×

ပရဟိတလုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့ သရုပ္ေဆာင္ ခုိင္ႏွင္းေ၀က ပေထြးျဖစ္သူရဲ႕ အဓမၼျပဳက်င့္မႈေၾကာင့္ ကိုယ္၀န္ရသြားတဲ့ အသက္ (၁၃)ႏွစ္ အရြယ္ မိန္းကေလးကို ျပဳစုေစာင့္ေရွာက္ေပးသြားမယ္လို႔ သိရပါတယ္။

“ဧရာတီတိုင္း၊ မအူပင္ ျမိဳ႕နယ္၊ မလတ္တိုအုပ္စု၊ အလန္းအုပ္ေက်းရြာမွာေနထိုင္ၿပီး ငါးတန္းပန္တိုင္း ေက်ာင္းတြင္တက္ေရာက္ေနတဲ့ အိေရႊစင္ဝင္း အသက္ (၁၃)နွစ္အရြယ္ေကာင္မေလးကို ပေထြးျဖစ္တဲ့ ဦးမ်ိဳးေအာင္က အဓမၼျပဳက်င့္ခဲ့တာျဖစ္ပါတယ္။ အိေရႊဇင္ဝင္းအေဖ နာမည္က ဦးသန္းေရႊနဲ႔ အေမကေဒၚေဌးေဌးဝင္းျဖစ္ၿပီး မ်ိဳးေအာင္က ေဒၚေဌးေဌး၀င္းရဲ႕ ေနာက္အိမ္ေထာင္ျဖစ္တယ္လုိ႔ သိရပါတယ္။ မ်ိဳးေအာင္နဲ႔ရတာ ကေလး၃ေယာက္ရွိၿပီး (၆) ႏွစ္အရြယ္၊ (၅)နွစ္အရြယ္နဲ႔ (၆)လအရြယ္ျဖစ္ၾကပါတယ္။ မ်ိဳးေအာင္္က သူမ်ား ကန္မွာ ကန္ေစာင့္ျဖစ္ၿပီး မိန္းမက ကန္စြန္းရြက္ခူးေရာင္းတာျဖစ္ပါတယ္။ အိေရႊဇင္ဝင္းကို ျဖစ္စဥ္ေမးရာ မိခင္အိမ္မွာမရွိခ်ိန္ ကန္စြန္းရြက္သြားေရာင္းခ်ိန္ ျပဳက်င့္ တာျဖစ္ၿပီး မိခင္ကိုျပန္ေျပာလ်ွင္ ဓားနွင့္ခုတ္သတ္မည္ဟုေျပာသျဖင့္ ျပန္မေျပာခဲ့ရပါဘူး” ဆိုၿပီး ခိုင္ႏွင္းေ၀က ေကာင္မေလး အဓမၼက်င့္ခံရပံုနဲ႔ ပတ္သက္ၿပီး ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ေနာက္ပိုင္းတြင္ အဓမၼျပဳက်င့္ခံရသူအိေရႊစင္မွာ ခႏၶာကိုယ္ဖဲြ႔စည္းမႈ ပံုမွန္မဟုတ္တာေၾကာင့္ အေဒၚျဖစ္သူနွင့္ အိမ္နီးခ်င္းမ်ားက ေသြးလံုးေလလံုးဟုထင္ကာ ဗမာဆရာကိုျပရန္ တိုင္ပင္မွ ပေထြးျဖစ္သူက “ဘယ္မွသြားမျပနဲ႔ သူနဲ႔ရတဲ႔ ကိုယ္ဝန္”ဆိုၿပီး အိေရႊဇင္ရဲ ့မိခင္ျဖစ္သူကို ပေထြးမွ ဇူလိုင္လ ၁၉ရက္ေန ့ည ၇နာရီခန္႔မွာ ေျပာခဲ့တာျဖစ္ပါတယ္။ ဇူလိုင္လ ၁၁ရက္ေန ့ မနက္ပိုင္းမွာေတာ့ ရာအိမ္မွဴး ဦးအုန္းလိႈင္အိမ္ကို တိုင္တန္းရာ ရာဇဝတ္မႈမကင္းတဲ့အတြက္ ဇူလိုင္လ ၁၂ ရက္ တပ္သစ္ရဲစခန္းမွာ ပုဒ္မ ၃၇၆ ၃၆၃(ပ)၂၇၇/၂၀၁၈နဲ႔အမႈဖြင့္ထားတယ္လို႔သိရပါတယ္။

အဆိုပါအေၾကာင္းကို တြံေတးၿမိဳ႕ရွိ ခိုင္ႏွင္းေဝပရဟိတရဲ႕ကိုယ္စားလွယ္ မႏိုင္ႏိုင္ေမာ္ထံမွတဆင့္ ခိုင္ႏွင္းေ၀ ပရဟိတဆီသို႔ ေရာက္လာတာျဖစ္ၿပီး လက္ရွိတြင္ ခိုင္ႏွင္းေ၀က စားဝတ္ေနေရးနဲ႔ က်န္းမာေရးအဆင္ေျပေအာင္ ကူညီေပးေနသလို အမႈကိစၥကိုလည္း သမီးေလးဘက္က မားမားမတ္မတ္ရပ္တည္ ကူညီေပးမယ္လို႔ သိရပါတယ္။

