×

ဇီးကုန္း ၊ စက္တင္ဘာ ၁၆။

ပဲခူးတိုင္းေဒသႀကီး ( အေနာက္ျခမ္း ) သာယာဝတီခရိုင္ ဇီးကုန္းၿမိဳ႕နယ္ ဇီးကုန္းၿမိဳ႕မရဲစခန္းအတြင္းတြင္ ေညာင္ဇင္ေက်းရြာအနီး ဆိုင္ကယ္ေမွာက္မႈ ကိစၥႏွင့္ပတ္သတ္ျပီး ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံတို႔ႀကား စကားေျပာ အစဥ္မေျပျဖစ္ရာမွ ဇီးကုန္းၿမိဳ႕မရဲစခန္းအတြင္း၌ ရန္ျဖစ္ရင္း အျပန္အလွန္ထိုးႀကိတ္မႈေတြ ျဖစ္ခဲ့ကာ ရိုက္ႏွက္မႈမ်ား ျဖစ္ပြါးခဲ့ေႀကာင္း သတင္းရရွိသည္။

ဇီးကုန္းၿမိဳ႕နယ္ ေျမာက္လြတ္ကုန္းေက်းရြာအုပ္စု ေညာင္ဇင္ရဲကင္းအနီး ရန္ကုန္ – ျပည္လမ္းမႀကီးေပၚတြင္ စက္တင္ဘာလ(၁၅) ရက္ေန႔ ညေန ( ၅ ) နာရီထိုးအခ်ိန္မွာ ဆိုင္ကယ္တိမ္းေမွာက္မႈ ျဖစ္ခဲ့ေႀကာင္း သတင္းရ၍ တာဝန္မွဴး ဒုရဲအုပ္ ရဲေထြးႏွင့္ တပ္ဖြဲ႕ဝင္မ်ား သြားေရာက္ႀကည့္ရႈစစ္ေဆးခဲ့ကာ ရန္ကုန္ – ျပည္လမ္းေပၚတြင္ ဆိုင္ ကယ္အား ေတြ႕ရွိရျပီး ဒဏ္ရာရရွိသူ မေတြ႕၍ ေညာင္ဇင္ရဲကင္းမႈးအား ေမးျမန္းရာ

ရဲကင္းမႈးမွ ဆိုင္ကယ္ကုိ ထူေပးျပီးဆိုင္ကယ္တိမ္းေမွာက္သူ အမ်ိ ဳ းသမီးတဦး နဖူးတြင္ ေသြးထြက္ေနသည္ကုိ ေတြ႕ရ၍ ေဆးဗူးယူေပးေနစဥ္ ခနအႀကာမွ ဟုိက္ဂ်က္ ကားတစီးေရာက္လာျပီး ယာဥ္ေပၚပါလာသူ ( ၂ ) ဦးမွ ကားအား လက္သီးျဖင့္ ထိုးေနခဲ့ျပီး မင္းတို႔ရဲကင္း တကင္းလုံးျဖဳတ္ပစ္မည္ဟု ေျပာဆို ျခိမ္းေျခာက္၍ လူနာကုိ ကားျဖင့္တင္သြားသည္ဟု ဇီးကုန္းရဲစခန္းမွတ္တမ္းအရ သိရသည္။



ထိုအခ်ိန္တြင္ ဒုၿမိဳ႕နယ္ ပညာေရးမွဴး(ၿငိမ္း) ဦးစံေမာင္မွ ရဲစခန္းသုိ႔​ေရာက္ရွိလာျပီး တာဝန္မွဴး ဒုရဲအုပ္ ရဲေထြးႏွင့္ ေတြ႕ဆုံေမးျမန္းရာ ဆိုင္ကယ္တိမ္းေမွာက္သူမွာ မဥၨဴ စံေမာင္ ( ၃၀ )ႏွစ္ ” အလွျပင္ဆိုင္ ” အမွတ္ ( ၄ ) ရပ္ကြက္ေနထိုင္သူ ျဖစ္ေႀကာင္း သိရွိရျပီး ဒဏ္ရာရရွိသူအား ေဆးစာပုိ႔ရန္ ေဆာင္ရြက္ေနစဥ္ ညြန္႔ညြန္႔စုိးပါ ၆ ဦးခန္႔ ေရာက္ လာျပီး ဆိုင္ကယ္ဘာလို႔ သိမ္းတာလဲ ဒုရဲအုပ္ရဲေထြးအား ေမးျမန္းခဲ့ရာ ဆိုင္ကယ္အနီးမည္သူမွ မရွိ၍ ဆိုင္ကယ္သိမ္းလာခဲ့ျခင္း ျဖစ္ေႀကာင္း ေျပာဆိုေနစဥ္

