ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×
ည ( ၁ ) နာရီထိုးလောက်မှ ဆေးရုံအုပ်ကြီး ရောက်လာတယ် လူနာကို ကြည့်တယ်အဲ့ကျမှ ခွဲမယ် လက်မှတ်ထိုးဆိုပြီးပြေတယ် ပြီးတော့ လူကြီးရော ကလေးပါ တာဝန်မယူနိုင်ဘူးလို့ ပြောတော့ ကျွန်တော်လည်း ဇနီးအတွက် အရမ်းစိတ်ပူပြီး ပြည်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပရဟိတကားနဲ့ သွားတယ် ပြည်ဆေးရုံကို သွားတော့ ဝန်ထမ်းတွေ အားလုံးနွေးနွေးထွေးထွေး ကြိုဆိုကျတယ် လူနာက အားနည်းနေတယ်ခွဲစိတ်ဖို့ ပြင်တယ် နောက်ဆုံးတော့ ဇနီးနဲ့သမီးငယ်လေး အသက်ဆုံးရှုံးခဲ့ရတယ်ဗျာဟု ၎င်း က ဆိုသည်။
ကျွန်တော်ဆေးရုံကို ရောက်တဲ့အချိန်မှာ သူနာပြုဆရာမတွေ Myanmar idol ကြည့်တာ မတွေ့ရပါဘူး တခါတလေ လူရှင်းတဲ့အခါကျရင် TV ဖွင့်ထားတက်ပါတယ်ဟု ရွှေတောင်မြို့နယ် ဆရာဝန်ကြီး ဦးကျော်နိုင်မှ ပြောသည်။
သေဆုံးသူ မနီနီလွင်သည် ၄၃ နှစ် အရွယ်ရှိပြီး ယခု ကိုယ်ဝန်မှာ ၇ ယောက်မြောက် ဖြစ်သည်။
ပထမဆုံး( ၆ ) ယောက်ကို မွေးတုန်းက ချောချောမောမော မွေးနိုင်ခဲ့တယ်ယခု ( ၇ ) ယောက်မြောက် ကိုယ်ဝန်လွယ် ချိန်မှာ ရောဂါတစုံတရာ မရှိဘူးဟု မိသားစုဝင်များက ပြောသည်။
သတင်း/ဓါတ်ပုံ
Credit: နိုင်လင်း/ ဝေဇင်ကြည်
#Unicode Version#
ရွှေတောင်ဆေးရုံတွင် သြဂုတ်လ ၂ ရက် နေ့က မီးဖွားရန်ရောက်ရှီလာသော စကိုင်းကျွန်းကျေးရွာမှာမနိနိလွင်ကိုတာဝန်ရှိသူများမှလူနာအားဂရုမစိုက် ပဲမြန်မာအိုင်ဒေါကိုသာစိတ်ဝင်တစားကြည့်ရှုနေ့သဖြင့်ကလေးနှင့်မိခင်အသက်ဆုံးရှုံးသည့်ဟုဆိုကာဆေးရုံမှတာဝန်ရှိသူများကိုအရေးယူပေးရန် ရွှေတောင်မြို့ကြေးနီကန်ရပ်ကွက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းမှတဆင့် သေဆုံးသူ၏ မိသားစုဝင်များက တောင်းဆိုလိုက်သည်။
မြန်မာအိုင်ဒေါ့ကိုကြည့်ပြီးတော့ဂရုမစိုက်လို့ကလေးကောအမေပါသေရတာပါတာဝန်ကျဆရာဝန်တွေကိုပြောင်းစေချင်တယ်ဟု ယမန်နေ့ကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်သေဆုံးသူ၏ယောင်းမဖြစ်သူကပြောသည်။
၂ – ၈ – ၂၀၁၈ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ ကျွန်တော်ရဲ့ ဇနီး ဗိုက်နာလာဒါနဲ့ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံကို သွားတော့ ချက်ခြင်းပဲ လက်ထောက် ဆရာဝန်လေး ရောက်လာပြီး ကြည့်တယ်။ လူကြီးပဲ ရမယ် ကလေးတော့ တာဝန်မယူနိူင်ဘူးလို့ ပြောတယ် အဲ့ဒါနဲ့ ကျွန်တော်လည်း မွေးခန်းအဝမှာ ထိုင်စောင့်နေတယ်။
