iMyanmarHouse.com - Best Property Website for Myanmar
×

 ဟုတ္ပါတယ္ ဆီး(ေသး) ေသာက္တာပါ။ မိတ္ေဆြရဲ့ မ်က္စိမမွားသလို စာလုံးေပါင္းလည္း မမွားပါဘူး။ ကိုယ္စြန႔္လိုက္တဲ့(ေပါက္တဲ့) ဆီးကို ေန႔စဥ္ပုံမွန္ ျပန္ေသာက္ၿပီးေနာက္ မ်က္ႏွာေပၚက ဝက္ၿခံေတြလုံးဝ ကင္းရွင္းသြားတယ္လို႔ အမ်ိဳးသမီးတစ္ဦးက မကြယ္မဝွက္ ဖြင့္ေျပာျပခဲ့သလို အမ်ိဳးသားတစ္ဦးကလည္း ကိုယ္ခႏၶာက်စ္လစ္ သန္စြမ္းလာတယ္လို႔ အေထာက္ထားေတြနဲ႔တစ္ကြ ေျပာၾကားလိုက္ပါတယ္။

ဆီးကို ျပန္ေသာက္သုံးျခင္း၊ မ်က္ႏွာမွာ လိမ္းက်ံျခင္း၊ မ်က္စိကို ဆီးနဲ႔ ေဆးေၾကာတဲ့ နည္းလမ္းေတြဟာ ယခင္ရာစုႏွစ္ေပါင္းမ်ားစြာကတည္းက က်င့္သုံးခဲ့ဖူးၿပီး ဒီလိုလုပ္ျခင္းေၾကာင့္ ေရာဂါေတြ ေပ်ာက္ကင္းကာ ခြန္အားသစ္ေတြ ရလာေစတယ္လို႔ အယူအဆအေလ့အထ ရွိခဲ့ဖူးပါတယ္။
ဒီလိုေရွးရိုးအယူအဆဟာ တစ္ကယ္ အလုပ္ျဖစ္ေၾကာင္း အမ်ိဳးသမီးတစ္ဦးနဲ႔ အမ်ိဳးသားတစ္ဦးတို႔က ကိုယ္တိုင္စမ္းသပ္က်င့္သုံးၿပီးေနာက္ ယေန႔ေခတ္မွာ သက္ေသျပခဲ့ၾကပါတယ္။

အေမရိကန္နိုင္ငံ မယ္ရီလန္ျပည္နယ္မွာ ေနထိုင္တဲ့ ပန္းခ်ီဆရာမ “ဂ်ဴလီယာ စီလာမန္(Julia Sillaman)” ဆိုသူ အမ်ိဳးသမီးက သူမရဲ့မ်က္ႏွာမွာ အရင္က ဝက္ၿခံပရပ်စ္ ရွိခဲ့ၿပီး ဆီးကို ပုံမွန္ေသာက္တဲ့ ကုထုံးနဲ႔ ေတြ႕တဲ့အခါမွာေတာ့ သူ႔ရဲ့မ်က္ႏွာေပၚက ဝက္ၿခံေတြ ေပ်ာက္ကင္းၿပီး အသားအရည္ေတြလည္း စိုေျပလွပလာကာ ခႏၶာကိုယ္အေလးခ်ိန္ ၂၅ ေပါင္ေလာက္ က်သြားတယ္လို႔လည္း ဆိုပါတယ္။

ေနာက္တစ္ဦးကေတာ့ အေမရိကန္နိုင္ငံ အိုင္ဒါဟိုးျပည္နယ္က မိုးေလဝႆပညာရွင္ “ခရစၥတို ဒက္ဘရာစီယို(Christo Dabraccio)” ျဖစ္ပါတယ္။  သူက ဆီးကို ေနစဥ္ ပုံမွန္ေသာက္ၿပီးေနာက္ ခႏၶာကိုယ္အေလးခ်ိန္ ေပါင္ ၃၀ ေလာက္က်သြားၿပီး က်စ္လ်စ္သန္းစြမ္းလာကာ စူပါမင္းလို ခံစားမွုမ်ိဳးရတယ္လို႔ ဆိုပါတယ္။

“ဆီး ေသာက္ရင္ က်န္းမာေရးအတြက္ ေကာင္းတယ္ဆိုတာကို အြန္လိုင္းေပၚမွာ ေတြ႕ေတြ႕ျခင္း ရြံလိုက္တာဆိုတာ မေျပာပါနဲ႔။ ဒါေပမယ့္ ဒီအေၾကာင္းေတြကို ေသခ်ာလိုက္ရွာဖတ္ၾကည့္ေတာ့ တစ္ကယ္ဟုတ္ေနပါလားဆိုတာကို ယုံၾကည္လာတယ္”

