ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

နံနံပင္ရဲ႕ အနံ႔ကို လူတခ်ိဳ႕က မႀကိဳက္ၾကပါဘူး။ နံနံပင္ကို ႀကိဳက္တဲ့သူေတြကလည္း မုန႔္ဟင္းခါး စားတဲ့အခါ နံနံပင္ေလးနဲ႔ စားလိုက္ရမွ ေက်နပ္ၾကတာပါ။ အသုပ္ဆိုရင္လည္း အေပၚကေန နံနံပင္ေလး ျဖဴးစားလိုက္ရမွ ႀကိဳက္ၾကတာမ်ိဳးပါ။ တကယ္ေတာ့ နံနံပင္ကို အနံ႔ျပင္းလို႔ ႏွာေခါင္းရႈံ႕ၾကေပမယ့္ က်န္းမာေရး အက်ိဳးေက်းဇူးမ်ားစြာ ရွိတာေၾကာင့္ နံနံပင္ရဲ႕ အက်ိဳးေက်းဇူးေတြကို ေဝမွ် ေပးခ်င္ပါတယ္။

ေန႔စဥ္လိုအပ္တဲ့ အမွ်င္ဓာတ္၊ မဂၢနီဆီယမ္၊ သံဓာတ္နဲ႔ မဂၢနိစ္ဓာတ္ေတြ နံနံပင္မွာ အံ့ၾသသင့္ေလာက္ေအာင္ ပါဝင္ ေနပါတယ္။ ဒါ့အျပင့္ ဗီတာမင္ စီ ၊ ဗီတာမင္ ေက နဲ႔ ပ႐ိုတိန္းဓာတ္ေတြ အသင့္အတင့္ ပါဝင္ေနသလို ကယ္ဆီယမ္၊ ေဖာ့စ္ေဖာရပ္စ္၊ ပိုတက္စီယမ္၊ သီယာမင္း၊ နီအာစင္းနဲ႔ ကာ႐ိုတိန္းဓာတ္ေတြလည္း အနည္းငယ္ပါဝင္ေနပါတယ္။ ဒါေၾကာင့္ အာဟာရဓာတ္မ်ားတဲ့အ႐ြက္အျဖစ္ သတ္မွတ္ခံထားရတာ မဆန္းပါဘူး။

နံနံပင္မွာပါဝင္တဲ့ က်န္းမာေရး အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိတဲ့ အထဲက အသုံးဝင္မယ့္ အခ်က္ေတြကို ထပ္မံ ေဝမွ် ေပးခ်င္ပါတယ္။ နံနံပင္က မေကာင္းတဲ့ ကိုလက္စထေရာ (LDL) ကို ေခ်ဖ်က္ၿပီး ေကာင္းတဲ့ ကိုလက္စထေရာ (HDL) ကို တိုးပြားေစ ပါတယ္။ ဒါ့အျပင္ အစာေျခအားေကာင္းေအာင္ အေကာင္းဆုံး ပံ့ပိုးေပးႏိုင္သလို အသည္း လုပ္ေဆာင္ခ်က္ ေတြကိုပါ ေထာက္ပံ့ေပးပါတယ္။

နံနံပင္က ဆီးခ်ိဳသမားေတြ လက္စြဲထားသင့္တဲ့ အ႐ြက္ပါ။ ကိုယ္တြင္း အင္ဆူလင္ဓာတ္ ထြက္ေအာင္ လႈံ႕ေဆာ္ေပးၿပီး ေသြးတြင္းသၾကားဓာတ္ကို ေလ်ာ့ခ်ေပးပါတယ္။ နံနံပင္မွာ ပါဝင္တဲ့ ဗီတာမင္ ေက က အယ္လ္ဇိုင္းမားေရာဂါ မျဖစ္အာင္ ကာကြယ္ေပးပါတယ္။ ဗီတာမင္ ေအ ကေတာ့ အဆုတ္ကင္ဆာ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

အဆစ္အျမစ္ေရာင္ရမ္းျခင္းကို ကာကြယ္ေပးႏိုင္စြမ္းရွိလို႔ ေဂါက္ေရာက္ဂါလို အဆစ္အျမစ္ကိုက္ခဲ ေရာင္ရမ္းျခင္းမွ ကာကြယ္ေပးပါတယ္။ နံနံပင္က မ်က္စိအတြက္လည္း အထူးေကာင္းမြန္ေစတဲ့ အ႐ြက္ပါ။ နံနံပင္မွာပါတဲ့ Antioxidants ေတြက မ်က္စိနဲ႔ ပတ္သက္တဲ့ ေရာဂါေတြမျဖစ္ေအာင္ အထူးသျဖင့္ မ်က္ခြံအတြင္းသား ေရာင္ရမ္းနာ တမ်ိဳးျဖစ္တဲ့ မ်က္စိနာျခင္းကို သက္သာေစပါတယ္။
နံနံပင္မွာ အမ်ိဳးသမီးေတြ အထူးလိုအပ္တဲ့ သံဓာတ္ေတြ ႂကြယ္ဝစြာပါဝင္လို႔ ေသြးအားနည္းျခင္းေရာဂါ မျဖစ္ႏိုင္ပါဘူး။ ဒါ့အျပင့္ အာ႐ုံေၾကာစနစ္ကို ေထာက္ပံ့ေပးလို႔ မွတ္ဉာဏ္တိုးပြားေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Irrawaddy

