ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×






































 ဘယ္လိုေနေန ခ်စ္ဖို႕ေကာင္းတယ္ေနာ္။
အစခံရတဲ့ အရြယ္ကို ေရာက္လာၿပီျဖစ္တဲ့ ေဖြးေဖြးတစ္ေယာက္ အပ်ိဳႀကီးလို႕ အေခၚခံရတဲ့ ဘယ္လိုခံစားရလဲဆိုတာေလးကိုလည္း ယခုလို ေျပာျပထားပါတယ္။

သရုပ္ေဆာင္ အကယ္ဒမီ မင္းသမီးေခ်ာေလး ေဖြးေဖြးက ၾသဂုတ္လ(၉) ရက္ေန႕က အသက္(၃၀) ျပည့္သြားခဲ့တာပါ။ အသက္(၃၀) ျပည့္သြား ၿပီျဖစ္တဲ့ ေဖြးေဖြးကို မိတ္ေဆြသူငယ္ခ်င္းေတြက အပ်ိဳႀကီးဆိုၿပီးစေနာက္ေခၚတာေတြ ရွိတယ္လို႕ သိရပါတယ္။ အစခံရတဲ့ အရြယ္ကို ေရာက္လာၿပီျဖစ္တဲ့ ေဖြးေဖြးတစ္ေယာက္ အပ်ိဳႀကီးလို႕ အေခၚခံရတဲ့ ဘယ္လိုခံစားရလဲဆိုတာေလးကိုလည္း ယခုလို ေျပာျပထားပါတယ္။


"အသက္တစ္ႏွစ္ႀကီးသြားတဲ့အေပၚကေတာ့ အစခံရတဲ့ အရြယ္ကို ေရာက္လာတာေပ့ါေနာ္။ အပ်ိဳႀကီး အပ်ိဳႀကီးဆိုၿပီး စတယ္။ တစ္ေယာက္ ေယာက္ မဂၤလာေဆာင္ သြားရင္ နင့္အလွည့္ဘယ္ေတာ့လဲ ဆိုၿပီး အစခံရတာေတြရွိတယ္။ ဒါကေတာ့ ပတ္ဝန္းက်င္က ျပဳမႈတဲ့ေဖြးအေပၚ ဆက္ဆံတဲ့ ပံုပဲ ေျပာင္းသြားတာပါ။ ေဖြးကေတာ့ အသက္(၁)ႏွစ္ႀကီးသြားေပမယ့္လည္း ဒီစိတ္ပါပဲ။ အပ်ိဳႀကီးလို႕ကေတာ့ ေခၚမွာပဲေပ့ါေနာ္။ ကိုယ္ကလည္း အပ်ိဳႀကီးကို ဘာမွေတာ့ မျဖစ္ပါဘူး။ အေပ်ာ္ေပ့ါ။အပ်ိဳႀကီးကို ဆက္ၿပီး အားေပးၾကပါ "လို႕ သူမက ဆုိပါတယ္။


 အႏုပညာနဲ႕ အသိုင္းအဝိုင္းက မိတ္ေဆြေတြလည္း အိမ္ေထာင္က် ကေလးေတြ ေမြးေနေပမယ့္လည္း သူမကေတာ့ ကေလးဗိုလ္လုပ္လို႕ ေကာင္းတုန္းပါပဲတဲ့။





































"အႏုပညာအသိုင္းအဝိုင္းထဲကတင္ မဟုတ္ပါဘူး။ အျပင္မွာလည္း ေဖြးရဲ႕ သူငယ္ခ်င္းေတြလည္း လက္ထပ္တဲ့သူက လက္ထပ္  ကေလးေမြးတဲ့ သူကေမြးၿပီေပ့ါေနာ္။ ေဖြးကေတာ့သူတို႕ေတြမဂၤလာေဆာင္သြားေတာ့လည္း ကိုယ္က ကိုယ့္ထက္ငယ္တဲ့သူေတြနဲ႕ေပါင္းၿပီးေတာ့ ကေလးဗိုလ္ လုပ္ေနတာေပ့ါ" ဆိုၿပီး စက္တင္ဘာ(၂၁) ရက္ေန႕က ျပဳလုပ္တဲ့ Pond ပစၥည္းသစ္မိတ္ဆက္ပြဲ အခမ္းအနားမွာ မီဒီယာေတြကို ေျဖဆိုေပးခဲ့ တာျဖစ္ပါတယ္။


