×

ကၫြတ္ပင္(Asparagus) သည္ အသည္းဆဲလ္မ်ား၏ အဆိပ္ ဖယ္ရွားႏိုင္မႈကို ကူညီေပး ႏိုင္ေၾကာင္း ေလ့လာမႈတစ္ရပ္အရ သိရွိရသည္။ ထို႔ျပင္ကၫြတ္ပင္သည္အရက္အလြန္ အကြ်ံေသာက္ၿပီး ေနာက္ျဖစ္ပြားသည့္ မအီမသာျဖစ္ျခင္း (့Hangover) ကိုလည္း သက္သာေစသည္ဟုဆိုထားပါသည္။ေတာင္ကိုရီးယားႏိုင္ငံ၊ ေဂ်ဂ်ဴး အမ်ိဳးသားတကၠသိုလ္ႏွင့္ ေဆးသိပၸံ ပညာဌာန၏ ပူးေပါင္းေလ့လာခ်က္ အရမအီမသာျဖစ္မႈကို သက္သာေစရ သည္မွာကၫြတ္တြင္ပါဝင္ေသာအမိုင္ ႏိုအက္စစ္ႏွင့္ ဓာတ္သတၲဳ (Minerals) မ်ားေၾကာင့္ျဖစ္သည္ကို ေဖာ္ ထုတ္ႏိုင္ခဲ့သည္၊ ယင္းသုေတသီ မ်ားက ကၫြတ္ပင္၏ပင္စည္ႏွင့္အရြက္မ်ား တြင္ပါဝင္ေသာဇီဝဓာတု အာနိသင္က လူသားမ်ားႏွင့္ ၾကြက္မ်ား၏ အသည္း ဆဲလ္အေပၚ သက္ေရာက္ႏိုင္မႈ ကိုေလ့ လာႏိုင္ခဲ့သည္။

ေလ့လာမႈေခါင္းေဆာင္ ေဂ်ဂ်ဴး အမ်ိဳးသားတကၠသိုလ္မွ သုေတသီ Dr.BY Kim က ယမကာကိုႏွစ္ရွည္ ေသာက္သံုးသူမ်ားတြင္ အသည္း အေပၚဓာတ္တိုးအာနိသင္မ်ားျဖစ္ေစေၾကာင္း၊ ႐ုပ္ပိုင္းဆိုင္ရာ မအီမသာ ျဖစ္မႈကိုလည္းခံစားရေၾကာင္း၊ ဆဲလ္ အဆိပ္အေတာက္ (Cellutor Toxicities) မ်ားအသည္းအေပၚတြင္စုပံုလာ ေၾကာင္းရွင္းျပခဲ့ပါသည္။ယခုေလ့လာ ခဲ့မႈအရကၫြတ္ပင္၏ အရြက္မ်ားတြင္ အမ်ားဆံုး ပါဝင္ေသာအမိုင္ႏိုအက္စစ္ ႏွင့္ဓာတ္သတၲဳအခ်ိဳ႕အထက္ပါမအီမသာျဖစ္မႈမ်ားကို သက္သာေစၿပီးအသည္း ဆဲလ္၏က်န္းမာေရးကို အေထာက္အကူ ျပဳေၾကာင္းေဖာ္ထုတ္ႏိုင္ ခဲ့သည္။

ကၫြတ္ပင္ကို ကမၻာတစ္ဝွမ္း တြင္ တိုင္းရင္းေဆးအျဖစ္၊ ဟင္းလ်ာ အျဖစ္သံုးစြဲေနၾကၿပီး ကင္ဆာေရာ ဂါကိုသက္သာေစေသာတိုင္းရင္းေဆး အျဖစ္ လူသိမ်ားသည္။ ယင္း တြင္ဆီး ရႊင္ေစေသာ ၊ေရာင္ရမ္းမႈ ကိုသက္သာ ေစေသာအေရျပားမိႈစြဲကပ္ျခင္းကိုကာ ကြယ္ေပးေသာ အာနိသင္ မ်ားလည္းရွိ သည္။ ယခုေလ့လာမႈကို Journal of Food Science တြင္ ပံုႏွိပ္ေဖာ္ျပထား ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Health Updates Journal
#Unicode Version#

