×

ငယ္ငယ္ကတည္းက အဲဒီလိုပဲ ေခၚတယ္တဲ့။
စိုင္းစိုင္းက ဒီေန႕မွာ သူ႕ရဲ႕ ပရိသတ္ေတြအတြက္ Live တစ္ခု လႊင့္ေပးခဲ့တာ ေတြ႕ရပါတယ္။အဲ့ဒီ  live မွာ ၿဖိဳးႀကီးက စိုင္းစိုင္းတို႕ ပြဲအေၾကာင္း ေျပာရင္း  စိုင္းစိုင္းရဲ႕ နာမည္ေျပာင္ ေလးၿဖိဳးႀကီးက ေခၚခဲ့တာပါ။


Photo : စိုင္းစိုင္း FB
စိုင္းစိုင္းက ဒီေန႕မွာ သူ႕ရဲ႕ ပရိသတ္ေတြအတြက္ Live တစ္ခု လႊင့္ေပးခဲ့တာ ေတြ႕ရပါတယ္။ အဲ့ဒီ Live မွာ ပါဝင္ဖို႕ အတြက္ သူငယ္ခ်င္းျဖစ္သူ ၿဖိဳးႀကီးကိုပါ ဖိတ္ေခၚထားတာ ေတြ႕ရပါတယ္။ စိုင္းစိုင္းက မၾကာခင္မွာ က်င္းပျပဳလုပ္မယ့္ ရိႈးပြဲနဲ႕ ပတ္သက္ၿပီး ေျပာျပဖို႕အတြက္ ဒီေန႕ (စက္တင္ ဘာ၁၂ရက္)က Live လႊင့္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ  live မွာ ၿဖိဳးႀကီးက စိုင္းစိုင္းတို႕ ပြဲအေၾကာင္း ေျပာရင္း  စိုင္းစိုင္းရဲ႕ နာမည္ေျပာင္ ေလးၿဖိဳးႀကီးက ေခၚခဲ့တာပါ။


Photo : စိုင္းစိုင္း FB
"သူ႕ကို ကၽြန္ေတာ္ ငယ္ငယ္ကတည္းက ေခၚတဲ့နာမည္ရွိပါတယ္။ Live ထဲမွာေကာ ကၽြန္ေတာ္သူ႕ကို ငယ္ငယ္တုန္းက ေခၚတဲ့နာမည္ရွိ တယ္။ အဲ့ဒါရွမ္းလို႕ေခၚတာ။ သူငယ္ခ်င္းထဲမွာလည္း ထူးထူးျခားျခား ရွမ္းဆိုလို႕ သူတစ္ေယာက္ပဲ ရွိတာ။ အဲ့ဒါေၾကာင့္ ရွမ္းလို႕ေခၚမယ္ေနာ္" ဆိုၿပီး စိုင္းစိုင္းရဲ႕ Live ထဲမွာ ၿဖိဳးႀကီးက ေျပာျပထားတာပါ။

စိုင္းစိုင္းကလည္း ရွမ္းဆိုတဲ့ နာမည္က ဘယ္တုန္းက ဘယ္လို ရွမ္းဆိုတဲ့ နာမည္စျဖစ္သြားမွန္း မသိခဲ့ဘူးလို႕ Live ထဲမွာ ျပန္ေျပာထားပါတယ္။ ထို႕ေနာက္မွာ စိုင္းစိုင္းနဲ႕ ၿဖိဳးႀကီးတို႕ဟာ မၾကာခင္ ျပဳလုပ္ေတာ့မယ့္ စိုင္းစိုင္းခမ္းလိႈင္ရဲ႕ "ၿပီးခဲ့ေသာ ဇာတ္လမ္းအက်ဥး္" ရိႈးပြဲအတြက္ ဆက္ၿပီး ေျပာခဲ့ၾကသလို စိုင္းစိုင္းရဲ႕ ပရိသတ္ေတြအတြက္ သီခ်င္းေတြနဲ႕ ေဖ်ာ္ေျဖခဲ့တာ ေတြ႕ရပါတယ္။