လွပတဲ့ ခႏၶာကိုယ္ေလးနဲ႕ အသားအရည္ေလးကို ပိုင္ဆိုင္ထားတဲ့ ေဖြးေဖြးဟာ အသက္အရြယ္ရတာနဲ႕အမွ် အားကစားလုပ္ရတာကိုလည္း ပိုၿပီး ႀကိဳက္ႏွစ္သက္လာတယ္လို႕ ဆုိပါတယ္။





































"ခႏၶာကိုယ္ကေတာ့ ေဖြးအရမ္းႀကီးမထိန္းသိမ္းျဖစ္ဘူး။ က်န္းမာေအာင္ေတာ့ ေနတယ္။ ေနာက္ပိုင္းက်ေတာ့ အသက္လည္း နည္းနည္းရလာ ေတာ့ အားကစားလုပ္ရတာ ပိုၿပီးႏွစ္သက္လာတယ္။ အသားအရည္မွာဆိုလည္း မိတ္ကပ္ေတြထပ္ Skin care က အေ၇းႀကီးသလိုပဲ။ Life style မွာဆိုလည္း ကိုယ္ဝတ္တဲ့ အဝတ္အစားထက္ က်န္းမာေရးက အေရးႀကီးတယ္" လို႕ သူမက ေျပာပါတယ။္


 ေဖြးေဖြးဟာ ဂီတကို ဝါသနာပါသူ တစ္ဦးျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ေအာင္ျမင္တဲ့ သရုပ္ေဆာင္တစ္ေယာက္ျဖစ္ေနသူ တစ္ဦးျဖစ္ပါတယ္။ ဗီဒီယိုဇာတ္ကားေပါင္း တစ္ရာေက်ာ္ ရိုက္ကူးခဲ့သူ တစ္ဦးျဖစ္ၿပီး မဂၢဇင္းကာဗာမ်ားစြာနဲ႕ ေၾကာ္ျငာမ်ားစြာကိုလည္း ရိုက္ကူးခဲ့သူ ျဖစ္ပါတယ္။

ပရိသတ္ရဲ႕ လက္ခံအားေပးမႈကို ရရွိထားသူ သူမဟာ ၂၀၁၂ခုႏွစ္တြင္ လက္ပံ ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ ဆုကို ရရွိခဲ့သလို၂၀၁၅ခုႏွစ္မွာေတာ့ ကၽြန္မက ႏွင္းဆီပါေမာင္ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ပိုင္ဆိုင္ထာားႏိုင္သူ တစ္ဦးလည္း ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 ဘယ်လိုနေနေ ချစ်ဖို့ကောင်းတယ်နော်။
အစခံရတဲ့ အရွယ်ကို ရောက်လာပြီဖြစ်တဲ့ ဖွေးဖွေးတစ်ယောက် အပျိုကြီးလို့ အခေါ်ခံရတဲ့ ဘယ်လိုခံစားရလဲဆိုတာလေးကိုလည်း ယခုလို ပြောပြထားပါတယ်။

သရုပ်ဆောင် အကယ်ဒမီ မင်းသမီးချောလေး ဖွေးဖွေးက သြဂုတ်လ(၉) ရက်နေ့က အသက်(၃၀) ပြည့်သွားခဲ့တာပါ။ အသက်(၃၀) ပြည့်သွား ပြီဖြစ်တဲ့ ဖွေးဖွေးကို မိတ်ဆွေသူငယ်ချင်းတွေက အပျိုကြီးဆိုပြီးစနောက်ခေါ်တာတွေ ရှိတယ်လို့ သိရပါတယ်။ အစခံရတဲ့ အရွယ်ကို ရောက်လာပြီဖြစ်တဲ့ ဖွေးဖွေးတစ်ယောက် အပျိုကြီးလို့ အခေါ်ခံရတဲ့ ဘယ်လိုခံစားရလဲဆိုတာလေးကိုလည်း ယခုလို ပြောပြထားပါတယ်။