ကညွတ်ပင်(Asparagus) သည် အသည်းဆဲလ်များ၏ အဆိပ် ဖယ်ရှားနိုင်မှုကို ကူညီပေး နိုင်ကြောင်း လေ့လာမှုတစ်ရပ်အရ သိရှိရသည်။ ထို့ပြင်ကညွတ်ပင်သည်အရက်အလွန် အကျွံသောက်ပြီး နောက်ဖြစ်ပွားသည့် မအီမသာဖြစ်ခြင်း (့Hangover) ကိုလည်း သက်သာစေသည်ဟုဆိုထားပါသည်။တောင်ကိုရီးယားနိုင်ငံ၊ ဂျေဂျူး အမျိုးသားတက္ကသိုလ်နှင့် ဆေးသိပ္ပံ ပညာဌာန၏ ပူးပေါင်းလေ့လာချက် အရမအီမသာဖြစ်မှုကို သက်သာစေရ သည်မှာကညွတ်တွင်ပါဝင်သောအမိုင် နိုအက်စစ်နှင့် ဓာတ်သတ္တု (Minerals) များကြောင့်ဖြစ်သည်ကို ဖော် ထုတ်နိုင်ခဲ့သည်၊ ယင်းသုတေသီ များက ကညွတ်ပင်၏ပင်စည်နှင့်အရွက်များ တွင်ပါဝင်သောဇီဝဓာတု အာနိသင်က လူသားများနှင့် ကြွက်များ၏ အသည်း ဆဲလ်အပေါ် သက်ရောက်နိုင်မှု ကိုလေ့ လာနိုင်ခဲ့သည်။

လေ့လာမှုခေါင်းဆောင် ဂျေဂျူး အမျိုးသားတက္ကသိုလ်မှ သုတေသီ Dr.BY Kim က ယမကာကိုနှစ်ရှည် သောက်သုံးသူများတွင် အသည်း အပေါ်ဓာတ်တိုးအာနိသင်များဖြစ်စေကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ မအီမသာ ဖြစ်မှုကိုလည်းခံစားရကြောင်း၊ ဆဲလ် အဆိပ်အတောက် (Cellutor Toxicities) များအသည်းအပေါ်တွင်စုပုံလာ ကြောင်းရှင်းပြခဲ့ပါသည်။ယခုလေ့လာ ခဲ့မှုအရကညွတ်ပင်၏ အရွက်များတွင် အများဆုံး ပါဝင်သောအမိုင်နိုအက်စစ် နှင့်ဓာတ်သတ္တုအချို့အထက်ပါမအီမသာဖြစ်မှုများကို သက်သာစေပြီးအသည်း ဆဲလ်၏ကျန်းမာရေးကို အထောက်အကူ ပြုကြောင်းဖော်ထုတ်နိုင် ခဲ့သည်။

ကညွတ်ပင်ကို ကမ္ဘာတစ်ဝှမ်း တွင် တိုင်းရင်းဆေးအဖြစ်၊ ဟင်းလျာ အဖြစ်သုံးစွဲနေကြပြီး ကင်ဆာရော ဂါကိုသက်သာစေသောတိုင်းရင်းဆေး အဖြစ် လူသိများသည်။ ယင်း တွင်ဆီး ရွှင်စေသော ၊ရောင်ရမ်းမှု ကိုသက်သာ စေသောအရေပြားမှိုစွဲကပ်ခြင်းကိုကာ ကွယ်ပေးသော အာနိသင် များလည်းရှိ သည်။ ယခုလေ့လာမှုကို Journal of Food Science တွင် ပုံနှိပ်ဖော်ပြထား ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Health Updates Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top