iMyanmarHouse.com - Best Property Website for Myanmar
×

လား႐ိႈးၿမိဳ႕နယ္မွ မိုးကုတ္ၿမိဳ႕နယ္သို႔ အစိုင္း (၂၇ ႏွစ္) ေမာင္းႏွင္လာေသာ SURF ယာဥ္ကို စက္တင္ဘာ ၉ ရက္ နံနက္ပိုင္းတြင္ လယ္ႀကီးစစ္ေဆးေရးဂိတ္၌ မိုးကုတ္ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမွ ဒုတိယရဲမွဴး ေအာင္ႏိုင္ဝင္း ဦးစီးတပ္ဖြဲ႕ဝင္မ်ားက ရပ္တန္႔စစ္ေဆးရာ ယာဥ္ေပၚတြင္ အိုက္ရီ (၁၈ ႏွစ္)၊ အိုက္န(၂၂ ႏွစ္)ႏွင့္ အိုက္တီ(ခ) ေက်ာ္စိန္(၃၀ ႏွစ္) တို႔ လိုက္ပါလာေၾကာင္း ေတြ႕ရွိရသည္။

ယာဥ္ကို ဆက္လက္ရွာေဖြစစ္ေဆးရာ ယာဥ္၏ေနာက္ခန္းတြင္ ကတ္ထူစကၠဴပံုး သံုးပံုးျဖင့္ထည့္လ်က္ ဘိန္းျဖဴဟုယူဆရေသာ ေရာင္စံုဆပ္ျပာခြက္ ၃၈၂ ခြက္ စုစုေပါင္း အေလးခ်ိန္ ၄၅၈၄ ဂရမ္ (တန္ဖိုးေငြက်ပ္ ၄၅၈၄ သိန္း)ႏွင့္ ကားေခါင္မိုး မ်က္ႏွာၾကက္ၾကားတြင္ ၾကြပ္ၾကြပ္အိတ္ ငါးအိတ္ျဖင့္ထုပ္လ်က္ တစ္ထုပ္လွ်င္ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၂၀ဝ စီထည့္ထားသည့္ အိတ္ေပါင္း ၁၄၆ ထုပ္ စုစုေပါင္း စိတ္ၾကြ႐ူးသြပ္ေဆးျပား ၂၉၂၀ဝ (တန္ဖိုးေငြက်ပ္ ၈၇၆ သိန္း)၊ ဘိန္းျဖဴႏွင့္ စိတ္ၾကြ႐ူးသြပ္ေဆးျပား စုစုေပါင္း တန္ဖိုးေငြက်ပ္ သိန္း ၅၄၆၀ ကို ရွာေဖြေတြ႕ရွိသျဖင့္ သိမ္းဆည္းခဲ့သည္။

မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္လာေသာ အစိုင္း၊ အိုက္ရီ၊ အိုက္န၊ အိုက္တီ(ခ)ေက်ာ္စိန္တို႔ ေလးဦးကို အေရးယူေဆာင္ရြက္ေပးရန္ ဒုတိယရဲအုပ္ ဆန္းလြင္ကတရားလိုျပဳလုပ္တိုင္ၾကားသျဖင့္ မိုးကုတ္ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားရွိၿပီး ကြင္းဆက္ပတ္သက္သူမ်ားကို ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေက်ာ္ေဇယ်ာျမင့္(မိုးကုတ္)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

#Unicode Version#

လားရှိုးမြို့နယ်မှ မိုးကုတ်မြို့နယ်သို့ အစိုင်း (၂၇ နှစ်) မောင်းနှင်လာသော SURF ယာဉ်ကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် လယ်ကြီးစစ်ဆေးရေးဂိတ်၌ မိုးကုတ်မြို့နယ် မြို့မရဲစခန်းမှ ဒုတိယရဲမှူး အောင်နိုင်ဝင်း ဦးစီးတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် အိုက်ရီ (၁၈ နှစ်)၊ အိုက်န(၂၂ နှစ်)နှင့် အိုက်တီ(ခ) ကျော်စိန်(၃၀ နှစ်) တို့ လိုက်ပါလာကြောင်း တွေ့ရှိရသည်။

ယာဉ်ကို ဆက်လက်ရှာဖွေစစ်ဆေးရာ ယာဉ်၏နောက်ခန်းတွင် ကတ်ထူစက္ကူပုံး သုံးပုံးဖြင့်ထည့်လျက် ဘိန်းဖြူဟုယူဆရသော ရောင်စုံဆပ်ပြာခွက် ၃၈၂ ခွက် စုစုပေါင်း အလေးချိန် ၄၅၈၄ ဂရမ် (တန်ဖိုးငွေကျပ် ၄၅၈၄ သိန်း)နှင့် ကားခေါင်မိုး မျက်နှာကြက်ကြားတွင် ကြွပ်ကြွပ်အိတ် ငါးအိတ်ဖြင့်ထုပ်လျက် တစ်ထုပ်လျှင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ စီထည့်ထားသည့် အိတ်ပေါင်း ၁၄၆ ထုပ် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၉၂၀ဝ (တန်ဖိုးငွေကျပ် ၈၇၆ သိန်း)၊ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၅၄၆၀ ကို ရှာဖွေတွေ့ရှိသဖြင့် သိမ်းဆည်းခဲ့သည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော အစိုင်း၊ အိုက်ရီ၊ အိုက်န၊ အိုက်တီ(ခ)ကျော်စိန်တို့ လေးဦးကို အရေးယူဆောင်ရွက်ပေးရန် ဒုတိယရဲအုပ် ဆန်းလွင်ကတရားလိုပြုလုပ်တိုင်ကြားသဖြင့် မိုးကုတ်မြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်ထားရှိပြီး ကွင်းဆက်ပတ်သက်သူများကို ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကျော်ဇေယျာမြင့်(မိုးကုတ်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top