×

ဘာေၾကာင့္မ်ားပါလိမ့္?

သို႔.. ညီမေလး…

ညီမေလးတို႔ေရ.. လိင္ဆက္ၿပီးတဲ့ေနာက္မွာ ေသြးဆင္းတာေတြ နဲ႔ပတ္သက္ၿပီးၾကားဖူးထားၾကတာမ်ိဳးမ်ားရွိပါသလား? ဘယ္လိုအေနအထားမွာေသြးထြက္ထြက္ ေသြးထြက္တယ္ဆိုထဲက စိတ္ထဲမွာ စိုးထိတ္ေနမွာေတာ့ အမွန္ပါပဲ။ လိင္ဆက္ဆံၿပီး ေသြးဆင္းတယ္ဆိုတာမ်ိဳးက်ေတာ့ ပိုစိတ္ပူၾကမွာပဲေနာ္။ ဘာေတြေၾကာင့္ ေသြးဆင္းတယ္ ၊ ဘာေတြက စိတ္ပူရမယ္ဆိုတာမ်ိဳးေလး သိထားေတာ့ အရမ္းစိတ္မပူရေတာ့ဘူးေပါ့ေနာ္။ ဘာေတြက ဒီလိုေသြးဆင္းျခင္းကို ျဖစ္ေစလဲဆိုရင္ေတာ့….

သားအိမ္ေခါင္းမွာ အသားပိုရွိလို႔

သားအိမ္ေခါင္းေလးဟာ ပံုမွန္ဆို လံုးဝန္းၿပီးေခ်ာေမြ႕ေနပါတယ္။ ဒီလို မဟုတ္ဘဲ ကင္ဆာမဟုတ္တဲ့ အသားပိုေလးေတြ ရွိေနၿပီဆိုရင္ ဆက္ဆံၿပီးတဲ့အခါ ဒီအသားပိုေလးေတြက ေသြးထြက္တာမို႔ အတူေနၿပီး ေသြးဆင္းျခင္းကို ျဖစ္ေစပါတယ္။

အခ်စ္ၾကမ္းလို႔

အဓိက ေျပာရရင္ “အေနအထား” ေပါ့ေနာ္…. တခ်ိဳ႕ဆက္ဆံျခင္း အေနအထားေတြက မိန္းမကိုယ္ကို ဆြဲၿဖဲလိုက္သလို ျဖစ္ေစပါတယ္။ အဲဒီ အခါ Post Coital Tear လို႔ေခၚတဲ့ အခ်စ္ဒဏ္ရာ အေနနဲ႔ မိန္းမကိုယ္ စုတ္ၿပဲျခင္းျဖစ္ေစပါတယ္။ ဒဏ္ရာေသးေသးဆို ေသြးထြက္နည္းသလို သူ႔အလိုလို ျပန္ေကာင္းႏ္ုိင္ပါတယ္။ ဒဏ္ရာႀကီးႀကီးဆိုရင္ေတာ့ ေသြးထြက္အေတာ္မ်ားလို႔ ဒဏ္ရာခ်ဳပ္လိုက္မွ ေသြးတိတ္တာလည္းရွိပါတယ္

သားအိမ္ေခါင္းမွာ အနာရွိလို႔

သားအိမ္ေခါင္းဟာပံုမွန္မဟုတ္ဘဲ ကင္ဆာေၾကာင့္ အနာျဖစ္ေနမယ္ဆိုရင္လည္း ေသြးဆင္းမွာပါ။ ကင္ဆာေၾကာင့္ဆို ပိုသိသာႏိုင္တာက ဆက္ဆံၿပီး ေသြးဆင္းတာတင္ မဟုတ္ဘဲနဲ႔ အျဖဴဆင္းတာမ်ိဳး၊ ဆင္းတဲ့အျဖဴကလည္း အနံ႔နံတာမ်ိဳးအျပင္ အရမ္းပိန္တာ အစားအေသာက္ပ်က္တာေတြနဲ႔ပါ တြဲၿပီးခံစားရႏုိင္ပါတယ္။