စိုင္းစိုင္းဟာ လာမယ့္ ေအာက္တိုဘာ (၁၄) ရက္ေန႕မွာ "ၿပီးခဲ့ေသာဇာတ္လမ္းအက်ဥ္း" ဆိုတဲ့ နာမည္နဲ႕ ရိႈးပြဲတစ္ခု ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ အဲ့ဒီရိႈးပြဲကို ငယ္ငယ္က စိတ္ကူးအတိုင္း အမ်ိဳးသားကဇာတ္ရံုမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ကိုဓိရာမိုရ္တို႕ တီးဝိုင္းနဲ႕အတူ သီခ်င္းအားလံုးကို ေဖ်္ာေျဖမွာ ျဖစ္တယ္လို႕ သိရပါတယ္။ ဒီတစ္ခါ ျပဳလုပ္မယ့္ စိုင္းစိုင္းရဲ႕ ရိႈးပြဲမွာယခင္ သူနဲ႕အတူ သီခ်င္းမ်ား အတူတူဆိုခဲ့ဖူးေသာ အႏုပညာရွင္ေတြမ်ားစြာ ပါဝင္မယ္လို႕လည္း သိရပါတယ္။

ေအာက္တိုဘာ(၁၄) ရက္ေန႕မွာ ျပဳလုပ္မယ့္ စိုင္းစိုင္းရဲ႕ ရိႈးပြဲအတြက္ လက္မွတ္မ်ားကိုလည္း စက္တင္ဘာ(၁၆) ရက္ေန႕ကစလို႕ Junction City 5 လႊာမွာ စတင္ေရာင္းခ်ေတာ့မွာ ျဖစ္တယ္လို႕ သိရပါတယ္။ ျပင္ဆင္မႈ အသစ္ ေဖ်ာ္ေျဖမႈ အသစ္ေတြနဲ႕ ျပဳလုပ္မယ့္ စိုင္းစိုင္းရိႈးအတြက္ ပရိသတ္ေတြလည္း ရင္ခုန္လို႕ ေနပါတယ္။
 Photo: စိုင္းစိုင္း FB
စိုင္းစိုင္းခမ္းလိႈင္ဟာ ၂၀၀၀ခုႏွစ္မွာ ေခ်ာကလက္ေရာင္ေရခဲအိမ္မက္ ေတးစီးရီးကို ထြက္ရွိခဲ့ကာ ၂၀၀၁ ခုႏွစ္မွာ သူငယ္ခ်င္းမ်ားစြာအေခြ၊ ၂၀၀၃ ခုႏွစ္မွာ ေဖေဖာ္ဝါရီ မွတ္တမ္း၊ ၂၀၀၄ ခုႏွစ္မွာ Sai Sai Live Show နဲ႕ ၂၀၀၅ခုႏွစ္မွာ စိုင္းစုိင္းဟုေခၚသည္၊ ၂၀၀၇ခုႏွစ္မွာ Sai Sai Birthday ၊ 2009ခုႏွစ္မွာ Ever ေဂၚလီ၊ ၂၀၁၂ခုႏွစ္မွာ ဒိတ္ဒိတ္က်ဲ စတဲ့ ေတးစီးရီးမ်ားနဲ႕ အတြဲေခြမ်ားစြာမွာလည္း ပါဝင္သီဆိုထားသူ တစ္ဦးလည္း ျဖစ္ပါတယ္။

သရုပ္ေဆာင္ပိုင္းနဲ႕ ပတ္သက္လို႕ ၂၀၀၇ခုႏွစ္မွာ မဂၤလာပါဇာတ္ကား၊ ၂၀၀၇ခုႏွစ္မွာ ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္းသိကၡာ၊ ၂၀၀၈ခုႏွစ္မွာ ရင္ခြင္ႏွင္းဆီ ၊ ၂၀၁၁ခုႏွစ္မွာ အာဒံရယ္ ဧဝရယ္ ဒႆရယ္၊ ၂၀၁၆ခုႏွစ္မွာ ေအဒင္ရဲ႕ နတ္သမီး၊ From Bangkok To Mandalay၊ ဂ်ဳန္းဂ်ဳန္းဂ်က္ဂ်က္ စတဲ့ ရုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ထားသူ တစ္ဦး ျဖစ္ပါတယ္။ အဲ့ဒီေနာက္ စုိင္းစုိင္းခမ္းလႈိင္ရဲ႕ စီးပြားေရး အေနနဲ႔ Frezon Production မွာလည္း ဦးေဆာင္ သူတစ္ဦးလည္းျဖစ္သလုိ SAI Cosmetix ရဲ႕ ထုတ္လုပ္သူ တစ္ဦးလည္းျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
ငယ်ငယ်ကတည်းက အဲဒီလိုပဲ ခေါ်တယ်တဲ့။
စိုင်းစိုင်းက ဒီနေ့မှာ သူ့ရဲ့ ပရိသတ်တွေအတွက် Live တစ်ခု လွှင့်ပေးခဲ့တာ တွေ့ရပါတယ်။အဲ့ဒီ  live မှာ ဖြိုးကြီးက စိုင်းစိုင်းတို့ ပွဲအကြောင်း ပြောရင်း  စိုင်းစိုင်းရဲ့ နာမည်ပြောင် လေးဖြိုးကြီးက ခေါ်ခဲ့တာပါ။

