(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုခရိုင္၊ ခင္ဦးၿမိဳ႕နယ္၌ စက္တင္ဘာ (၁၈) ရက္ေန႔ နံနက္ (၁၁) နာရီခြဲခန္႔က ကိုယ္ပိုင္ယာဥ္တစ္စီး တိမ္းေမွာက္၍ မိသားစု၀င္သံုးဦး ေသဆံုးသြားေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ခင္ဦးၿမိဳ႕နယ္ လက္ပံကုန္းေက်းရြာႏွင့္ တမုတ္ေက်းရြာၾကားရွိ ေရႊဘို-ျမစ္ႀကီးနား (ျပည္ေထာင္စု) ကားလမ္းမႀကီး မိုင္တိုင္အမွတ္- ၁၆/၅ အနီးတြင္ ကိုယ္ပိုင္ယာဥ္တစ္စီး တိမ္းေမွာက္ေနေၾကာင္း သတင္းအရ ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးထြဏ္းထြဏ္းဦး ဦးေဆာင္ေသာတပ္ဖြဲ႔၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ အခင္းျဖစ္ေနရာသို႔ သြားေရာက္စစ္ေဆးရာ

ေရႊဘိုၿမိဳ႕မွ ကန္႔ဘလူၿမိဳ႕သို႔ ေမာင္းႏွင္လာေသာ YGN/2K TOYOTA WISH မီးခိုးေရာင္ အမ်ိဳးအစား ယာဥ္ေမာင္း သားျဖစ္သူ ၿငိမ္းထက္ (ခ) ၿငိမ္းထက္ေဇာ္ ၂၆ ႏွစ္ (ဘ) ဦးထက္ႏိုင္လြင္ အမွတ္(၄) ရပ္ကြက္၊ ကန္႔ဘလူၿမိဳ႕ေနသူေမာင္းႏွင္၍ ဖခင္ျဖစ္သူ ဦးထက္ႏိုင္လြင္၊ မိခင္ျဖစ္သူ ေဒၚျမင့္ျမင့္မိုး၊ သမီးျဖစ္သူ မခ်မ္းျပည့္စံု၊ သမီးျဖစ္သူ မဆုျပည့္စံုသက္တို႔မိသားစုႏွင့္ ဦး၀င္းေရႊ တို႔ ၆ ဦး လိုက္ပါလာစီးနင္းလာေသာ ေမာ္ေတာ္ယာဥ္သည္ ဘယ္ဘက္ေရွ႕ဘီးေပါက္ရာမွ လမ္းေဘးသို႔ထုိးက်၍ ထေနာင္းပင္ႀကီးအား ၀င္တိုက္မိသျဖင့္

မိခင္ျဖစ္သူ ေဒၚျမင့္ျမင့္မိုး ၄၉ ႏွစ္ (ဘ)ဦးမွာ ၀ဲဘက္အျခမ္းရွိ နဖူး၊ နားရြက္၊ မ်က္စ ေပါက္ၿပဲဒဏ္ရာ၊ ေနာက္ေစ့ေပါက္ၿပဲဒဏ္ရာမ်ားျဖင့္ေသဆံုး၍ သမီးျဖစ္သူ မဆုျပည့္စံုသက္ ၁၉ ႏွစ္ (ဘ)ဦးထက္ႏိုင္လြင္မွာ နဖူး၊ ယာနားထင္၊ ၀ဲပါး၊ ေမးရိုး၊ ေအာက္ႏႈတ္ခမ္း၊ ရင္အံု ေပါက္ၿပဲဒဏ္ရာတို႔ျဖင့္ ေနရာတြင္ ၎တို႔သားအမိႏွစ္ဦးေသဆံုးေနၿပီး၊ ဖခင္ျဖစ္သူ ဦးထက္ႏိုင္လြင္ ၅၂ ႏွစ္ (ဘ)ဦးမွာ ၀ဲပခံုးႏွင့္ ယာပခံု ပြန္းပဲ့ဒဏ္ရာမ်ား၊ ခါးနာ၊ ဆီးခံုေအာင့္ျပင္းထန္ဒဏ္ရာမ်ား (စိုးရိမ္ရ) ရရွိၿပီး၊