“ဆီးဆိုတာ ေသြးကေနတစ္ဆင့္ ေျပာင္းလာတဲ့ ျဒပ္ေျပာင္းေလ၊ ေသြးဆိုတာက ခႏၶာကိုယ္အတြက္ တစ္ကယ့္ပင္မပဲ၊ ဒါေၾကာင့္ ဆီးကိုေသာက္ရင္ က်န္းမာတယ္ဆိုတာ အဓိပၸါယ္ရွိတာေပါ့” လို႔ “ခရစၥတို ဒက္ဘရာစီယို” က ဆိုပါတယ္။

ဆီးကို စတင္ေသာက္သုံးၿပီးတဲ့ေနာက္မွာ ခႏၶာကိုယ္ႀကံ့ခိုင္လာသလို၊ ေခါင္းၾကည္လင္ၿပီး အသားအေရေတြ ဝင္းပလာကာ ငယ္ရြယ္ႏုပ်ိဳသြားသလို ခံစားရေၾကာင္း ေျပာပါတယ္။ သူဟာ တစ္ရက္လၽွင္ ဆီးကို လက္ဖက္ရည္ခြက္ ၃ ခြက္စာ ေန႔စဥ္ မွန္မွန္ေသာက္သလို မ်က္ႏွာသစ္ၿပီး၊ မ်က္လုံးကိုလည္း ေဆးေၾကာတယ္လို႔ဆိုပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ “ဂ်ဴလီယာ” ကေတာ့ “ခရစၥတို ဒက္ဘရာစီယို” ရဲ့ အေၾကာင္းကို ၾကားၿပီး သူမလည္း ဆီးနဲ႔ မ်က္ႏွာကို စမ္းသစ္ၾကည့္ရာက ဝက္ၿခံေတြ ေပ်ာက္ကင္းလာတာကို ေတြ႕ခဲ့ရပါတယ္။ အဲဒီေနာက္ ပိုမိုယုံၾကည္မွုရွိလာၿပီး စမ္းေသာက္ၾကည့္တဲ့အခါမွာေတာ့ ၂၅ ေပါင္ေလာက္ သိသိသာသာ ဝိတ္က်သြားတယ္လို႔ ဆိုပါတယ္။

သုေတသနပညာရွင္ေတြကေတာ့ ဆီးနဲ႔ပက္သက္ၿပီး အထက္က ႏွစ္ေယာက္ေျပာခဲ့သလို အက်ိဳးေက်းဇူးေတြရွိတယ္ဆိုတာ သက္ေသမျပနိုင္ေသးဘူးလို႔ဆိုပါတယ္။
“လူေတြဟာ သူတို႔စြန႔္လိုက္တဲ့ ဆီးေတြကို သူတို႔တစ္ဖန္ျပန္ေသာက္တာက ကိုယ့္ကိုယ္ကို မထီေလးစာလုပ္သလိုျဖစ္တာကလြဲရင္ ဘာမွထူးျခားမလာပါဘူး” လို႔ ပညာရွင္ေတြထဲက တစ္ေယာက္က ေဝဖန္ထားပါတယ္။

မိတ္ေဆြတို႔ရဲ့ ထင္ျမင္ခ်က္ေလးကိုလည္း ေဝမၽွေပးခဲ့ၾကပါဦး…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#
 ဟုတ်ပါတယ် ဆီး(သေး) သောက်တာပါ။ မိတ်ဆွေရဲ့ မျက်စိမမှားသလို စာလုံးပေါင်းလည်း မမှားပါဘူး။ ကိုယ်စွန့်လိုက်တဲ့(ပေါက်တဲ့) ဆီးကို နေ့စဉ်ပုံမှန် ပြန်သောက်ပြီးနောက် မျက်နှာပေါ်က ဝက်ခြံတွေလုံးဝ ကင်းရှင်းသွားတယ်လို့ အမျိုးသမီးတစ်ဦးက မကွယ်မဝှက် ဖွင့်ပြောပြခဲ့သလို အမျိုးသားတစ်ဦးကလည်း ကိုယ်ခန္ဓာကျစ်လစ် သန်စွမ်းလာတယ်လို့ အထောက်ထားတွေနဲ့တစ်ကွ ပြောကြားလိုက်ပါတယ်။

ဆီးကို ပြန်သောက်သုံးခြင်း၊ မျက်နှာမှာ လိမ်းကျံခြင်း၊ မျက်စိကို ဆီးနဲ့ ဆေးကြောတဲ့ နည်းလမ်းတွေဟာ ယခင်ရာစုနှစ်ပေါင်းများစွာကတည်းက ကျင့်သုံးခဲ့ဖူးပြီး ဒီလိုလုပ်ခြင်းကြောင့် ရောဂါတွေ ပျောက်ကင်းကာ ခွန်အားသစ်တွေ ရလာစေတယ်လို့ အယူအဆအလေ့အထ ရှိခဲ့ဖူးပါတယ်။
ဒီလိုရှေးရိုးအယူအဆဟာ တစ်ကယ် အလုပ်ဖြစ်ကြောင်း အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့က ကိုယ်တိုင်စမ်းသပ်ကျင့်သုံးပြီးနောက် ယနေ့ခေတ်မှာ သက်သေပြခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ မယ်ရီလန်ပြည်နယ်မှာ နေထိုင်တဲ့ ပန်းချီဆရာမ “ဂျူလီယာ စီလာမန်(Julia Sillaman)” ဆိုသူ အမျိုးသမီးက သူမရဲ့မျက်နှာမှာ အရင်က ဝက်ခြံပရပျစ် ရှိခဲ့ပြီး ဆီးကို ပုံမှန်သောက်တဲ့ ကုထုံးနဲ့ တွေ့တဲ့အခါမှာတော့ သူ့ရဲ့မျက်နှာပေါ်က ဝက်ခြံတွေ ပျောက်ကင်းပြီး အသားအရည်တွေလည်း စိုပြေလှပလာကာ ခန္ဓာကိုယ်အလေးချိန် ၂၅ ပေါင်လောက် ကျသွားတယ်လို့လည်း ဆိုပါတယ်။

