တဲ့ အလှူမျိုးဖြစ်ပါတယ်။ အဲလိုအလှူမျိုးကြောင့် နောက်ပိုင်းစေတနာပျက်စရာ အကြောင်းမရှိပါဘူး။ ပိုလို့သာ တိုးစေမှာပါ။ ဒီလိုအလှူမျိုးဟာ စေတနာသုံးတန် ပြည့်စုံနိုင်တဲ့အလှူမျိုးပါ။

ဒါကြောင့် စေတနာသုံးတန် ပြဌာန်းပြီး ပြည့်စုံစွာလှူလိုတဲ့
သူများအတွက် ကိုယ့်အလှူကို လှူမိတာ မှားလေစွ
ဆိုတဲ့နောင်တမျိုး မဖြစ်ရအောင် ယုံကြည့်မှု သဒ္ဓါတရားကို စူးစမ်းဆင်ခြင်တတ်တဲ့ ဉာဏ်နဲ့တွဲကာ သဒ္ဓါပညာ ညီညွတ်စွာဖြင့် အလှူခံပုဂ္ဂိုလ်၊ နေရာဌာနများ သေချကျနစွာ စိစစ်ရွေးချယ်တတ်ဖို့ လိုကြောင်း သတိပေးစကား ပါးလိုက်ပါတယ်။ အားလုံး စေတနာသုံးတန် ပြည့်စုံနိုင်ကြပါစေ…

ဖိုးသူတော် (www.phothutaw.com)
Credit:  အရှင်ဝိစိတ္တ (မနာပဒါယီ) ]
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top