သရုပ္ေဆာင္ခုိင္ႏွင္းေ၀က ပရဟိတဆိုရင္ လက္မေႏွးတဲ့သူတစ္ဦးျဖစ္သလို သူမက အဓမၼက်င့္ခံလိုက္ရၿပီး ကိုယ္၀န္ရွိသြားတဲ့ အမ်ိဳးသမီးေလးေတြကို ျပဳစုေစာင့္ေရွာက္ေပးၿပီး ေမြးလာတဲ့ကေလးေလးေတြကိုလည္း ထိန္းသိမ္းေစာင့္ေရွာက္ေပးေနတဲ့ ပရဟိတအဖြဲ ့အစည္းတစ္ခုလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  We Love Cele

#Unicode Version#
ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ပထွေးဖြစ်သူရဲ့ အဓမ္မပြုကျင့်မှုကြောင့် ကိုယ်ဝန်ရသွားတဲ့ အသက် (၁၃)နှစ် အရွယ် မိန်းကလေးကို ပြုစုစောင့်ရှောက်ပေးသွားမယ်လို့ သိရပါတယ်။

“ဧရာတီတိုင်း၊ မအူပင် မြို့နယ်၊ မလတ်တိုအုပ်စု၊ အလန်းအုပ်ကျေးရွာမှာနေထိုင်ပြီး ငါးတန်းပန်တိုင်း ကျောင်းတွင်တက်ရောက်နေတဲ့ အိရွှေစင်ဝင်း အသက် (၁၃)နှစ်အရွယ်ကောင်မလေးကို ပထွေးဖြစ်တဲ့ ဦးမျိုးအောင်က အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။ အိရွှေဇင်ဝင်းအဖေ နာမည်က ဦးသန်းရွှေနဲ့ အမေကဒေါ်ဌေးဌေးဝင်းဖြစ်ပြီး မျိုးအောင်က ဒေါ်ဌေးဌေးဝင်းရဲ့ နောက်အိမ်ထောင်ဖြစ်တယ်လို့ သိရပါတယ်။ မျိုးအောင်နဲ့ရတာ ကလေး၃ယောက်ရှိပြီး (၆) နှစ်အရွယ်၊ (၅)နှစ်အရွယ်နဲ့ (၆)လအရွယ်ဖြစ်ကြပါတယ်။ မျိုးအောင်က သူများ ကန်မှာ ကန်စောင့်ဖြစ်ပြီး မိန်းမက ကန်စွန်းရွက်ခူးရောင်းတာဖြစ်ပါတယ်။ အိရွှေဇင်ဝင်းကို ဖြစ်စဉ်မေးရာ မိခင်အိမ်မှာမရှိချိန် ကန်စွန်းရွက်သွားရောင်းချိန် ပြုကျင့် တာဖြစ်ပြီး မိခင်ကိုပြန်ပြောလျှင် ဓားနှင့်ခုတ်သတ်မည်ဟုပြောသဖြင့် ပြန်မပြောခဲ့ရပါဘူး” ဆိုပြီး ခိုင်နှင်းဝေက ကောင်မလေး အဓမ္မကျင့်ခံရပုံနဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

နောက်ပိုင်းတွင် အဓမ္မပြုကျင့်ခံရသူအိရွှေစင်မှာ ခန္ဓာကိုယ်ဖွဲ့စည်းမှု ပုံမှန်မဟုတ်တာကြောင့် အဒေါ်ဖြစ်သူနှင့် အိမ်နီးချင်းများက သွေးလုံးလေလုံးဟုထင်ကာ ဗမာဆရာကိုပြရန် တိုင်ပင်မှ ပထွေးဖြစ်သူက “ဘယ်မှသွားမပြနဲ့ သူနဲ့ရတဲ့ ကိုယ်ဝန်”ဆိုပြီး အိရွှေဇင်ရဲ့မိခင်ဖြစ်သူကို ပထွေးမှ ဇူလိုင်လ ၁၉ရက်နေ့ည ၇နာရီခန့်မှာ ပြောခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ ၁၁ရက်နေ့ မနက်ပိုင်းမှာတော့ ရာအိမ်မှူး ဦးအုန်းလှိုင်အိမ်ကို တိုင်တန်းရာ ရာဇဝတ်မှုမကင်းတဲ့အတွက် ဇူလိုင်လ ၁၂ ရက် တပ်သစ်ရဲစခန်းမှာ ပုဒ်မ ၃၇၆ ၃၆၃(ပ)၂၇၇/၂၀၁၈နဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။

အဆိုပါအကြောင်းကို တွံတေးမြို့ရှိ ခိုင်နှင်းဝေပရဟိတရဲ့ကိုယ်စားလှယ် မနိုင်နိုင်မော်ထံမှတဆင့် ခိုင်နှင်းေ၀ ပရဟိတဆီသို့ ရောက်လာတာဖြစ်ပြီး လက်ရှိတွင် ခိုင်နှင်းဝေက စားဝတ်နေရေးနဲ့ ကျန်းမာရေးအဆင်ပြေအောင် ကူညီပေးနေသလို အမှုကိစ္စကိုလည်း သမီးလေးဘက်က မားမားမတ်မတ်ရပ်တည် ကူညီပေးမယ်လို့ သိရပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေက ပရဟိတဆိုရင် လက်မနှေးတဲ့သူတစ်ဦးဖြစ်သလို သူမက အဓမ္မကျင့်ခံလိုက်ရပြီး ကိုယ်ဝန်ရှိသွားတဲ့ အမျိုးသမီးလေးတွေကို ပြုစုစောင့်ရှောက်ပေးပြီး မွေးလာတဲ့ကလေးလေးတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  We Love Cele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top