iMyanmarHouse.com - Best Property Website for Myanmar
×











# Unicode Version ဖြင့် ဖတ်ပါ #
 နိုင်ငံကျော် ရုပ်ရှင် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဇင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် မေသန်းနုတို့ဟာဆိုရင် အမေရိကန် နိုင်ငံမှာ ပညာသင်ကြားနေတဲ့ သားလေး မင်းသန့်မောင်မောင် ရဲ့ ကျောင်းဆင်းပွဲကိုရောက်ရှိနေကြတာပဲ ဖြစ်ပါတယ်။မင်းသန့်မောင်မောင်က သူ့ရဲ့ ကျောင်းဆင်းလက်ရာ ဇာတ်ကားကို Warnner Bros မှာ ပြသခွင့်ရရှိတာကြောင့် မိဘနှစ်ပါးဖြစ်တဲ့ ဇင်ရော်မောင်မောင်နဲ့ မေသန်းနုတို့က တက်ရောက်ခဲ့ ကြပြီး ဘွဲ့ယူတဲ့ အခမ်းအနားကိုလည်း ဖခင်နဲ့ မိခင်တို့က ဂုဏ်ယူစွာဖြင့်တက်ရောက်ခဲ့ ကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေ အတွက် မင်းသန့်မောင်မောင် တို့မိသားစုပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


မင်းသန့်မောင်မောင်က အမေရိကန်နိုင်ငံ New York Film Academy ကျောင်းမှချီးမြင့်တဲ့ Bachelor of Fine Arts in Filmmaking ဘွဲ့ ကိုရရှိသွားပြီဖြစ်ပါတယ်။ ဘွဲ့ယူတဲ့အခမ်းအနားကို မိဘနှစ်ပါးဖြစ်တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင် ၊ မေသန်းနု တို့ ဂုဏ်ယူဝမ်းမြောက်စွာတက်ရောက်ခဲ့သလို အမေရိကန်နိုင်ငံ မှာနေထိုင်နေတဲ့ ဇူးဇူးမောင် လဲ တက်ရောက်ခဲ့ပါတယ်။

သားလေး မင်းသန့်မောင်မောင်ဘွဲ့ယူတဲ့ နေ့လေးမှာ ပျော်ရွှင်နေကြတဲ့ မိဘနှစ်ဦးရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျမှာပါ။ ကြည့်ရှု့ပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit – http://bahuthuta.net
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top