Photo : စိုင်းစိုင်း FB
စိုင်းစိုင်းက ဒီနေ့မှာ သူ့ရဲ့ ပရိသတ်တွေအတွက် Live တစ်ခု လွှင့်ပေးခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီ Live မှာ ပါဝင်ဖို့ အတွက် သူငယ်ချင်းဖြစ်သူ ဖြိုးကြီးကိုပါ ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။ စိုင်းစိုင်းက မကြာခင်မှာ ကျင်းပပြုလုပ်မယ့် ရှိုးပွဲနဲ့ ပတ်သက်ပြီး ပြောပြဖို့အတွက် ဒီနေ့ (စက်တင် ဘာ၁၂ရက်)က Live လွှင့်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ  live မှာ ဖြိုးကြီးက စိုင်းစိုင်းတို့ ပွဲအကြောင်း ပြောရင်း  စိုင်းစိုင်းရဲ့ နာမည်ပြောင် လေးဖြိုးကြီးက ခေါ်ခဲ့တာပါ။

Photo : စိုင်းစိုင်း FB
"သူ့ကို ကျွန်တော် ငယ်ငယ်ကတည်းက ခေါ်တဲ့နာမည်ရှိပါတယ်။ Live ထဲမှာကော ကျွန်တော်သူ့ကို ငယ်ငယ်တုန်းက ခေါ်တဲ့နာမည်ရှိ တယ်။ အဲ့ဒါရှမ်းလို့ခေါ်တာ။ သူငယ်ချင်းထဲမှာလည်း ထူးထူးခြားခြား ရှမ်းဆိုလို့ သူတစ်ယောက်ပဲ ရှိတာ။ အဲ့ဒါကြောင့် ရှမ်းလို့ခေါ်မယ်နော်" ဆိုပြီး စိုင်းစိုင်းရဲ့ Live ထဲမှာ ဖြိုးကြီးက ပြောပြထားတာပါ။

စိုင်းစိုင်းကလည်း ရှမ်းဆိုတဲ့ နာမည်က ဘယ်တုန်းက ဘယ်လို ရှမ်းဆိုတဲ့ နာမည်စဖြစ်သွားမှန်း မသိခဲ့ဘူးလို့ Live ထဲမှာ ပြန်ပြောထားပါတယ်။ ထို့နောက်မှာ စိုင်းစိုင်းနဲ့ ဖြိုးကြီးတို့ဟာ မကြာခင် ပြုလုပ်တော့မယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ "ပြီးခဲ့သော ဇာတ်လမ်းအကျဥ်း" ရှိုးပွဲအတွက် ဆက်ပြီး ပြောခဲ့ကြသလို စိုင်းစိုင်းရဲ့ ပရိသတ်တွေအတွက် သီချင်းတွေနဲ့ ဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။

စိုင်းစိုင်းဟာ လာမယ့် အောက်တိုဘာ (၁၄) ရက်နေ့မှာ "ပြီးခဲ့သောဇာတ်လမ်းအကျဉ်း" ဆိုတဲ့ နာမည်နဲ့ ရှိုးပွဲတစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီရှိုးပွဲကို ငယ်ငယ်က စိတ်ကူးအတိုင်း အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ကိုဓိရာမိုရ်တို့ တီးဝိုင်းနဲ့အတူ သီချင်းအားလုံးကို ဖျေ်ာဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ခါ ပြုလုပ်မယ့် စိုင်းစိုင်းရဲ့ ရှိုးပွဲမှာယခင် သူနဲ့အတူ သီချင်းများ အတူတူဆိုခဲ့ဖူးသော အနုပညာရှင်တွေများစွာ ပါဝင်မယ်လို့လည်း သိရပါတယ်။

အောက်တိုဘာ(၁၄) ရက်နေ့မှာ ပြုလုပ်မယ့် စိုင်းစိုင်းရဲ့ ရှိုးပွဲအတွက် လက်မှတ်များကိုလည်း စက်တင်ဘာ(၁၆) ရက်နေ့ကစလို့ Junction City 5 လွှာမှာ စတင်ရောင်းချတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ဆင်မှု အသစ် ဖျော်ဖြေမှု အသစ်တွေနဲ့ ပြုလုပ်မယ့် စိုင်းစိုင်းရှိုးအတွက် ပရိသတ်တွေလည်း ရင်ခုန်လို့ နေပါတယ်။

Photo: စိုင်းစိုင်း FB

  စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top