အနီးရွိ အမႈအား စစ္ေဆးေနေသာ ဒုရဲအုပ္လွေဇာ္သက္ မွ ေစာေစာက ေက်ာင္းဆရာႀကီး လာသြားတယ္။ ေက်ာင္းဆရာႀကီးအား ဆိုင္ကယ္ႏွင့္ပတ္သတ္သည္ကုိ ရွင္းလင္းေျပာဆိုထားေႀကာင္း​ေျပာဆိုသည္ကုိ ညြန္႔ညြန္႔စုိးဆိုသူမွ ဒုရဲအုပ္ လွေဇာ္သက္၏ ရင္ဘတ္ အား ေဆာင့္ဆြဲျပီးလက္သီးျဖင့္ ထိုးသျဖင့္ ရဲစခန္းအတြင္း၌ ဇီးကုန္းရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ဆိုင္ကယ္တိမ္းေမွာက္သူ ကာယကံရွင္ မိသားစုၾကား အျပန္အလွန္ ထိုးႀကိတ္ရင္း ဒဏ္ရာအသီးသီး ရရွိမႈ ျဖစ္ပြါးခဲ့ေႀကာင္း ရဲစခန္းေဖာ္ျပခ်က္၌ ပါရွိသည္။


“ေညာင္ဇင္ရြာအနီး ဆိုင္ကယ္တိမ္းေမွာက္မႈေႀကာင့္ ေညာင္ဇင္ရဲကင္းမွ ဆိုင္ကယ္ႏွင့္ ဒဏ္ရာရရွိလူနာကုိ ( ၄၅ )မိနစ္ႀကာေအာင္ ထိန္းသိမ္းထားတယ္။ လူနာရွင္ေတြက ဒဏ္ရာရ လူနာကုိ ဇီးကုန္းေဆးရံုႀကီးသုိ႔ ပုိ႔ေဆာင္ခဲ့ပါတယ္။ လူနာရွင္ကုိ ရဲကင္း ရဲတပ္သားတဦးမွ ဓါးကုိ စြဲထုတ္ျပီး ျခိမ္းေျခာက္ခဲ့ပါတယ္။

ထိုအခ်ိန္မွာ ႀကိဳ႕ပင္ေကာက္ျမိဳ႕နယ္ နာေရးကူညီမႈအသင္းမွ ကုိေမာင္ဦး ‘ ႀကိဳ႕ပင္ေကာက္ျမိဳ႕နယ္ လႊတ္ေတာ္ကုိယ္စားလွယ္ရံုးတာဝန္ခံ ‘ ေရာက္ရွိလာျပီး ဇီးကုန္းျမိဳ႕နယ္ေဆးရံုသုိ႔ လူနာ၏ အေျခအေနအား လာေရာက္ေမးျမန္းခဲ့ျပီး တဆက္တည္း ရဲစခန္း၌ ထိန္းသိမ္းထားေသာ ဆိုင္ကယ္ႏွင့္ လူနာရွင္မိသားစုမွ ဆိုင္ကယ္ေမွာက္သည့္ ျဖစ္စဥ္အား ဘယ္လိုေဆာင္ရြက္ထားရွိသည္ကုိ ေမးျမန္းစဥ္ လာေရာက္ေမးျမန္းသူမ်ားကုိ လက္ျပန္တုတ္၍ ရဲစခန္းမွ ရဲဝန္ထမ္းမ်ားမွ ရိုက္ႏွက္ခဲ့သည္ကုိ ႀကံဳေတြ႕ခဲ့ရပါေႀကာင္း” ပဲခူးတိုင္းဝန္ႀကီးခ် ဳ ပ္ထံ ေပးပုိ႔တိုင္ႀကားထားသည့္ တိုင္စာ၌ ေဖာ္ျပထားပါသည္။