"အသက်တစ်နှစ်ကြီးသွားတဲ့အပေါ်ကတော့ အစခံရတဲ့ အရွယ်ကို ရောက်လာတာပေ့ါနော်။ အပျိုကြီး အပျိုကြီးဆိုပြီး စတယ်။ တစ်ယောက် ယောက် မင်္ဂလာဆောင် သွားရင် နင့်အလှည့်ဘယ်တော့လဲ ဆိုပြီး အစခံရတာတွေရှိတယ်။ ဒါကတော့ ပတ်ဝန်းကျင်က ပြုမှုတဲ့ဖွေးအပေါ် ဆက်ဆံတဲ့ ပုံပဲ ပြောင်းသွားတာပါ။ ဖွေးကတော့ အသက်(၁)နှစ်ကြီးသွားပေမယ့်လည်း ဒီစိတ်ပါပဲ။ အပျိုကြီးလို့ကတော့ ခေါ်မှာပဲပေ့ါနော်။ ကိုယ်ကလည်း အပျိုကြီးကို ဘာမှတော့ မဖြစ်ပါဘူး။ အပျော်ပေ့ါ။အပျိုကြီးကို ဆက်ပြီး အားပေးကြပါ "လို့ သူမက ဆိုပါတယ်။


 အနုပညာနဲ့ အသိုင်းအဝိုင်းက မိတ်ဆွေတွေလည်း အိမ်ထောင်ကျ ကလေးတွေ မွေးနေပေမယ့်လည်း သူမကတော့ ကလေးဗိုလ်လုပ်လို့ ကောင်းတုန်းပါပဲတဲ့။

"အနုပညာအသိုင်းအဝိုင်းထဲကတင် မဟုတ်ပါဘူး။ အပြင်မှာလည်း ဖွေးရဲ့ သူငယ်ချင်းတွေလည်း လက်ထပ်တဲ့သူက လက်ထပ်  ကလေးမွေးတဲ့ သူကမွေးပြီပေ့ါနော်။ ဖွေးကတော့သူတို့တွေမင်္ဂလာဆောင်သွားတော့လည်း ကိုယ်က ကိုယ့်ထက်ငယ်တဲ့သူတွေနဲ့ပေါင်းပြီးတော့ ကလေးဗိုလ် လုပ်နေတာပေ့ါ" ဆိုပြီး စက်တင်ဘာ(၂၁) ရက်နေ့က ပြုလုပ်တဲ့ Pond ပစ္စည်းသစ်မိတ်ဆက်ပွဲ အခမ်းအနားမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့ တာဖြစ်ပါတယ်။


လှပတဲ့ ခန္ဓာကိုယ်လေးနဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားတဲ့ ဖွေးဖွေးဟာ အသက်အရွယ်ရတာနဲ့အမျှ အားကစားလုပ်ရတာကိုလည်း ပိုပြီး ကြိုက်နှစ်သက်လာတယ်လို့ ဆိုပါတယ်။

"ခန္ဓာကိုယ်ကတော့ ဖွေးအရမ်းကြီးမထိန်းသိမ်းဖြစ်ဘူး။ ကျန်းမာအောင်တော့ နေတယ်။ နောက်ပိုင်းကျတော့ အသက်လည်း နည်းနည်းရလာ တော့ အားကစားလုပ်ရတာ ပိုပြီးနှစ်သက်လာတယ်။ အသားအရည်မှာဆိုလည်း မိတ်ကပ်တွေထပ် Skin care က အရေးကြီးသလိုပဲ။ Life style မှာဆိုလည်း ကိုယ်ဝတ်တဲ့ အဝတ်အစားထက် ကျန်းမာရေးက အရေးကြီးတယ်" လို့ သူမက ပြောပါတယ။်


 ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို ရရှိခဲ့သလို၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top