ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ယေန႔ေခတ္မွာေတာ့ ေရခ်ိဳးျခင္း ဟာ တစ္ကိုယ္ရည္သန္႔ရွင္းျခင္းထက္ ဇိမ္ခံျခင္း၊ လွပေစျခင္း ႏွင့္အသားအရည္ ထိန္းသိမ္းဖို ့အတြက္ အလြန္အေရးပါတယ္လို ့သိရပါတယ္။ ေနစဥ္လုပ္ငန္းေဆာင္တာေတြမွာ မွားယြင္းမႈေတြရွိေနခဲ့ပါတယ္။ ဒါေၾကာင့္ ေရခ်ိဳးျခင္းနဲ႔ ပတ္သတ္ၿပီး မွားယြင္းတဲ့လုပ္ေဆာင္မႈေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အရမ္းပူတဲ့ေရနဲ႕ ေရခ်ိဳးျခင္:
ေရခ်ိဳးတဲ့အခါ အပူခ်ိန္လြန္ကဲစြာနဲ႔ အသံုးျပဳျခင္းဟာ ဆိုးရြားတဲ့သက္ေရာက္မႈေတြ ျဖစ္ေစတတ္ပါတယ္။ ဒါေၾကာင့္ အပူခ်ိန္ကို ၉၅-၁၀၄ ဒီဂရီဖာရင္ဟိုက္ (ခန္႔မွန္းေျခ ၃၅ နဲ႔ ၄၅ ဒီဂရီစင္တီဂရိတ္) မွာ ထားသင့္ပါတယ္။ ေရအပူခ်ိန္ ျမင့္မားျခင္းေၾကာင့္ ခႏၶာကိုယ္အေရျပားပ်က္စီးျခင္း၊ အေရးအေၾကာင္းေတြျဖစ္ျခင္း စတဲ့ဆိုက်ိဳးေတြကို ခံစားရႏိုင္ပါတယ္။ ေရအပူခ်ိန္ျမင့္မားတာနဲ႔အမွ် ကၽြန္ေတာ္တို႔အေရျပားက အဆီေတြကို ကုန္ခမ္းေစၿပီး အသားအေရ ေျခာက္ေသြ႕ျခင္း ၊ ကိုယ္အဂၤါအစိတ္အပိုင္းေတြ ထိခိုက္ျခင္း စတာေတြကို ၾကံဳေတြ႔ႏိုင္ပါတယ္။ ဒါေတြအျပင္ ေသြးစီးဆင္းမႈကို တိုးေစၿပီး ေရာဂါပိုးကူးစက္ခံရမႈနဲ႕ အေရးျပားမွာ အနီကြက္ထျခင္းလို အေရျပားေရာဂါေတြကို ပိုမိုျဖစ္ေစႏိုင္ပါတယ္။

၂။ အျမွဳပ္ထေစတဲ့ ထုတ္ကုန္ေတြကို ႀကိမ္ဖန္မ်ားစြာ အသံုးျပဳျခင္း
အျမွဳပ္ထေစတဲ့ ဆပ္ျပာ၊ ေခါင္းေလွ်ာ္ရည္စတာေတြကို ႀကိမ္ဖန္မ်ားစြာ သံုးျခင္းဟာ အေရျပားကိုကာကြယ္ေပးတဲ့ အလႊာကိုပေပ်ာက္ေစျခင္းေၾကာင့္ ေျခာက္ေသြ႕ၾကမ္းတမ္းျခင္းကို ျဖစ္ေစတတ္ပါတယ္။ ဒါေၾကာင့္ ဘက္တီးရီးယားေတြကို ကာကြယ္ေပးဖို႔ ဆပ္ျပာကို သံုးသင့္ေပမယ့္ ေန႔စဥ္အလြန္အကၽြံသံုးတတ္တဲ့ အေလ့အထကိုေတာ့ ဆင္ျခင္သင့္ပါတယ္။