သမီးျဖစ္သူ မခ်မ္းျပည့္စံု ၂၁ ႏွစ္ (ဘ)ဦးထက္ႏိုင္လြင္မွာ ၀ဲနံရိုးနာက်င္ဒဏ္ရာ (မစိုးရိမ္ရ)၊ ဦး၀င္းေရႊ ၅၅ ႏွစ္ (ဘ)ဦးမွာ ၀ဲဘက္ျခမ္းရွိ မ်က္ခံုး၊ လက္ျပင္၊ ဒူးႏွင့္ ယာဒူး၊ ဦးေခါင္း ေပါက္ၿပဲဒဏ္ရာမ်ား(မစိုးရိမ္ရ)၊ သားျဖစ္သူ ယာဥ္ေမာင္း ၿငိမ္းထက္(ခ)ၿငိမ္းထက္ေဇာ္ ၂၆ ႏွစ္ (ဘ)ဦးထက္ႏိုင္လြင္မွာ ယာလက္ေကာက္၀တ္ ပြန္းပဲဒဏ္ရာ၊ ၀ဲဘက္ဒူးနာက်င္ဒဏ္ရာႏွင့္ နဖူးပြန္းပဲဒဏ္ရာ (မစိုးရိမ္ရ) ဒဏ္ရာမ်ား အသီးသီးရရွိသြားသျဖင့္ မတ္သီရိနာေရးကူညီမႈအသင္းကားျဖင့္ ခင္ဦးျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ကုသလ်က္ရွိၿပီး၊ ဖခင္ျဖစ္သူ ဦးထက္ႏိုင္လြင္ ၅၂ ႏွစ္ (ဘ)ဦးၾကည္လြင္မွာ ေရႊဘိုျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ကုသေနစဥ္ ညေန (၃) နာရီအခ်ိန္ခန္႔တြင္ ေသဆံုးသြားေၾကာင္း သိရသည္။

၎ျဖစ္စဥ္ႏွင့္ပတ္သက္၍ လူေသဆံုးသည္ထိေအာင္ ယာဥ္မဆင္မျခင္ေမာင္းႏွင္ေသာ ၿငိမ္းထက္ (ခ) ၿငိမ္းထက္ေဇာ္ ၂၆ ႏွစ္အား ခင္ဦးၿမိဳ႕မရဲစခန္းမွ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Chit Sann (FB)
# Unicode Version ျဖင့္ ဖတ္ပါ #
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ စက်တင်ဘာ (၁၈) ရက်နေ့ နံနက် (၁၁) နာရီခွဲခန့်က ကိုယ်ပိုင်ယာဉ်တစ်စီး တိမ်းမှောက်၍ မိသားစုဝင်သုံးဦး သေဆုံးသွားကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် လက်ပံကုန်းကျေးရွာနှင့် တမုတ်ကျေးရွာကြားရှိ ရွှေဘို-မြစ်ကြီးနား (ပြည်ထောင်စု) ကားလမ်းမကြီး မိုင်တိုင်အမှတ်- ၁၆/၅ အနီးတွင် ကိုယ်ပိုင်ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ မြို့မရဲစခန်းမှူး ဒုရဲမှူးထွဏ်းထွဏ်းဦး ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ

ရွှေဘိုမြို့မှ ကန့်ဘလူမြို့သို့ မောင်းနှင်လာသော YGN/2K TOYOTA WISH မီးခိုးရောင် အမျိုးအစား ယာဉ်မောင်း သားဖြစ်သူ ငြိမ်းထက် (ခ) ငြိမ်းထက်ဇော် ၂၆ နှစ် (ဘ) ဦးထက်နိုင်လွင် အမှတ်(၄) ရပ်ကွက်၊ ကန့်ဘလူမြို့နေသူမောင်းနှင်၍ ဖခင်ဖြစ်သူ ဦးထက်နိုင်လွင်၊ မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်မိုး၊ သမီးဖြစ်သူ မချမ်းပြည့်စုံ၊ သမီးဖြစ်သူ မဆုပြည့်စုံသက်တို့မိသားစုနှင့် ဦးဝင်းရွှေ တို့ ၆ ဦး လိုက်ပါလာစီးနင်းလာသော မော်တော်ယာဉ်သည် ဘယ်ဘက်ရှေ့ဘီးပေါက်ရာမှ လမ်းဘေးသို့ထိုးကျ၍ ထနောင်းပင်ကြီးအား ဝင်တိုက်မိသဖြင့်

မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်မိုး ၄၉ နှစ် (ဘ)ဦးမှာ ဝဲဘက်အခြမ်းရှိ နဖူး၊ နားရွက်၊ မျက်စ ပေါက်ပြဲဒဏ်ရာ၊ နောက်စေ့ပေါက်ပြဲဒဏ်ရာများဖြင့်သေဆုံး၍ သမီးဖြစ်သူ မဆုပြည့်စုံသက် ၁၉ နှစ် (ဘ)ဦးထက်နိုင်လွင်မှာ နဖူး၊ ယာနားထင်၊ ဝဲပါး၊ မေးရိုး၊ အောက်နှုတ်ခမ်း၊ ရင်အုံ ပေါက်ပြဲဒဏ်ရာတို့ဖြင့် နေရာတွင် ၎င်းတို့သားအမိနှစ်ဦးသေဆုံးနေပြီး၊ ဖခင်ဖြစ်သူ ဦးထက်နိုင်လွင် ၅၂ နှစ် (ဘ)ဦးမှာ ဝဲပခုံးနှင့် ယာပခုံ ပွန်းပဲ့ဒဏ်ရာများ၊ ခါးနာ၊ ဆီးခုံအောင့်ပြင်းထန်ဒဏ်ရာများ (စိုးရိမ်ရ) ရရှိပြီး၊

သမီးဖြစ်သူ မချမ်းပြည့်စုံ ၂၁ နှစ် (ဘ)ဦးထက်နိုင်လွင်မှာ ဝဲနံရိုးနာကျင်ဒဏ်ရာ (မစိုးရိမ်ရ)၊ ဦးဝင်းရွှေ ၅၅ နှစ် (ဘ)ဦးမှာ ဝဲဘက်ခြမ်းရှိ မျက်ခုံး၊ လက်ပြင်၊ ဒူးနှင့် ယာဒူး၊ ဦးခေါင်း ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)၊ သားဖြစ်သူ ယာဉ်မောင်း ငြိမ်းထက်(ခ)ငြိမ်းထက်ဇော် ၂၆ နှစ် (ဘ)ဦးထက်နိုင်လွင်မှာ ယာလက်ကောက်ဝတ် ပွန်းပဲဒဏ်ရာ၊ ဝဲဘက်ဒူးနာကျင်ဒဏ်ရာနှင့် နဖူးပွန်းပဲဒဏ်ရာ (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိသွားသဖြင့် မတ်သီရိနာရေးကူညီမှုအသင်းကားဖြင့် ခင်ဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိပြီး၊ ဖခင်ဖြစ်သူ ဦးထက်နိုင်လွင် ၅၂ နှစ် (ဘ)ဦးကြည်လွင်မှာ ရွှေဘိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနေစဉ် ညနေ (၃) နာရီအချိန်ခန့်တွင် သေဆုံးသွားကြောင်း သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ လူသေဆုံးသည်ထိအောင် ယာဉ်မဆင်မခြင်မောင်းနှင်သော ငြိမ်းထက် (ခ) ငြိမ်းထက်ဇော် ၂၆ နှစ်အား ခင်ဦးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Chit Sann (FB)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top