သတင္းႏွင့္ဓာတ္ပုံ-သက္ခိုင္၊ ေဝဇင္ၾကည္၊ ႏိုင္လင္း
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Bago Weekly Journal
# Unicode Version ျဖင့္ ဖတ္ပါ #
Min.Zin.Than
ဇီးကုန်း ၊ စက်တင်ဘာ ၁၆။

ပဲခူးတိုင်းဒေသကြီး ( အနောက်ခြမ်း ) သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ဇီးကုန်းမြို့မရဲစခန်းအတွင်းတွင် ညောင်ဇင်ကျေးရွာအနီး ဆိုင်ကယ်မှောက်မှု ကိစ္စနှင့်ပတ်သတ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံတို့ကြား စကားပြော အစဉ်မပြေဖြစ်ရာမှ ဇီးကုန်းမြို့မရဲစခန်းအတွင်း၌ ရန်ဖြစ်ရင်း အပြန်အလှန်ထိုးကြိတ်မှုတွေ ဖြစ်ခဲ့ကာ ရိုက်နှက်မှုများ ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။

ဇီးကုန်းမြို့နယ် မြောက်လွတ်ကုန်းကျေးရွာအုပ်စု ညောင်ဇင်ရဲကင်းအနီး ရန်ကုန် – ပြည်လမ်းမကြီးပေါ်တွင် စက်တင်ဘာလ(၁၅) ရက်နေ့ ညနေ ( ၅ ) နာရီထိုးအချိန်မှာ ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ခဲ့ကြောင်း သတင်းရ၍ တာဝန်မှူး ဒုရဲအုပ် ရဲထွေးနှင့် တပ်ဖွဲ့ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ ရန်ကုန် – ပြည်လမ်းပေါ်တွင် ဆိုင် ကယ်အား တွေ့ရှိရပြီး ဒဏ်ရာရရှိသူ မတွေ့၍ ညောင်ဇင်ရဲကင်းမှုးအား မေးမြန်းရာ

ရဲကင်းမှုးမှ ဆိုင်ကယ်ကို ထူပေးပြီးဆိုင်ကယ်တိမ်းမှောက်သူ အမျိ ု းသမီးတဦး နဖူးတွင် သွေးထွက်နေသည်ကို တွေ့ရ၍ ဆေးဗူးယူပေးနေစဉ် ခနအကြာမှ ဟိုက်ဂျက် ကားတစီးရောက်လာပြီး ယာဉ်ပေါ်ပါလာသူ ( ၂ ) ဦးမှ ကားအား လက်သီးဖြင့် ထိုးနေခဲ့ပြီး မင်းတို့ရဲကင်း တကင်းလုံးဖြုတ်ပစ်မည်ဟု ပြောဆို ခြိမ်းခြောက်၍ လူနာကို ကားဖြင့်တင်သွားသည်ဟု ဇီးကုန်းရဲစခန်းမှတ်တမ်းအရ သိရသည်။

