မြန်မာ့ရိုးရာ လိမ်ဆေးနည်းလေးကို ရေးသား မျှဝေ ပေးလိုက်ပါတယ်။
# Unicode Version ဖြင့် ဖတ်ပါ #
ပွေး၊ ညှင်း၊ တင်းတိတ်၊ ဝက်ခြံဖု မပေါက်ဖူးတဲ့သူမရှိပါဘူး ပေါက်ဖူးတဲ့ သူတွေပါပဲ။ စိုးရိမ်စရာ ရောဂါအနာ မဟုတ်ပေမယ့် မျက်နာပေါ်မှာ အပေါက်များတဲ့ ရောဂါတွေဖြစ်လို့ အလှပျက်၊ မျက်နာပြရခက်ပါတယ်။
ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာလိမ်ဆေး လိမ်းကြည့်ပါ။ ဆေးဖော်ဖို့ကလည်း အလွန်လွယ်ကူပါတယ်။
ပွေး၊ညှင်း၊ဝက်ခြံ၊တင်းတိတ်များအတွက် အလွယ်ဆုံးနည်း
ပွေး၊ ညှင်း၊ တင်းတိတ်၊ ဝက်ခြံဖုများအတွက် အလွန်ရိုးရှင်းလွယ်ကူပြီး
မြန်မာ့ရိုးရာ လိမ်ဆေးနည်းလေးကို ရေးသား မျှေ၀ ပေးလိုက်ပါတယ်။
(၁) ကြက်သွန်နီတစ်လုံးကို အခွံခွါပြီး ရေမဆေးပဲ ထုထောင်းပါ။ ဘရန်ဒါကြိတ်စက်ရှိက ကြိတ်ပါ။
(၂) ကြွေပုဂံတစ်လုံးထဲ ထည့်ပါ၊ သံပုရာသီးတစ်လုံးကို ညှစ်ထည့်ပါ။
(၃) ပွေး၊ ဝဲ၊ ညှင်း၊ ဝက်ခြံ၊ တင်းတိပ် ပေါက်တဲ့နေရာပေါ်ကို တစ်နေ့(၂)ကြိမ် လိမ်းပေးပါ။
(၄) မျက်စိနဲ့နီးတဲ့နေရာဆိုလျှင် မျက်စိထဲမဝင်အောင် သတိထားပါ။
(၅) ညပိုင်းအိပ်ခါနီးမှာ မျက်နှာကို ရေနွေးနွေးလေးနဲ့ သန့်စင်ပြီး သနပ်ခါးအမြှစ်ကို သွေးလိမ်းပြီး အိပ်ပါ။
ရိုးရှင်းလွယ်ကူတဲ့ ဒီဆေးနည်းကို ကိုယ်တိုင်ရော သူငယ်ချင်းများပါ လက်တွေ့စမ်းသပ်ပြီး တစ်ပတ်အတွင်း ပျောက်ကင်းခဲ့၍ တဆင့် မျှဝေပေးလိုက်ပါတယ်။
သင်လည်း လက်တွေ့လုပ်ကြည့်ပြီး အဆင်ပြေတယ်ဆိုရင် သင့်မိတ်ဆွေများကိုလည်း ပြန် Share ပေးဖို့ မမေ့နဲ့နော်။
ကိုးကား ။ ။ မြန်မာတို့အတွက်မြန်မာ့ဆေးမြီးတိုများ
ဖိုးသူတော် (www.phothutaw.com)
Credit: စောနွဲ့နေဆိုင်(ပူတာအို)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top