ကျွန်တော်ဇနီးရဲ့ တူမတော်စပ်သူ အေးအေးမော် ၊ ထက်ထက်ဝေတို့ကတော့ မွေးခန်းထဲမှာစောင့်နေတယ် ပထမအကြိမ် ဗိုက်အရမ်းနာလာလို့ သူနာပြုတွေကို သွားခေါ်တော့ သူတို့က Myanmar idol ကြည့်နေတယ် ခေါင်းထွက်မှ လာခေါ်ဆိုပြီး အော်ငေါက်လွှတ်ပါတယ်။ အဲ့ဒီနောက်မှာ ကျနော် ရဲ့ဇနီးဟာ အသက်ရှု မမှန်တော့ဘူး အရမ်းမောလာတာကြောင့် နောက်တခါသွားခေါ်တော့လည်း TV အကြည့်မပျက်ဘူး ခေါင်းထွက်မှ လာခေါ်ပြောတာ နားမလည်ဘူးလားဆိုပြီး အော်လွှတ်ပြန်တယ်ကျွန်တော်တို့လည်း စိတ်ထဲမကောင်းဘူး ဒီအတိုင်းပဲ ထိုင်စောင့်နေလိုက်တယ်ဟု ဦးဇော်မင်းဦးမှ Bago Weekly သို့ ပြောသည်။
ည ( ၁ ) နာရီထိုးလောက်မှ ဆေးရုံအုပ်ကြီး ရောက်လာတယ် လူနာကို ကြည့်တယ်အဲ့ကျမှ ခွဲမယ် လက်မှတ်ထိုးဆိုပြီးပြေတယ် ပြီးတော့ လူကြီးရော ကလေးပါ တာဝန်မယူနိူင်ဘူးလို့ ပြောတော့ ကျွန်တော်လည်း ဇနီးအတွက် အရမ်းစိတ်ပူပြီး ပြည်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပရဟိတကားနဲ့ သွားတယ် ပြည်ဆေးရုံကို သွားတော့ ဝန်ထမ်းတွေ အားလုံးနွေးနွေးထွေးထွေး ကြိုဆိုကျတယ် လူနာက အားနည်းနေတယ်ခွဲစိတ်ဖို့ ပြင်တယ် နောက်ဆုံးတော့ ဇနီးနဲ့သမီးငယ်လေး အသက်ဆုံးရှုံးခဲ့ရတယ်ဗျာဟု ၎င်း က ဆိုသည်။
ကျွန်တော်ဆေးရုံကို ရောက်တဲ့အချိန်မှာ သူနာပြုဆရာမတွေ Myanmar idol ကြည့်တာ မတွေ့ရပါဘူး တခါတလေ လူရှင်းတဲ့အခါကျရင် TV ဖွင့်ထားတက်ပါတယ်ဟု ရွှေတောင်မြို့နယ် ဆရာဝန်ကြီး ဦးကျော်နိူင်မှ ပြောသည်။
ဒီကလေးဟာ တင်ပဆုံဖွါးမှန်း ဆရာမတွေ သိပတယ်လူနာရှင်တွေဘက်က ခေါင်းမထွက်ခင် လာမခေါ်ပါနဲ့ဆိုတာ ဖြစ်နိူင်စရာ အကြောင်းတော့ မရှိဘူးဗျ ရွှေတောင်ဆေးရုံကနေ ပြည်ဆေးရုံကို သွားတော့လည်း အေးဆေးပါဘာပြဿနာမှ မရှိဘူးအာမခံသလား လူနာတွေက မေးတော့ကျွန်တော်တို့ကတော့ ဘယ်သူကိုမှ အာမမခံပါဘူး ကျွန်တော်တက်နိူင်သလောက်လုပ်နေပါတယ်။ ကျွန်တော်တို့ဆေးရုံက အထူးကုဆေးရုံမဟုတ်ပါဘူးအထူးကုဆရာဝန်လည်း မရှိဘူးရိုးရိုး ဆရာဝန်တွေပဲ ရှိပါတယ်ဟု ၎င်း က ဆိုသည်။
သေဆုံးသူ မနီနီလွင်သည် ၄၃ နှစ် အရွယ်ရှိပြီး ယခု ကိုယ်ဝန်မှာ ရ ယောက်မြောက် ဖြစ်သည်။
ပထမဆုံး( ၆ ) ယောက်ကို မွေးတုန်းက ချောချောမောမော မွေးနိူင်ခဲ့တယ်ယခု ( ရ ) ယောက်မြောက် ကိုယ်ဝန်လွယ် ချိန်မှာ ရောဂါတစုံတရာ မရှိဘူးဟု မိသားစုဝင်များက ပြောသည်။
သတင်း/ဓါတ်ပုံ
ဖိုးသူတော် (www.phothutaw.com)
Credit: နိူင်လင်း/ ဝေဇင်ကြည်
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top