ထိုအချိန်တွင် ဒုမြို့နယ် ပညာရေးမှူး(ငြိမ်း) ဦးစံမောင်မှ ရဲစခန်းသို့ရောက်ရှိလာပြီး တာဝန်မှူး ဒုရဲအုပ် ရဲထွေးနှင့် တွေ့ဆုံမေးမြန်းရာ ဆိုင်ကယ်တိမ်းမှောက်သူမှာ မဉ္ဇူ စံမောင် ( ၃၀ )နှစ် ” အလှပြင်ဆိုင် ” အမှတ် ( ၄ ) ရပ်ကွက်နေထိုင်သူ ဖြစ်ကြောင်း သိရှိရပြီး ဒဏ်ရာရရှိသူအား ဆေးစာပို့ရန် ဆောင်ရွက်နေစဉ် ညွန့်ညွန့်စိုးပါ ၆ ဦးခန့် ရောက် လာပြီး ဆိုင်ကယ်ဘာလို့ သိမ်းတာလဲ ဒုရဲအုပ်ရဲထွေးအား မေးမြန်းခဲ့ရာ ဆိုင်ကယ်အနီးမည်သူမှ မရှိ၍ ဆိုင်ကယ်သိမ်းလာခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုနေစဉ်

အနီးရှိ အမှုအား စစ်ဆေးနေသော ဒုရဲအုပ်လှဇော်သက် မှ စောစောက ကျောင်းဆရာကြီး လာသွားတယ်။ ကျောင်းဆရာကြီးအား ဆိုင်ကယ်နှင့်ပတ်သတ်သည်ကို ရှင်းလင်းပြောဆိုထားကြောင်းပြောဆိုသည်ကို ညွန့်ညွန့်စိုးဆိုသူမှ ဒုရဲအုပ် လှဇော်သက်၏ ရင်ဘတ် အား ဆောင့်ဆွဲပြီးလက်သီးဖြင့် ထိုးသဖြင့် ရဲစခန်းအတွင်း၌ ဇီးကုန်းရဲတပ်ဖွဲ့ဝင်များနှင့် ဆိုင်ကယ်တိမ်းမှောက်သူ ကာယကံရှင် မိသားစုကြား အပြန်အလှန် ထိုးကြိတ်ရင်း ဒဏ်ရာအသီးသီး ရရှိမှု ဖြစ်ပွါးခဲ့ကြောင်း ရဲစခန်းဖော်ပြချက်၌ ပါရှိသည်။

“ညောင်ဇင်ရွာအနီး ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ညောင်ဇင်ရဲကင်းမှ ဆိုင်ကယ်နှင့် ဒဏ်ရာရရှိလူနာကို ( ၄၅ )မိနစ်ကြာအောင် ထိန်းသိမ်းထားတယ်။ လူနာရှင်တွေက ဒဏ်ရာရ လူနာကို ဇီးကုန်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပါတယ်။ လူနာရှင်ကို ရဲကင်း ရဲတပ်သားတဦးမှ ဓါးကို စွဲထုတ်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

ထိုအချိန်မှာ ကြို့ပင်ကောက်မြို့နယ် နာရေးကူညီမှုအသင်းမှ ကိုမောင်ဦး ‘ ကြို့ပင်ကောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးတာဝန်ခံ ‘ ရောက်ရှိလာပြီး ဇီးကုန်းမြို့နယ်ဆေးရုံသို့ လူနာ၏ အခြေအနေအား လာရောက်မေးမြန်းခဲ့ပြီး တဆက်တည်း ရဲစခန်း၌ ထိန်းသိမ်းထားသော ဆိုင်ကယ်နှင့် လူနာရှင်မိသားစုမှ ဆိုင်ကယ်မှောက်သည့် ဖြစ်စဉ်အား ဘယ်လိုဆောင်ရွက်ထားရှိသည်ကို မေးမြန်းစဉ် လာရောက်မေးမြန်းသူများကို လက်ပြန်တုတ်၍ ရဲစခန်းမှ ရဲဝန်ထမ်းများမှ ရိုက်နှက်ခဲ့သည်ကို ကြုံတွေ့ခဲ့ရပါကြောင်း” ပဲခူးတိုင်းဝန်ကြီးချ ု ပ်ထံ ပေးပို့တိုင်ကြားထားသည့် တိုင်စာ၌ ဖော်ပြထားပါသည်။

သတင်းနှင့်ဓာတ်ပုံ-သက်ခိုင်၊ ဝေဇင်ကြည်၊ နိုင်လင်း
ဖိုးသူတော် (www.phothutaw.com)
Credit:Bago Weekly Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top