ေသြးဆံုးၿပီး ေျခာက္ေသြ႕လို႔

လိင္ဆက္ဆံရာ ေမြးလမ္းေၾကာင္းဟာ ပြတ္တိုက္မႈကို ခံႏိုင္ဖို႔ ေခ်ာေမြ႕စိုစြတ္ ေနရပါတယ္။ ေသြးဆံုးၿပီးတဲ့အခါ အီစတိုဂ်င္ေဟာ္မုန္း နည္းသြားလို႔ ဒီေမြးလမ္းေၾကာင္းဟာ ေျခာက္ေသြ႕သြားပါတယ္။ ဒီေတာ့ ဆက္ဆံတဲ့အခါ ပြတ္တိုက္မႈေၾကာင့္ ေသြးထြက္လာတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။

ပိုးဝင္ၿပီး ေယာင္ယမ္းလို႔

ေမြးလမ္းေၾကာင္းကို ေယာင္ယမ္းေစတဲ့ ပိုးေတြရွိပါတယ္။ ဒီပိုးေတြဟာ မိန္းမကိုယ္ အျဖဴဆင္းတာ ၊ ယားယံေစတာေတြအျပင္ကိုမွ မိန္းမကိုယ္ကိုပါ ေယာင္ေစေတာ့ ဆက္ဆံတဲ့အခါ ေသြးထြက္တာ အရမ္းနာတာေတြနဲ႔ တြဲၿပီးေတြ႕ရတာေပါ့။

သားအိမ္ေယာင္လို႔

သားအိမ္ေယာင္တယ္ဆိုတဲ့ ကိစၥက သားအိမ္တင္မက သားအိမ္အနီးတစ္ဝိုက္က အသားႏုေတြပါ ေယာင္ယမ္းေစလို႔ ဆက္ဆံၿပီး ေသြးဆင္းတာမ်ိဳး ျဖစ္ေစပါတယ္။ ဒါ့အျပင္မွ ဖ်ားတာ၊ ႏံုးခ်ိတာေတြ ခံစားရႏိုင္ပါတယ္။

အတူေနၿပီး ေသြးဆင္းရျခင္းဟာ ေရာဂါေသးေသးကစလို႔ ႀကီးႀကီးမားမားေတြထိ ျဖစ္ႏိုင္တာမို႔ ဒီလို က်န္းမာေရး ဗဟုသုတကို လူအမ်ားသိေအာင္ မွ်ေဝေပးလိုက္ပါစို႔လား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မယ္တင္(ေဆး ၁)
# Unicode Version ျဖင့္ ဖတ္ပါ #


    ဘာကြောင့်များပါလိမ့်?

သို့.. ညီမလေး…

ညီမလေးတို့ရေ.. လိင်ဆက်ပြီးတဲ့နောက်မှာ သွေးဆင်းတာတွေ နဲ့ပတ်သက်ပြီးကြားဖူးထားကြတာမျိုးများရှိပါသလား? ဘယ်လိုအနေအထားမှာသွေးထွက်ထွက် သွေးထွက်တယ်ဆိုထဲက စိတ်ထဲမှာ စိုးထိတ်နေမှာတော့ အမှန်ပါပဲ။ လိင်ဆက်ဆံပြီး သွေးဆင်းတယ်ဆိုတာမျိုးကျတော့ ပိုစိတ်ပူကြမှာပဲနော်။ ဘာတွေကြောင့် သွေးဆင်းတယ် ၊ ဘာတွေက စိတ်ပူရမယ်ဆိုတာမျိုးလေး သိထားတော့ အရမ်းစိတ်မပူရတော့ဘူးပေါ့နော်။ ဘာတွေက ဒီလိုသွေးဆင်းခြင်းကို ဖြစ်စေလဲဆိုရင်တော့….