နောက်တစ်ဦးကတော့ အမေရိကန်နိုင်ငံ အိုင်ဒါဟိုးပြည်နယ်က မိုးလေဝဿပညာရှင် “ခရစ္စတို ဒက်ဘရာစီယို(Christo Dabraccio)” ဖြစ်ပါတယ်။  သူက ဆီးကို နေစဉ် ပုံမှန်သောက်ပြီးနောက် ခန္ဓာကိုယ်အလေးချိန် ပေါင် ၃၀ လောက်ကျသွားပြီး ကျစ်လျစ်သန်းစွမ်းလာကာ စူပါမင်းလို ခံစားမှုမျိုးရတယ်လို့ ဆိုပါတယ်။

“ဆီး သောက်ရင် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာကို အွန်လိုင်းပေါ်မှာ တွေ့တွေ့ခြင်း ရွံလိုက်တာဆိုတာ မပြောပါနဲ့။ ဒါပေမယ့် ဒီအကြောင်းတွေကို သေချာလိုက်ရှာဖတ်ကြည့်တော့ တစ်ကယ်ဟုတ်နေပါလားဆိုတာကို ယုံကြည်လာတယ်”

“ဆီးဆိုတာ သွေးကနေတစ်ဆင့် ပြောင်းလာတဲ့ ဒြပ်ပြောင်းလေ၊ သွေးဆိုတာက ခန္ဓာကိုယ်အတွက် တစ်ကယ့်ပင်မပဲ၊ ဒါကြောင့် ဆီးကိုသောက်ရင် ကျန်းမာတယ်ဆိုတာ အဓိပ္ပါယ်ရှိတာပေါ့” လို့ “ခရစ္စတို ဒက်ဘရာစီယို” က ဆိုပါတယ်။

ဆီးကို စတင်သောက်သုံးပြီးတဲ့နောက်မှာ ခန္ဓာကိုယ်ကြံ့ခိုင်လာသလို၊ ခေါင်းကြည်လင်ပြီး အသားအရေတွေ ဝင်းပလာကာ ငယ်ရွယ်နုပျိုသွားသလို ခံစားရကြောင်း ပြောပါတယ်။ သူဟာ တစ်ရက်လျှင် ဆီးကို လက်ဖက်ရည်ခွက် ၃ ခွက်စာ နေ့စဉ် မှန်မှန်သောက်သလို မျက်နှာသစ်ပြီး၊ မျက်လုံးကိုလည်း ဆေးကြောတယ်လို့ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် “ဂျူလီယာ” ကတော့ “ခရစ္စတို ဒက်ဘရာစီယို” ရဲ့ အကြောင်းကို ကြားပြီး သူမလည်း ဆီးနဲ့ မျက်နှာကို စမ်းသစ်ကြည့်ရာက ဝက်ခြံတွေ ပျောက်ကင်းလာတာကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက် ပိုမိုယုံကြည်မှုရှိလာပြီး စမ်းသောက်ကြည့်တဲ့အခါမှာတော့ ၂၅ ပေါင်လောက် သိသိသာသာ ဝိတ်ကျသွားတယ်လို့ ဆိုပါတယ်။

သုတေသနပညာရှင်တွေကတော့ ဆီးနဲ့ပက်သက်ပြီး အထက်က နှစ်ယောက်ပြောခဲ့သလို အကျိုးကျေးဇူးတွေရှိတယ်ဆိုတာ သက်သေမပြနိုင်သေးဘူးလို့ဆိုပါတယ်။
“လူတွေဟာ သူတို့စွန့်လိုက်တဲ့ ဆီးတွေကို သူတို့တစ်ဖန်ပြန်သောက်တာက ကိုယ့်ကိုယ်ကို မထီလေးစာလုပ်သလိုဖြစ်တာကလွဲရင် ဘာမှထူးခြားမလာပါဘူး” လို့ ပညာရှင်တွေထဲက တစ်ယောက်က ဝေဖန်ထားပါတယ်။

မိတ်ဆွေတို့ရဲ့ ထင်မြင်ချက်လေးကိုလည်း ဝေမျှပေးခဲ့ကြပါဦး…။


ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top