
(အပြာရောင်)ဖြင့်၊ဆန်ပုံးအဖြူ ရောင်ပေါ်တတ်ပြီးကြိုးဆွဲချလျက်၊လျှာတစ်လစ်၊ပါးစပ်မှသွားရည်များထွက်လျက်ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရသည်။


Credit: ဘိုဘို
#Unicode Version#
စက်တင်ဘာလ(၁၄)ရက်နေ့နံနက်
(၉:၃၀)နာရီအချိန်ခန့်က၊တောင်ပိုင်းခရိုင်၊
ကျောက်တန်းမြို့နယ်၊ချောင်းဝကျေးရွာတွင်၊
ကျောင်းသားကလေးငယ်(ကျား)တစ်ဦး
ကြိုးဆွဲချသေဆုံးကြောင်းသတင်းအရ
၊ကျောက်တန်းမြို့မစခန်းမှတာဝန်ရှိသူများမှ
ချောင်းဝကျေးရွာရာအိမ်မှူး/ဆယ်အိမ်မှူးများနှင့်
အတူအခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေး
ရာသေဆုံးသူမှာချောင်းဝကျေးရွာနေ၊
ဦးလှမြင့်+ဒေါ်ရွှေကြည်တို့၏မြေးဖြစ်သူ
မောင်ကျော်မင်းခန့်(၁၃)နှစ်(ဘ)ဇော်မင်းထွေး
(၄)တန်းကျောင်းသား၊ချောင်းဝကျေးရွာနေသူ
သည်၊ကျေးရွာစာသင်ကျောင်းသို့နံနက်(၉)နာရီ
အချိန်ခန့်တွင်သွ၊ားရောက်ခဲ့ပြီး၊(၉:၃၀)နာရီ
အချိန်ခန့်တွင်အတန်းပိုင်ဆရာမမှကျောင်းခေါ်
ချိန်ခေါ်ရာ(ကျော်မင်းခန့်)မှာကျောင်းလွယ်အိတ်ထားပြီးနေအိမ်သို့ပြန်သွားကြောင်းသိရသဖြင့်၊
၎င်းအဖိုးဖြစ်သူဦးလှမြင့်အား၊အကြောင်းကြား၍
နေအိမ်သို့သွားရောက်ခေါ်စဉ်၊မောင်ကျော်မင်း
ခန့်မှာနေအိမ်တွင်းဘုရားစင်ရှေ့ထုတ်တန်း၊
အမြင်(၈)ပေခန့်မှပလတ်စတစ်နိုင်လွန်ကြိုး
(အပြာရောင်)ဖြင့်၊ဆန်ပုံးအဖြူ ရောင်ပေါ်တတ်ပြီးကြိုးဆွဲချလျက်၊လျှာတစ်လစ်၊ပါးစပ်မှသွားရည်များထွက်လျက်ကြိုုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရသည်။
အလောင်းကိုသက်သေများရှေ့တွင်
စစ်ဆေးရာပြင်ပ၊ဒဏ်ရာတစ်စုံတစ်ရာမတွေရှိရ
ကြောင့်၊ရဲဆေးစာဖြင့်ဓမ္မတာအတိုင်းသေ
ဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေးပေးရန်
ကျောက်တန်းမြို့ပြည်သူ့ဆေးရုံ
သို့ပို့ဆောင်ပြီး၊သေမှု့သေခင်းအမှတ်စဉ်
(၁၉/၂၀၁၈)ဖြင့်စစ်ဆေးဆောင်ရွက်
လျက်ရှိကြောင်းသတင်းရရှိပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: ဘိုဘို