သားအိမ်ခေါင်းမှာ အသားပိုရှိလို့

သားအိမ်ခေါင်းလေးဟာ ပုံမှန်ဆို လုံးဝန်းပြီးချောမွေ့နေပါတယ်။ ဒီလို မဟုတ်ဘဲ ကင်ဆာမဟုတ်တဲ့ အသားပိုလေးတွေ ရှိနေပြီဆိုရင် ဆက်ဆံပြီးတဲ့အခါ ဒီအသားပိုလေးတွေက သွေးထွက်တာမို့ အတူနေပြီး သွေးဆင်းခြင်းကို ဖြစ်စေပါတယ်။

အချစ်ကြမ်းလို့

အဓိက ပြောရရင် “အနေအထား” ပေါ့နော်…. တချို့ဆက်ဆံခြင်း အနေအထားတွေက မိန်းမကိုယ်ကို ဆွဲဖြဲလိုက်သလို ဖြစ်စေပါတယ်။ အဲဒီ အခါ Post Coital Tear လို့ခေါ်တဲ့ အချစ်ဒဏ်ရာ အနေနဲ့ မိန်းမကိုယ် စုတ်ပြဲခြင်းဖြစ်စေပါတယ်။ ဒဏ်ရာသေးသေးဆို သွေးထွက်နည်းသလို သူ့အလိုလို ပြန်ကောင်းနိုင်ပါတယ်။ ဒဏ်ရာကြီးကြီးဆိုရင်တော့ သွေးထွက်အတော်များလို့ ဒဏ်ရာချုပ်လိုက်မှ သွေးတိတ်တာလည်းရှိပါတယ်

သားအိမ်ခေါင်းမှာ အနာရှိလို့

သားအိမ်ခေါင်းဟာပုံမှန်မဟုတ်ဘဲ ကင်ဆာကြောင့် အနာဖြစ်နေမယ်ဆိုရင်လည်း သွေးဆင်းမှာပါ။ ကင်ဆာကြောင့်ဆို ပိုသိသာနိုင်တာက ဆက်ဆံပြီး သွေးဆင်းတာတင် မဟုတ်ဘဲနဲ့ အဖြူဆင်းတာမျိုး၊ ဆင်းတဲ့အဖြူကလည်း အနံ့နံတာမျိုးအပြင် အရမ်းပိန်တာ အစားအသောက်ပျက်တာတွေနဲ့ပါ တွဲပြီးခံစားရနိုင်ပါတယ်။

သွေးဆုံးပြီး ခြောက်သွေ့လို့

လိင်ဆက်ဆံရာ မွေးလမ်းကြောင်းဟာ ပွတ်တိုက်မှုကို ခံနိုင်ဖို့ ချောမွေ့စိုစွတ် နေရပါတယ်။ သွေးဆုံးပြီးတဲ့အခါ အီစတိုဂျင်ဟော်မုန်း နည်းသွားလို့ ဒီမွေးလမ်းကြောင်းဟာ ခြောက်သွေ့သွားပါတယ်။ ဒီတော့ ဆက်ဆံတဲ့အခါ ပွတ်တိုက်မှုကြောင့် သွေးထွက်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ပိုးဝင်ပြီး ယောင်ယမ်းလို့

မွေးလမ်းကြောင်းကို ယောင်ယမ်းစေတဲ့ ပိုးတွေရှိပါတယ်။ ဒီပိုးတွေဟာ မိန်းမကိုယ် အဖြူဆင်းတာ ၊ ယားယံစေတာတွေအပြင်ကိုမှ မိန်းမကိုယ်ကိုပါ ယောင်စေတော့ ဆက်ဆံတဲ့အခါ သွေးထွက်တာ အရမ်းနာတာတွေနဲ့ တွဲပြီးတွေ့ရတာပေါ့။

သားအိမ်ယောင်လို့

သားအိမ်ယောင်တယ်ဆိုတဲ့ ကိစ္စက သားအိမ်တင်မက သားအိမ်အနီးတစ်ဝိုက်က အသားနုတွေပါ ယောင်ယမ်းစေလို့ ဆက်ဆံပြီး သွေးဆင်းတာမျိုး ဖြစ်စေပါတယ်။ ဒါ့အပြင်မှ ဖျားတာ၊ နုံးချိတာတွေ ခံစားရနိုင်ပါတယ်။

အတူနေပြီး သွေးဆင်းရခြင်းဟာ ရောဂါသေးသေးကစလို့ ကြီးကြီးမားမားတွေထိ ဖြစ်နိုင်တာမို့ ဒီလို ကျန်းမာရေး ဗဟုသုတကို လူအများသိအောင် မျှဝေပေးလိုက်ပါစို့လား။

ဖိုးသူတော် (www.phothutaw.com)
Credit: မယ်တင်(ဆေး ၁)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top