၃။ ေရအၾကာႀကီးခ်ိဳးျခင္း
ေရကို အၾကာႀကီးခ်ိဳးျခင္းဟာလည္း အေရျပားကိုေျခာက္ေသြ႕ေစတတ္တဲ့ ေနာက္ထပ္အမွားတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ ဆယ္မိနစ္ဆိုတဲ့အခ်ိန္ဟာ ေရခ်ိဳးျခင္းအတြက္ လံုေလာက္တာထက္ကို ပိုေနပါေသးတယ္။ အခ်ိန္ၾကာျမင့္စြာေရခ်ိဳးျခင္းေၾကာင့္ အေရျပားနီျခင္း ပ်က္စီးလြယ္ျခင္းတို႔ကို ျဖစ္ေစတတ္တာေၾကာင့္ ေရခ်ိဳးခန္းထဲမွာ အၾကာႀကီးေရခ်ိဳးျခင္းကို ေရွာင္ရွားပါ။

၄။ ေရျမွဳပ္အေဟာင္းေတြ သံုးျခင္း
ေရျမွဳပ္အေဟာင္းေတြဟာ သင္ထင္ထားသလို ဆပ္ျပာနဲ႔ထိေတြ႔ျခင္းေၾကာင့္ စိတ္ခ်ရမွာ မဟုတ္ပဲ ဘက္တီးရီးယားေျမာက္ျမားစြာ ခိုေအာင္းေနတတ္ပါတယ္။ ဒါေၾကာင့္ လစဥ္ေရျမွဳပ္အသစ္ကိုလဲလွယ္ေပးသင့္ၿပီး သင္ေရခ်ိဳးၿပီးတဲ့အခါတိုင္း ေရျမွဳပ္ကိုေျခာက္ေသြ႕ေအာင္ ထားဖို႔မေမ့ပါနဲ႔။

၅။ အလြန္အကၽြံေျခာက္ေသြ႕ေစျခင္းႏူးညံ့ပါတယ္ဆိုတဲ့ သဘက္တထည္က သင့္ရဲ႕အေရျပားအစိုဓါတ္ကို ပိုေကာင္းေစၿပီး ပိုမိုေခ်ာမြတ္ေစတယ္လို႔ ထင္ပါသလား။ သင့္ရဲ႕ခႏၶာကိုယ္ကိုေျခာက္ေသြ႕ဖို႔အတြက္ သဘက္နဲ႕အလြန္အကၽြံပြတ္သပ္ဖို႔ မလိုအပ္ပါဘူး။ ဒါေၾကာင့္ သဘက္နဲ႔အရမ္းပြတ္သပ္ျခင္းကိုေရွာင္ရွားသင့္သလို အခ်ိန္ၾကာျမင့္စြာ သဘက္နဲ႔ပြတ္သပ္ျခင္းကိုလည္း ေရွာင္ရွွားသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ၾကဴသင္း (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ယနေ့ခေတ်မှာတော့ ရေချိုးခြင်း ဟာ တစ်ကိုယ်ရည်သန့်ရှင်းခြင်းထက် ဇိမ်ခံခြင်း၊ လှပစေခြင်း နှင့်အသားအရည် ထိန်းသိမ်းဖို့အတွက် အလွန်အရေးပါတယ်လို့သိရပါတယ်။ နေစဉ်လုပ်ငန်းဆောင်တာတွေမှာ မှားယွင်းမှုတွေရှိနေခဲ့ပါတယ်။ ဒါကြောင့် ရေချိုးခြင်းနဲ့ ပတ်သတ်ပြီး မှားယွင်းတဲ့လုပ်ဆောင်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အရမ်းပူတဲ့ရေနဲ့ ရေချိုးခြင်:
ရေချိုးတဲ့အခါ အပူချိန်လွန်ကဲစွာနဲ့ အသုံးပြုခြင်းဟာ ဆိုးရွားတဲ့သက်ရောက်မှုတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အပူချိန်ကို ၉၅-၁၀၄ ဒီဂရီဖာရင်ဟိုက် (ခန့်မှန်းခြေ ၃၅ နဲ့ ၄၅ ဒီဂရီစင်တီဂရိတ်) မှာ ထားသင့်ပါတယ်။ ရေအပူချိန် မြင့်မားခြင်းကြောင့် ခန္ဓာကိုယ်အရေပြားပျက်စီးခြင်း၊ အရေးအကြောင်းတွေဖြစ်ခြင်း စတဲ့ဆိုကျိုးတွေကို ခံစားရနိုင်ပါတယ်။ ရေအပူချိန်မြင့်မားတာနဲ့အမျှ ကျွန်တော်တို့အရေပြားက အဆီတွေကို ကုန်ခမ်းစေပြီး အသားအရေ ခြောက်သွေ့ခြင်း ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ခြင်း စတာတွေကို ကြုံတွေ့နိုင်ပါတယ်။ ဒါတွေအပြင် သွေးစီးဆင်းမှုကို တိုးစေပြီး ရောဂါပိုးကူးစက်ခံရမှုနဲ့ အရေးပြားမှာ အနီကွက်ထခြင်းလို အရေပြားရောဂါတွေကို ပိုမိုဖြစ်စေနိုင်ပါတယ်။