#Unicode Version#



နံနံပင်ရဲ့ အနံ့ကို လူတချို့က မကြိုက်ကြပါဘူး။ နံနံပင်ကို ကြိုက်တဲ့သူတွေကလည်း မုန့်ဟင်းခါး စားတဲ့အခါ နံနံပင်လေးနဲ့ စားလိုက်ရမှ ကျေနပ်ကြတာပါ။ အသုပ်ဆိုရင်လည်း အပေါ်ကနေ နံနံပင်လေး ဖြူးစားလိုက်ရမှ ကြိုက်ကြတာမျိုးပါ။ တကယ်တော့ နံနံပင်ကို အနံ့ပြင်းလို့ နှာခေါင်းရှုံ့ကြပေမယ့် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိတာကြောင့် နံနံပင်ရဲ့ အကျိုးကျေးဇူးတွေကို ဝေမျှ ပေးချင်ပါတယ်။

နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ မဂ္ဂနိစ်ဓာတ်တွေ နံနံပင်မှာ အံ့သြသင့်လောက်အောင် ပါဝင် နေပါတယ်။ ဒါ့အပြင့် ဗီတာမင် စီ ၊ ဗီတာမင် ကေ နဲ့ ပရိုတိန်းဓာတ်တွေ အသင့်အတင့် ပါဝင်နေသလို ကယ်ဆီယမ်၊ ဖော့စ်ဖောရပ်စ်၊ ပိုတက်စီယမ်၊ သီယာမင်း၊ နီအာစင်းနဲ့ ကာရိုတိန်းဓာတ်တွေလည်း အနည်းငယ်ပါဝင်နေပါတယ်။ ဒါကြောင့် အာဟာရဓာတ်များတဲ့အရွက်အဖြစ် သတ်မှတ်ခံထားရတာ မဆန်းပါဘူး။

နံနံပင်မှာပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ အထဲက အသုံးဝင်မယ့် အချက်တွေကို ထပ်မံ ဝေမျှ ပေးချင်ပါတယ်။ နံနံပင်က မကောင်းတဲ့ ကိုလက်စထရော (LDL) ကို ချေဖျက်ပြီး ကောင်းတဲ့ ကိုလက်စထရော (HDL) ကို တိုးပွားစေ ပါတယ်။ ဒါ့အပြင် အစာခြေအားကောင်းအောင် အကောင်းဆုံး ပံ့ပိုးပေးနိုင်သလို အသည်း လုပ်ဆောင်ချက် တွေကိုပါ ထောက်ပံ့ပေးပါတယ်။

နံနံပင်က ဆီးချိုသမားတွေ လက်စွဲထားသင့်တဲ့ အရွက်ပါ။ ကိုယ်တွင်း အင်ဆူလင်ဓာတ် ထွက်အောင် လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို လျော့ချပေးပါတယ်။ နံနံပင်မှာ ပါဝင်တဲ့ ဗီတာမင် ကေ က အယ်လ်ဇိုင်းမားရောဂါ မဖြစ်အာင် ကာကွယ်ပေးပါတယ်။ ဗီတာမင် အေ ကတော့ အဆုတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အဆစ်အမြစ်ရောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိလို့ ဂေါက်ရောက်ဂါလို အဆစ်အမြစ်ကိုက်ခဲ ရောင်ရမ်းခြင်းမှ ကာကွယ်ပေးပါတယ်။ နံနံပင်က မျက်စိအတွက်လည်း အထူးကောင်းမွန်စေတဲ့ အရွက်ပါ။ နံနံပင်မှာပါတဲ့ Antioxidants တွေက မျက်စိနဲ့ ပတ်သက်တဲ့ ရောဂါတွေမဖြစ်အောင် အထူးသဖြင့် မျက်ခွံအတွင်းသား ရောင်ရမ်းနာ တမျိုးဖြစ်တဲ့ မျက်စိနာခြင်းကို သက်သာစေပါတယ်။
နံနံပင်မှာ အမျိုးသမီးတွေ အထူးလိုအပ်တဲ့ သံဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ သွေးအားနည်းခြင်းရောဂါ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင့် အာရုံကြောစနစ်ကို ထောက်ပံ့ပေးလို့ မှတ်ဉာဏ်တိုးပွားစေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top