၂။ အမြှုပ်ထစေတဲ့ ထုတ်ကုန်တွေကို ကြိမ်ဖန်များစွာ အသုံးပြုခြင်း
အမြှုပ်ထစေတဲ့ ဆပ်ပြာ၊ ခေါင်းလျှော်ရည်စတာတွေကို ကြိမ်ဖန်များစွာ သုံးခြင်းဟာ အရေပြားကိုကာကွယ်ပေးတဲ့ အလွှာကိုပပျောက်စေခြင်းကြောင့် ခြောက်သွေ့ကြမ်းတမ်းခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဘက်တီးရီးယားတွေကို ကာကွယ်ပေးဖို့ ဆပ်ပြာကို သုံးသင့်ပေမယ့် နေ့စဉ်အလွန်အကျွံသုံးတတ်တဲ့ အလေ့အထကိုတော့ ဆင်ခြင်သင့်ပါတယ်။

၃။ ရေအကြာကြီးချိုးခြင်း
ရေကို အကြာကြီးချိုးခြင်းဟာလည်း အရေပြားကိုခြောက်သွေ့စေတတ်တဲ့ နောက်ထပ်အမှားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဆယ်မိနစ်ဆိုတဲ့အချိန်ဟာ ရေချိုးခြင်းအတွက် လုံလောက်တာထက်ကို ပိုနေပါသေးတယ်။ အချိန်ကြာမြင့်စွာရေချိုးခြင်းကြောင့် အရေပြားနီခြင်း ပျက်စီးလွယ်ခြင်းတို့ကို ဖြစ်စေတတ်တာကြောင့် ရေချိုးခန်းထဲမှာ အကြာကြီးရေချိုးခြင်းကို ရှောင်ရှားပါ။

၄။ ရေမြှုပ်အဟောင်းတွေ သုံးခြင်း
ရေမြှုပ်အဟောင်းတွေဟာ သင်ထင်ထားသလို ဆပ်ပြာနဲ့ထိတွေ့ခြင်းကြောင့် စိတ်ချရမှာ မဟုတ်ပဲ ဘက်တီးရီးယားမြောက်မြားစွာ ခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့် လစဉ်ရေမြှုပ်အသစ်ကိုလဲလှယ်ပေးသင့်ပြီး သင်ရေချိုးပြီးတဲ့အခါတိုင်း ရေမြှုပ်ကိုခြောက်သွေ့အောင် ထားဖို့မမေ့ပါနဲ့။

၅။ အလွန်အကျွံခြောက်သွေ့စေခြင်းနူးညံ့ပါတယ်ဆိုတဲ့ သဘက်တထည်က သင့်ရဲ့အရေပြားအစိုဓါတ်ကို ပိုကောင်းစေပြီး ပိုမိုချောမွတ်စေတယ်လို့ ထင်ပါသလား။ သင့်ရဲ့ခန္ဓာကိုယ်ကိုခြောက်သွေ့ဖို့အတွက် သဘက်နဲ့အလွန်အကျွံပွတ်သပ်ဖို့ မလိုအပ်ပါဘူး။ ဒါကြောင့် သဘက်နဲ့အရမ်းပွတ်သပ်ခြင်းကိုရှောင်ရှားသင့်သလို အချိန်ကြာမြင့်စွာ သဘက်နဲ့ပွတ်သပ်ခြင်းကိုလည်း ရှောင်ရှှားသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  ကြူသင်း (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top